ဒီရင်ခွင်ရိပ် မှာ နားခိုခဲ့တာ ကိုးနှစ်တိုင်ခဲ့ပြီ ။
ဒီအရိပ်ကိုစ၀င်ခဲ့တုန်းကတော့ ချစ်ခြင်းသက်သက်နဲ့သာ ...
သစ်ကိုင်းကျဲကျဲ နဲ့ အားယူတက်စ အပင်လေးဟာ အကိုင်းအခက်ဖြာပြီး စိမ်းလန်းလာမယ်ဆိုတာ မသေချာခဲ့ဘူး ။
အရိပ်လေးမှာ နားခိုရင်း အပင်ခြေ မြေပြင်ကိုရှင်းလို့ ၊ ရေလောင်းပေါင်းသင် မြေဆီကျွေး ကိုယ်တတ်နိုင်သမျှ လုပ်ခဲ့တာပေါ့  ။
ကိုယ်ကလဲ မေတ္တာရေအေး လောင်းခဲ့သလို သူ့ရဲ့ဗီဇမျိုးစေ့ကလဲ မှန်ခဲ့လို့ဖြစ်မယ် ။ တစ်နေ့တစ်ခြားရှင်သန်ကြီးထွားပြီး အကိုင်းလေးအခက်လေးတွေနဲ့ဖြစ်လာတယ် ။
နေပူပြင်းတဲ့ နေရာမို့ထင်တယ် အရမ်းကြီးတော့ စိမ်းလန်းမနေသေးဘူး ။
အခုတော့ ကိုယ်လဲ ဒီရင်ခွင်အေးရိပ်မှာ စိတ်ဒုံးဒုံးချ နားနေခဲ့ပြီ ။
အရိပ်အောက်ဝင်ပြီးမကြာခင် စပြီးသီးတဲ့ အသီးလေးဟာ နုနုလေးမှာကြွေကျသွားခဲ့တယ် ။
ကိုယ့်ရဲ့ ၀မ်းနည်းမျက်ရည်တွေ ဟာ ဒီအပင်ရိပ်မှာပဲ ကြွေကျခဲ့ရတာမို့ သူ့ရဲ့ ရှင်သန်ခြင်းတွေထဲမှာ ကိုယ့်မျက်ရည်တွေပါ အတူတူစီးမျောခဲ့တာ .....။
အခုတော့ လဲ နောက်ထပ် ပန်းလေးတစ်ပွင့် ပွင့်လာခဲ့ပြီ ။
ကိုယ့်ရဲ့ ၀မ်းသာပျော်ရွှင်တဲ့ရယ်သံတွေ မှာ သူ့အရွက်တွေလှုပ်ခတ်တဲ့အသံတွေပါ ရောပြီး ညိုးညိုးညံညံထွက်လာတာပေါ့ ။
လေပြည်ညှင်းလေးတွေနဲ့အတူ ပန်းကလေးရဲ့ရနံ့မွှေးပျံ့လာဖို့ ကြိုးစား ဆုတောင်းနေမိတယ်။
ကိုယ်နဲ့ ပန်းလေးအတွက် ဒီရင်ခွင်ရိပ်ကြီး တစ်နေ့တစ်ခြားအေးမြလာဖို့ အပင်လေးဟာ နှစ်ပေါင်းများစွာရှင်သန်ပြီး ကြီးမားစိမ်းလန်းလာပါစေလို့သာ ဆုတောင်းရတာပဲ။
သစ်ပင်ကြီး ကြီးမား အရိပ်အာဝါသ အေးလာတာနဲ့အတူ အရိပ်ခိုချင်တဲ့သူတွေ တစ်စတစ်စ နဲ့ ၀င်လာကြမှာလဲ သဘာဝပါ ။
အဲဒီအချိန်ကျရင်သာ သူတို့ကို နေရာပေးရင်း နဲ့ ကိုယ်တွေဟာ ဘေးမရောက်သွားပါစေနဲ့သာ ဆုတောင်းရမှာပဲ ။
ဒီလိုပဲ သူ့အကိုင်းအခက်တွေကို လာနားကြမယ့် ငှက်တွေ ဒဏ်ကြောင့် သူ့မှာလေးလံပင်ပန်းတာတွေ ရှိလာမှာပဲ နော်။ အပင်မြင့်လာတာနဲ့ အမျှ လေပြင်း နေပြင်းဒဏ် ကိုသူပိုခံရတော့မယ် ။
