[X] Choose Font Here

Saturday, December 10, 2011

အိမ်ထောင် သားမွေး

အိမ်ထောင်ပြု ပြီး ကြပြီ ဆိုရင် ချစ်လို့ ဘဲ ပြုပြု တခြားဘာကြောင့်ဘဲ ပြုပြု ချက်ချင်းမဟုတ်တောင် သားသမီး လိုချင်လာတာ ထုံးစံပါ ။အိမ်ထောင်ပြုပြီး သားသမီး မယူလိုသူတွေ ရှားမှာပါဘဲ။
ခုတော့ စလုံးမှာ တချို့ စုံတွဲတွေ သားသမီး မယူချင်ဘူးလို့ ဆုံးဖြတ်သတဲ့ ။ခေတ်ကလဲ ခေတ်ကျပ်ကြီးကို ။

အရွယ်လေး ရောက်လာတော့ မိဘ အိမ်နဲ့ ခွဲခွာပြီး ကျောင်းသွား အလုပ်ဝင် ပြီးတော့ နိုင်ငံ ရပ်ခြားမှာဘဲ ဖူးစာဘက်ရှာ အိမ်ထောင်ပြု ကြပြန်တော့ တချို့ လဲ အိမ်ထောင်သားမွေး ၀ီစိ ကိတ်စများတာကို သိပ်မသိဘူေးပါ့ ။

အများပြော အရ ဆို ဒီလို ဘဲ ပြီးတော့ လဲ ပြီးသွားတာပါဘဲ ...းP

အိမ်ထောင်သည် ဘ၀ မှာ မိန်းမ က အလုပ်လဲ လုပ်ရသေးတယ် ဆို ရင် တော်တော်ပင်ပန်းမှာပါ ။ ယောင်္ကျား က တဘက်တလမ်း က ကူညီဦးမှ ။ ကူညီဘို့ ဆိုတာလဲ ကူညီတတ်တဲ့ အတွေး၊အမြင် ရှိဦးမှ ။ တချို့ မိဘ အိမ်တွေမှာ အမ ညီမ များပြီး ဖအေ လုပ်သူကို ထမင်းစားခါနီး လက်ဆေးရေ ပါ အသင့်ချပေးတဲ့ အိမ်က လာတဲ့ ယောင်္ကျားလေး ဆို သူ့မှာ အဲဒီအမြင်က ပါလာပြီးသား။ များသောအားဖြင့် အညာသားတွေ ဆို အဲလို အမြင်ရှိတာ များပါတယ် ။

ဒါကြောင့် ညီမလေးများ စဉ်းစားတော့မယ်ဆို ရင် အညာသားများ ခဏဖယ်ထားပြီး အောက်သူအောက်သား အရင်စဉ်းစားဘို့ အကြံပြုပါရစေ ...(((အဟမ်း ..အဟမ်း)))
(ပြောင်းပြန်အတွေးအရဆို ယောင်္ကျားလေးများစဉ်းစားရင် အညာသူဦးစားပေးပေါ့ဗျာ)

ကျမ အတွက်တော့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ဆောင်ရတဲ့အချိန် ဇိမ်အကျ ဆုံးပါဘဲ ((အမ်))

အလုပ်ထဲမှာရော အိမ်မှာရော ညှာကြတာကိုး ။ (ရန်ကုန်မှာရော စလုံးမှာပါ အတွေ့အကြုံရှိပါရဲ့)

အိမ်ထောင်ပြုချိန်မှာ အသက်က ကြီးနေပြီ ဆိုတော့ (အသက်အစိတ်မှပုခက်မချိတ်နိုင်ရင် တသက်မနိပ်ဘူး ဘာညာကြားဖူးတယ်) တန်းပြီး ကလေး ယူမယ်စဉ်းစားပါတယ် ။ အသက်ကြီးမှ ဆို ကလေး ဥာဏ်ရည်မှီမမှီ ဘာညာ ကလဲ ရှိသေးတာကိုး ။

ကိုယ်ဝန်လဲ ရှိရော ရုံးမှာ အတူတူ လုပ်နေကြသူတွေထဲ ကလဲ ကိုယ်ဝန်ရှိကြရော(ဗက ဘိုးဘိုးကြီး အပြောအရ ဆို ဘိုက် ဖော် ) တခုခု ဆို တိုင်ပင်လို့ ရတာပေါ့လေ ။ နားလည်ရတာပေါ့ ။

(အခု ရေးထားတာ တွေ က ဆေးပညာသဘောတရားအရ မှန်မမှန် မသေချာပါ ။ အရပ် က မြန့်မာထုံးစံ အယူအဆ အကြံပေး ကြ တာတွေ မှ မှတ်မိသလောက်ပြန်ရေးတာပါ။)



များသော အားဖြင့် ကိုယ်ဝန်ရှိနေတာ ကို ၆ ပတ်လောက်မှ စပြီး သိကြပါတယ် ။

ကိုယ်ဝန် ရှိကြတော့ သူများတွေ အန်ကြတာပေါ့ ။ ကျမ ကတော့ ခန ဘဲ အန် လိုက်ရတယ် ။ နည်းကောင်းတွေ့ သွားတာကိုး ။

* ကိုယ်ဝန် ၅-၆ ပတ်မှစပြီး အန် တတ်ပါတယ်။ အန်ရခြင်းအကြောင်းက သန္ဒေတည်တဲ့ အရည်ဟာ ကလေးပုံသဏ္ထန် ပြောင်းဘို့ အမြှူပ်တွေဖြစ်လာပြီး ဒီအမြှူပ်တွေ အထက်ကို ဆန်တက်သလောက် ရင်ထဲမှာပျို့ပြီးအန်တာပါ ။ မစားချင် မသောက်ချင်လဲ ဖြစ်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ မြန်မြန် နဲ့ ပြည့်သွားသလို အစာ မျိုး စားပေးဘို့ပါဘဲ ..တဲ့ ။

ကျမ ကတော့ ငှက်ပျောသီးလို ၊ ကြက်ဥပြုတ်လို ၊ ကောက်ညှင်းပေါင်း လိုမျိုးစားပေး လိုက်ပါတယ် ။ အန် တဲ့ဒဏ်ကို အကြာကြီးမခံလိုက်ရပါဘူး ။ တပတ်လောက်နေတော့ အဆင်ပြေသွားပါတယ် ။
စလုံးက ဆရာဝန်တွေကတော့ အန်တာရပ် ဘို့ ဆေးပေးပါတယ် ။ ပင်နစူလာ က ဆေးခန်းမှာလဲ ရပါတယ် ။ မြန်မာပြည်မှာတော့ ကြိတ်မှန်၇ွက် ကို ညှစ်သောက်လို့ အရပ်စကားရှိပါတယ်။

* ကိုယ်ဝန်ရှိချိန်က စပြီး ၃ လ အထိ ကုန်းတာ ကွတာ ခါးချိုးတာ အလုပ်ပြင်းပြင်းထန်ထန် လုပ်တာ နောက်ဆုံး လမ်းတောင် မြန်မြန် မလျှောက်သင့်ပါဘူး ။ ကလေး ပျက်ကျတတ်ပါတယ် ။
အပူများသောအစားအစာ ၊ အထူးသဖြင့် ရေနွေးပူပူ မသောက်ခိုင်းပါ အမြှူပ် ကလေးတွေ အနေအထားပျက်ပြီးမွေးလာတဲ့ အခါ ပုံစံမမှန်တဲ့ကလေးဖြစ်မှာစိုးလို့ပါတဲ့ ။
အရပ်ပြောစကားပါ ။ ကျမကတော့ ဆင်ခြင်ခဲ့ပါတယ်။

* ကိုယ်ဝန် ၄ - ၁၀ ပတ်ဟာ ကလေးလေး စတင်အသက်ဝင်လာပါပြီ ။ ဗမာအယူအဆ ဆိုရင် ၀ိဥာဏ်စ၀င်လာတဲ့အချိန်ဖြစ်လို့ ကောင်းသော ၀ိဥာဏ် ၀င်လာနိုင်စေရန် မေတ္တာပို့ ဆုတောင်းခြင်း မိမိ ပြုခဲ့ဖူးသော ကောင်းမှူ ကုသိုလ်များကို ပြန်ပြောင်းသတိရ၍ နတ်ကောင်းနတ်မြတ်များ ကို အမျှဝေ ဆုတောင်းခြင်းများ ပြုလုပ်ရပါမယ် ။
ညမှောင်မှောင် လျှောက်သွားခြင်း အသုဘ အိမ် သွားခြင်း ရှောင်ရပါမယ်။

