[X] Choose Font Here

Friday, April 20, 2012

ဆယ့်သုံးလ သမီး မဟေမာ

သမီးကလေး ဟေမာ .......

မနေ့က ဧပြီ ၁၈ ရက်မှာ သမီးလေး ဆယ့်သုံးလ ပြည့်တာပေါ့ ။
သမီးလေး ဆယ့်သုံးလမှာ ဘာတွေ တိုးတက်လဲ တတ်လာသလဲ လို့ မေးရင် ဖြေစရာတွေ အများကြီးရယ် ..
သမီးရဲ့ တိုးတက်မှူ တွေ က တရက်ထက်တရက်မြန်ဆန် လွန်းလို့ မေမေ့ မှာ ပါးစပ်အဟောင်းသား နဲ့ အံ့သြရတယ်။

သမီးလေး နေ့စဉ် ပုံမှန် ဘာတွေ စားလဲ ဆို..မနက် ရး၁၅ နိုးတာနဲ့ မုန့်ဖတ်သုပ် ၊ခေါက်ဆွဲသုပ် ဒါမှမဟုတ် ပေါင်မုန့်နဲ့ နို့ပေါ့ ။ ပြီးရင် ချိစ် ဘီစကစ်လေးတချပ် လက်ထဲထည့်ပေးထားလိုက်တယ် ။
ပြီးရင်တော့ သမီးရဲ့ လက်ညှိးညွှန် တဲ့အစီအစဉ်ပေါ့ ..အပြင်ထွက်ချင်တယ် .ဒါမှမဟုတ် တီဗွီကြည့်မယ် ..ဖိုးဖိုးနဲ့ ပြေးတမ်းလိုက်တမ်းကစားမယ်...ဒါမှမဟုတ် အခန်းထဲတွေ လိုက်ပြီး ဖွမယ်ပေါ့ ..အဲ..ဖွားဖွား မီးဖိုထဲမှာရှိနေရင်တော့ ဖွားဖွား ထမီ ကိုနောက်ကနေဆွဲပြီး တအီအီ အော်မယ် ရေခဲသေတ္တာဖွင့်ခိုင်းမယ်.......ဒီတော့ မေမေလဲ ဖွားဖွားမီးဖိုထဲ မ၀င်ရအောင် မနက်ဆို ဟင်းအပီးချက်သွားရတာပေါ့ကွယ် ...။

ဖိုးဖိုးနဲ့ ဖွားဖွားခမျာ တမနက်လုံး သမီးလက်ညှိးညွှန်သမျှ ဖတ်ဖတ်မောရောပေါ့.......၁၀ နာ၇ီခွဲရင်တော့ သမီးလေ ရေချိုးပြီ ..ထမင်းစားပြီး ၁၁နာရီခွဲရင်တော့ သမီးလေး အိပ်ပြီ တခါတလေ လဲ ၃နာရီဆိုပြန်နိုးတယ် ပုံမှန်တော့ ၄နာရီကျော်ထိအိပ်ပါတယ် ။

အိပ်ရာနိုးရင်တော့ ပန်းသီးတလုံး ပြုတ်ထားတာ စားတာပေါ့ ။ သဘောင်္သီး စပျစ်သီး လဲ သမီးကြိုက်တယ် ။ ပြီးရင် သမီးရဲ့ လက်ညှိးထိုးတဲ့ ဆော့တဲ့ အစီအစဉ် ပြန်စရော ..အိမ်ထဲမှာ သမီးလေး တယောက်ထဲ ကစားရတာ ပျင်းတော့ ပျင်းရှာ မှာ ။
 တယောက်ထဲ ကစားရတာ ခဏကြာရင် သမီးပျင်းလာပြီ ။ ငါးနာရီလောက်လဲ ဖြစ်ပြီ ဆို သမီးအော် တော့တယ် ..အပြင်ထွက်ချင်ပြီလေ ..ဖွားဖွားလဲ သမီးကို ခါးခါးလိမ်း အင်္ကျီလဲ ပေး ..ပြီးရင်တော့ သမီးကိုလှည်းပေါ်တင်ပြီး ဘိုးဘိုးနဲ့အပြင် ကိုထွက်တော့တာ..အရင် ၆ နာရီပြန်ရောက်တဲ့ မေမေ့ ကိုလာကြိုပေမဲ့ ခုတော့ မကြိုတော့ဘူး .ကစားကွင်းမှာအဖော်တွေ စောင့်နေပြီလေ။



