၁၃ရ၄ ၀ါခေါင်လကွယ် (ဥပုသ်နေ့)
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၃) ပူဇာစ ပူဇေနယ် မဂၤလာ
ပူဇော်သင့်ရာ ပူဇော်ပါ နောင်ခါ ကောင်းစားမှာ
ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးနဲ့ မိဘဆရာသမား ကိုပူဇော်တာ ပူဇာစပူဇနေယျ မင်္ဂလာပဲ ။
ရပ်ရွာတွေမှာ ၊ မြို့တွေမှာ ၊ တိုင်းပြည်မှာ ချီးမြှောက်သင့်တဲ့သူကို မချီးမြှောက်ဘဲနဲ့ လူမိုက်ကို ခေါင်းဆောင်တင်မယ်၊ ချီးမြှောက်မယ်၊ နေရာပေးမယ် ဆိုရင်လည်း ပူဇာစ မင်္ဂလာပျက်တာပဲ ။
ဗုဒ္ဓဘာသာဝင်တွေဟာ ဗေဒင်ဆရာ ၊ဓါတ်ဆရာ တွေစကား ယုံကြည်ကိုးစားပြီး နာမည် ပညတ်ကောင်းတဲ့ ဆုတောင်းပြည့်ဘုရား ၊အလိုတော်ပြည့်ဘုရား၊ အဓိဌာန်ပြည့်တဲ့ ဘုရားပူဇော်နေတာတွေ ၊တရားတော်ကို အာရုံမထားဘဲ အသံကောင်း ရုပ်ချောတဲ့ တရားဟောဆရာကို ပူဇော်နေတာတာတွေ ၊ လူမှူရေး စီးပွားရေးတွေ ဆောင်ရွက်ပေးတဲ့ သံဃာတော်ကို ကြည်ညိုပူဇော်နေတာတွေ ၊ ဒါတွေအားလုံး ဘုရားအလိုတော်ကျ မဟုတ်လို့ ပူဇာစ မင်္ဂလာ ချွတ်ယွင်းနေတယ်လို့ ဆိုရမှာပဲ။
အသိ သဒ္ဒါ မှန်ကန်စွာ နဲ့ ဘုရားစကားအတိုင်းသက်ရှိထင်ရှား မြတ်ဘုရားနဲ့ မြတ်ဘုရားရဲ့ ရုပ်ပွားဆင်းတုတော် ၊ ဓာတ်တော် စေတီ ဘယ်ဘုရားပဲကြည်ညိုကြည်ညို ၊ဘယ်ရုပ်ပွားတော် ဘယ်စေတီကိုပဲ ပူဖော်ပူဇော် အကျိုးတရားအတူတူပဲရတယ် လို့ ယုံကြည်ချက်နဲ့ ပူဇော်တာတွေ ၊
အသိအလိမ္မာ တိုးတက်အောင် ၊ ကိလေသာခေါင်းပါးအောင် ဆုံးမ သွန်သင်မှူပေးတဲ့ သံဃာတော် ကို ကြည်ညို ပူဇော်နေတာတွေ ၊ ဒါတွေ အားလုံး ဘုရားအလိုတော်ကျ ဖြစ်လို့ ပူဇာစ ပူဇနေယျ မင်္ဂလာအစစ်ပဲ ။
ဆွမ်း ၊ ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်းနဲ့လည်းပူဇော်
ဂုဏ်တော်ပွား ၊မေတ္တာပို့၊ တရားနှလုံးသွင်း ဆင်ခြင်နေထိုင်ပြီး တရားနဲ့လည်းပူဇော်ပါ ။
တရား နဲ့ ပူဇော်တာကို ဘုရားက ပိုနှစ်သက်ပါတယ်။
ပရိနိဗ္ဗာန်စံခါနီးမှာ တရားနဲ့ ပူဇော်နေတဲ့ အဂ္ဂိဒတ္တမထေရ် ကို သံဃာ့အလယ်မှာ ငါဘုရားကိုချစ်ရင် အဂ္ဂိဒတ္တမထေရ် ကဲ့သို့ ချစ်ကြ လို့ ချီးမွမ်းခဲ့တယ် ။
ဘုရားအနားမှာ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့ ရဟန်းတော်တွေ ကို မချီးမွမ်းခဲ့ပါဘူး ။
သူတော်စင်တိုင်း ဘုရားအလိုတော်ကျ အမြတ်ဆုံးတရားနဲ့လည်း ပူဇော်နေထိုင်ကြပါလေ ။
No comments:
Post a Comment