[X] Choose Font Here

Friday, February 6, 2015

ဂွမ်းသွားခဲ့တဲ့ ကိုယ့်ညနေ






ကိုချစ်မောင်ပြန်သွားတဲ့ ဒီရက်တွေမှာ ကိုယ်ဆိုင်ထိုင်ချင်တယ်...
ကိုယ်က ဆိုက်ထဲက လာတဲ့သူဆိုတော့ လဘက်ရည်ဆိုင်ထိုင်ပြီး ပွားရတာကို သိပ်ကြိုက်တာ။ ဒါပေမယ့် ယောက်ျားက အဲလို ပွားရတာကို မကြိုက်ဘူး သူက အိမ်မှာနေရတာကြိုက်တာ ။ အဲတော့ ကိုယ်လဲ ဆိုင်ထိုင်မပွားရတာ ဘယ်လောက်ကြာပြီလဲ ။
ရဲရင့် မှာ သူငယ်ချင်းတွေ ထိုင်ပြီးပွားနေရင် ကိုယ့်မှာ လှမ်းမျှော်သာနေခဲ့ရတာ ။
အခုတော့ အခွင့်အရေးပဲ ဒီနေ့ကလဲ သောကြာဆိုတော့ သူငယ်ချင်းတွေ အများစုတတ်တဲ့ ပင်နဆူလာကို သွားခဲ့တယ် ။ ညနေဆိုတော့ ရဲရင့်မှာ သူငယ်ချင်းတွေ သိပ်ရှိမယ်မဟုတ်ဘူး သိတယ်မလား ဒီအချိန်က အရည်ချိန်လေ ။ အဲ ရဲရင့်လဲ အရည်တော့ရတာပေါ့ မတူဘူးလေ :P
တကယ်တော့ အိမ်မှာ ဗမာစာတွေချက်စားနေဖြစ်တော့ ပင်နဆူလာမှာ ဗမာစာတော့မစားချင်ဘူးရယ် ။ အဲတော့ မောရှမ်းမှာ ၀က်သားချဉ် ထမင်းကြော် တပွဲမှာလိုက်တယ် ။
မှာရင်း ဟိုဟိုသည်သည်ကြည့်လိုက်တော့ ဟော တွေ့ပြီ တယောက် ။
သူ ကလဲ ကိုယ့်ကိုတွေ့တော့ လက်လှမ်းပြပြီး ကိုယ့်ဆီရောက်လာတယ် ။ ပျော်စရာကြီး ။ ထုံးစံအတိုင်း ကြပ်လိုက်မယ်ဆိုပြီး
- ဟေ့ရောင် မင်း နာ့ကို ဖဘမှာ ဘလော့ထားတယ်ဟုတ် မတွေ့တာတောင်ကြာပြီလို့ ပြောလိုက်တယ်
(အမှန်က သူ ဘလော့လားဘာလားမသိဘူး ၊ ဖဘက ကိုယ်ကသာတင်နေတာ သူများတင်တာတွေ သိပ်လိုက်မကြည့်ဖြစ်လို့ :P)


အဲတော့
* ဟာ မဘလော့ပါဘူးအမရယ် ။ အန် ထားရုံတင်ပါတဲ့ (တိန် )
(ဒင်းတော့ ငါ့ကို အကြောင်းမဲ့ အန် မှာမဟုတ်ဘူး ။)
- ပြောစမ်းပါဦး ငါ့ ကို အန်ရတဲ့အကြောင်းရင်းက ။
* ဟိုလေ အမညီမ နဲ့ ကွဲသွားလို့ ..
- ဟမ် ကလေးတွေလဲ ကြီးပြီမဟုတ်လား
* အင်းလေ အမညီမ ကလေ ငွေပဲမက်တာ ၊ ကျနော့်ကိုလေ ဒီလောက်ငွေနဲ့တော့ ပေးမနေနဲ့ ဒီလောက်ကတော့ မိ... တို့က ရှာနိုင်တယ် ဘလာ ဘလာ ဘလာ
- ( ငှင် သူ့မိန်းမ မကောင်းကြောင်းပြောနေတာကလဲ ငါ့ ကို စောင်းပြောနေသလိုပါပဲလားဟ ။ ကိုချစ်မောင်ကြီးများ ဒင်း ကို လက်တို့ပြီးပြောပြသွားသလားမတိဘူးတော် ) အခုန စားကောင်းနေတဲ့ ထမင်းကြော်တောင် ဘာဖြစ်သွားတယ်မသိဘူး
ပြောတယ် ပြောတယ် သူ့မိန်းမ မကောင်းကြောင်း တွေ ပြောတယ် ။ တလစပ် လဲပြောပြီးရော...
* အဲဒါပဲအမရယ် အခုတော့ နောက်တယောက်လဲယူပြီးပြီ ကလေးတောင်မွေးတော့မယ် တဲ့ အဲလိုပြောပြီးထွက်သွားရော ။
ကိုယ်လဲ ငုတ်တုတ်မေ့ပြီး ကျန်ခဲ့ရော ။ အဲဒါနဲ့ ပဲ လဖေ့ရည်သောက်ခန်းကို မရောက်လိုက်ပါဘူး စိတ်လေလေ နဲ့ ပြန်လာရော...