*ကိုယ်ဝန်ရှိလာတဲ့အခါ ဘယ်အချိန် ဆေးခန်းကိုသွားအပ်သင့် သလဲ ။
ကျမ ပထမ ကိုယ်ဝန်တုန်းကတော့ အမေ က ၄ လဆို သွားပြပေါ့အေ ။နုတုန်းတော့ ဘာသွားပြမှာလဲ လို့ ပြောခဲ့ပါတယ် ။
မဟုတ်ပါ ။ ကိုယ်ဝန် ၇ှိကြောင်းသိပြီဆိုတာနဲ့ တန်းသွားပြသင့်ပါတယ် ။
ဒါ မှ ဆေးစစ်စရာ တွေ လုပ်သင့်တာတွေ ကိုစောစောစီးစီး လုပ်နိုင်မှာပါ ။

ဒုတိယ အကြိမ် စလုံးမှာ ကိုယ်ဝန်ရှိတော့ သိပြီးပြီးချင်း ၆ ပတ်မှာဘဲ သွားပြပါတယ် ။ ရက်ကျော်ပြီ ဆိုတော့ သိတာပါ ။ ထူးထူးခြားခြား မူးတာ အန်တာတွေ အဲဒီ အချိန်မှာ မရှိသေးပါဘူး ။

အရမ်း ရှည်နေပြီ လို့ ထင်တဲ့ အတွက် ဆက်ဖတ်ဘို့ ပျင်းမှာ စိုးလို့ ဒီမှာဘဲ ရပ်လိုက်ပါမယ် ။ အောက်မှာ ဂူးဂယ် က ကိုယ်ဝန် ပထမ ၃ လ အတွင်း ဖြစ်မဲ့ပြောင်းလဲမယ့် ဟာတွေ နဲ့ ဘာတွေစစ်ရမယ်ဆိုတာ ကို ကူးတင်ထားပါတယ်။

မှတ်ချက် ။ အမှန်က ညီမ မဒိုးကန် Miscarriage ဖြစ်သွားပြီး ကူးဆူးကျွန်း သွားခဲ့တာရော သူခံစားရတာလေးတွေ လာပြောပြတာရောကြောင့် ဒီလို အဖြစ်အပျက်တွေမှာ ဆင်ခြင်စရာလေးတွေ ဆေးပညာအရ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရှေးထုံးစံအရ အမေ တွေ က သူတို့အတွေ့အကြုံအရ ပြုစုတာ တွေ ကို အမေ တွေ နဲ့ ဝေးနေတဲ့ အိမ်ထောင်သည် ညီမ လေးတွေ အတွက် ရေးချင်ခဲ့တာပါ ။
စာ ရေးမတတ်သူတို့ ထုံးစံအတိုင်း ရေးချင်တာက တခြား ထွက်လာတာက တခြားပါ ။
မြန်မာစာသင်တုန်းက သံခိပ် ကို မပိုင်နိုင်ခဲ့တာရောပေါ့။
နောက်ဆက်တွဲတွေ ရေးပါဦးမယ်။

GOOGLE ထဲက ပြောတာကတော့ ( http://pregnancybeauty.blogspot.com/)

First Trimester
First Trimester
During the first trimester of pregnancy, you are just learning you are pregnant and coming to terms with both your fears and your hopes for the future. You may have been surprised to find out you were pregnant, and you or your partner may have some ambivalent feelings about the pregnancy. You may also begin to have fantasies and dreams about your child.

Many couples find they are less sexually active in the first trimester. As a result of their fluctuating hormones, fatigue and nausea, some, though not all, women find they are less interested in sex.

During these first three months, you will likely also notice the changes that are happening in your body. Most women will experience some of these physical changes during the first trimester:

missed menstrual periods
breast tenderness
nausea and vomiting, also known as “morning sickness”
urinary frequency
fatigue
increased basal temperature
weight gain
To learn more about how the discomforts you may experience, such as nausea and vomiting, can be treated, click here.

