[X] Choose Font Here

Thursday, December 22, 2011

ရှင်ပင် မဟာလာဘ မံဘုရားကြီး (စလေ)

ဒီတခါတော့ စလေမြို့တွင်းမှာရှိတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးလို့ ဆိုတဲ့ မံဘုရားကြီး ကိုသွားလည်ရအောင်နော် ။
 မံဘုရား = ဆင်းတုထုလုပ်ရာမှ ထွက်သောလွှစာ သစ်စ တို့နှင့် ပြုလုပ်ပြီး သင်္ကန်းကို သစ်စေး ၊ သရိုး တို့ဖြင့်ပြုလုပ်ထားသော                                                                 
လို့ အဓိပ္ပါယ်ရ ပါတယ်။ မယ်သံတို့ ငယ်စဉ် ကတော့ နှီးဘုရား ယွန်းဘုရား လို့ ခေါ်ပြီး ခုတော့ မံဘုရားကြီးတဲ့ ။

နှီးဘုရား ယွန်းဘုရား နှင့် မံဘုရား ဆိုတာ အဓိပ္ပါယ်တော့ မတူဘူးလေ ။ သူတို့ က မံ ဆိုတော့လဲ မံပေါ့လေ ။
မြန်မာပြည်မှာ နောက်ထပ် နှိးဘုရားအကြီးတွေ ကလောမှာ တစ်ဆူ ၊ ရန်ကုန် ရမိုင်ခွဲနားမှာ တစ်ဆူ ရှိပါတယ်။
အမြင့် ၁၈ ပေ ၊ ဒူးတော်ပိုင်း ဗျက် ၁၄ ပေ ၆ လက်မ ရှိ ကြီးမားလှတဲ့ ဒီရုပ်ပွားတော်ကြီးဟာ ဧရာဝတီ မြစ်ရေ လျှံတဲ့ အချိန် မြစ်ရေထဲမှာ မျောပါလာတာ ဖြစ်ပါတယ်။ ရေလျှံချိန် ရေစီးနေပေမဲ့ ဘုရားကြီးကတော့ ဆက်မရွေ့ဘဲ တန့်နေပါသတဲ့ ။ ဒီတော့ ဆရာတော် ဦးဗိုင်ဦးစီးပြီး ၀ိုင်းဝန်း ဆယ်ယူ ပူဇော်ထားခဲ့ ပါတယ် ။





ကြည်ညိုစရာ ရှင်ပင်မဟာလာဘ မံဘုရားကြီးပါ ။
၁၉၈၈ မတိုင်ခင် ကာလမှာတော့  စစ်စီးရောင် သုတ်ထားပြီး သင်္ကန်းတော်ကတော့ ယောဂီရောင်ပါ ။ ဒီလို ရွှေဆေးသုတ်ထားတာမဟုတ်ပါဘူး ။ 

ဦးနေ၀င်းလက်ထက်မှာ စလေ က ရှေးဟောင်း ဘုရားတွေဟာ အရောင် ပန်းချီက စ ပြင်ဆင်ခွင့် မရှိခဲ့ပါဘူး ။ ယုတ်စွ အဆုံး ဘုရားပြို အုတ်မှာ ပေါက်နေတဲ့ မြက်ကိုတောင်မှ ဆွဲနှူတ်ခွင့်မရှိပါဘူး ။ ရှေးဟောင်း လက်ရာ အစစ်ဖြစ်စေချင်လို့ပါတဲ့။
တကယ့် ကို စလေဘုရား ဘယ်ဘုရားဖူးဖူး နံရံတွေ က ဘုရားလောင်း ရင့်စဉ်တကျိပ် က ဇာတ်တော်တွေ ရယ် ၊ ကောသလ အိပ်မက် ၁၆ ချက် ရယ် ရေးထားတဲ့ နံရံဆေး ပန်းချီ တွေ ဟာ အသက်ဝင် ခမ်းနားလှပါတယ် ။ သူတို့ အသုံးပြုတဲ့ အရောင်တွေ ကိုက ပြင်ပ မှာ လူတွေအများစု သုံးတဲ့ အရောင်တွေ ဆိုတော့ ပိုပြီးအသက်ဝင်တာပေါ့ ။ 
ခုတော့ ဒီလက်ရာတွေ နေရာမှာ အစားထိုးထားတဲ့ လက်ရာအသစ်တွေ နဲ့ ။စေတီတွေ မှာလဲ ရွှေဆေး သုတ်ထားကြတာများ ကုလားရောင် ဖြဲစပ်စပ်လို မကြိုက်လှပါဘူး ။ အရင် ထုံးဖြူ သုတ်ထားတဲ့ စေတိတော်တွေဟာ အညာနေ နေပူပူ အောက်မှာ ရင်ထဲအေးပြီးကြည်နူးစေပါတယ် ။
ဒီဓါတ်ပုံ ကို စလေ က မောင်လေးတယောက်ပြန်တော့ ရိုက်လာဘို့မှာလိုက်တာ ကိုယ်နဲ့ မရင်းနီးသလို ခံစားရတယ်။




