[X] Choose Font Here

Wednesday, November 9, 2011

တန်ဆောင် မုန်း လပြည့် နှင့် ငယ်ဘ၀ အမှတ်ရစရာ လေးများ

မြန်မာ သက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ဆောင်မုန်း လပြည့် အင်္ဂါနေ့ ။

(တန်ဆောင်မုန်း လပြည့် ပေမဲ့ နတ္ခတ် မစုံ မဲ့ ည)

ဒီနေ့ တန်ဆောင်မုန်း လပြည့် ဆိုတာ အမှတ်ရလို့ မနေ့ညနေက စီးတီးဟော မန်းစတားက မဲဇလီဖူးပြုတ် ၀ယ်လာတယ် ။ ၂ ဒေါ်လာ ဘိုး သုံးစီးတဲ့ ။
(ဓါတ်ပုံ က ဂူးဂယ် မှာ ရှာတော့ စန္ဒကူး ဘလော့ ကဆိုပြီးထွက်လာတယ် ။ အမြဲ သွားဖတ်နေတဲ့ ဘလော့ပေမဲ့ ပြန်သွားရှာ လင့်ထည့် မလုပ်လိုက်တော့ဘူး)



နာရီ သံပတ်မပေးမိလို့ မနက်က 63း0 မှ နိုးတယ် ။ ကမန်းကတန်း ထမင်းအိုးတည်( ဒီနေ့တော့ ဘုရားကိုဆွမ်းကပ်ချင်တာနဲ့ ပိုချက်တယ်) မဲဇလီဖူးသုပ်ဘို့ထောင်း၊ ထမင်း နှစ်ဘူး ထည့် ဘို့ပြင် မနက်စာ ကော်ဖီဖျော် နဲ့ 7း15 ဖြစ်သွားတယ် ။

ဘုရားကို ဆွမ်း ၊ ယို ၃မျိုး ၊ လမုန့် နဲ့ ကပ်တယ် ။ မျက်နှာသစ်တော်ရေ နဲ့ ရေချမ်းကပ်ရင်း ကပ်စရာ သစ်သီး၊ ပန်း မ၀ယ်မိတာ တွေးမိတယ် ။ကိုယ်က လပြည့် မွေးသူမို့ ဘယ်လပြည့်မဆို ပန်း ၊သစ်သီးကပ်နေကျ ခုတော့ စိတ်လေလေ နဲ့ အတော် ပျက်ကွက်နေတယ် ။

ကမန်းကတန်း ရေချိုး ရုံးနောက်ကျမှာစိုးလို့ ဘုရား ကိုမတ်တပ် ပူဇော်ရတယ် ။ သီလ မယူဖြစ်ဘူး ။

ညနေ လ ထွက်လဲ ဓမ္မစကြာ မရွတ်နိုင်လောက်ဘူး ။ လမ်းပြကြယ်မှာ ဒီနေ့ ကူမယ်လို့ ပြောထားသေးတယ် ။

ဒီ မဲဇလီဖူးသုပ်ပုံလဲ စန္ဒကူးဆီကဘဲ ။ ကျေးဇူးပါ မစန္ဒကူးရေ ။



စာဆို က ယင်းမာ ပန်း ကို တော်သလင်း လ ပွင့်တဲ့ပန်း လို့ ဆိုပေမဲ့ ကျမတို့ စလေမှာတော့ တန်ဆောင်မုန်း လပြည့် မှာလဲ ပွင့်နေသေးတာ အမှတ်ရတယ် ။ မှတ်မှတ်ရရ တခုသော တန်ဆောင်မုန်းလပြည့် ညမှာ ပံ့သကူ သွားပစ်တော့ ယင်းမာပင်အောက်မှာပစ်ရင်း မွှေးနေလို့ အပင်မော့ကြည့်တော့ ပန်းတွေ ကိုမြင်ရတယ်။ ခုတော့ ယင်းမာပန်း ကို မနမ်းရတာ အနှစ် နှစ်ဆယ်ကျော်သွားပြီ ။

ဒီ ယင်းမာ ပန်းပုံကလဲ ဂူးဂယ်မှာ ရှာတော့ အပြုံးပန်း လို့ ထွက်လာတယ် ။ ကျေးဇူးပါ ။



ငယ်ငယ်တုန်းကတော့ ပန်းတွေ ဆို သေးသေးနဲ့ အခိုင်လိုက် ၀တ်ဆံလေးတွေနဲ့ ပွင့်တာတွေ သိပ်ချစ်တယ် ။
ယင်းမာ ပုန်းညက် သရဖီ စတာတွေပေါ့ ။
ဒီအချိန်ဆို မြတ်လေးတွေလဲ စပေါ်နေပြီ ။