During the first trimester, the embryo, which began as a tiny cluster of cells, becomes a fetus and develops all of the major organ systems. Here is what is happening:

First Month (1-4 weeks)
embryo implants (attaches) to the wall of the uterus and develops rapidly
heartbeat begins on the 25th day
arm buds appear on the 26th day
leg buds appear on the 28th day
digestive system starts to develop
The embryo is 1/5th of an inch long.
Second Month (5-8 weeks)
the face is forming
ears covered by thin membrane, continue developing
spine begins to form
brain, liver, kidneys, bloodstream and digestive system are developing
arms and legs develop
By the end of the second month, the embryo has become a fetus. It is about 1 and 1/8th inches long and weighs 1/30th of an ounce.
Third Month (9-12 weeks)
the fetus' eyelids are fused
facial features are present, the nose and outer ears form
nail beds established
movement, such as head turning or sucking, begins
teeth buds form
all internal organs form
swallows amniotic fluid
The fetus is about three inches long and weighs one ounce. The placenta is fully developed and also weighs about an ounce. One to three ounces of amniotic fluid are present. By two months, a rudimentary umbilical cord has begun to circulate blood and nourishment to the fetus. At 12 weeks, the uterus is just above the pubic bone.
Posted by Nausheen Farrukh at 11:36 PM 0 comments

http://www.lpch.org/DiseaseHealthInfo/HealthLibrary/pregnant/tests.html

What is Prenatal Screening?
First Trimester Prenatal Screening Tests
First trimester screening is a combination of fetal ultrasound and maternal blood testing performed during the first trimester of pregnancy. This screening process can help to determine the risk of the fetus having certain birth defects. Screening tests may be used alone or in combination with other tests.

There are three parts of first trimester screening:

ultrasound test for fetal nuchal translucency (NT)
Nuchal translucency screening uses an ultrasound test to examine the area at the back of the fetal neck for increased fluid.

two maternal serum (blood) tests
The blood tests measure two substances found in the blood of all pregnant women:
pregnancy-associated plasma protein screening (PAPP-A) - a protein produced by the placenta in early pregnancy. Abnormal levels are associated with an increased risk for chromosome abnormality.
human chorionic gonadotropin (hCG) - a hormone produced by the placenta in early pregnancy. Abnormal levels are associated with an increased risk for chromosome abnormality.

When used together as first trimester screening tests, nuchal translucency screening and maternal blood tests have a greater ability to determine if the fetus might have a birth defect, such as Down syndrome, trisomy 18, or trisomy 13.

If the results of these first trimester screening tests are abnormal, genetic counseling is recommended. Additional testing such as chorionic villus sampling or amniocentesis may be needed for accurate diagnosis.

11 comments:

  1. Good knowledge sharing..Great post.

    ReplyDelete
  2. တို့က ၇ ပတ်မှာစသိတယ်.... နေမကောင်းတာ ၁ ပတ်လောက်ကြာတာနဲ့ ဆေးခန်းပြရင်းသိတာ....
    OG ဆီရောက်မှ scan ဖတ်တော့မှ ၇ ပတ်မှန်းသိတယ်... (ဟီး)
    ကလေးက နှလုံးလေးခုန်နေတာမြင်ြရတာ ရင်ထဲ ပူနွေးသွားလိုက်တာ.... ။

    ReplyDelete
  3. ကူးကူးလှိုင်November 23, 2012 at 2:40 PM

    ဗဟုသုတတွေ ရတယ်အစ်မရေ...

    ReplyDelete
    Replies
    1. ဗဟုသုတ ရတယ် ဆိုလို့ ၀မ်းသာပါတယ်တော် ။

      Delete
  4. တစ်လနဲ့တစ်ပတ်ရှိပါပြီအစ်မ။မူးတာအန်တာအစားအသောက်ပျက်တာတွေလဲရှိပါတဆယ်။ဆီးတိုင်တာလဲ မပေါ်ဘူး။ကျေးဇူးပြု၍ဖြေးပေးပါအစ်မရယ်။

    ReplyDelete
    Replies
    1. Nu nge ရေ ညီမလေး ကွန်မန့် က စပန်ထဲရောက်သွားတော့ အမ မသိလုက်ဘူးဇြစ်သွားတယ် ။ ဇန်န၀ါရိထဲကဆိုတော့ အခုချိန်မှာ သေချာသိနေပြီထင်တယ်နော် ။ နေကောင်းရဲ့လား ဟင်။
      အမ မသိလိုက်လို့ ပြန်မပြောဖြစ်တာ စိတ်မကောင်းဘူး ။ နေလို့ ကောင်းပါစေ နော် ။

      Delete
    2. ကလေးယူရင်မိန်းခလေးလိုချင်လုပ်ဘယ်လိုဆက်ဆံ ယောကျားလေးလိုချင်လုပ်ဘယ်လိုဆက်ဆံရှိပါသလာဆရာ

