[X] Choose Font Here

Saturday, December 8, 2012

ကြေးဝါရတု တိုင် ဒီခရီး

              နှစ်ဦးအတူ လျှောက်လှမ်းခဲ့ကြတဲ့ ရှစ်နှစ်တာ ဒီခရီး ကိုပြန်လှည့်ကြည့်ရင် ပန်းခင်းတဲ့ လမ်းချည်းဘဲ မဟုတ်ခဲ့ပါဘူး ။ ဆူးခင်းလမ်း လို့ဆိုရအောင် မကြမ်းခဲ့ပေမဲ့ ကျောက်စရစ်ခဲတွေ ခင်းထားသလို အဖုအထစ်တွေကိုတော့ အများကြီး လျှောက်ခဲ့ကြရတယ် ။

ပင်ပန်းခဲ့ရတဲ့ စိတ်ကြေကွဲဝမ်းနည်းခဲ့ရတဲ့ အတိတ်ကို ပြန်မတွေးချင်ပေမဲ့ နှစ်ယောက်အတူတွဲပြီး ရင်ဆိုင်ခဲ့တဲ့ အင်အားတွေကို တော့ တွေးတော အားတက်မိတယ်မောင် ။

ဘယ်လို အခက်အခဲ တွေကိုဘဲ ရှိခဲ့ ရှိခဲ့ နှစ်ဦးအတူ ခိုင်ခိုင်မြဲမြဲ တွဲပြီး ရင်ဆိုင်ခဲ့ကြတယ် ။
 မှောင်မိုက်တဲ့ ညတွေမှာ ကြယ်ရောင် ကိုအားကိုးပြီး စမ်းတ၀ါးဝါး လျှောက်ခဲ့ရာက အခုတော့ အာရုဏ်လာ ပြီ လို့ဆိုရမယ် ။ ဘာဘဲဖြစ်ဖြစ် ခေါင်းမော့မော့ လည်မော့မော့ မလျှောက်ဘဲ သတိလေးနဲ့ လျှောက်ရမယ် မောင် ၊ ဒါမှ ခလုတ် မတိုက်မှာပေါ့ နော် ။

♫ ♫ မောင်ရေ အချစ်ရေ ♫ မောင်ရေ တကယ်ချစ်ရဲ့လား ♫♫ လို့ တ တတ မေးနေစရာမလိုခဲ့ပါဘူး ၊ မောင့်ဆီက ကြင်နာခြင်း၊ မျှတခြင်းတွေကို ကိုယ်တိုင် ခံစား သိခဲ့ရပါတယ် ။

အဆိုးအကောင်းမှန်သမျှ ကို အတူလက်တွဲ ပြီးရင်ဆိုင်ခဲ့ကြတာမို့ တို့နှစ်ယောက်ဟာ လက်တွဲဖော် အစစ် ပါ မောင် ။ အရာရာ ကို နားလည်ပြီး လက်တွဲဖေးကူ ခဲ့တဲ့ အတွက် ကျေးဇူး ပါ ဆိုရင် ခေါင်းညိတ်ပြီး မဲ့ပြုံး ပြုံးလေမလား မောင် ။

              အခုတော့ တို့ နှစ်ယောက်ဘ၀ မှာ ချစ်မ၀ စရာ သမီးလေး ရှိလာပြီ ။ သူ့အတွက် တို့တွေ ပိုကြိုးစားကြမယ် ။



တို့နှစ်ယောက် လက်ကို  သက်ဆုံးတိုင် မြဲမြဲခိုင်ခိုင် တွဲကြမယ် ။
မလွဲမသေ တွေ့ကြုံ ရမဲ့ အိုခြင်း နာခြင်း သေခြင်း တရားတွေကို ရင်ဆိုင်ဘို့ သတိ နဲ့ အမြဲနေ ပြင်ဆင်ကြရမယ် ။

