[X] Choose Font Here

Tuesday, November 30, 2010

November Review...

ကောင်းကောင်းအကြောင်းေ၇း၇င်းကနေ ဝမ်းနည်းလို့  ဘလော့ကို လှည့်မကြည့်မိတာ ကြာပေါ့။
အမှန်တော့ နိုဝင်ဘာမှာ အားချိန်လဲ တော်တော်နဲပါတယ်။ ရုံးမှာလဲ မီးဖွားခွင့် ယူမဲ့အကြောင်း ပြောမိတော့ မန်နေဂျာက lake site condo ၇ဲ့ Archi qty တွေကို တွက်ခိုင်းတယ်လေ။ claim ၄ ခုနဲ့ sub com claim (lakesite archi) ကိုပါစစ်၇တော့ ရုံးမှာအတော်ပျာတဲ့လ ပေါ့။
ဒီလမှာလူမှုေ၇းလဲအတော်များပါတယ်။
ဝင်ငွေလဲနဲပါတယ်။
မြန်မာပြည်ပြန်မွေးမယ်လို့ စဉ်းစားပြီး လက်ဆောင်ပေးဘို့လေးတွေလဲဝယ်မိတော့ သမီးလေး အတွက်စုတာလေးတွေလဲ လျော့လာတယ်။
အော် ဒီလ ဘိုက်ထဲက ကလေးဟာ သမီးလေးလို့  သိ၇တယ်။
ရုံးမှာ အလုပ်ရှုပ်လွန်းလို့ check up အတွက် MC တောင် မယူနိုင်တဲ့လပါဘဲ။
ဒီလမှာ မအားပေမဲ့ ချောက် GTI ကထိန်နဲ့ ဆ၇ာကန်တော့ပွဲအတွက် အလှုငွေကောက်တာတွေ နဲ့ အစည်းအဝေးတွေလဲ သွားဖြစ်တယ်။ လမ်းပြကြယ်ကိုတော့ လုံးဝမသွားဖြစ်ခဲ့ဘူး။
ဒီလို ရုံးအလုပ် ၊ လူမှုေ၇း တွေနဲ့ အလုပ်ရှုပ် တော့ အိမ်အလုပ်ကိုတော့ လုံးဝ မလုပ်တော့သလောက် ပစ်ထားခဲ့တယ်။
ထူးထူးခြားခြား အသိအမှတ် ပြုမိတာတော့ သမီးလေး ဖေဖေ၇ဲ့  ကြင်နာ ဂရုစိုက်မှုပါဘဲ။
အလုပ်ရှုပ်တဲ့အပြင် အေ၇းတကြီး မလိုအပ်တဲ့ လူမှုေ၇းတွေကိုပါ အချိန်ပေးတဲ့အတွက် အိမ်မှာလစ်ဟင်းမှုများတာကို နားလည်ပေးပြီး တတ်နိုင်သလောက် ဂရုစိုက် ဖြည့်ဆီးပေးတဲ့အတွက်ကျေးဇူးတင်၇ပါတယ်။
တကယ်တော့ လူမှုေ၇းလုပ်တာဟာ အချိန်ကုန် ငွေကုန်ခံနိုင်မှပါ။
အလုပ်မှာနေ၇ာတခု၇ဘို့  ဆိုတာလဲ စိတ်ေ၇ာကိုယ်ပါ အားစိုက်ကြိုးစား၇ပါတယ်။
အိမ်ထောင်သည်ဘဝမှာ လက်တွဲဖော်၇ဲ့ အားပေး နားလည် ထောက်ပံ့မှုမရှိ၇င် ကြိုးစားတဲ့ လမ်းတလျောက် အခက်အခဲတွေများမှာပါ။
ဒီလ အတွက် အလုပ်တွေပြီ့း ဝန်ပေါ့သွားလို့  အ၇င်ဆုံး သမီးလေး ဖေဖေ၇ဲ့ မေတ္တာကို အသိအမှတ်ပြု ကျေးဇူးတင်လိုက်ပါတယ်။
ဒီလ အိမ်ထောင်သက်ခြောက်နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာ ခုလိုဘဲ နားလည်သည်းခံဖြည့်ဆီးပေးပါလို့ ဒီဘလော့ေ၇းပြီးတောင်းဆိုလိုကိပါတယ်။ :)P

5 comments:

  1. ခုမှပဲ တွေ့ တယ်။
    ဘယ်တုံးက စရေးတာလဲ

    http://yellow-land.blogspot.com

    အလည်လာခဲ့
    ကျတော်ကတော့ ဘာမှ မလုပ်တတ်ဘူး

    ReplyDelete
  2. ညီမ သန္တာ...
    ဒီစာမျက်နှာလေးကို အခုပဲ တွေ့ပါတယ်...
    ဟိုးအရင်ထဲက အမနားမှာ မကြာခဏ လာ လာရေးတတ်တဲ့၊ ငှက်ပျောသီး စားချင်တဲ့၊ သန္တာလို့ပဲ သေချာနေတယ်... သားကလေးအကြောင်း တပိုင်းတစလေး ဖတ်မိတော့ အမပါ ရောပြီး စိတ်မကောင်း ဖြစ်သွားသေးတယ်...
    ကုန်ခဲ့တဲ့ အချိန်တွေကို မေ့လိုက်ပါလို့ မပြောချင်ပေမယ့်... လက်ရှိအခြေအနေမှာ မေမေရော သမီးလေးရောရဲ့ ကျန်းမာရေးက အရေးကြီးတယ်လေ... လူရော စိတ်ပါ နေကောင်းအောင်ကြိုးစားပါ ညီမရေ...
    နားနားနေနေလဲ နေပါ... သမီးလေးရောက်လာရင်လဲ အမကို ပြောပါအုံး... ချစ်စရာကောင်းမှာ သေချာတဲ့ သမီးလေးကို တွေ့ချင်ပါတယ်...း))

    ReplyDelete
  3. ဟုတ်ပါတယ် အမသက်ဝေ .....
    သားလေး ဆုံးတုံးကအားပေးတာေ၇ာ ၊ အားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။
    ဘလော့ကတော့ စာေ၇းတတ်တဲ့ အ၇ည်အချင်း အတွေးအခေါ် မရှိဘဲ personal remembrance သဘောလုပ်ထားတာမို့  ဘယ်သူက်ုမှ လိုက်မပြဖြစ်တာပါ။
    ချစ်ခင်စွာဖြင့်.........

    ReplyDelete
  4. have a good day,
    just found ur blog , hows ur daughter and family?
    Pls visit to my home http;//www.kogyikopauksa.blogspot.com too.
    take care always .
    Htay Win.

    ReplyDelete