[X] Choose Font Here

Sunday, September 23, 2012

ပဋိရူပ ဒေသ၀ါသ မင်္ဂလာ

၂၀၁၂ စက်တင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့၊
၁၃ရ၄ တော်သလင်းလဆန်း ၈ ရက် (ဥပုသ်နေ့)



ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့




(၄) ပဋိရူပ ဒေသ၀ါသ မင်္ဂလာ
သင့်ရာဒေသ ရွေးနေကြ မုချ ကောင်းစားမှာ

          ကုသိုလ်ကောင်းမှူ များများပြုလို့ရတဲ့ မြို့ရွာနိုင်ငံ အရပ်ဒေသ ကို ရွေးချယ်နေထိုင်တာ ပဋိရူပဒေသ၀ါသ မင်္ဂလာပဲ ။

          စီးပွားဥစ္စာ ရှာဖွေလို့ ကောင်းတဲ့ နိုင်ငံရပ်ခြားကို ဥာဏ်မပါတဲ့ မျက်လုံးနဲ့ ကြည့်ရင် သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသ လို့မြင်နေမှာပဲ ။ တစ်ဘ၀တာအတွက်တော့ ဟုတ်ပါတယ် ။ သံသရာမျက်လုံး ဥာဏ်မျက်လုံး တပ်ကြည့်ရင်တော့ ကောင်းမှူကုသိုလ်များများ ပြုလို့ရတဲ့ အရပ်ဒေသ မြို့ရွာနိုင်ငံ ကိုသာ သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသ လို့ မြင်လာမှာပါ ။ ဒီအမြင်မရရင် ဥာဏ်မျက်လုံး ကန်းနေလို့ပဲ။

အတွေးမှားရင် သံသရာရှည်မယ်၊
အရွေးမှားရင် ခန္ဓာကျေမယ်၊

          နိုင်ငံရပ်ခြား မှာ အာရုံတွေ ပေါများသလောက် လောဘ၊ ဒေါသ၊ ကိလေသာတွေ တိုးပွားနေမှာပဲ ။ ဒီကိလေသာတွေကို ချေဖျက်နိုင်တဲ့ တရားစွမ်းအား နိုင်ငံရပ်ခြားမှာ နည်းပါးတာ အမှန်ပဲ။

          လောဘချင်းပြိုင်နေကြ ၊ ဒေါသချင်းပြိုင်နေကြတာ နေ့စဉ်ပါပဲ ။ ဒေါသချင်း ပြိုင်ကြ စစ်ခင်းကြလို့ ယခုဘ၀မှာ ရှူံးသူ နိုင်သူ အဖြေ ပေါ်ပေမဲ့ နောင်ဘ၀ မှာတော့  ရှုံးသူရော နိုင်သူရော ကောင်းရာသုဂတိ မရောက်နိုင်လို့ အရှုံးသမား ချည်းဖြစ်မှာပါပဲ ။

          သူတော်စင်တိုင်း နောင်ဘ၀ မှာ အမြတ်ထွက်မယ့် မြို့ ရွာ နိုင်ငံ ၊ အမြတ်ထွက်မယ့် အရပ်ဒေသ ကို ရွေးချယ်နေထိုင်တာ နောင်ဘ၀ သံသရာအတွက် အကောင်းဆုံးပါပဲ ။

1 comment:

  1. ၃၈ဖြာမင်္ဂလာအတွက် သာဓု သာဓု သာဓု သန္တာရေ။
    အောက်ဆုံးစာကြောင်းမှာ 'သူတော်စင်' လို့ ရေးတာထင်တယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete