[X] Choose Font Here

Wednesday, April 10, 2013

ဥာတကာနဉ္စ သင်္ဂဟမင်္ဂလာ

 ၂၀၁၃ ဧပြီလ ၁၀ ရက် ၊ ၁၃ရ၄ တပေါင်းလကွယ်နေ့  (ဥပုသ်နေ့)






ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့

 
(၁၆) ဥာတကာနဉ္စ သင်္ဂဟ မင်္ဂလာ
ဆွေဥာများစွာ ထောက်ပံ့ပါ မေတ္တာစီးဆင်းမှာ

         ဆွေမျိုးညီအစ်ကို မောင်နှစ်မတွေကို စေတနာ မေတ္တာအရင်းခံပြီး ကူညီထောက်ပံ့နေထိုင်တာ ဥာတကာနဉ္စသင်္ဂဟမင်္ဂလာပဲ ။

        ယခုဘ၀ တော်စပ်တဲ့ ညီအစ်ကိုမောင်နှစ်မတွေကို စည်းစိမ်ဥစ္စာနဲ့အထောက်အပံ့ပေးရမယ်။ မိဟောင်း ဖဟောင်း ဆွေဟောင်းမျိုးဟောင်းတွေကိုလည်း မေတ္တာပို့ အမျှပေးဝေပြီး ထောက်ပံ့မှူ ပေးရမယ် ။

         ထောက်ပံ့တဲ့နေရာမှာ စည်းစိမ်ဥစ္စာပေးပြီး ထောက်ပံ့တာရှိတယ်။ ကိုယ်ထိလက်ရောက် လုပ်ကိုင်ပေးပြီး ထောက်ပံ့တာရှိတယ်။ နှူတ်နဲ့အားပေးစကားပြောပြီးထောက်ပံ့တာရှိတယ်။ စိတ် နဲ့ မေတ္တာပို့လွှတ် ထောက်ပံ့တာရှိတယ်။

         ဒီလိုထောက်ပံ့မှူအမျိုးမျိုးရှိရာမှာ ယခုဘ၀တော်စပ်တဲ့  ဆွေမျိုးတွေကိုစည်းစိမ်ဥစ္စာပေးပြီး   ထောက်ပံ့ရမယ်။ ကိုယ်ထိလက်ရောက် ကူညီလုပ်ကိုင်ပေးပြီးတော့လည်း  ထောက်ပံ့ရမယ် ။   နှူတ်နဲ့အားပေးစကားပြောပြီးထောက်ပံ့ရမယ် ။   မိဟောင်း ဖဟောင်း ဆွေဟောင်းမျိုးဟောင်းတွေ ကိုလည်း မေတ္တာပို့ အမျှအတန်းပေးဝေပြီး ထောက်ပံ့ရမယ် ။

          ဗိမ္မိသာရမင်းကြီးဟာ ယခုဘ၀တော်စပ်တဲ့ ဆွေမျိုးတွေကိုလည်း စည်းစိမ်ဥစ္စာနဲ့ ထောက်ပံ့မှူပေးတယ်။  ရှေးဘ၀က တော်စပ်ခဲ့တဲ့ ဆွေမျိုးတွေ ကိုလည်း မေတ္တာပို့ အမျှအတန်းပေးဝေပြီး ထောက်ပံ့မှူပေးတယ် ။

          ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း ဗိမ္မိသာရမင်းကြီးအတုယူပြီး ပြုလုပ်ဆောင်ရွက်ကြမှသာ အနှစ်သာရပြည့်ဝတဲ့ ဥာတကာနဉ္စ သင်္ဂဟ မင်္ဂလာတရားနဲ့ ညီညွတ်မှာပါ။ ညီညွတ်အောင်လည်း နေထိုင်ကြပါလေ ။

No comments:

Post a Comment