[X] Choose Font Here

Thursday, April 26, 2012

သမိုင်းထဲက စလေ ၊ စလေ ထဲ က သမိုင်း ( အပိုင်း ၁)

 ရေရိုးမှာကျော် ၊ ကိုးမှော်မှ မြေစွန်း ၊ မှတထုံးမပြေ၊ကပ်သုံးထွေဘယာဝေးတယ်၊ ရှေးကမြို့ဝှန်း    ဟု  ရှေးလင်္ကာတပုဒ်ရှိပါသည်။ ပထမ ကမ္ဘာစစ်၊အင်္ဂလိမ် နည်ချဲ့ခေတ်၊ဖက်ဆစ်ဂျပန်ခေတ်၊ဒုတိယ ကမ္ဘာစစ် တို့တွက် ဗုံးဒဏ်လုံးဝမခံရခြင်းက အထက်ပါလင်္ကာမှန်ကြောင်းယနေ့ထက်တိုင်သက်သေပြလျှက်ရှိသည်။ အခြားအခြားသော ရှေးမြို့များနှင့်မတူခြားနားကွဲပြားသောမြို့စလေပါတကားဟု ကောက်ချက်ချနိုင်သည်မှာ အောက်ဖော်ပြပါ သမိုင်းသိုက်စာကြောင့်လည်းဖြစ်တန်ရာသည်။
အကြောင်းပဌာန မူလအာဒိက အာဒိစ္စသမုပန္န အနွတ္တပညတ်ဖြင့်ခေါ်ဝေါ်အပ်သော သမုတိသညာ ၊ မင်္ဂလာထင်ပေါ်၊တော် (၉)ရပ်၊ ကျော်(၄)ကြိမ်၊ သိမ်(၉)ဆူ၊ ဂူ(၉)လုံး၊ ကုံး(၉)ကုံး၊ ကျင်း(၉)ဘော် ၊ အိုင်(၉) အိုင်၊ ကျောက်မှော်(၉)ဆောင် ၊ ၀န်းမြောင်ရံကာ၊ နောက်မျက်နှာ၌ ၊ဧရာဝတီ ဣန္ဒနီမြစ်ရေ၀ိုက်ဝေ့၊စန္ဒာလကဲ့သို့၊ရဟန်းရှင်လူတို့အကျိုးဆောင်ပေသော မြို့စလေ  ဟု ညွှန်းဆိုထားသည့် ရှေးစကားနှင့်အညီ တြင်းကျေ န၀င်းကျေသောမြို့စလေ ဧ။် ထူးခြား၊ထူးမြတ် ၁၁ ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဂူကိုးဂူ ဆိုသည်မှာ

၁) ခြေသည်မဂူ (ကုလားမ ကူ)
၂) ငပိသည်ဂူ (သားထ ကူ)
၃) ငရံ့ဂူ
၎) ရှင်ပင်ပင့်ဂူ
၅) ရှင်ပင်ဂူနီ
၆) သစ္စာရဂူ
၇) သိကြားမင်းဂူ
ဂ) ရွှေဥမှင်ဂူ နှင့်
၉) ရှင်ပင်ကန်ဂူ တို့ဖြစ်ကြသည်။

သိမ် ကိုးသိမ် ဆိုသည်မှာ

၁) ဖုံသာသိမ်
၂) ရွှေဥမှင်သိမ်
၃) ရှင်မြရှင်သိမ်
၎)မင်းခေါင်သိမ်
၅) မြင်းတော်သိမ်
၆) မြင်းခုံတော်သိမ်
၇) ဥမှင်ကျော်သိမ်
၈) ရှင်ကတောင်သိမ် နှင့်
၉) အိမ်တော်သိမ် တို့ဖြစ်ကြသည်။

ကုန်း ကိုး ကုန်း ဆိုသည်မှာ

၁) မိုးဃ်းနတ်ကုန်း
၂) မီးညှပ်ကုန်း
၃) သစ်ညိုကုန်း
၎) ရွှေလိပ်ကုန်း
၅) ၀က်မစွတ်ကုန်း
၆) တောင်ပြင်ကုန်း
၇) ဖုတ်ကုန်းမြို့ကုန်း
၈) ကုန်းကြီးကုန်း နှင့်
၉) အင်ကျင်းကုန်း တို့ဖြစ်ကြသည်။

