[X] Choose Font Here

Monday, November 7, 2011

သားကောင်းမိခင်ဖြစ်ရေး အစွမ်းထက်ဂါထာ

http://www.mawluu.com/2009/12/blog-post_14.html

သားကောင်းမိခင်ဖြစ်ရေး အစွမ်းထက်ဂါထာ

ဗောဓိရာဇကုမာရ မင်းသားကို ပဋိသန္ဓေရှိစဉ် ဗောဓိရာဇာကုမာရ မင်းသား၏ မိခင် ရွတ်ဘတ်သရဇ္ဈာယ်သော ပါဠိတော်

ယော မေ အယံ ဘန္တေ၊ ကုစ္ဆိဂတော ကုမရကော ၀ါ၊ ကုမာရိကာ ၀ါ၊ သော ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊
ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ ဥပါသကံ တံ ဘဂ၀ါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။

ဘန္တေ-အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကုစ္ဆိဂတော-၀မ်း၌တည်သော၊ ယော အယံ ကုမာရကော ၀ါ-အကြင်သတို့သားသည်၎င်း၊ ယာ အယံ ကုမာရိကာ ၀ါ-အကြင်သတို့သမီးသည်၎င်း၊ အတ္ထိ-ရှိ၏၊ သော-ထိုပဋိသန္ဓေသားသည်၊ ဘဂ၀န္တံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဓမ္မဉ္စ-တရားတော်မြတ်ကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။ ဘဂ၀ါ-မြတ်စွာဘုရားသည်။ တံ-ထိုပဋိသန္ဓေသားကို၊ အဇ္ဇတဂ္ဂေ-ယနေ့မှစ၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊ သရဏံ-ဆည်းကပ်ခြင်းသို့၊ ဂတံ-ရောက်သော၊ ဥပါသကံ-ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊ ဓာရေတု-မှတ်တော်မူပါဘုရား။

( သားကောင်းမိခင် ဖြစ်လိုသော်)
ဂေါတမရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိစဉ် ဗောဓိရာဇကုမာရ မင်းသားသည် သရဏဂုံသုံးပါးကို ဆောက်တည်ခြင်းမရှိကြောင်း သတင်းဖြစ်ပွားသည်။ ထိုအခါ ဗောဓိရာဇကုမာရ မင်းသားက မိမိသရဏဂုံ ဆောက်တည်ပြီးဖြစ်၍ ထပ်မံဆောက်တည်ရန် မလိုကြောင်း မိမိ၏မိခင်သည် မိမိအား ပဋိသန္ဓေရှိနေစဉ်ကပင် အောက်ပါပါဠိတော်အတိုင်း မြတ်စွာဘုရားထံမှောက်နှင့် သာဝကသံဃာတော်များထံမှောက်သို့ သရဏဂုံ ဆောက်တည်ပေးခဲ့ကြောင်း ပြောကြားသည်။ ဤစကားသည် ဟုတ်မှန်ကြောင်းကို ရှင်တော်မြတ်ဘုရားက မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် ဗောဓိရာဇကုမာရ သုတ်တော်တွင် ဟောကြားတော်မူခဲ့သည်။ ဗောဓိရာဇကုမာရ မင်းသားသည်လည်း အန္တရာယ်ကင်းစွာဖြင့် အသက်တရာ့နှစ်ဆယ် ရှည်ခဲ့သည်။
(ဆဋ္ဌမူ စာမျက်နှာ ၂၇၇-ဗောဓိရာဇကုမာရသုတ် နံပါတ်-၅)

သားကောင်းမိခင်ဖြစ်လိုသော် အထက်ပါ ပါဠိတော်များကို မိခင်လောင်းများသည် ယုံကြည်စွာ ရွတ်ဖတ် သရဇ္ဈာယ်ကြပါကုန်။ ဆရာတော် တွေ့ရသည့် သာဓကတခုမှာ ရဟန်းဒါယိကာမ တဦးတွင် သားယောက်ျား ကိုးယောက် ဖွားမြင်ခဲ့ရာ ဤပါဠိတော် မရမီက သားဦးသုံးယောက် ပျက်စီးခဲ့ပါသည်။ ထိုပါဠိတော်ကို ရွတ်ဖတ်ရာ စတုတ္ထသားမှစ၍ သားခြောက်ယောက်လုံး ကျန်းမာ သက်ရှည်ကြပါသည်။ ရတနာသုံးပါး၊ ဆရာ မိဘတို့၏ ဂုဏ်ကျေးဇူးကို ယုံကြည်၍ ရိုသေကိုင်းညွတ်သူများ ဖြစ်လာကြပါသည်။

(ဤဂါထာကို ယုံကြည်စွာရွတ်ဆိုပါက သားကောင်းမိခင် ဖြစ်ရုံသာမက မီးဖွားရာတွင်လည်း ဘေးအန္တရာယ်မရှိ၊ လွယ်ကူ ချောမောစွာ ဖွားမြင်နိုင်ကြောင်း သားသည်မိခင်များက မိမိတို့၏ ကိုယ်တွေ့ကို တင်ပြလျှောက်ထားကြပါသည်။)

(ဘဒ္ဒန္တ ဣန္ဒကသာမိ)
Posted by: mingala at 14.12.09
Labels: အစွမ်းထက် ဂါထာ

2 comments:

  1. မမရေ ခုမှလာနိုင်ပါတယ် ပရင့်ကိုထုတ်လိုက်ပါတယ် .
    တော်တော်ကိုနေမကောင်းဖြစ်နေလို့ပါ.
ိစိတ်ပူမိစေတဲ့အတွက်တောင်းပန်ပါတယ်နော်

    ReplyDelete
  2. တောင်းပန်စရာ မလိုပါဘူး ညီမရယ်။
    ဘယ်လို နေမကောင်းတာလဲ ။
    ဘာစားချင်လဲဟင်။
    အရှေ့ ဘက် ဆို အမ ချက်ပြီးလာပို့မယ် ။

    ReplyDelete