[X] Choose Font Here

Wednesday, December 12, 2012

၁၂.၁၂.၁၂ မှာ နောက်ပြန်လှည့်ကြည့်ခြင်း ( တဂ်ပို့စ်)

ရက်ကိုလစား ၊ လကို နှစ်စား ၊  အချိန်တွေ အချိန်တွေ အကုန်မြန်လိုက်တာ ။

၂၀၁၂ ဟာ ခဏလေးလို ....

ကိုယ် ဘယ်လို ဖြတ်သန်းခဲ့တာလဲ ပြန်လှည့်ကြည့်

ပျော်ရွှင် ကျေနပ် မှူတွေ နဲ့လား ။
လိုအင်ဆန္ဒတွေ ပြည့်စုံ မှူတွေ နဲ့လား။
အလိုမကျ ငြိုငြင်သောကတွေ နဲ့လား။

အချစ်နဲ့လားး  အမုန်းနဲ့လားး အပျော်တွေနဲ့လားး  ၀မ်းနည်းမှူတွေနဲ့လား  အသစ်တွေနဲ့လား အဟောင်းတွေနဲ့လား  လောဘတွေ နဲ့လားး   သောကတွေနဲ့လားး ပြည့်စုံမှူတွေနဲ့လားး လိုအပ်မှူတွေနဲ့လားး တိုးတက်မှူတွေနဲ့လားး ဆုတ်ယုတ်မှူတွေနဲ့လား  လားး  လားးး  လားးးး.....................

တန်ဖိုးရှိတဲ့ အချိန်တွေ ဖေ့ဘွတ်ကိုပေးတာများနေ ။
အကောင်းလား အဆိုးလား လက်ခံသူအပေါ် ဘဲ မူတည်မယ် ထင်ပါရဲ့ ။
ကျမ အတွက်တော့ အကောင်းလဲ ရှိ  ...ဖေ့ဘွတ်ပေါ်က တဆင့် ကိုယ်တိုင် ဦးဆောင်ပြီး စုပေါင်းအလှူလေး နှစ်ခု ဖြစ်မြောက်သွား ။
မိတ်ဆွေ အပေါင်းအသင်းတွေ တိုးလာသလို မိတ်ဟောင်းဆွေဟောင်းတွေ နဲ့ လဲ အဆက်အသွယ်ပြန်ရ ။
ဒါနဲ့ အဲ့ဒါတွေကရော ကိုယ်တကယ်လိုချင်တာတွေလား သေချာလား ....



- အများကြီးမတွေး နဲ့ ကိုယ်ဘာတွေ ရခဲ့လဲ ပြန်ကြည့် ။
ထူးခြားတာကတော့ နေရာတစ်ခု အထိုင်ချ ခဲ့တာဘဲ ။
ဒီတော့ ကျေနပ်တယ် ၊ ၀မ်းသာတယ် ၊ စိတ်မောခဲ့ရတယ်၊ ပင်ပန်းခဲ့ရတယ် ။ အဲဒီကနေ တဆင့် အကျိုးသက်ရောက်မှူက ဒီလို ဖြစ်မြောက်အောင် ကိုယ့်ကို ၀ိုင်းဝန်းပံ့ပိုး ခဲ့တဲ့ သူငယ်ချင်းတွေ ရှိနေတယ် ။  ကဲ ဘယ်လောက် အားတက်စရာကောင်းသလဲ ။



- နောက်ကော ဘာတွေ လုပ်ခဲ့သေးလဲ ။
ဒီနှစ် အလှူတွေ လုပ်ဖြစ်ခဲ့တယ် ။

မတ်လ ၁၇ - စနေ နေ့မှာ တိုပိုင်းရိုး ဘုန်းကြီးကျောင်းမှာ သံဃာကုန် အာရုဏ် ဆွမ်း၊နေ့ဆွမ်း ကပ်ပြီး မိတ်ဆွေ အပေါင်းအသင်းတွေကို နေ့လည်စာ ကျွေးခဲ့ပါတယ် ။ အပေါင်းအသင်း လူ ၈၀ လောက် အလှူမှာ လာရောက်အားပေးခဲ့ကြလို့ ၀မ်းသာ ခဲ့ရသလို အလှူ မှာလဲ အားလုံးပြည့်စုံ အဆင်ပြေစွာ ပြီးသွားခဲ့တာမို့ ပြန်တွေးမိတိုင်း ကျေနပ်ပီတိ ဖြစ်ရပါတယ်။