ကျမ တို့ စလေ မြို့ မှာတော့ တန်ဆောင်မုန်းလပြည့် နေ့ဆို ဘုံ ကထိန် တွေ ရပ်ကွက်အလိုက် ပျော်ပျော်ပါးပါး စည်စည် ကားကား။ ညဘက်မှာတော့ အရုပ်ကြီးတွေ ၊ ကျွဲသိုးအက တွေ ကပြီး ကာလသားတွေက အလှူခံကြပါတယ် ။
ည ၁၂ နာရီ ကျော်ရင်တော့ လှူချင်ရာ လေးတွေ ပံ့သကူ ပစ်ကြတယ် ၊ ကျမ တို့ ကလေးတွေ ကတော့ စိတ်ကူးယဉ်ပြီး ပစ္စည်းလေးတွေ ရွေး ပစ်ကြတယ် ။ လူကြီးတွေ ကတော့ ပိုက်ဆံ ဘဲ အိတ်လေးတွေ နဲ့ ထည့်ပြီးပစ်ကြတယ်လေ ။
လပြည့်ကျော် တရက် နေ့မနက်မှာတော့ ပံ့သကူ ကောက်ကြတယ် ။
မဲဇလီဖူး ခူးကြတယ်။ လပြည့် ညက နက္ခတ်စုံလို့ မဲဇလီ ပင်ပေါ်မှာ နတ်သဘင် အစည်းအဝေး လုပ်လို့ ဆေးပေါင်း ခ တယ်ဆိုပြီးပေါ့ ။ ပြီးရင် ကျမ တို့ ကလေးတွေ က အဖူးချွေ ကြ လူကြီးတွေ ကပြုတ်ကြ သုပ်ကြ နဲ့ စားလဲစား ဝေလဲဝေပေါ့ ။

ညနေ ပိုင်းမှာ နိဗန်ဈေး ကျွေးကြတယ် ။ အိမ်မှာ စားရပေမဲ့ တိုးဝှေ့ စားတာပါဘဲ ။

ညဘက်မှာတော့ သူခိုးကြီးများနေ့ပေါ့ ။ ကာလသားတွေ လပြည့်နေ့ က ကပြီး တောင်းထားတဲ့ ငွေ နဲ့ ကြက်ခိုးပြီး ဘူးသီးခိုးပြီး ကာလသားချက် ချက်စားကြတယ် ။ ပြီးရင် အိမ်တွေ က ပစ္စည်းတွေ ကို ဟို အိမ် ရွှေ့ ဒီအိမ်ရွှေ့ အပျော် လုပ်ကြတယ်။ မနက် ဆို အိမ် ခြံထဲ က ပစ္စည်းပျောက်တွေ လိုက်ရှာ ကြရတယ်။ ဓလေ့ ဆိုတော့လဲ စိတ်ဆိုးမနေကြပါဘူး ။

ဘာဘဲ ဖြစ်ဖြစ် ပျော်ကြတာပါဘဲ ။ ခုနေပြန်ရင်တော့ ဒီလိုပွဲမျိုးပျော်တတ်ပါတော့မလားမသိဘူး ။

ချောက် ဂျီတီအိုင် ကလဲ ကျမတို့ နှစ်တွေ တုန်းကတော့ ဘုံကထိန် အကြီးအကျယ်လုပ်ပါတယ် ။
ပဒေသာပင်တွေ ကို မြို့ထဲ ကို ကားနဲ့ လှည့် သင်တန်းအလိုက် အက တွေ ယိမ်းတွေ နဲ့ လှည့်ကြတာပါ ။

1993 ပညာသင်နှစ်မှာ ကျမ က မြို့ ပြ မိသားစု ကိုယ်စားပြု မင်းသမီး ပါ ။
မာမာအေးရဲ့ အလှူ့ ရှင် ၊ မြရင် ၊ အငြိမ့်မင်းသမီးများ ရီးစားထားတော့ ဆို တဲ့ သီချင်းတွေနဲ့ ကပါတယ် ။
အက သင်ပေးသူ ကတော့ ဦးစိုးလှိုင် (အခြောက် -ယခု ကွယ်လွန်ပြီး) ပါ ။ ကားပေါ်မှာ မြို့ ပတ်ပြီး ကရမှာတောင်မှ စောင် ကို ပတ်ခိုင်းပြီး ထမီ အနားခတ် တာကစ သေချာ သင်ပေးပါတယ် ။ ဒါပေမဲ့ ကျမ နာမည် ကြီးသွားတာကတော့ မျက်စပစ်တာပါ ။ သီချင်း က မျက်စပစ်ပြီး မေးထိုး ရတာများတာကိုး (ကိုယ် ကသိပ်ဝါသနာပါလို့ ဟုတ်ပါဘူး ..ဟိ)