အကောင်းနဲ့အဆိုးတွဲနေမယ့်လောကကြီးမှာ ဒီိလို ခံစားရမှာတွေ တွေးကြောက်ပြီး ဒီအပင်ကြီးဟာ ပိုပြီး အရိပ်ဖြာ စိမ်းလန်း လာမှာကို ကြောင့်ကြပူပင်လို့ဖြင့် မနေပါဘူး ။
သူ့ရဲ့ ဗီဇမျိုးစေ့ ရှိသလောက် ကြီးမား ရှင်သန် စိမ်းလန်းနေဖို့ ကိုယ်ကတော့ ကိုယ်တတ်နိုင်သမျှ ရေလောင်း ပေါင်းသင်ပေးနေဦးမှာပါ ။
ကိုယ်တို့ကို ၉ နှစ်တာလုံး သူတတ်နိုင်သမျှ အေးမြအောင် မေတ္တာရိပ်မိုးပေးခဲ့ သလို
ကိုယ်နဲ့ အတူ ပန်းကလေး လန်းစွင့် လှပ မွှေးပျံ့စေဖို့ အေးရိပ် နဲ့ အားအင်တွေအသက်ထက်ဆုံးတိုင်ပေးနိုင်ပါစေ လို့ သာ ။ ။
9th Anniversary KMO + TDL
Happy Anniversary sis & bro !!
ReplyDeleteCongrats!!
wish you have beautiful endless days with your beloved Hay Mar ♥
ကျေးဇူးပါ မီးချစ်
Deleteမီးချစ် တို့ နှစ်ယောက်လဲ ရောက်လာမယ့် မိသားစုအသစ်လေးနဲ့ ပျော်ရွှင်ပါစေနော်။
ကိုးနှစ်မှသည် နှစ်ပေါင်းများစွာ ရတုများစွာ ကျန်းမာပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ..း)
ReplyDeleteကျေးဇူးပါ .။ စန်းထွန်းလဲ ကျန်းမာပျော်ရွှင်ပါစေနော်
Deleteကိုးနှစ်ကိုးမိုးမှသည်.......ကိုးဆယ်နှစ်များဆီသို့...........
ReplyDeleteကျေးဇူးပါ မမစစ ။
Deleteစစ တို့လဲ ကျန်းမာပျော်ရွှင်ကြပါစေ ။
ကိုးနှစ်မှသည် နှစ်ပေါင်းများစွာတိုင်... ချစ်ခင် နားလည်ခြင်းများနဲ့... ပျော်ရွှင်ချမ်းမြေ့ပါစေ.... <3
ReplyDeleteကျေးဇူးပါ အမသက်
DeleteHappy anniversary sis &bro!!!
ReplyDeleteကျေးဇူးပါ အမည်မသိရေ
Deleteမကြာခဏ စာ လာဖတ်ဖြစ်လို့ ဒီမိသားစုလေးနဲ့ ရင်းနှီးနေပါပြီ ...
ReplyDeleteHappy 9th anniversary ပါ ...
မချို
ကျေးဇူးပါ မချို
DeleteHappy Anniversary ....
ReplyDeleteကျေးဇူးမယ်ဆင်
Deleteနောက်ကျသွားတာ ဆောရီးပါ မသန္တာရေ...၊
ReplyDeleteရတုကိုးမှသည်... ဆယ့်ကိုး၊ နှစ်ဆယ့်ကိုး စသဖြင့် အစဉ်အတိုင်း အကိုင်းအခက်တွေ ဖြာဝေပါစေဗျား....၊
ကျေးဇူးပါ ကိုညီလင်းသစ်
Deleteအရိပ်ဖိုသူတွေ တိုးပွားလာပါစေလို့ ဆုတောင်းမပေးလို့ :P