မပြီးသေးဘူး ဘူတာအ၀င်ဝနားကြတော့ နောက်တယောက်နဲ့ တွေ့ပြန်ရော ...

+ ဟာ အမ တယောက်ထဲလား ...
- အေးလေ ကိုချစ်မောင်ကြီးက ပြန်သွားတဲ့ဟာကို

+ ဟာ ဟုတ်လား အမက ဘာလို့မပြန်တာတုန်း
- ငါ က ပြန်မှာ ။ သူက အလှူရှိလို့ စီစဉ်ရအောင်ပြန်နှင့်တာ

+ ဟုတ်လား အမတို့ အလှူ လုပ်မလို့လား
- အေးလေ သူ ဘုန်းကြီး ၀တ်မလို့တဲ့ ။ တလ...

+ ဟာ အမတို့ ဘာတွေဖြစ်ကုန်ကြလို့လဲ ။ စိတ်ပြေလက်ပျောက်ဆို တပတ်လောက်ဝတ်ကြတာ အခုက တလဆိုတော့ အတော်ကို စိတ်ကုန်သွားတာနေမှာ အမရယ် ။ အမ ဘာတွေ လုပ်လိုက်လို့ လဲ ။ ကိုချစ်မောင်ကြီး သနားပါတယ် (တိန် ဂယ်ဘဲတော် စွတ်တင်နေတာ )

အဲ လို နဲ့ ကိုယ့်မှာ စကားပြန်တောင်ပြန်မပြောနိုင်ခဲ့ဘူး လက်လေးအသာထောင်ပြ နှုတ်ဆက်ပြီး ဘူတာထဲ ၀င်ခဲ့တယ် ။
အချု ပ် ပြောရရင် လန်းမယ်ထင်မိတဲ့ ကိုယ့်ညနေခင်းဟာ ဂွမ်း သွားတယ်ပေါ့ကွယ်

1 comment:

  1. Pwint Myue Zin ဂွမ်းစိန်
    Annie Nyein ဖြစ်ရလေ မမ မယ်သန်ရယ်
    Sweetee Cho Cho မယ်သံရယ် ရီရချက်အေ။
    စု စုအေး ဦးဇင်းကချစ်မောင်ကတော့ဖတ်ပီး မှတ်ပလား ပွားချင်အုန်းလို့ပြောနေမလားမသိ
    Ko Thar Ngel ဂွမ်းသန် !
    Vistaz Aung Lol
    Ma Ma Nay Ha ha
    Thandar Saung တို့ ဆိုင် လာ ပြန်ရောက် ရင်
    Tin Min Htet ဒီနေ့ ပင်နီဆူလားရောက်တယ်လေ ဒီလိုမှန်းသိ အောက်ဆင်းလာပြီး ပွားပါတယ် (ပိုဂွမ်းသွားအောင်)
    Myintmyint Kyaing haaaaaa
    Sai Kyi မဆိုးဘူးဈေးမရောင်းနဲ့ ဟာသစာရေးဆရာလုပ်
    Hein Phyu ဖတ်လို့ကောင်းလိုက်တာ သဘောကျ ....ဘသ၀..ချစ်၁လုံး ပိုတယ် ..





    ReplyDelete