[X] Choose Font Here

Saturday, November 19, 2011

သမီးလေး ၈ လ

 (၁၈.၁၁.၂၀၁၁) မေ့ သမီးလေး ၈ လ ပြည့်ပြီ။ ဒီနေ့ ဘုန်းကြီးကျောင်းကို ကြာဇံကြော် ကပ်မယ်တဲ့ ။ ပြီးရင် ရွှေတိဂုံ ကို သွားကြမတဲ့လေ ။ မေမေ လဲ ရွှေတိဂုံ ဆိုတော့ အန်တီ သက်ရတနာ ဘလော့ ကို သတိရသွားပြီး ရွှေတိဂုံ ရှင်မကွဲ ဘုရားမှာ မေမေတို့မိသားစု အတူတူ နေရအောင် ဆုတောင်းခိုင်းထားတယ် ။ သမီးလေး က ဆုမတောင်းတတ်သေးဘူးဆိုတော့ ဘွားဘွားက သမီးကို ချီပြီး ဆုတောင်းပေးမှာပေါ့ ။


သမီးလေး ၁ ရက်သား ပုံလေးပါ ။ သမီး ကလေ အိပ်ရင် အဲလို ပါးစပ်လေး ဟ ပြီး အိပ်တာ ကို သမီ့း အဖေ ကမကြိုက်တော့ ပါးစပ်လေးကို ပိတ်ပေးတယ် ။ မေမေ က တော့ သမီးလေး ကို ဗေဒင်တွက်ပြီး ဂျူးဒိတ်ထက် ၉ ရက်စော မွေးခဲ့တာမို့အဆုတ် တွေ သိပ်ပြီး မဖွံ့ဖြိုးသေးရင် အသက်ရှူ မ၀မှာ တွေးပူမိတယ် ။
မေမေ လဲ ဘာမှ မစားရသေးတော့ ဗိုက်ဆာ နေပြီ ထုံဆေးနဲ့ ခွဲမွေးရင် အဲလိုဘဲ တရက်လောက် မစားရဘူး ။ ရိုးရိုးမွေးတာဆို ပြီးတာနဲ့ တန်းစားရတာ ။ နို့ လဲ မထွက်သေးဘူး။ နပ်စ် ကတော့ သမီးကို မေမေ နို့ ကို စို့ခိုင်းတယ် ။ မထွက်တဲ့ နို့ ကို စို့ ရတာ သမီးလေး ပင်ပန်းနေမှာဘဲ သနားလိုက်တာ သမီးရယ် ။ ဒါပေမဲ့ ဒီလို စို့ပေးမှဘဲ နို့ ကလဲထွက်လာမှာတဲ့လေ ။

