[X] Choose Font Here

Thursday, March 5, 2020

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း (၇)

အချိန်တွေအကုန်မြန်လိုက်တာ သမီးဟေမာတို့ တောင် ကျောင်းက Term1 ပြီးလို့ Holiday ကိုရောက်တော့မယ်
ဒီနှစ် P3 မှာ စာအလွန်များတယ် ၊ ကိုယ် ရုံးကနေ အိမ်ပြန်ရောက်လို့ ညခုနစ်နာရီလောက်ဆို အမြဲတမ်း သူံစားပွဲလေးမှာ အိမ်စာ လုပ်လို့တွေ့ရတယ် ။ ဘုန်းကြီးကျောင်းက ပေးတဲ့ မြန်မာစာအိမ်စာကလွဲရင် ကျန်တဲ့ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေကတော့ သူ့ဘာသာလုပ်ရတာပဲ ။ အိမ်စာတွေ အကုန်နားလည်ရဲ့လား နားမလည်တာတွေ ဆို ဘယ်လို လုပ်သလဲတောင် မမေးမိဘူး ၊ သူ့စာတွေ စစ်ဖို့ဆိုဝေးရော ။ ဟေမာ့ ဖေဖေ ကတော့ လုပ်ပေးမယ်ထင်တယ် ၊ လက်မှတ်ထိုးဖို့ ပေးရင် ထိုးရမယ့်နေရာမှာ ထိုးပေးလိုက်တာပဲ ။ ဟေမာ့ ဖေဖေ ကပြောတာတော့ အမှတ်ပြည့်ရရင် ဖအေကို လက်မှတ်ထိုးခိုင်းပြီး အမှားပါရင် မအေကို ထိုးခိုင်းတယ်ဆိုပဲ ။နောက်နှစ် တော့ Maths & Science ကို ကျူရှင်ထားရတော့မယ် ၊ ဟေမာကတော့ မေမေသင်ပေးပါ တဲ့ ။
မတ်လ ကျောင်းပိတ်ရက်ဟာ သူ့မွေးနေ့လေးနဲ့ တိုက်ဆိုင်နေတော့ သူဖြစ်ချင်တာလေးကို မေးပြီး တတ်နိုင်သလောက် လုပ်ပေးချင်တာပေါ့လေ ၊ ဒီက ကလေးတွေထုံးစံအတိုင်း သူစိတ်ပါတာကတော့ ခရီးသွားချင်တာပါပဲ ။ ဒါပေမယ့် မနှစ်က ပိတ်ရက်မှာ လည်း မြန်မာပြန်ဖို့ ကို သုံးလလောက်ကြိုပြီးလေယာဥ်လက်မှတ်ကဝယ်ထား ၊ ဒီက ကျောင်းတွေထုံးစံ ပိတ်ရက်တွေ ကလည်း ရက်အတိအကျ သတ်မှတ်ထားတာဆိုတော့ ဝယ်ထားမမှားဘူးပေါ့လေ ။ နောက်တော့ မှ ဟေမာက SYF ( Singapore Youth Festival) မှာ ပါထားတဲ့ ကလေးဆိုတော့ ပိတ်ရက်တွေ နိုဝင်ဘာမှာရော ဒီဇင်ဘာမှာရော ကျောင်းကိုသွားရဖို့ရှိနေပြန်ရော ၊ ခွင့်တိုင်လို့ရပေမယ့် ဟေမာကလည်း ကျောင်းကနေ ခွင့်တိုင်ဖို့ဆို အလွန်တွန့်တာ ။
ဒီတခေါက်ပိတ်ရက်တော့ ဟေမာတို့ ပိတ်ရက်ကိုကျောင်းသွားဖို့လိုမလို ဆရာမကို မေးခိုင်းလိုက်ပြီး လိုတယ် ပိတ်ရက်က ၁၄-၂၂ ဆိုပေမယ့် ၁၆ ရက်နေ့က ကျောင်းလာရဦးမယ်ဆိုတော့ ၁၇ မှ ခရီးစသွားရမယ်ဆို တော့လည်း ကိုယ်တွေ ပိတ်ရက်မဟုတ်ရင် ခွင့်ရက်ကြာတာ တွက်ရပြန်ရော ၊ နောက်တော့ စိတ်ဒုံးဒုံးချပြီး ဝယ်လိုက်ခါမှ တရုတ်ပြည် ဝူဟန်က စလိုက်တဲ့ ကမ္ဘာ့ ကျန်းမာရေးကပ်ကြီးကြောင့် သွားရမလိုလို မသွားရမလိုလို ဖြစ်ပြန်ရော .................

No comments:

Post a Comment