ဒါကတော့ မယ်သံ ရဲ့ ကိုယ့် ငယ်ဘ၀ အမှတ်တရဖြစ်စေချင်လို့ တမင် ဒီအပိုင်းကို ရိုက်ခိုင်းလိုက်တာပါ ။ မံဘုရားကြီး ပလ္လင်တော် ၊ ဘုရား စတာတွေ က ကြီးပြီးအထဲက အခေါင်းကြီး မို့လို့ အတွင်းကိုလူဝင် လို့ရပါတယ် ။ ငယ်ငယ် က နွေရာသီမှာ မင်္ဂလာ ကလေးငယ် ယဉ်ကျေးလိမ္မာ သင်တန်း တက်ရတဲ့အခါ မယ်သံတို့ ကလေးတွေ အထဲဝင် ဆော့ကြပါတယ်။ ကာလသားတွေ လဲ ၀င်အိပ်တာ ဖဲဝိုင်းရိုက်တာ လုပ်ကြတယ်လို့ ဆိုပါတယ် ။ ခုတော့ အဲဒီအထဲဝင်တဲ့ တံခါး ကို သော့ခတ်လိုက်ပါပြီ ။

ငယ်ငယ်က ဥပုသ်နေ့မှာ လူကြီးတွေ ဒီဘုရားသွားဖူးမယ်ဆို မယ်သံတို့ က အတော်ပျော်ပါတယ် ။ ဘုရားပတ်ဝန်းကျင် ကျယ်ပြီးအေးချမ်းတာ အပြင် အနီးနား ဇရပ်တွေပေါ် မှာ ကုသိုလ်ပြုကြတဲ့ မြန်မာ စားစရာတွေပေါတာကိုး ။ သစ်ရိပ်တွေအောက် ဇရပ်တွေအောက်မှာ လူကြီးမိဘတွေနဲ့ပါလာတဲ့ ကလေးတွေ စုပြီးဆော့ကြ မောသွားရင် ဇရပ်တွေလည်ကြည့်ပြီး ကိုယ်ကြိုက်တဲ့ မုန့် ဆိုရင် တက်စားကြနဲ့ ။ ဒီလို ဘ၀ မျိုး နောက်တခေါက်ရဘို့ ဆိုတာမပြောနဲ့ ရှိခဲ့ဘူးတာတောင် အိပ်မက်လား လို့ ထင် ရမလို နှစ် ၃၀ အတွင်း ခေတ်ကြိးပြောင်းလိုက်တာ ။



ဒီ ပုံကတော့ မံဘုရားကြီးဝန်းကျင်မှာရှိတဲ့ စေတီငယ်လေးတွေနဲ့ ဇရပ်တွေပါ ။ အယင် ဒီရှေ့နားမှာ ဗဟိုလ်စည်ကြီးရှိပါတယ်။ ရှေးမြန်မာတွေ အချိန်သိရအောင် တီးတဲ့ စည်ကို မျှော်စင် နဲ့ဆောက်ထားတာပါ ။ တမြို့လုံး ကြား၇အောင် ထင်ပါရဲ့ ။ 
ခုတော့ ရှိမရှိ မသိတော့ပါ ။ ဓါတ်ပုံရိုက်ပေးတဲ့ သူက လဲ မေးကြည့်တော့ မရေမရာ ။ သူလဲ ဝေးကွာနေတာ ကြာပြီဘဲလေ ။
နောက်တခေါက်တော့ မံဘုရားရောက်တုန်း အနီးနားမှာ ရှိတဲ့ ဦးပုည နေခဲ့တဲ့ တိုက်နဲ့ ပေစာတွေ ထားတဲ့ ပိဋကတ်တိုက် ကို သွားမယ်လေ ။
မိတ်ဆွေတို့ ရော နေကပူ ဖုန်ကထူနဲ့ ပျင်းနေကြပြီလား ။ ဆက်လိုက်ကြဦးမလား ............................

