[X] Choose Font Here

Tuesday, October 11, 2011

ရောက်တတ်ရာရာ

ဒီရက်တွေ မိုးကရွာတော့ လွမ်းချင်သလိုလို ။

အဲ ချစ်တဲ့သူတွေက ကိုယ့်အနားမှာ ဆိုတော့ ဘယ်ကို လွမ်းရပါ့ ..ဟိုသိချင်းလေးထဲကလို ~~~ဘယ်ဆီသို့ ဘယ်ညာသို့ ~~ မှန်းဆကာ လွမ်းရသည် ဆိုသလိုဘဲ ။

လွမ်းသာ လွမ်းချင်တာ အိမ်မှာတော့ လွမ်းစရာ အချိန်မရှိပါဘူးလေ ။ မိဘရယ် သမီးလေးရယ် ယောကျားရယ်နဲ့ ပတ်ချာလည်နေတာ နှစ်ကိုယ်တောင်ခွဲထားလိုက်ချင်သေး.........

အဲ ရုံးမှာ လွမ်းမယ်ဆိုတော့ ရုံးချိန်ကြီးတောက်လျှောက်တော့ မလွမ်းအားဘူးလေ ။ အားရင်အားသလို ရုံးချိန်ခိုးပြီး အခန်းဆက်ကလေးနဲ့ လွမ်း၇တာဆိုတော့ ဟိုရောက် ဒီရောက်ပေါ့ ။
တကယ်တော့ ဒီရက်တွေမှာ ကိုယ့်မွေးရပ်မြေ မဟုတ်ပေမဲ့ ငယ်စဉ်ကာလမှာနေခဲ့ရတဲ့ မြို့လေးကိုလွမ်းနေခဲ့ပါတယ်။

ဒီအချိန် ဘယ်မှာ ရေကြီးကြီး မိုးရွာရွာ စလေ ဆိုတဲ့ မြို့နဲ့လေးကတော့ သိပ်ပြီး မဆိုင်သလိုပါဘဲ။ တနှစ်လုံး မိုးရေချိန် ၂၁ လက္မနဲ့ မိုးအနည်းဆုံးမြို့လေးမဟုတ်လား ။ အဲ ထူးထူးဆန်းဆန်း မိုးတွေရွာမှဖြင့် ကျောင်းလဲပိတ် ဈေးလဲပိတ် အားလုံး ဘာမှမလုပ်တော့ဘဲ နားကြတာကလား ။

၁၉၉၅ ကထဲက ခွဲခွာလာတဲ့ အဲဒီမြို့လေးကို စိတ်ကူးထဲမှာ ပုံဖော်ရင်း လွမ်းနေမိတယ်လေ ။ လွမ်းသာ လွမ်း၇တာ တချို့တွေက ပုံဖော်မရအောင် ဝေေ၀၀ါးဝါးရယ် ။

တကယ့်တကယ်လွမ်းမယ်ဆိုတော့ သူငယ်ချင်းတွေလား ။ဒါဆို စိတ်တူ ကိုယ်တူ သူငယ်ချင်းရယ်လို့ လွမ်း၇မှာ နှစ်ယောက်လားရှိတယ်။ ကျန်တဲ့ သူငယ်ချင်းတွေထဲ ယောင်္ကျားလေး တွေဆိုရင် တခြားမြို့တွေ မျာ သွားအလုပ်လုပ် အခြေချရင်ချ မဟုတ်လို့ စလေမှာ ကျန်တဲ့သူများ သွားမမေးနဲ့ သေပြီးသားဘဲ ဆိုသလို ကိုယ်နဲ့ ရွယ်တူတန်းတူ တွေ အသေအပျောက်များလှပါတယ် ။ မိန်းကလေး သူငယ်ချင်းတွေထဲမတော့ စိတ်တူ ကိုယ်တူ ငါးယောက်ပေါင်းခဲ့တာ သုံးယောက် က အပျိုကြီးမှာ ဒီစလုံးမှာ အပျိုကြီးတယောက်နဲ့ မယ်သံပေါ့ ။ ရန်ကုန်မှာ အိမ်ထောင်ကျတာတယောက်နဲ့ စလေမှာ ကျန်နှစ်ယောက်ပေါ့ ။အဲဒီနှစ်ယောက်ကတော့ သေချာတယ် အပျိုကြီးဘဲ လုပ်တော့မှာ ဒီစလုံးကတယောက်တော့မသိ ။