ဆးရုံကဆင်းပြီးတော့ ဖေဖေ လဲ ပြန်သွားပြီ ။ 
မေမေ လဲ နို့တွေ ထွက်နေပါပြီ ။ ၃ ရက်အထိ နို့ မထွက်တော့ သမီးအဖေ မေမေ့ကို စိတ်ဆိုးပြီး မိခင်စိတ် မရှိလို့ မထွက်တာ ဘာ ညာ နဲ့ ပြောနေတယ် ။ မေမေ လဲ ဘွားလေး နီ လာပို့တဲ့ ဆန်ပြုတ်ကို မျက်စိမှိတ် သောက်လိုက်တယ် ။ တကယ်ဆို မေမေ က ထမင်း ပျော့ရင်တောင် မကြိုက်တဲ့သူပါ ။ သမီးလေးအတွက်ဆိုတော့လဲ သောက်ရတာပေါ့ ။ အိုဂျီ ကလဲ သမီးအတွက် အဟာရစုံအောင် အစုံစားခိုင်းတယ် ။ သမီးကလဲ ၀မ်းတဗျစ်ဗျစ် နဲ့ကွယ် ။ ဘွားဘွား က စိတ်တွေပူပြီး မေမေ့ ကိုလဲ အစားမဆင်ခြင်လို့ ရန်တွေလုပ် ကလေး ဆရာဝန်ဆီလဲ သွားတယ် ။ ၃ ခါလောက် သွားပြီးရော ဆရာဝန် လဲ စိတ်ပူ သက်သာအောင်လို့ ၀မ်းစစ်ခိုင်းတယ် ။ ဘာပိုးမှ မရှိပါဘူး ။ မအေ နို့ စို့တဲ့ ကလေးတွေ ၀မ်းပျော့သတဲ့ လေ ။ ဘွားဘွား စိတ်ပူမယ်ဆိုလဲ ပူစရာ  အနှီး ၃၇ ထည်တောင် မလောက်ဘူးလေ ။ နွေ ရာသီပေမဲ့ မိုးတွေ ကလဲ ရွာတယ် သမီးရေ ။ သမီးလေး ၁၂ ရက်သားမှာ ပတ်စပို့ လုပ်တာ ဓါတ်ပုံရိုက်ဘို့ သွားရတယ် ။ မျက်လုံးမပွင့်လို့ဆိုပြီး နောက်တခေါက်ထပ်သွား ရတော့ သမီးလေးကို လူတွေ အများကြီး ကြားထဲ ခေါ်ရလို့ စိတ်ပူရသေးတယ် ။  သမီး ၂ လနဲ့ ၁၁ ရက်မှာ မေမေ တို့ မိသားစု စလုံးကို ပြန်လာကြတယ် မေမေ့ ခွင့်ကကုန်တော့မယ်လေ ။ သမီးလေး နေ့လည်ဆို ဘူးဘဲစို့ ရတော့မယ် ။ မအေ နို့ စို့နေကျရင် ဘူးမစို့တတ်ဘူးဆိုပေမဲ့ သမီးကတော့ အဆင်ပြေပါတယ် ။



သမီးလေး ၃ လပြည့် ဖားအောက်ဆရာတော်ကြီးကို အာရုဏ် ကြာဇံဟင်းခါးကပ်ပါတယ် ။ သမီးထက် ၂၁ ရက်ကြီးတဲ့ အိမ် နီးနားချင်းကိုလဲ ဖိတ်တာပေါ့ ။သူက ကြီးပေမဲ့ သမီးထက် ညှက်တယ် ။ သမီး အဲလို လက်မ ကို စုပ်နေတာ ကို လဲ ဖေဖေ က သဘောမကျဘူး ။ သူငယ်နာဆေးကျွေးရမတဲ့လေ ။ မေမေ က လက်အိတ် ခြေအိတ် ကို မကြိုက်တော့ သမီးကို လဲ စွပ်မပေးမိဘူး ။ ကြီးလာ လို့ ပြန်ကြည့်ရင် မေမေ က ဂရုမစိုက်လိုက်တာ လို့ မပြောနဲ့နော် ။
ဘိုးဘိုး ဘွားဘွား ကို ပျင်းမှာစိုးလို့ စန်တိုဆာ လိုက်ပို့တော့ သမီးကို လဲ ခေါ်ခဲ့ရတာပေါ့ ။ အိမ်မှာ လူအများကြီးမမြင်ရတော့ သမီးက ဟို ဒီ ကြည့်နေတယ် ။ Song of the Sea ကြည့်ပြီး မီးပန်းတွေ လွှတ်တော့ သမီး လန့်မှာစိုးလို့ မေမေ ကတော့ ရင်ဘတ် ကို အတင်းဖိထားတာဘဲ ။ အိမ်မှာဆို ၉ နာရီ အိမ်ပေမဲ့ ည ၁၁ နာရီထိ သမီးမအိပ်ဘူး  ။အပြန် ကားပေါ်ကျမှ အိပ်တော့တယ် ။ ည ဆို သမီးကို ဖေဖေ နဲ့ ဖေဖေ ကြားမှာ သိပ်တယ် ။ ည ၉ နာရီ ကနေ မနက် ၆ နာရီထိ အိပ်တယ် ။ နို့ ၂ ခါ ထပြီးတိုက်ရတာ ကလွဲ လို့ ညဘက် ငိုတာ မရှိ လို့ မေမေ လဲ အိပ်ရေး မပျက်ပါဘူး ။ လိမ်မာ လိုက်တာကွယ် ။
ဗိုက်ထဲမှာ သမီးလေး ဆိုတာ သိတာနဲ့ မေမေ အရုပ်တွေ ၀ယ်စု ထားခဲ့ တယ် ။ သမီးကလဲ အရုပ်တွေ ကြိုက်ပါတယ် ။ မီနီ လေး ကို ကိုင်လိုက် ၀ူးဝဲ လုပ်လိုက်နဲ့ပေါ့ ။