သမီးရဲ့ အဖော် တွေ က ကုလားလေးတယောက် ၊တရုတ်လေးတယောက်နဲ့ တရုတ်မလေးတယောက်ပေါ့ ။
 ကလေးတွေ ဆိုတော့ တယောက်ကိုကျွေးရင် နောက်တယောက်ကစားချင်တယ် ။ တယောက် က ကစားစရာ လေးနဲ့ ကစားရင် နောက်တယောက် က လဲ ကိုင်ချင်တယ် ။ ဒီတော့ အမေတွေ က မုန့်ဆိုရင် လေးယောက်လုံး ဝေရတော့တာ...ကစားစရာတော့ မျှ ကိုင်ကြပေါ့ ..ကောင်လေးတွေ က ဘောလုံးကိုင်တော့ သမီးတို့ ကလဲ လိုချင်ကြတယ် မေမေ လဲ ဘောလုံးတလုံးမှ ၃ ကျပ်ဆိုတော့ ချက်ချင်းဝယ်ပေးတာပေါ့ ..ဒါတောင် သမီးက သူများဘောလုံးကို သွား လုတယ် ..ယောကျားလေး ၂ယောက် က သည်းခံတယ် သူတို့ စားနေတဲ့ မုန့် ယူစားစား ကစားစရာ ယူကိုင်ကိုင် ပေးလိုက်တာဘဲ ..တရုတ်မလေးကတော့ သူ့စက်ဘီး ကို သမီးကိုဘဲ တင်တယ် ယောကျားလေးတွေ အကိုင်မခံဘူး ..၄ယောက်ထဲမှာ သမီးအငယ်ဆုံး ဗိုလ်အကျဆုံးရယ် ..မေမေ က သမီးလေး ဗိုလ်ကျတတ်တဲ့ အကျင့်လေး ဖြစ်သွားမှာ စိုးရိမ်ပါရဲ့ ကွယ် ...။

အိမ်မှာ သမီးလေး ဖွထားတာတွေ ရှင်း ၊ သမီး အတွက် ဆန်ပြုတ်နွှေးပြီး ဖွားဖွားလဲ ကစားကွင်း လိုက်လာတယ် ..သမီးကို အဲဒီမှာဘဲ ကျွေးတယ် ..ဆော့ရင်း ကစားရင်း စားတာဆိုတော့ အများကြီး ကုန်တာပေါ့ ။

မေမေ လဲ ရုံးကအပြန် အိမ် မ၀င်ဘဲ ကစားကွင်းတန်းလိုက်လာတယ် ။
 ဖေဖေ့ ကိုလဲ ကစားကွင်းကဘဲ စောင့်တာပေါ့ ..အဲဒီအချိန် ဖိုးဖိုးဖွားဖွားလဲ အိမ်ပြန် ထမင်းစားထားတယ် ။ ၇နာရီခွဲရင် အိမ်ပြန်ကြပြီ ။

 ဖေဖေ ရေချိုးတုန်း သမီးလေးကိုလဲ သန့်စင်ပေး အ၀တ်အစား လဲပေး ထားတယ် ။ ပြီးရင် သမီးက မေမေတို့ အခန်းထဲ လက်ညှိးထိုးရော.. ကွန်ပျူတာ ဖွင့်ပြီး ဂါဖီး ကတာ ဖွင့်ပေးရင် သမီးက လဲ ကိုယ်လု့းလေး လှူပ် လက်ခုပ်လေးတီး ကရော ...အဲဒီအချိန် မေမေ တို့ ထမင်းစားပေါ့ ။