မြို့လေးကို လွမ်းတယ်ဆိုပေမဲ့ ဘာကိုလွမ်းရမှန်းမသိအောင် ထူးထူးခြားခြားတော့ရှိဘူးရယ်။ မရှိဆို မိဘတွေက ကျောင်းပြီးတော့ စလေစက်ရုံမှာ အလုပ်ဝင်ဆိုတော့ မနေချင် မ၀င်ချင်တော့ လို့ တောင် အတိုက်အခံလုပ်ပြီး ရန်ကုန်ဆင်းအလုပ်လုပ်ခဲ့ရတာလေ ။

ရန်ကုန်မှာ အလုပ်လုပ်ရင်း မအားလို့မပြန်နဲ့ ကျောက်ဆည်မှာ ကျောင်းဆကတက်တော့မှ စလေကို ရက်ကြာကြာ ပြန်ခဲ့ဘူးတယ် ။ ပြီးရန်ကုန်မှာပြန်အလုပ်လုပ် မိဘတွေလဲ ပင်စင်ယူပြီးကိုယ့်ဆီမှာလာနေတော့ စလေကိုပြန်ဘို့ အခွင့်အရေးမရှိတော့ဘူးပေါ့ ။

စလေက စီးပွားရေးဖွံ့ ဖြိုးတဲ့မြို့မဟုတ်တော့ တည်းခိုခန်းလဲ မရှိဘူးလေ။ စက်ရုံလာတဲ့လူကြီးတွေအတွက်တော့ Guest House ရှိတာပေါ့  ။ကျန်တဲ့သူတွေတော့နီးစပ်ရာ အိမ် ဘုန်းကြီးကျောင်းတွေမှာတည်းရတယ်။ အဲ မယ်သံတို့ ငယ်ငယ်တုန်းကတော့ ဇရပ်တွေမှာလဲ တည်းလို့ရပါတယ် ။

အစားအသောက် ကိုလွမ်းမယ်ဆိုရင်တော့ လွမ်းစရာ ကအပေါသား ။
အထူးသဖြင့် လွမ်း၇မှာကတော့ မုန့်ပြားသလက်နဲ့ အကြော်စုံပေါ့လေ။ ရန်ကုန်မှာမှ မရနိုင်တာ ။

