[X] Choose Font Here

Sunday, May 12, 2019

ချစ်ခြင်း၏ အပိုင်းအစများ (၂)

ညက ကိုယ်တို့နှစ်ယောက်အပြင်သွားပြီး အပြန် ညဥ့်နက်တယ် ။ ပြန်ရောက်တော့ သမီးလေးက အိပ်နေပြီ ။ ရေချိုးခန်းဝင်ပြီး အ၀တ်အစားလဲပြီး ကိုချစ်မောင်ကို ကြည့်လိုက်တော့ အိပ်ယာပေါ်မှာ ထိုင်ပြီး သမီး မျက်နှာကို ကိုင်နေတာ တွေ့ တယ် ....🤫🤭
မယ်သန် ။ ။ တော့ ကချစ်မောင် ဘာလုပ်နေတာတုန်း ၊ အ၀တ်အစားမလဲ ဘာမလဲ နဲ့ က လေး မျက်နှာကို သွား ကိုင်နေပြန်ပြီ ၊ က လေး သူ့ဘာသာ အေးအေးဆေးဆေး အိပ်ပါစေ လား .....
ကချစ်မောင် ။ ။ အော်..ဒီမှာ မ တွေ့ဘူးလား သမီးလေး အိပ်နေတာ မျက်ခုံးကြီး ရှုံ့ နေတာ ၊ အဲဒါဆို အိပ်နေရင်း နဲ့ အိပ်မက်တွေ ဘာတွေ မက်နေတာ ဖြစ်နိုင်တယ် ၊ ဒါမှ မဟုတ် အိပ် နေ ရင်း စိတ်ကြီး တင်းထားတာ လည်း ဖြစ်နိုင်တယ် ။ ဒါဆို sound sleep မဟုတ်တော့ဘူး အိပ်နေလည်း relax မဖြစ်ရင် က လေးက မနက်နိုးလာရင်လည်း မကြည်ဘဲ နေမှာစိုးလို့ သူ့မျက်ခုံးလေးတွေကို ဆွဲဖြန့်ပေးနေတာ ..😶
ဒါမျိုး တစ်ခါမှ မစဉ်းစားဖူးတဲ့ ဒေါ်မယ်သန် တို့ speechless ပါပဲ ။ ဂ လောက် အရိပ်ကြည့် ချစ်နိုင်သူတွေ တသက်လုံး ချစ်နိုင်ကြပါစေ တော် 😍😏

No comments:

Post a Comment