စားသောက်ပြီး မေမေ ဆေးကြော ရင်းေ နာက်နေ့စာ အတွက် ပြင်ဆင်နေချိန် မှာ သမီးက ဖေဖေ နဲ့ ကစားတယ် ။ ဖိုးဖိုးတို့ ဖွားဖွား တို့ လဲ အဲဒီအချိန် မှ တရားနာ ရင်း နားနိုင်ရှာတော့တယ် ။

 မေမေ မီးဖိုထဲမှာပြီးလို့ ထွက်လာရင် သမီးဘို့ နှိုဗူး (125 ml) တခါထဲဖျော်လာတယ် ။ သမီးက နို့ဗူးသောက်ရင်း အိပ်ရာပေါ် တက်ဆော့တယ် ..မေမေ့ ကို ချိတ်ထားတဲ့ အရုပ်တွေ ဖြုတ်ခိုင်းတယ် မေမေ နဲ့ ခန ဆော့ရင်း မေမေ မောလို့ လှဲတဲ့ အချိန် ဖေဖေ က အခန်းမီးပိတ်လိုက်ရော ..ပြီးတော့ ဖုန်း နဲ့ သီချင်းဖွင့်တယ် ။ သမီး ကျောလေးပွတ် ပေးရင်း ခန နေ သမီးလေး အိပ်ပျော်သွားတယ် ။

သမီးလေး ဧည့်ခန်းမှာဘဲဆော့ဆော့ ဖွားဖွားတို့ အခန်းမှာဘဲ ဆော့ဆော့ ၁၀ နာ၇ီကျော်လို့ အိပ်ချိန် ရောက်ရင် မေမေ တို့ အခန်းကိုဘဲပြန်လာတယ် ..နေ့ခင်းလဲ အိပ်ချင်လာရင် မေမေ တိုကအခန်းကိုဘဲ သွားပြီး အိပ်တယ်တဲ့ ။

သမီး က မျက်စိ ၊ ပါးစပ်၊ လက် ၊နား ဘယ်မှာလဲမေးရင် ပြတတ်ပြီ ။ မြန်မာပြည် က လာတုန်းက အမေ မေမေ ၊ ဖ ယား (ဘုရား) ၊ ပါ ပါး ပြောတတ်ပေမဲ့ ခုတော့ ဘာဆို ဘာစကားမှ မပြောတော့ဘူး ။

ညအိပ်ဘို့ မီးပိတ်ရင် မေမေက ဦးတော်လုပ်ရင် သမီးလေးက လဲ ဦးတော် လုပ်တယ် ။ ဖေဖေ နဲ့ မေမေ က သိပ်တော်တာ လို့ ပြောရင် ပြုံးပြုံး ကြီး ။

ဖွားဖွား က သမီး ကို ဘွတ် ဘွတ် ထိုင် ဘို့လေ့ကျင့်နေပြီ ။ မနက် ထ နဲံ နေ့လည် ထ ကို ထိုင်ခိုင်းပြိး ရှူးတည် ကျင့်နေပြီ ။

ည ၁၁ နာရီဆို  မေမေ နို့ 260 (ml) တဗူး နဲ့ 125 (ml) တဗူး ဖျော် ရေတဗူး ပါ သမီးခေါင်းအုံးထေး အပေါ်ဘက်မှာ ချထားပြီး မေမေ လဲ အိပ်ရော ။ ညဘက် သမီး ဆာရင် နို့ဗူးလေးယူ အဖုံးလေးဖွင့် ပြီး စို့ရှာတယ် ။ မေမေ တို့ ထတိုက်စရာမလိုဘူး ။ တခါတလေ ကစားကွင်းမှာ အဆော့ များလို့ ပင်ပန်ြး့ပီး စောစောအိပ်သွားရင် သာ မနက် ကိုစောစော နိုးရင် ဆော့ချင်လို့ သမီး အဖေ ကို လက်ကလေး နဲ့ ပုတ်နှိုးတယ် ။

သမီး ကလေး ကျန်းမာ ပျော်ရွှင် တဲ့ အတွက် မေမေ တို့ ၀မ်းသာရပါတယ် ။

ဒီရက်ပိုင်းရိုက်တဲ့ပုံလေးတွေ အမှတ်တယ တင်လိုက်ပါတယ် ။

မေမေ့ ကို ပြောင် ပြနေတဲ့ သမီးလေး ..