      Delete
  5. ၅ ပတ် ၆ ပတ်ဆို ကိုယ်ဝန်ရှိတာသိပြီပေါ့နော်

    ကောင်မလေးဂျင်းဘောင်းဘီမှာ သုက်ပေတာနဲ့ ကိုယ်ဝန်ရှိနိုင်လား ခင်ဗျာ

    ပထမဆုံးရည်းစားထားဖူးတာမို့ ပါ

    ဖြေပေးပါနော်

    ReplyDelete
    Replies
    1. ဟဲလို အမည်မသိရေ
      ၅ ပတ် ဆိုရင်ပဲ သိသာလာပါတယ် ။ ရှိမရှိ စစ်တဲ့ စတစ်လေး နဲ့ တိုင်းကြည့်လို့ မပေါ်သေးခင်တောင် မိန်းကလေးရဲ့ ရင်သားတွေတင်းလာတာ ၊ အစာ မစားနိုင်ပဲ လေအန်တာ စသဖြင့် သိနိုင်ပါတယ်။

      ယောကျားလေး နဲ့ မိန်းကလေး မထင်မှတ်ပဲ ဆက်ဆံမိလို့ ကိုယ်ဝန်ရှိသွားမှာကြောက်စိတ်နဲ့ သုတ်ကိုအပြင်ထုတ်ပေမဲ့ မသေချာဘူးလို့ ဆိုပါတယ်။ ဆက်ဆံစဉ် ထဲက သုတ်က အထဲကို ၀င်သွားပြီးလို့ပါတဲ့ ။ ဒါပေမဲ့ ဆက်ဆံပြီး ၇၂ နာရီအတွင်း သောက်ရတဲ့ဆေးရှိပါတယ်တဲ့ ။ အသေးစိတ်ကို ဒေါက်တာတင့်ဆွေရဲ့ ၁၈ နှစ်အထက်တွေ ဖတ်သင့်တဲ့ ဆေးပညာစာများမှာ ရှာပြီး ဖတ်ပါနော် ။
      http://dts-medicaleducation-adult.blogspot.sg/

      Delete
  6. ရာသီနောက်ကျလို့ ဆေးထိုးလိုက်တော့ရာသီလာပါတယ်
    ပုံမှန်အတိုင်းပါပဲ
    ၄ ပတ်အတွင်း ၇ှိမရှိစစ်တဲ့စတစ်လေးနဲ့ စစ်ကြည့်တာလည်း ၄ခါလုံး negative ပဲပြပါတယ်
    ကိုယ်လက်တွေကိုက်ခဲတာကလွဲရင်တခြားဘာလက္ခဏာမှတော့မပြဖူး အမ
    အဲတာလေ ကိုယ်ဝန်မရှိဖူးလို့ ယူဆလို့ရပြီလားဟင်
    ဒါမှမဟုတ်စစ်တာစောနေတာလား
    ထပ်စစ်ကြည့်ဖို့ ရောလိုသေးလားဟင်
    ဖြေပေးပါနော်အမ

    ReplyDelete
    Replies
    1. ရာသီက ပုံမှန်ဆို ၂၈ ရက် သို့ ၃၁ ရက်အတွင်း ခြားတတ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိစဆိုရင် စတစ်လေးနဲ့ စစ်ပေမယ့် မပေါ်သေးတာလဲရှိတတ်ပါတယ်။ စတစ်နဲ့ စစ်ရင် ၆ပတ်လောက်မှ သေချာပါတယ် ။ ဒါပေမယ့် ရင်ပြည့်နေသလိုဖြစ်တာ ရင်သားတွေတင်းလာတာတို့တော့ ဖြစ်တတ်ပါတယ်။ အခုက ဘာမှမခံစားရပဲ ဆေးထိုးတော့ လာတယ်ဆိုတာ မရှိလို့ဖြစ်မှာပါ ။ ရာသီလာပြီးသွားပြီဆိုတော့ စစ်စရာမလိုတော့ဘူးပေါ့ ။ အလုပ်မှာ စိတ်ဖိအားများရင်လဲ ရာသီလာတာနောက်ကျတတ်ပါတယ်။
      ဒေါက်တာ တင့်ဆွေ ( အသက် ၁၈ နှစ် ကျော် ဆေးပညာစာများ ) ထဲမှာတော့ အသေးစိတ်ရေးထားသလို ဆရာ့ကို မေးချင်ရင်လဲ မေးလို့ရပါတယ် ။

      Delete