မေမေ ၀ယ်ပေးထားတဲ့ ၀တ်စုံလေးပါ ။ သမီးလေး ကို လက်ဆောင်ပေးကြတာ များတော့ မေမေ က သိပ်မ၀ယ်ပေးဖြစ်ဘူး ။  မေမေ က အစား စား တာရယ် အရုပ်ဝယ်တာရယ် မနှမြောသလောက် အ၀တ်အစားဝယ်ရမှာတော့ နှမြောတယ် ။         သမီးလေး လိုချင်ရင် ဖေဖေ့ကို ပူဆာနော် ။


သမီးလေး ၅ လ ပုံပေါ့ ။ သမီးက ငယ်သေးတော့ ခွေးရုပ်ကြီးနဲ့ မကစားနိုင်သေးဘူးလေ ။ အဲဒါနဲ့ မေမေလဲ ဘွားဘွား သူငယ်ချင်းရဲ့သား ကို လက်ဆောင်ပေးလိုက်တယ် ။
Astana open house ကို သွားကြတာပါ ။ လူကြီးတွေ မောပြီး မလှူပ်ချင်တော့ပေမဲ့ သမီးကတော့ များလှတဲ့ လူတွေ ကို ကြည့်နေတုန်း ။ အိမ်မှာ ဒီလို လူတွေ များကြီးမှ မတွေ့ရဘဲလေ ။ သမီး တို့ ကတော့ အပြင်သွားမယ်ဆို အင်္ကျီ အရင် လဲမပေးရဲဘူး ။ သစ်သစ်လေးမှား လဲထားရင် အပြင် သွားရမလား သိပြီး မသွားရမချင်း အော်နေတော့တာဘဲ ။ ဖေဖေ နဲ ဘွားဘွား ကတော့ ဒီလို အော်တာလဲ သူငယ်နာ လို့ ထင်ကြသတဲ့လေ ။ သမီးလေး လက်မ ကို စုပ်လွန်းတော့ ဘွားဘွား က တိုပိုင်းရိုးကျောင်း က ဆေးခါးကြီးရွက်ခူးလာပြီး လက်ကို သုတ်ထားတယ် ။ သူ့လက် ကို စုပ်ရတာ ခါးတော့ အော် လိုက်တာ  ကမ္ဘာတောင် ပျက်တော့မလို့ ..ဟင်းးးး။
18.10.2011 မှာမေမေ့ ငယ်တုန်းက သူငယ်ချင်းလာတော့ သူ့ဖုန်းလေးနဲ့ ရိုက်သွားတာပါ ။ သမီးကလဲ သူ့ ပုခုံးလေးကို မှီလိုက် မျက်နှာ ကြည့်ပြီး ၀ူးဝူးဝဲ၀ဲ ပြောလိုက်ဆိုတော့ သူလဲ သမီးနဲ့ ဆော့တာ နောက်နေ့ ကိုယ်လက်နာ လို့ MC ယူရသတဲ့ကွယ်။  အန်တီ အပျို ကြီး တယ် ခက်ပါ့ ။

























(၁၈.၁၁.၂၀၁၁) က ပုံပါဘဲ ။ လူလည်မလေး ၀မ်းလျားမထိုးဘဲ တန်းပြီးထိုင်ချင်တယ် ။ ခုတော့ သမီးလေး ရန်ကုန်မှာ ။ ထမင်းကို ကြိတ်ကျွေးရင် မကြိုက်တော့ဘူးတဲ့ ။ ဆန်ပြုတ် ၊ ထမင်းပျော့ပျော့ ကို ပဲပြုတ်နဲ့ ဆို တအားစားတာဘဲတဲ့ ။ မေမေ တော့ လွမ်းလှပြီ သမီးရေ ။