အောက်တိုဘာလ ၂၈ - တနင်္ဂနွေ နေ့မှာ အိမ် ကို ဘုန်းကြီး သုံးပါးပင့်ပြီး ကမ္မ၀ါ ရွတ်ခဲ့ပါတယ် ။ လှူ ဖွယ်ပစ္စည်းတွေ ကို စဉ်းစာြး့ပီး ၀ယ်ရတာ ၊ အစ အဆုံး အဆင်ပြေပြေ ပြီးသွားခဲ့တာ တကယ် ကျေနပ်စရာပါ ။

နိုဝင်ဘာလ ၁၁ - တနင်္ဂနွေ နေ့ မှာ အိမ် ကို ဘုန်းကြီးသုံးပါးပင့် ပြီး အာရုဏ်ဆွမ်းကပ် သင်္ကန်းကပ် လှူခဲ့ပါတယ် ။ မိတ်ဆွေ သူငယ်ချင်းတွေ အတွက် နေ့လည်စာ နဲ့ ဧည့်ခံ ခဲ့ပါတယ် ။ ကျမ လက်ရာမုန့်ဟင်းခါးကို အားလုံးက ကောင်းတယ် ဆိုတော့ မောသမျှ ပျောက်ခဲ့ရပါတယ် ။ အားလုံး ရင်းရင်းနှီးနှီး ပျော်ပျော်ပါးပါး နဲ့ ကျမ ရဲ့ အလှူကို အားပေးခဲ့လို့ ၀မ်းသာရပါတယ် ။

သြဂုတ်လ ၁၈ ရက်နေ့မှာ စလေမြို့ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းအတွက်  အလှူငွေ စတင်ကောက်ခံပြီး သြဂုတ်လ ၃၀ ရက်နေ့မှာ ရရှိခဲ့တဲ့ အလှူငွေ ဆယ်သိန်း ခြောက်သောင်း ကျပ်ကို ပေးပို့ လှူဒါန်းနိုင်ခဲ့ပါတယ်  ။ တကယ့်ကို ပီတိဖြစ်စရာပါ ။ ကျမ နှင့်အတူ ပါဝင်လှူဒါန်းခဲ့သူ အားလုံးကိုလဲ ကျေးဇူးတင် သာဓု သုံးကြိမ်ခေါ်ဆိုရပါတယ် ။

ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ လက်ပန်းတောင် အရေး မှာထိခိုက်ဒဏ်ရာ ရသွားခဲ့ကြသော သံဃာတော် တွေ အတွက် အလှူခံ ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာတော့ မန္တလေး မှ ကူညီမည့် ဘလော့ဂ်ဂါ အမ ရွှေစင်ဦး ဆီကို ၁,၂၂၅,၁၂၀.၀၀ ကျပ် လွှဲပေးခဲ့ပါတယ် ။ ဒီနေ့ ၁၂.၁၂.၁၂ မှာ အမဆီ ငွေရောက်ခဲ့ရင် ချက်ချင်းသွားလှူပေးမယ်လို့ ပြောပါတယ် ရှင် ။
ဒီအလှူ ဖြစ်မြောက်အောင် တိုက်တွန်းပေးခဲ့တဲ့ ညီမလေး အိချို ၊ ဇင်မီ တို့ နဲ့ ကူညီပေးမဲ့ အမ ရွှေစင်ဦး ၊ နောက် အတူဝိုင်းပြီး လှူဒါန်းပေးကြသူများအား ကျေးဇူးတင် သာဓု သုံးကြိမ် ခေါ်ဆိုရပါတယ် ။

