[X] Choose Font Here

Tuesday, March 27, 2012

အလှူတစ်ခု ပြီးမြောက်ခြင်း နှင့် သမီးလေးတစ်နှစ်ပြည့်

မယ်သံတို့ လင်မယား ရန်ကုန်တိုင်းတရားရုံး မှာသွားလက်မှတ်ထိုးပြီးတော့ အမှတ်တယအနေနဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှာ အလှူပဒေသာပင် (ဆွမ်း၊ဆေး၊သီလရှင်အတွက်ဆွမ်း နှင့် မျက်စိခွဲစိတ်) လှူဒါန်းတော့ အဲဒီက ဆရာတော်ကြီးက မင်္ဂလာဦးအလှူအတွက် သေချာ တရားဟော ဆုပေးပြီး ရေစက်ချ ရတာအလွန်ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ် ။ ဂီလာန ဆရာတော်တွေ ၊ ဂီလာန စောင့်ရှောက်တဲ့ဆရာတော်တွေကို ဆွမ်း ကိုယ်တိုင် လက်ထိလက်ရောက် ကန်တော့ ရတာလဲ အင်မတန်ကြည်နူးစရာ ကောင်းပါတယ် ။
ခုလဲ မိသားစု စုံလင်တုန်း အလှူဒါန လေးတခု လုပ်ချင်တယ် ဆိုတော့ ကိုရွှေဦးကလဲ အားတက်သရော သဘောတူတာမို့ ဒီလထဲ(မတ်လ ၂၀၁၂) မှာ တိုပိုင်းရိုး ဘုန်းကြီးကျောင်းမှာ အာရုံဆွမ်း နေ့ဆွမ်းကပ်မယ်လို့ စီစဉ်ခဲ့ပါတယ် ။ တလက်စထဲ မိတ်ဆွေ အပေါင်းအသင်း များကို ပါ ဧည့်ခံ မယ်လို့စီစဉ်တော့ အလှူရက်ကို စနေ တနင်္ဂနွေ ရွေးရပါတယ်။ တနင်္ဂနွေ က သူများဦးသွားတော့ စနေ နေ့မှာ လုပ် ရပါတယ်။ မိတ်ဆွေများက စနေ မှာ အလုပ်ဆင်းရမဲ့သူများတာမို့ လာမှ လာနိုင်ကြပါ့မလား လို့ စိတ်ပူ ခဲ့ရပါသေးတယ်။
မတ်လ ဟာ မယ်သံ ရဲ့သားသမီး တွေ နဲ့ ပတ်သက်ပြီး အမှတ်တယ ရက်တွေရှိပါတယ် ။
သားလေးဟာ ၂၀၀၉ မတ်လ ၂၀ ရက် မှာ ဆုံးသွားခဲ့တာပါ ။
သမီးလေး ကိုတော့ ၂၀၁၁ မတ်လ ၁၈ ရက်မှာမွေးခဲ့ ပါတယ် ။






တိုပိုင်းရိုး ဘုန်းကြီးကျောင်း ပထမထပ် ရှိ ၀င်ဝင်ခြင်း တန်းပြီး ဖူးနိုင်သော ထိုင် ရုပ်ပွားတော် ဘုရား။


ပိုင်းရိုး ဘုန်းကြီးကျောင်း ဒုတိယ ထပ်ရှိ မတ်ရပ် ရုပ်ပွားတော် ဘုရား။

ကျောင်းရှိ သံဃာကုန် အာရုံဆွမ်း နေ့ဆွမ်း ကပ် တာဖြစ်ပါတယ် ။ ဒီရက်ပိုင်းကျောင်းက သံဃာ အရေအတွက်နည်းပါတယ် ။

 အာရုံဆွမ်း က နို့စိမ်းခေါက်ဆွဲပါ ။


ကျောင်းထိုင်ဆရာတော် အား ဆွမ်းကပ်လှူစဉ် ။


ဆရာတော်များ ဘုန်းပေးစဉ်။


ဆရာတော် အချိုပွဲ ဘုန်းပေးစဉ် ။


သမီးလေး က ဘုရား ၊ ဘုန်းကြီး တွေ့ရင် ပြောစရာမလို တန်းပြီး ဦးချတတ်တဲ့ အတွက် သေချာ ပြုစုစောင့်ရှောက် ပေးတဲ့ အမေ့ ကို ကျေးဇူးတင်ရပါတယ် ။