11 comments:

  1. ဘုရားထဲဝင်သွားတာကို ဘုရားကြီးရဲ့ရင်ငွေ့လှုံတယ်လို့ပြောကြတယ်။
    အနားကတရားစခန်းမှာ ကျနော့ဘကြီးတရားပြပါတယ်

    ReplyDelete
  2. ဟုတ် ကျေးဇူးပါ ။ ဘုရားကြီင်္း ရင်ငွေ့လှူံတယ်လို့ ထည့်ရေးလိုက်ပါ့မယ်ရှင်။ အနောနိမတ် ကရော စလေ ကလား။ နာမည်လေးသိချင်ပါတယ်ရှင်။

    ReplyDelete
  3. ဆက်လိုက်ကြအုံးမယ်.... သွားသာသွားပါ :)

    ReplyDelete
  4. ၀ိုးးးးးးးးး
    လိုက်မှာပေါ့..း))
    နေပူ.ဖုန်ထူတာ..မြန်မာပြည်မှာပဲရှိတာလေ.ဟိဟိ
    ပျော်စရာကြီးပါပဲအစ်မရေ.
    ကျောင်းပီးရင်တော့.ခရီးများများသွားရတဲ့အလုပ်ရွေးမှဖြစ်မယ်.း))

    ချမ်းမြေ့ပါစေရှင်
    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  5. ဘုရားကြီးသမိုင်းကိုဖတ်သွားပ့ါတယ် အဆော့ တော်တော် သန်တယ်နော်

    ReplyDelete
  6. ဘုရားလာဖူးပါတယ်နော်...

    ReplyDelete
  7. မမမယ်သံရေေ့ခြရှည်နေလို့ ခုမှလာရတယ်
    ဘုရားတွေဖူးရင်း အသိတွေလဲတိုးခဲ့တယ်း
    ကျေးဇူးပါနော်

    ပျော်ရွှင်ဖွယ်ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေ

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  8. စင်စင်ရေ လိုက်မယ်ဆိုအတူသွားစို့။

    ReplyDelete
  9. မိစံရေ ..ဒါဆို တိုးဂိုက်လုပ် ညီမ ..မိစံလေးက သွက်လဲသွက် မျက်နှာလေးကလဲ ချစ်စရာဆိုတော့ အောင်မြင်မှာ။

    မမရွှေစင် ..ဟုတ်တယ်အမ အရမ်းဆော့တယ် ။ ဒါတောင် သင်းချိုင်းကုန်းဖောက်တမ်းကစားတာတို့ ဘာတို့ မပါသေးဘူး။

    သိမ့် လာဖတ်တယ်ဆိုတော့ ဂျီတော့မှာ ကြော်ငြာတာအောင်မြင်တယ် လို့ ဆိုရမယ်။

    မဒမ်ရေ ဘယ်တွေ လျှောက်သွားးးး

    ReplyDelete
  10. ချစ်ဇောဝေFebruary 26, 2012 at 4:22 PM

    အစ်မ ကျွန်တော်လည်း အခုမှ အင်တာနက်သုံးဖူးတာဗျ ။
    ကိုယ့် မြို့အကြောင်း ရေးထားတာဆိုပေမယ့် ဖတ်မ၀နိုင်ပါဘူး ။
    (...အယင် ဒီရှေ့နားမှာ ဗဟိုလ်စည်ကြီးရှိပါတယ်။....)
    အခုလဲ ရှိပါသေးတယ် .......

    ReplyDelete
  11. စလေကမဟုတ်ပါဘူး
    စည်ကြီးရဲ့ဓါတ်ပုံလည်းရှိပါတယ် လိုချင်ရင်ပို့ပေးပါမယ်

    ReplyDelete