ဒီကြားထဲမှာ ကာလဒါန အနေနဲ့ရော ကြုံကြိုက်လို့ရော လှူဖြစ်ခဲ့တာတွေ လဲ ရှိခဲ့ပါတယ် ။ ဒီနှစ်အတွက် အလှူဒါန တွေမှာ ဆန္ဒ ရှိတိုင်း စိတ်ရှိတိုင်း လို လှူဖြစ်ခဲ့တဲ့ အတွက် ၀မ်းသာ ရပါတယ် ။ အလှူတိုင်းမှာ ကိုယ်နဲ့ သဒ္ဒါတရား ထပ်တူ ရှိခဲ့တဲ့ ချစ်ခင်ပွန်း ကြောင့် လဲ စိတ်နှလုံး ကြည်နူးရပါတယ် ။ သူသာ စိတ်တူကိုယ်တူ မဟုတ်ခဲ့ရင် ကျမလဲ ဒီလို လုပ်နိုင်မှာ မဟုတ်ပါဘူး ။



- အိမ်တွင်းရေး ကရော
တနှစ်တာ ၁၂ လ မှာ သမီးလေးနဲ့ ၅ လဘဲနေရတာ တကယ့်ကို ၀မ်းနည်းစရာပါဘဲ ။ ကိုယ်တိုင် ခံစားရတာတွေထက် သမီးလေးငယ်ငယ် ရဲ့ မိခင်ကိုတမ်းတ တဲ့ ခံစားမှူအကြောင်းတွေကို ကြားရတဲ့အခါ တကယ့်ကို စိတ်ထိခိုက်ခံစားရပါတယ် ။ နေရိပ်ကိုရောက်ဖို့ နေပူက စောင့်ရတယ် ဆိုပေမဲ့  အပင်ကလေးငယ်ငယ်ဟာ နေ၇ိပ်မရောက်ခင် နေပူထဲမှာ ညှိုးမသွားစေဖို့ ဆုအထပ်ထပ်တောင်းရပါတယ် ။ ကျမ တို့မှာ နေပူထဲမှာ ညှိုးခြောက်ပြီး သေသွားခဲ့တဲ့ အပင်လေးတပင် စိုက်ခဲ့ဖူးတယ်လေ ။

ချစ်ခင်ပွန်း နဲ့ ပတ်သက်လို့ကတော့ ကျေနပ်စရာပါဘဲ ။ ဒီနှစ်မှာ သူကိုယ်တိုင်အတွက် တိုးတက်ရာ  တိုးတက်ကြောင်းတွေလဲ လုပ်နိုင်ခဲ့တယ် ။ နေရာတခု အထိုင်ချ ခဲ့ရမှာလည်း သူ့ရဲ့ အပင်ပန်းခံ နိုင်မှူ စိတ်ရှည် သည်းခံ မှူတွေ နောက် ကျိုးကြောင်းဆင်ခြင် တတ်မှူတွေ ၊ မိသားစု ကို ထည့်တွက်ပေးတာတွေ ကို သိမြင်ခဲ့ရပါတယ် ။ အထူးခြားဆုံးကတော့ ဖားအောက်ဆရာတော်ကြီင်္း ကို ကတိပေးထားသလို ဒီလတွေ မှာ ငါးပါးသီလ ကိုမကျိုးမပျက်အောင် သေချာဂရုစိုက်ထိန်းခြင်းပါဘဲ ။ ချစ်ခင်မှူတွေ ရှိနှင့်နြေ့ပီးသားထဲမှာ လေးစားကြည်ညိုမှူတွေ လဲ တိုးရပါတယ် ။အခုချိန် ကျမ သေရမယ် ဆိုရင်တောင် သမီးလေး အတွက် စိတ်မချ နောက်ဆံငင်မိမယ် မဟုတ်ပါဘူး ။ သူ နဲ့ စိတ်ချ ပါတယ်။



- ဒါဆို ကိုယ်တိုင် တိုးတက်မှူကရော
အင်တာနက်ကို အချိန်အတော်များများ အသုံးပြုခဲ့တာမို့ မိတ်ဆွေ တွေ တိုးလာခဲ့တာ ၊ ဟင်းချက် မုန့်လုပ်တဲ့ လက်ရာ တွေ တိုးတက်လာတာကလွဲလို့ ကျန်တာ ဘာမှမတိုးတက်လာပါဘူး ။ ( ကိုယ်အလေးချိန်ကတော့ အတော့်ကို တိုးလာတာပါ ၊ ဒါဟာ ကောင်းတာတော့ မဟုတ်ပါဘူး)



