[X] Choose Font Here

Tuesday, December 20, 2011

ခရစ်စမတ်အငွေ့အသက်များ (ကသုတ်ကရက်)

နိုဝင်ဘာ လ မကုန်ခင်ကထဲက ခရစ်စမတ်အတွက်ပြင်ဆင်ကြတာ ..သွားလေရာ ဟိုနား ဒီနားမှာ  ခရစ်စမတ်သစ်ပင်တွေ အလှအပတွေနဲ့ ။
ကိုယ်ကတော့ တကယ့်ခရစ်စမတ်ကာလ ကိုမရောက်သေးဘူးရယ်လို့ နောက်ပြီး နေ့ခင်းဘက်တွေ ဘဲ ဖြတ်သွားဖြတ်လာလုပ်တော့ အော် သူတို့ ပြင်ဆင်နေကြပြီ ဆို ဒီလောက်ဘဲ ။
ဒီနေ့တော့ ဆိုဒ် ကိုအသွား မိုးဖွဲလေးတွေ ကျနေတုန်း လူတွေ လူတွေ ဒါ့ပုံ ရိုက်နေကြတာတွေ့တော့ ကိုယ်လဲရိုက်ချင်သွားတယ်။
ဆမ်းမားဆက်မှာတော့ ဆင်တွေခေတ်စားတယ် ။
(ဒီတော့ဘာဖြစ်လဲ  ..ကျောက်ဆည် ကို လွမ်းသွားတာပေါ့ ။)

ဆင်လေးကောင်...မိုး၇ွာထားတော့ မြက်ခင်းပေမဲ့အောက်မှာ ဗွက်ထနေတယ် ။  ငုတ်တုတ်ထိုင်နေတဲ့ ဆင်နီတာရဲ လေးနားမှာ မိန်းကလေးတယောက် ဒါ့ပုံရိုက်ဘို့ ....း)


 တကောင်ထဲ ...ဒါပေမဲ့ ဆင် ၊ ဆင်မှ ဆင်ဖြူကြား....း)


ချောကလက် ခရစ်စမတ် သစ်ပင်(မပြီးသေးဘူးထင်ပါရဲ့ မီးအလှဆင်တာ တွေ ဘာတွေ မတွေ့ဘူး ။မတွေ့ဆို လမ်းတဘက်က ဖုန်းလေးနဲ့ လှမ်းရိုက်တာကိုး ...း)




နေ့စဉ် ရုံးအသွားဖြတ်သွားရတဲ့နေရာ...သူများတကာတွေ ခရစ်စမတ်ရော မမတ်ရော ဒါ့ပုံတွေ ရိုက်ကြတာ ။  ကိုယ်ကတော့ အဲနားရောက်ရင် တရုတ်စကားပန်းအကြွေ လေးထဲမှာ အနာမပါ လန်းဆန်းနေတာလေးများ ရှိနေမလားလို့ အမြဲခေါင်းငုံ့ ရှာမိတယ် ။ စင်စင်ပြောတဲ့ အ၀ါရောင် ငှက်ကလေးရဲ့ ဥသြလို့ မြည်သံလေး နားစွင့်ရင်းပေါ့ ။

ခရစ်စမတ်မှာ ရက်ဖဲလ် ဟိုတယ် က မနှစ်ကလဲ ဒီ ဒီဇိုင်းဘဲ ။ ဒီနှစ်လဲ မပြောင်းလဲ သော အနီ စိမ်းကြား အခွေကြီး ဆိုတော့ ဟင် ဘာကြီးမှန်းလဲ မသိဘူး ရယ်လို့ ခံစားနေတာ ..ဟိုနေ့ က ရုံးအပြန်နောက်ကျ လို့ မီးထွန်းမှ အတော့် ကို လှတာပါ ။ 

ဒါကတော့ မနှစ်က ပုံပါ ။ ခရစ်စမတ်ဆိုတော့ ဆန်တာကလော့စ် လဲပါရမယ်လေ  နော်...း)
ညဘက်မီးထွန်းတဲ့ ရှူခင်းလေးထည့်ချင်လို့ မနှစ်က ပုံလေးဘဲ ပြန်ထည့်ရရော ။ ဒီနှစ် ညဘက်မှ မထွက်ဖြစ်သေးတာ.......................။


ကိုယ်လို ဘဲ ခရစ်စမတ် ကိုလာလည်တဲ့သူတွေ ။ သူတို့များမကြောက်တတ်ဘူးဗျား လူတွေကြားဒီတိုင်းဘဲ ..ပေါင်မုန့်ကားလေးစီးပြီးတော့ အင်္ကျီဆင်တူ နဲ့ လာကြတာ ပျော်စရာကြီး အနီးကပ်ကြည့်ချင်လို့ အနားသွားတော့ပြုံးပြပြီး လက်ကမ်းပေးတယ် ။ အမြန်လက်ဆွဲနှူတ်ဆက်လိုက်တာပေါ့ ။ (ဒါ့ပုံရိုက်ပေးမဲ့သူမရှိတာ နာဒယ်ကွာ)

6 comments:

  1. မမကလဲ အဲဒါများ ခနနေပါဦး ဆိုပြီး ရိုက်ခိုင်းလိုက်ပြီးရေား)

    မဒိုးကန်

    ReplyDelete
  2. မယ်ရွှေမဒိုးကတော့ သူ့အတွက်ရေးထားတာလေးတော့မဖတ်ဘဲ..မဖတ်တာဘဲခပ်ကောင်းကောင်း လို၇င်းမရောက်ခင်ရပ်ထားတာ။ ဟီးဟီး

    ReplyDelete
  3. အယ်တော်..ဓာ့ပုံရိုက်မယ့်သူမရှိတာများ
    လှမ်းခေါ်လိုက်ရောပေါ့အမတော်ရယ်း))
    ဟက်ပီး.ခရစ်စမတ်ပါနော်.အစ်မးP

    ReplyDelete
  4. ခရစ္စမတ်အကြောင်းပြောတဲ့ အသံကြားရင် အလိုလိုနေရင်း
    ဒေါသက အလိပ်လိုက်..အလုပ် မနားရလို့ :D

    ReplyDelete
  5. ပျော်ရွှင်ဖွယ်ခရစ်စမတ်ဖြစ်ပါစေ......။

    ReplyDelete
  6. ဟုတ်ပါပြီ သမီးစံလေးရယ် နောက်တခါဆိုခေါ်ပါ့မယ် ။
    ကိုရင် ကိုရင် အပျိုမြင် ....မ..ရ အဲ ဟုတ်ပေါင် လာလည်တာကျေးဇူးစ်။
    ဟုတ် မမမြ ရေ (၀င်းဦင်္းအသံဖြင့်) ပျော်ရွှင်ဖွယ်ခရစ်စမတ်ဖြစ်ပါစေ၇ှင်။

    ReplyDelete