[X] Choose Font Here

Monday, November 7, 2011

7th Years !




ကိုဦး ..........

တို့ရဲ့ မင်္ဂလာ သက်တမ်း ခုနှစ်နှစ်မြောက်ခဲ့ပြီ နော် ။
ခုနှစ်နှစ် ဆိုတာ လက်ချိုးရေ ရင် လက်နှစ်ဘက်မပြည့်တတ်သေးပေမဲ့ တွေ့ကြုံခဲ့ရတဲ့ ဘ၀ ရဲ့ ဒဏ်တွေကတော့ အချိန် နဲ့ မလိုက်အောင်ပါဘဲ ။
ဘယ်လိုဘဲ မုန်တိုင်းထန်ထန် တို့ ကတော့ လက်ကိုတွဲ ခိုင်ခိုင်ဆုပ်ပြီး ရပ်တည်ခဲ့ကြတယ် ။
ခုတော့ လေပြည်လေးတွေ သာစပြုလာပါပြီ ကိုဦးရေ ။
အာရုံ တက်ပြီး နေခြည်ဖြာ လာချိန်မှာ တို့ နှင့်အတူ ချစ်စရာ သမီးလေး တယောက်လဲ ရှိနေပြီ ။
ပူအမျှ ခဲ့ သလို အေးလဲ အတူရှိကြမယ်လေ။
လောကဓံ က ဘယ်လိုဘဲ ထန်ထန် အနားမှာ မားမားမတ်မတ် ရပ်ပေးခဲ့ တဲ့ အတွက် ကျေးဇူးပါ လို့ ဆိုရင် တစိမ်း ဆန် တယ်လို့များ ပြောဦးမှာ လား ။

4 comments:

  1. နှစ်တစ်ရာတိုင်ခိုင်မြဲတည်တံ့ရှည်ကြာနိုင်ကြပါစေ.....

    ReplyDelete
  2. မြတ်သူရ နှင့် ဇနီး
    လာလည်တာကျေးဇူးပါနော်..<3<3<3

    ReplyDelete
  3. စင်စင်
    လာလည်တာေ၇ာ ကွန်မန့် အတွက်ရော ကျေးဇူးနော် ။

    ReplyDelete