ရန်ကုန်မှာ အကြော်ဆို ဘယ်မှာမှ မကောင်းလွန်းလို့ အင်းလျားမှာ နာမည်ကြီးတဲု့အကြော်သွားစားတာ တစက်မှကောင်းဘူး ။ အင်းလျားများတော့ လမ်းလျှောက်လဲ လူရှောင်ရ ၊ အစားအသောက်ကြလဲ ဈေးကြီးပြီးမကောင်း ၊ ထိုင်လဲ ခြင်ကိုက် မယ်သံတော့ မကြိုက်ပေါင် ။ ချစ်သူ ရည်းစားရတာတောင် အင်းလျားတော့ မသွားခဲ့ဘဲ ။
အဲ ဒါပေမဲ့ မာတာမေမေ ကတော့ သိပ်ကြိုက် .............
မယ်သံ ရန်ကုန်မှာ အလုပ်လုပ်နေတာတောင် သူ စာစစ် သင်တန်းတက်လာရင် သမီးဆီမတည်းဘူး ။ ပြည်၊ပုဂံ။တကောင်းမှ ပြည်၊ပုဂံ တကောင်း ဘဲ ။
တခါသား မယ်သံ က သီရိမင်္ဂလာဈေး ဆောက်တဲ့ဆီမှာ အလုပ်လုပ်နေချိန် သူရန်ကုန်လာတော့ သမီးနဲ့ အတူ အင်းလျားသွားချင်တယ်ဆို တော့ အလုပ်ကစောလစ်ပြီး အမေ့ကို အဲမှာ သွားခေါ်ရပါတယ် ။ ဆိုဒ်ထဲကလာတာ လူက စုတ်ပြတ်နေတဲ့အပြင် မောနေပါသေးတယ် ။
ဟော အမေ့ဆီရောက်တော့ ပြင်လို့ ဆင်လို့ မပြီးသေးဘူးဗျား ။ ဒီဟာဝတ်လိုက် အဆင်မပြေလို့ ချွတ်လိုက်နဲ့ အင်းးးးးးးနှူတ်ခမ်းဆိုး မျက်ခုံးဆွဲက လုပ်ရသေးသကိုး ။
ပြီး ပြည်ပုဂံ တကောင်းကနေ အင်းလျားကို ကားစီးရင် ၂မှတ်တိုင်ဟာကို အင်းလျားဆိုတာ ဒီ မိန်းထဲက ခြေလျင်လျှောက်မှ အရသာရှိတာဆိုပြီး ဒါ က ပုဂံလမ်း ၊သထုံလမ်းနဲ့ သူ ကျောင်းတက်တုန်းက အဖေ က အင်းစိန် ဂျီတီအိုင် ကနေ ဘယ်လိုလာတာ နဲ့  ပြောလိုက် လမ်းမှာ အသိ ဆရာဆ၇ာမတွေနဲ့ တွေ့ ရင် စကားရပ်ပြောလိုက်နဲ့ အတော် ကို စိတ်ကို ဆွဲဆန့်ထားရတာပေါ့ဗျာ ။
အဲ အင်းလျားရောက်လို့ မောမော ဗိုက်ဆာဆာ နဲ့ စားတော့မယ်ဆိုပြီး မှာ လိုက်တာ ဘာမှ ကို မကောင်းပါဘူး ။ ဒီဆိုင်မကောင်းလို့ ဆိုပြီးနောက်တဆိုင်ပြောင်းလဲ အဲလိုပါဘဲ ။

အဲ အဲ စလေ အစားအသောက်ရေးရင်းက မဆီမဆိုင် အင်းလျားရောက်သွားတယ် ။အမေ နဲ့ မယ်သံလဲ သားအမိပေမဲ့ အဲလို ရင်ဘတ်ချင်းမနီးတော့ ခံစားချက်ချင်းမတိုက်ဆိုင်ဘူးရယ် ။ မနက်ဖြန် သိတင်းကျွတ်မှ ပေါင်းပြီးတောင်းပန် ကန်တော့မယ်နော် ဟီးဟီး။

မုန့်ပြားသလက် ကို အဖြူနဲ့ အနီ ပေါ့ ။ အနီကတော့ ထညက်နဲ့ လုပ်ထားတဲ့ အချိုပါ ။ အဖြူကတော့ ပုံမှန်ဆို ပဲလွန်းထဲ့တာ ။ ပဲပြုတ် ကြက်ဥ ဆူးပုပ် နံနံပင် စတာတွေ ထဲ့စားတယ် ။ မယ်သံ တို့ကတော့ အဖြူကို အကြော်နဲ့ သုပ်စားတာများပါတယ် ။
နောက် တမျိုးက မုန့် ဖတ်သုပ်ပါ ။ စလေ ၀က်အူချောင်းကလဲ ကောင်းမှ ကောင်းပါဘဲ ။ မရွေး မုန့်သြဇာ အချိုမုန့်တွေပေါ့ ။

