[X] Choose Font Here

Saturday, September 8, 2012

ပဏ္ဍိတာနဉ္စ သေ၀ မင်္ဂလာ

၁၃ရ၄ ၀ါခေါင်လဆုတ် ဂ ရက် (ဥပုသ်နေ့)

ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့

(၂) ပဏ္ဍိတာနဉ္စ သေ၀ မင်္ဂလာ
ပညာရှိသာ မှီဝဲပါ လိမ္မာတိုးတက်မှာ


           သီလ ၊သမာဓိ ၊ ပညာ အကျင့်တရားနဲ့ ပြည့်စုံ တဲ့ သူတော်စင် ကို မှီခိုနေထိုင်တာ ပဏ္ဍိတာနဉ္စ သေ၀န မင်္ဂလာပဲ။
           ဘွဲ့ထူး ဂုဏ်ထူး အထပ်ထပ်ရလို့ ဂုဏ်မောက်နေရင် ဘုံပျောက်သွားမယ်။ ငါ ပညာရှိဘဲလို့ မာနထောင်လွှားနေရင် အပါယ်ချောင်ကြား ရောက်သွားမယ်။
           ဘွဲ့ ထူး ဂုဏ်ထူးတွေ အထပ်ထပ် ရနေသူနေသူကို ပညာရှိလို့ အများက ခေါ်ဝေါ်သမုတ်ကြ သတ်မှတ်ထားကြတယ်။
           လောက အဆိုအရ ပညာရှိလို့ ခေါ်ဝေါ်သမုတ်ခံရတဲ့ သတ်မှတ်ခံရတဲ့ ပုဂ္ဂိုလ်တိုင်း-

ငါပြုလုပ် ဆောင်ရွက်နေတာတွေဟာ အများအကျိုး ချမ်းသာ ရနိုင်သလား ။
ငါပြောဆိုနေတာတွေဟာ သူတော်စင်တွေ လက်ခံနိုင်သလား၊
လက်မခံနိုင်ဘူးလားဆိုတာကို ခွဲခြားမသိရင် ပညာရှိမဟုတ်ဘူးလို့ ဆိုကြတယ်။

           လောကီပညာ ဘွဲ့ထူး ဂုဏ်ထူး ရသူတွေကို ပညာတတ်လို့ ဆိုပါတယ်။ ပညာရှိ မဟုတ်သေးဘူး ။ ပိဋကတ် သုံးပုံ နှူတ်ငုံဆောင်နိုင်သူတောင်မှ ပညာတတ်အဆင့်ပဲရှိတယ် လို့ စာတတ်ပုဂ္ဂိုလ်များက ဆိုထားကြတယ်။ ပညာရှိဆိုတာ အမှားနဲ့ အမှန် ကိုခွဲခြားသိမြင်သူဖြစ်ရမယ်။ သူတော်စင်တွေ လက်ခံနိုင်မယ့် အလုပ်အကိုင် အပြောအဆိုလည်းရှိရမယ်။ ကိုယ်ကျိုးမဖက်ဘဲ
အများကောင်းကျိုး သယ်ပိုးဆောင်ရွက်လုပ်ကိုင်သူလည်းးဖြစ်ရမယ်။

ဒီလိုပုဂ္ဂိုလ် မျိုးကိုသာ ပညာရှိလို့ ဆိုပါတယ်။

           ပညာရှိတစ်ယောက်ဖြစ်ဖို့ရာ ဆရာသမားကောင်းကို မှီဝဲရမယ်။ ဒီဆရာသမားရဲ့
           စကားကို နေ့စဉ် နားထောင်ကျင့်သုံးရမယ် ။ ဒါမှသာ ပညာရှိဖြစ်မှာပါ။
           သူတော်စင်တိုင်း ပညာရှိကို မှီဝဲပါ။ ကိုယ်ကိုယ်တိုင်ကလည်း
ပညာရှိဖြစ်အောင် သူတော်စင်တွေ လက်ခံနိုင်မယ့်စကားကို ပြောဆိုပြီး နေထိုင်ကျင့်သုံးကြပါလေ။

4 comments:

  1. မယ်သံရေ..
    ဘလော့ဂါ setting ကိုသွားပါ။
    အဲဒီမှာ posts and comments ရှိတယ် ။
    comments ခေါင်းစဉ်အောက်က ၄ ခုမြောက်မှာ show word verification ဘေးမှာ No ကိုရွေးလိုက်တာ ..

    မယ်သံ့ဘလော့ word verification ဖြုတ်ချင်တယ်ဆိုလို့.. ဘလော့လာဖတ်ရင်း ဒီမှာရေးခဲ့တယ်ဝေးးးး

    ReplyDelete
    Replies
    1. ကျေးဇူး အထူးတင်ပါတယ် စင်စင် ..ဖြုတ်လိုက်ပါပြီ ။ စမ်းကြည့်ပေးပါဦးနော်

      Delete
  2. အဟမ်း..အဟမ်..တက်စတင်... ဝမ်း..တူး..သီး

    ReplyDelete
  3. အိုကေမှာ စိုပြေသွားဘီ..မယ်သံရေ

    ReplyDelete