ဒီနှစ် ထဲမှာ လူမှူရေး ၊ ကျန်းမာရေး ၊စီးပွားရေး ၊ ဒါနရေး တွေ မှာ သင့်တင့် တဲ့ ကျေနပ်စရာ အခြေအနေ ရှိခဲ့ပေမဲ့  ဘာဝနာရေး ကို လုံးဝ နီးပါးမလုပ်ဖြစ်ခဲ့ပါဘူး ။

လာမဲ့ ၂၀၁၃ မှာတော့ ကျမတို့ မိသားစုလေး ကျန်းမာ အေးချမ်းစွာ အတူနေခွင့်ရ ပါစေ ၊ ကျမ မိဘများ ကျန်းမာပြီး ပူပင်ကြောင့်ကြ သောက ကင်းပါစေ ၊ ဘာဝနာ အရေးကို အချိန်ပေး ကြိုးစားနိုင်ပါစေ လို့ ဆုတောင်း လိုက်ရပါတယ် ။

ကျမ ရဲ့ ဘလော့လေးကို လာရောက်ဖတ်ရှူကြတဲ့ မိတ်ဆွေများလဲ ပူပင်ကြောင့်ကြ သောက နည်းပြီး ကျန်းမာ စွာဖြင့် ကောင်းသော လိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း  ရက် လ နှစ်တို့ တိုက်ဆိုင်ရာ ဒီနေ့လေး (၁၂.၁၂.၁၂) မှာ ဆုမွန်ကောင်းေ တာင်းလိုက်ရပါတယ်   ရှင်။

8 comments:

  1. လာဖတ်သွားပါတယ်မမယ်သံ ရောက်ဖြစ်ပေမယ့်ကော့မက်တစ်ခါမှမချန်ဖြစ်ဘူးရယ်

    ReplyDelete
    Replies
    1. လာဖတ် တဲ့ အတွက်ရော အခု ကွန်မန့်ချန်ခဲ့တာရော ကျေးဇူးပါ ဆုမြတ်..:D

      Delete
  2. ၁၂.၁၂.၁၂ ရက်နေ့မှ တန်ဘိုးရှိတဲ့ အမှတ်တရပို့စ်လေးတစ်ပုဒ် ဖတ်သွားပြီ သန္တာရေ။
    ဆန္ဒနဲ့ဘဝကိုက်ညီဘို့ ခက်ခဲတဲ့ လူ့ဘဝကြီးထဲမှာ ဘဝပေး အကြောင်းကံအတိုင်း
    ကြုံတွေ့ရတဲ့ အခြေအနေအပေါ်မှာ အကောက်းဆုံးဖြစ်အောင်လုပ်နိုင်ဘို့ ကြိုးစားကြရမှာပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မမတို့မိသားစုလေးလဲ ကျန်းမာ ချမ်းသာကြပါစေ...၂ယောက်စလုံးတော်တယ်...သမီးလေးကိုမြန်မြန်ပြန်ခေါ်..ဒါပဲ

    ReplyDelete
    Replies
    1. ခေါ်မယ် ခေါ်မယ် နောက် ကျော့တို့အိမ် ကို ပို့ထားလိုက်မယ်နော်..:D

      Delete
  4. မမလွင်ရေ ၂၀၁၂ မှာ မမလွင် ကောင်းတာတွေလုပ်ခဲ့တာ အများကြီးပဲ သာဓုလည်းခေါ်ပါတယ် ၀မ်းသာကြည်နူးမိပါတယ် ဒိထက်မက ပျော်ရွှင်လို့  ချမ်းသာခြင်းတွေ ကျန်းမာခြင်းတွေနဲ့ အတူ ဟေမာလေးနဲ့ လည်း အချိန်တွေများ၂နေနိုင်ပါစေ
    ပိုးပိုး

    ReplyDelete
  5. ၂၀၁၂ ဟာ မယ်သံအတွက် အတော်လေး ခရီးပေါက်တဲ့ နှစ်တခုလို့ ပြောရမယ် ထင်တယ်။ ရှေ့နှစ်တွေမှာလည်း ကြိုးစားသလောက် ခရီးပေါက်ပါစေ။

    tmh

    ReplyDelete
  6. အမ တောင်းထားတဲ့ ဆုတွေအားလုံး ပြည့်စုံပါစေရှင်..
    ပစ်လည်းဝိုင်းဆုတောင်းပေးပါတယ်နော်..

    ReplyDelete