အဲ စလေမှာ နာမည်ကြီးတဲ့ အစေ့လွတ် ဇီးသီး ကလဲ တကယ်ပါဘဲ ။ ဇီးပင် တပင်မှာ ဆိုက်စုံ သီးတာပါ ။ ပြာသို တပို့ တွဲ မှ စပေါ်ပါတယ် ။အဲဒီမျိုးကို ယူပြီး မကွေးကခြံမှာစိုက်တာ အစေ့ ပြန်ပါလာပါတယ် ။ ဘယ်လိုရယ်တော့မသိ ။ ငယ်တုန်းကတော့ ဇီးသီး ကို ပေါကလဲပေါ ဆိုတော့ အရူးမှစားတာနဲ့ ပြောကြတာ ။ တကယ်တော့ အဲဒီ ဇီးစိ လေးတွေ က နှလုံး ကို ငြိမ်စေနိုင်တာပါ ။ စလေ ဇီးဖျော်ရေ ဆိုတာ နာမည်ကြီးပါဘဲ သူက chemical မပါတော့ကာ အမြဲတမ်းမရပါဘူး ရန်ကုန်ဘက်ကိုလဲ ဆင်းမလာပါဘူး မန္တလေး ကနေ တရုတ်ကို တိုက်ရိုက်သွားပါတယ် ။ ဇီးတနှစ် မကျီးတနှစ်လို့ ဆိုရိုး၇ှိပါတယ် ။ ဇီးပေါတဲ့နှစ် မကျီးရှားတဲ့သဘောပါ တလှည့်ဆီပေါ့ ဘာဆိုင်လဲတော့မသိပါဘူး ။
တခုသဘောကျတာကတော့ ရာသီစာ တရာသီ ကို တမျိုး ၇ှိတာပါ ။ တရာသီ ကို တမျိုး ပေါပေါများများ လတ်လတ်ဆတ်ဆတ် စားရတဲ့ အရသာပါ ။ ရန်ကုန်မှာတော့ ဒီအရသာ မရှိပါဘူး ။ အားလုံး ကို ၀ယ်စားရတာဆိုတော့ ပေါပေါများများ ဆိုတဲ့ အရသာလဲ မ၇ှိဘူးပေါ့ ။တတ်နိုင်ရင်တောင်မှ အိမ်စားဘဲ ၀ယ်ကြတော့တာပါ ။
အထူးသဖြင့်ကတော့ သားရေစာ ကို အိမ်မှာ အိမ်နီးချင်းတွေနဲ့ ရောက်ရာ ပေါက်ရာပြော ပြီး စုစပ်စားဘို့ဝေးလို့ မိသားစု အတူစားဘို့ အချိန်ရှားလှပါတယ်။ သားရေစာ စားချိန် အများစုက လမ်းမှာ အပြင်မှာ ရှိကြတာကြောင့် အစားအသောက်ဆိုင်တွေလဲများနေတာပါ ။ လတ်လတ်ဆတ်ဆတ် ဆိုတာလဲ ရန်ကုန်မှာက ရာသီစာ ၇ှိပေမဲ့ ၁၂ရာသီစာလဲ အချိန်မရွေး ရနိုင်ပါတယ် ။ခုလုပ်ခုစားတော့ မဟုတ်ပြန်ဘူး ၊ အဲ ဘေးထွက်သွားပြန်ပြီ။ ရန်ကုန် သူ၊သားတွေတော့ အမြင်ကတ်နေတော့မှာ..........................