သမီးလေး ကနေတာ ...
ဘူးထဲက မုန့်မုန့် စားချင်တယ် ဖေဖေ ဖွင့်ပေးပါတဲ့ ...

9 comments:

  1. သနပ်ခါးတွေနဲ့ ချစ်ဘို့ကောင်းလိုက်တာ သမီးလေးရယ်။
    အမရေ သမီးလေး မွေးတုန်းက အကြောင်းတွေရေးပါဦးနော်။

    ReplyDelete
  2. ရေးထားပါတယ် ..မွေးထဲက ခုချိန်ထိ လတိုင်းရေးထားပါတယ်။

    ReplyDelete
  3. http://thandarlwin.blogspot.com/2011/11/blog-post.html

    မွေးတုန်းက အကြောင်းတွေပါ ။

    ReplyDelete
  4. လာထားကွ..အာဘွားးးးးးးးး (တစ်ချက်၊နှစ်ချက်၊သုံးလေး၊ငါးချက်) :P :P
    သနပ်ခါးပဲကြားနဲ့ အပြတ်စားပဲများနေတာ..း)
    ချစ်ဖို့ကောင်းတာ..ဘယ်သူနဲ့တူတာလဲမသိဘူး :D

    ReplyDelete
  5. အပေါ်က အကျီင်္က သမီးလေးမှာလဲရှိတယ်။ဟေမာ လေးက တော်တော်အိပ်သားပဲ။အိမ်က ခလေးတွေ များ အလွန်ဆုံးအိပ် ၂ နာရီပဲ။ပျော်ရွှင်ပါစေ။

    ReplyDelete
  6. တီတင့်နဲ့ မွေးရက် ၁၈ရက်ဆိုတာတူတယ် (တူတာရှာပြီး ရေးလိုက်တာ သန္တာရေး))
    ၁၃လဆိုတော့ ကလေးက ဖွံ့တယ်လို့ဆိုရမယ်။ မိဘတွေအပြုအစုကောင်းလို့ဖြစ်မယ်။
    သားသမီးတွေအပေါ်ထားရှိတဲ့ မိဘများရဲ့ အေးမြတဲ့ချစ်မေတ္တာတွေပေါ့ကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. အဲ့ဒီလို ကလေးလေးတွေ အကြောင်းတွေဆို အရမ်းစိတ်ဝင်စားပဲ...သူတို့ရဲ့ အကြောင်းလေးတွေက ဘယ်လိုပဲရေးရေး ချစ်ဖို့ကိုကောင်းနေတော့တာပဲး))

    ReplyDelete
  8. Happy 13th month Birthday Hay Mar

    တင်ပြီး မကြာဘူး အထက်က ကောမန့်ရေးသွားတာ မတက်ပါလား မှတ်တယ်.. အဲ့တုံးက ပို့စ်လုပ်ပြီး word verify လုပ်ဖို့ မေ့သွားတာကိုး.. အဲဒါကြီး ဖြုတ်လိုက်ပါလား မယ်သန်ဂရယ်...ဟယ်..ဟယ်....

    ReplyDelete
  9. ကူးကူးလှိုင်November 20, 2012 at 4:58 PM

    ညဘက် သူ့ဘာသာနို့ဗူးယူစို့တယ်ဆိုတော့ အရမ်းလိမ်မာတဲ့သမီးလေးပဲနော်...

    ReplyDelete