အစ က မနက် ၁၀ နာရီ နဲ့ ၁၁နာရီ ကြား မှာတရားနာ ရေစက်ချမယ် ဆိုပေမဲ့ မနက် အာရုံဆွမ်းအပြီး မှာဘဲ ဘုန်းဘုန်းက တရားချီးမြှင့်ခဲ့ပါတယ် ။ မနက် ရ နာရီခွဲ အေးအေးချမ်းချမ်း ရှိလှပါတယ် ။ ဆရာတော် ကို သင်္ကန်း နှင့် သမီးလေး ကို သူများမုန့်ဘိုးပေးသမျှ အကုန် လှူ ခဲ့ပါတယ်။


တရား အနှစ်ချုပ်ကတော့ ဒါန ကုသိုလ် သီလ ကုသိုလ် နဲ့ ဘာဝနာ ကုသိုလ် တို့ အဆက်အစပ် ရှိကြောင်းပါ ။

နေ့ဆွမ်းကတော့ ဒါန်ပေါက်ဆွမ်း အပြင် ဒါန်ပေါက်မဘုန်းတဲ့ ဆရာတော်တွေ အတွက် ရိုးရိုးဆွမ်း နဲ့ ဆွမ်းဟင်းတွေလဲ စီစဉ်ထားပါတယ် ။

နေ့လည်ဆွမ်း နှင့်ဆွမ်းဟင်းများ ။ ဒါန်ပေါက် ကို ရနံ့သစ် က အော်ဒါမှာပြီး နေ့လည်ဆွမ်းဟင်း ကိုတော့ ဘုန်းကြီးကျောင်း အဖွဲ့ က ချက်ပေးခဲ့တာပါ ။ အဆင်ပြေ အရသာရှိတဲ့အတွက် ကျောင်းမှ ဝေယျာဝစ္စ အဖွဲ့ ကိုရော ၊ ရနံ့သစ် ကိုပါ ကျေးဇူးတင် ပါတယ် ။


အချိုပွဲပါ ။


ဆရာတော် ကို လက်အုပ်ချီ နေတဲ့ သမီးလေး  ။ ဒီပုံလေး ကိုကြည့်ပြီး ကိုယ့်သမီးလေး လိမ္မာတာ တကယ့်ကို ၀မ်းသာမိပါတယ် ။

ဆရာတော် တွေ ကို ဆွမ်းကပ်အပြီး မှာတော့ မိတ်ဆွေ တွေအတွက် ပြင်ဆင် ရပါတယ် ။


ဒါန်ပေါက် ပုံတော့ မရိုက်မိဘူး ။


ကိုယ့်အဖွဲ့ နဲ့ ကိုယ် စကားပြောရင်း စားကြပါတယ် ။ မယ်သံ က စားပွဲထိုး လုပ်နေတဲ့ အတွက် သေသေချာချာ ဧည့်မခံနိုင်ပါဘူး ။ လိုအပ်ချက်တွေ အတွက် ဒီနေရာ ကဘဲ တောင်းပန်ပါတယ် ။

စနေ နေ့ ဆိုတော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ကို အကူ အညီတောင်းဘို့ ရာ စနေ နေ့တ၀က်ရုံးတက်ကြသူတွေချည်း မို့ ကိုယ်တိုင်ဘဲ ကြဲခဲ့ရပါတယ် ။ သူ့ဘက် က မိတ်ဆွေ ၂၅ လောက် ကိုယ့်ဘက် က ၂၅ လောက် ခန့်မှန်းဖိတ်ပြီး အမေ့ ရဲ့ မိတ်ဆွေ များ ကို စာရင်းထဲထည့်မထားမိဘူး  ။ အမေ ကလဲ ဆရာမ ဆိုတော့ ဒီမှာ တပည့်တွေ အတော်များများ ရှိတာ စိတ်ထဲရှိ တိုင်း လှမ်းဖိတ်ခဲ့တာ အကုန်လောက်လာပါတယ်။ ဓါတ်ပုံထဲမှာ လာတဲ့ သူတွေ ကို ရေတော့ ၈၃ ယောက်ရှိပါတယ် ။ စနေ လို တချို့ ရုံးမအားသူတွေတောင် နေ့ဝက် ရုံးအပြီး လာခဲ့ကြတာမို့ ခင်မင်မှူ အလေးထားမှူ အတွက် အထူးကျေးဇူးတင်ပါတယ် ။
(မယ်သံလဲ ဒါန်ပေါက် ကိုမြည်းတောင်မကြည့်မိဘူး ။ ကောင်းတယ်လို့တော့ပြောကြပါတယ် ။ ဒီလိုသာ နေ့တိုင်း တလလောက်ဆက်လှူရမယ်ဆို ၀ိတ်ချစရာမလို လို့ တွေးမိပါတယ် ။ နောက်ပြီး ကိုယ် အတော် အလုပ် လုပ်နိုင်သေးပါလား လို့တွေးပြီး ကျေနပ်မိပါတယ် ။ )