ပထမ နှစ်မှာ အက ကောင်းတာ သုံးနှစ်လုံး လုံး မင်းသမီး ဆို တဲ့ နာမည် တွင် သွားပါတော့တယ် ။ ကြုံရင် အဲဒီ ဓါတ်ပုံလေးတွေ ပြချင်ပါသေးတယ် ။

P.S : ကျမ ကဘလော့ေ၇းတာမှာ အကြမ်းရေး ပြီးတော့ မှ စာစီပြီး အချော ရေးတာ မဟုတ်ပါဘူး ။ ရုံးမှာ စဉ်းစားရတာ စိတ်ထဲရှိတာလေးတွေ လက်တန်းရေးရင်း ဟိုတစ ဒီတစ အမှတ်ရတာလေးတွေ တင်တာပါ ။
ဓါတ်ပုံတွေလဲ ရိုက်ရတာ ကူးရတာ ပျင်းတော့ ဂူးဂယ်ကဘဲ အလွယ် ထုတ်ပြီး တင်ပါတယ် ။
ခုတော့ သက်ဝေ ၊ ခင်ဦးမေ ဘလော့များမှ တဆင့်ရော တခြားကရော လာလည်ကြ လို့ ၀မ်းသာ ကျေးဇူးတင်၇င်း ဒီထက် သပ်သပ်ရပ်ရပ်လေး ပုံ ဆိုလဲ ကိုယ်တိုင်ရိုက်တာလေးတွေ တင်ဘို့ ကြိုးစားဘို့ စိတ်ကူးနေပါတယ် ။

ဒီ ကဖြစ် ကညစ် ဘလော့ လေး ကို လာလည် ကြတာ ကျေးဇူးတင်ပါတယ် လို့ ပြော ရင်း မင်္ဂလာ ရှိသော တန်ဆောင်မုန်း လပြည့် နေ့ဖြစ်ပါစေ လို့ ။

10 comments:

  1. မယ်ဇလီဖူးသုပ် စားချင်လိုက်တာ.. ကျီးမနိုးညမှာ ဖဘထဲကသမီးလေးကို လာခိုးမယ်.. ဟဲဟဲ.. တို့က သားသားမေမေနော်.. သမီးတွေ လိုက်ခိုးပစ်မယ်.. ခစ်ခစ်..

    ReplyDelete
  2. ဟယ်..ကြည်စန်း..ကြည်စန်း.
    တို့အစ်မ“က”တတ်တာကို..မသိဘူးကွယ်
    ခုမှသိတော့တယ်..သင်ပေးရမယ်နော်အစ်မ
    ဆုကြေးရရင်..တစ်ယောက်တစ်ဝက်ပေါ့းP
    အစ်မ..မယ်ဇလီဗူးက.နည်းနည်းခါးသလိုပဲ
    ပုဇွန်ခြောက်ထပ်ထည့်ပေးနော်..ဟိဟိး))
    ခင်မင်စွာဖြင့်
    မိစံ

    ReplyDelete
  3. မြူး ရေ ကျွေးချင်တာ မနေ့ ကစားပြီးသွားလို့ ဒီနေ့ မသုပ်တော့ဘူး..သမီးလေး ကို ကိုယ်လိုချစ်မဲ့သူဆိုရင် အပြီးခိုးသွားသွား ..ဟီးဟီး ....
    ချစ်သမီးစံ လေး ပျောက်နေပြီးပြန်ပေါ်လာပြီ ..မဲဇလီဖူးသုပ်က ခါးပါဘူးအေ ပုဇွန်ခြောက်အများကြီးထည့်ထားတာပါ ။

    ReplyDelete
  4. အလုပ်တွေအများကြီးလုပ်နိုင်တယ်နော်.. တော်လိုက်တာ

    ReplyDelete
  5. စင်စင်..ဂယ်လား..ဟီးဟီး

    ReplyDelete
  6. သမီးလေး ကို ကိုယ်လိုချစ်မဲ့သူဆိုရင် အပြီးခိုးသွား ဆိုပါလား...

    (ကိုယ့်စကားနဲ့ ကိုယ်နော်...)

    ပုံ/

    သားရှင်...

    ReplyDelete
    Replies
    1. အမသက်တို့ လက်ထဲဆို က တောင် ထည့်ဦးမှာ ဟိ။

      Delete
  7. ကူးကူးလှိုင်November 23, 2012 at 2:52 PM

    မယ်ဇလီဖူးသုပ်အရမ်းစားချင်သွားပြီ...

    ReplyDelete
    Replies
    1. မနက်ဖြန် တန်ဆောင်မုန်းလပြည့် သုပ်စားမလို့ ကူးကူးရဲ့ .ပင်နဆူလာမှာ ရပါအုံးမလားတောင် မသိ ။

      Delete
  8. ဒီနေ့တန်ဆောင်မုန်းလပြည့်နေလေ။ညသန်းခေါင်လောက်ကျပံ့သကူသွားပစ်မလို့

    ReplyDelete