8 comments:

  1. အိုး..ချစ်စရာလေးပါလားအစ်မရေ
    ရှစ်လပဲရှိသေးတယ်နော်.
    လူကောင်ထွားတယ်ဆိုရမယ်
    ပဲတောင်..ပေးတတ်နေပီနော်း))
    လေးစားလျှက်

    ReplyDelete
  2. သမီးလေးကို ဒီမှာပဲ မှတ်နေတာ... ။
    ကလေးလေးတွေက အရွယ်တူရင် တိုးတက်မှုလည်းတူတယ်ထင်ပ... ဒီသမီးလေး လက်၂ ဘက်ထောက်ပြီး ဒိုက်ထိုးသလိုလုပ်တုံးက အိမ်ကသမီးလေးလာ်း လုပ်တယ်.. ခု သူက လေးဘက်ထောက်သွားနေပြီ... Nestle က ဆန်မှုန့်ပဲ စားနေသေးတယ်.. သဘောင်္သီးမှည့်စားတယ်... အသီးဇူးလေးတွေမစားဘူး.. မြန်မာပြည်လို ပဲပြုတ်လတ်လတ်ဆတ်ဆတ်ရရင် သမီးကိုကျွေးချင်လိုက်တာ...
    သမီးလေးဟေမာ ၈ လပြည့်မွေးနေ့ကစ.. ရေလိုအေးလို့ ပန်းလိုမွှေးပါစေ


    စင်စင်

    ReplyDelete
  3. သမီးလေး ကျန်းမာပျော်ရွှင်ပါစေရှင်
    အန်တီ ဟန်စုမာ

    ReplyDelete
  4. Happy birthday thameelay!!so cute.

    ReplyDelete
  5. ချစ်စရာသမီးလေး..
    ပါးဖောင်းဖောင်းလေးညှစ်ဆွဲပစ်လိုက်ချင်မိတယ်။
    သမီးလေးမွေးနေ့မှသည် ကျန်းမာချမ်းသာစွာမိသားစုနဲ့ ရာသက်တိုင် ပျော်ရွှင်စွာနေနိုင်ပါစေ..။

    ReplyDelete
  6. မမရေ သမီးလေးက ချစ်စရာလေးနော် ၀၀ကစ်ကစ်ကလေးရော ...
    သြော် ..မမသမီးလေးမြင်ခါမှ ပိုတောင်သတိရသွားမိပါရဲ့ .
    အင်း ကံပါလာရင်တော့ ပြန်ရမယ်ထင်တာပါပဲ
    ကုစုကျွန်းကတောင်ပေါ်မှာသွားဆုတောင်းခဲ့တယ် မမရေ သားလေးလိုချင်လို့ပါး)
    ကိုယ်ဝန်ရှိတုန်းက အစစအရာရာမှာကြားပေးခဲ့တဲကအတွက်ကျေးဇူးပါနော်
    ခုတောင်ခေါင်းထဲမကြာခနမူးမူးပြီး ချမ်းတုန်တက်တက်နေတယ်မမရေ

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  7. မိစံလေး ..အမြဲလာအားပေးတာ ကျေးကျေး။
    စင်စင် ရေ သမီးကတော့ အရမ်းအစားပုပ်တယ် ။
    ဟန်စုမာရေ ဆုတောင်းပေးတာကျေးဇူးပါနော်။
    ဂျွန်ဝမ်းရေ တကယ်ချစ်စရာလေးလား ..ဂျွန်ဝမ်းကလေးတွေလဲ အရမ်းချစ်ဘို့ကောင်းတယ်။
    လွင်ပြင်လှိုင်းငယ် ကျေးဇူးပါနော်။
    အမ မြသွေးနီ လာလည်တာ ကျေးဇူးပါ အမ။
    မဒမ်ရေ လာလည်တာကျေးဇူးညီမ ဒါပေမဲ့ သွေးနုနုမှာ ကွန်ပျူတာ မကြည့်ရဘူးကွဲ့။

    ReplyDelete