အမှန်တော့ ငယ်ဘ၀ နှစ်ပေါင်းများစွာနေလာတဲ့ နေရာရဲ့ သဘာဝ အလေ့အထတွေ က ရေးမယ်ဆို ရေးစရာမှ အများကြီး ။

ရောက်တတ်ရာရာ တွေးတောရင်း ရေးချလိုက်လို့သာ တကယ်ဆို ပုံလေးတွေ အစားအစာဆို အရသာ ပြုလုပ်ပုံ ပုံလေးတွေနဲ့ သေချာ တင်ထားချင်တာ ။ ဒါမှ သမီးလေးကြီးလာရင် အမေတို့ အညာက ဘယ်လို ဆို ပြီး ပြောပြ လို့ သူစိတ်ဝင်စားမှာ ။ အင်တာနက်ထဲ ပုံတွေရှာ ကြိုးစားရဦးမှာ ။ အညာကိုပြန်လည်ဘို့ ကတော့ေ၇ွှငုံးမင်းအမြီးမျှော်သလိုဘဲ ။ ဘာကြောင့် အောက်ပြည်အောက်သားကို ယူမိလဲ မသိ ။

အင်းးးးမယ်သံလဲ ဘာကိုဘဲ ရောက်တတ်ရာရာတွေးတွေး နောက်ဆုံးတော့ ဒီယောင်္ကျား ဒီသမီး ကိုတွေးပြီး ဇာတ်လမ် ဆုံးတော့တာဘဲ ။ ဒီလိုနဲ့ သံသရာလည်ဦးမှာလား ကြောက်လှပါတယ်။

8 comments:

  1. ညီမရဲ့ ရောက်တတ်ရာရာလေးကို လာဖတ်တယ်...
    ညီမနေခဲ့ဖူးတဲ့ နေရာဒေသက သဘာဝအလေ့အထတွေကို ဒီ့ထက်များများ ဖတ်ချင်ပါသေးတယ်... အမကတော့ အဲဒါတွေနဲ့ ဝေးလွန်းတာကြောင့် အဲဒါမျိုးလေးတွေ ဖတ်ရတိုင်း ပျော်တယ်...း)

    ReplyDelete
  2. ဟုတ် အမ ။ ဒါတောင် ကျမ က သေချာ မရေးတတ်လို့ ရယ်။
    ရေးမယ်ဆို ရေးစရာတွေမှ အများကြီး

    ReplyDelete
  3. ဟိတ် မုန့် ကြောင်းတွေကြည့်ပဲ ရေးထားတာ စားခြင်ပါတယ် ဆိုမှ။
    လွမ်းလိုက်တာ အီး။ :)

    ReplyDelete
  4. အမလေးကျွေးချင်လိုက်တာ တောင်ကြီးကအကြော်တွေသိပ်ကောင်းတာပဲ
    တိုယူးကြော် အဲတာကို၂ခါကြော်ထားတဲ့ နှစ်ပြန်ကြော် ဘူးသီးကြော်စုံနေတာပဲ
    ကောက်ညင်းပေါင်းနဲ့စားကြတာများတယ်...မဒိုးကန်မှာတွေ့လို့လိုက်လာတာ
    အစားအသောက်တွေလွမ်းနေတာတွေ့လို့..
    ခင်မင်တဲ့ jasmine

    ReplyDelete
  5. အစားကောင်း အသောက်ကောင်း ကြိုက်ပုံရတယ်။း)

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  6. မယ်စော .. လာ အတူတူပြန်စားရအောင်လေ။
    စပယ် စပယါ စပယ်ပန်းရယ် သိပ်ကို စားချင်တာဘဲကွယ်
    မေသိမ့် ဟုတ်ပ ဒါကြောင့် ခင်သန်တာ သက်ချိုပြုံး ဖြစ်နေတာ။

    ReplyDelete
  7. ကူးကူးလှိုင်November 23, 2012 at 3:58 PM

    စလေ ဇီးဖျော်ရေကတော့ အရမ်းကြိုက်တာ သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးဖူးလို့ သောက်ဖူးတယ်...

    ReplyDelete
    Replies
    1. ဟုတ်တယ် ဇီးဖျော်ရည် က တကယ်ကောင်းတယ်...

      Delete