တွဲလက်များ
♫ ဘ၀ အချိန်ခနလေး..ရှင်သန်ခွင့်ရ ..တို့ဘ၀တသက်တာ......
အပေါင်းအသင်းတွေကြား မင်းအတွက် တို့ဟာ ကြင်နာစွာ.....
မင်း..လိုအင်တိုင်း လိုအပ်တိုင်းပေါ့ မင်းနားရှိမယ်....
မငြင်းရက်ခဲ့ဘူး..ပေးဆပ်ခြင်းမှာပျော်ရွှင်ရင်းပေါ့....
အားငယ်ချိန်တိုင်း အနားမှာ အစဉ်အားပေးခဲ့တာ ...
မင်းရဲ့ အပြုံးတွေဘဲ မမေ့နိုင်ခဲ့ဘူးလေ ....
ဒီအပြုံးလေးများနဲ့ တို့ဘ၀ ကို ဖန်တီးဆေးခြယ် ....
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလည်း...
အကောင်းဆုံးတွေများ မျှဝေလို့ တို့ခံစားကြမယ် ...
ယုံကြည်ထားတယ် ခိုင်မာသော တွဲလက်များရယ် ...♫
♫  ဟေးးး ဒီရင်ထဲ အခိုင်အမာရှိခဲ့ကြတဲ့ မေတ္တာ ...
မပြောင်းလဲပါဘူး မဟောင်းနွမ်းဘူးလေ ဖြူစင်စွာ...
ဟေး..ဘယ်လိုလဲ တကယ်ကို အိုမင်းသွားတဲ့ တနေ့တိုင်...
မပြောင်းလဲပါဘူး မင်းအတွက်တို့ဟာ အမြဲရှိနေမှာ ....
အားငယ်ချိန်တိုင်း အနားမှာအစဉ်အားပေးခဲ့တာ...
မင်းရဲ့အပြုံးတွေဘဲ ချစ်စရာ အချစ်ဆုံးလေးး..

♫ ဒီအပြုံးလေးများနဲ့ တို့ဘ၀ ကို ဖန်တီးဆေးခြယ် ....
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလည်း...
အကောင်းဆုံးနေ့များ မျှဝေလို့ တို့ခံစားကြမယ် ...
ယုံကြည်ထားတယ် ခိုင်မာသော တွဲလက်များရယ် ...♫

8 comments:

  1. မင်္ဂလာသက်တမ်း နှစ် ၁၂၀ တိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ် ..း))
    ချစ်ခင်စွာဖြင့်

    ReplyDelete
  2. အစ်ကိုနဲ့အစ်မ..
    “ရတု”ပေါင်းများစွာကို
    သားသမီး၊မြေးမြစ်များနဲ့အတူ
    ဆံဖြူ၊သွားကျိုးသည်ထိ ဖြတ်သန်းနိုင်ပါစေကြောင်း..း)

    ပုံ/
    ယောက္ခတော်ရန်စောင့်နေသူတစ်ဦး :D

    ReplyDelete
  3. ပျော်ရွှင်ဖွယ်နှစ်ပတ်လည်နေ့များစွာကိုအတူတကွ ဖြတ်သန်းနိုင်ကြပါစေ

    ချစ်ခင်လျှက်

    မယ်ကိုး
    (စကားမစပ် မမမယ်သံတောင်ကဗျာဆန်ဆန်တွေရေးလာပြီ ဖတ်လို့သိပ်ကောင်းတယ်း))

    ReplyDelete
  4. ပျော်စရာချစ်ခရီးရာသက်ဆုံးတိုင်ပါစေ အမ။

    ReplyDelete
  5. စိတ်တူ ကိုယ်တူ ချစ်တဲ့သူများအဖြစ်
    တစ်ဦးအပေါ်တစ်ဦး နားလည်မှုလေးတွေနဲ့
    ရတုပေါင်းများစွာတိုင်တိုင် အေးချမ်းစွာလျှောက်လှမ်းနိုင်ပါစေ ကိုဦးနဲ့သန္တာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6.ိပျော်ရွှင်သာယာတဲ့ မင်္ဂလာ နှစ်ပတ်လည်ဖြစ်ပါစေ.....
    ခေါင်းဖြူသွားကျိုး၊ လည်တုန်တဲ့ထိ (ဟီးးးးး)... ချစ်ခင်၊ ကြင်နာ၊ လက်တွဲမြဲမြဲနဲ့ ..နဝရတ်ရတု တိုင်ပါစေ.... မောင်....အဲလေ..ယောင်လို့ ...မယ်သံ ...:D


    SinSin

    ReplyDelete
  7. Happy Anniversary Ko Oo & Mae Than... <3

    ReplyDelete
  8. ဘာကျွေးမှာလဲ

    ReplyDelete