မှတ်ချက် ။   ။


အားလုံးသော လာရောက်ကြသူများ ကို ကျမ ကိုယ်စား စားပွဲဝိုင်းတိုင်း မပင်မပန်း ဧည့်ခံပေးသော သမီးလေး ဟေမာ ...။


သောကြာ ညထဲက အချိုပွဲ အတွက် ကျောက်ကျော ၊ လဘက်များ ကို လာရောက် ကူညီ ပေးခဲ့တဲ့ ညီမငယ် ခိုင်စု ။


နေ့တ၀က် ခွင့်ယူပြီး ကူညီ ပေးခဲ့သော  အောင်နိုင်ထူး  ။


ရုံးမှ စောဆင်းပြီး ကူညီပေးခဲ့သော ဦးလေးမြင့် ။


အချိုပွဲ ကူပြင်ပေးကြတဲ့ ငယ်သူငယ်ချင်း ချိုမာအေး နှင့် ညီမလေး မေသင်းအေး...။ အားလုံးသော ခင်မင်စွာ လာခဲ့ကြသူများ ၊ ကူညီပေးကြသူ များကို အထူးကျေးဇူးတင်ပါတယ် ။

 ဒီပွဲ မှာ သမီးလေး အတွက် လက်ဆောင်တွေ ယူလာကြတာ အရမ်းဘဲ အားနာ ရပါတယ် ။ ဘာဘဲဖြစ်ဖြစ် သမီးလေး ကတော့ အလွန်ပျော် ပါတယ် ။



နောက်နေ့ ၁၈.၃.၂၀၁၂ ကတော့ သမီးလေး တနှစ်ပြည့်မွေးနေ့ပါ ။

သမီးလေး ကျန်းမာ ပျော်ရွှင်စွာဖြင့် အသက်တရာ့နှစ်ဆယ်ကျော် ရှည်ပါစေသောဝ် ။   ။

6 comments:

  1. သာဓု သာဓု သာဓု....
    အချိုပွဲတွေ စားချင်ထှာအေ.....။ ရှလွတ်....။
    ဟေမာလေးက တကယ်ကို စနစ်တကျ လက်ဝါးလေးဖြန့်ပြီး ဦးတော်လုပ်တတ်နေတာ.. သိပ်လိမ္မာတာပဲ....။
    ဟေမာလေး ၁ နှစ်ပြည့်မွေးနေ့ကစလို့ အသက် ၁၂၀ တိုင် ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ....။

    မှုံနှင့် မိသားစု

    ReplyDelete
  2. အလှုအတွက်အလုပ်တွေရှုပ်ပြီး ပြန်ဖို့လုပ်နေရလို့ အဲဒီ့နေ့က မလာနိုင်ခဲ့ဘူးမမရေ
    နောက်ကျသွားတဲ့ မွေးနေ့ဆုတောင်းလေးပါနော်

    ဘာသာတရားကိုသိတတ်တဲ့သမီးလေး လိမ္မာယဉ်ကျေးစွာနဲ့ သမီးကောင်းရတနာလေးအဖြစ်နဲ့ မိဘကိုလုပ်ကျွေးပြုစုနိုင်ပါစေ

    ချစ်တဲ့

    ဒိုးကန်

    ReplyDelete
  3. အဲ့နေ့ကစားခဲ့တဲ့ဒန်ပေါက် ခုဖတ်နေရင်းနဲ့ပြန်စားချင်လာပြီ..း)

    ReplyDelete
  4. Great memory that can last to its eternal. Wish you possess such delightful occasion amap in future.

    ReplyDelete
  5. သမီးလေးက အတော်ချစ်ဖို့ ကောင်းလာတယ်နော် မမယ်သံ..ဘုန်းဘုန်းတွေ့ တာနဲ့  ဦးတော်လုပ်တာ တကယ့်အကျင့်ကောင်းလေးပဲ..သာဓု ခေါ်ပါတယ်...

    ReplyDelete
  6. ကူးကူးလှိုင်November 20, 2012 at 6:36 PM

    သာဓု သာဓု သာဓု ပါနော် ...

    ReplyDelete