ကျင်း လေးကျင်း ဆိုသည်မှာ

၁) ခိုင်သေကန်ကျင်း
၂) ဆပ်ပြာကျင်း
၃) ဟင်းကွတ်ကျင်း
၎) ပဲကြီးကျင်း
၅) ကြင်းကြီးကျင်း
၆) ဖလံကျင်း
၇) အိုင်ကြီးကျင်း
၈) ဆင်မတော်ကျင်း နှင့်
၉) သခွတ်ကျင်း တို့ဖြစ်ကြသည်။

ကျော် လေးကျော် ဆိုသည်မှာ

၁)ရွှေဥမှင်ကျော်
၂) ပျိုကျော်
၃) နတ်ကျော် နှင့်
၎) ရှင်ရသကျော် တို့ဖြစ်သည်။

ဝလေးဝ ဆိုသည်မှာ

၁) ဂွေးချိုတောင်ဝ
၂) မိုးဃ်းကြိုးပစ်ဝ
၃) ဆင်မကျပ် အ၀င်ဝ နှင့်
၎) ဆင်မကျပ် အထွက်ဝ တို့ဖြစ်ကြသည်။

ကိုလေးကြို ဆိုသည်မှာ

၁) ဂွေးကြိုတောင် ဘုရား
၂) စာကြိုတောင် ဘုရား
၃) စာကြိုလှ ဘုရား နှင့်
၎) စာကြိုပြန် ဘုရားများ ဖြစ်ပါသည်။

ကန်လေးကန် ဆိုသည်မှာ

၁) ဂွေးချိုမင်းကန်
၂) ကုန်းမင်းကြီးကန်
၃) ချောင်းတက်ကန် နှင့်
၎) ချောင်းပိုက် ကန် တို့ဖြစ်ပါသည်။

တော် ကိုးတော် ဆိုသည်မှာ

၁) နန်းတော်ဦး
၂) အိမ်တော်
၃) ဇီးတော်
၎) သရက်တော်
၅) နှူတ်ခုံတော်
၆) မြင်းတော်
၇) အရာတော်
၈) ယာစိုတော် နှင့်
၉) ရေခမိုးပန်းတော် တို့ဖြစ်ပါသည်။

မှာ် ကိုးမှော် ဆိုသည်မှာ

၁) နှူတ်စုတ်မှော်
၂) ရွှေမြစ်ခေါင်မှော်
၃) ခြေတော်ရာမှော်
၎) ကြက်လည်ဆစ်မှော်
၅) ထိန်ပင်မှော်
၆) ဘုရားမှော်
၇) ရှော်ဖြူမှော်
၈) ခိုတောင်မှော်  နှင့်
၉) ကျောက်ပါးစပ်မှော် တို့ဖြစ်ပါသည်။

ကျောက် လေးကျောက် ဆိုသည်မှာ

၁) ကျောက်မဆင်
၂) ကျောက်ဖား
၃) ကျောက်လိပ်
၎) ကျောက်မိချောင်း တို့ဖြစ်ကြပါသည်။

3 comments:

  1. ဟုတ်တယ်..တကယ်ထူးဆန်းတဲ့ဒေသ..
    လူတော်တွေလည်း အများကြီး ထွက်ခဲ့တဲ့အရပ်..
    ကူးသင့်တန်ကူးတယ်..
    ဖတ်သင့်တန် ဖတ်..:)

    စကားမစပ် သမီးတောင် အတော်ကြီးနေပြီပဲ..
    ခမီးခမက်လို့ ကြိုပြောထားတာနော်.. :D

    ReplyDelete
    Replies
    1. သမီး ကို သူ့ထက်ငယ်တဲ့ သူနဲ့ မပေးစားဘူး ..ကိုရင့် သားနဲ့ ပေးစား ဘို့ နောက်တယောက်ထပ်မွေးလိုက်မယ် ..သားလေးရပြီ ဆိုပြောနော်...း)

      Delete
    2. သမီး ကို သူ့ထက်ငယ်တဲ့ သူနဲ့ မပေးစားဘူး ..ကိုရင့် သားနဲ့ ပေးစား ဘို့ နောက်တယောက်ထပ်မွေးလိုက်မယ် ..သားလေးရပြီ ဆိုပြောနော်...း)

      Delete