[X] Choose Font Here

Wednesday, July 14, 2010

ဖြစ်ချင်တာ......

ညီမလေးတစ်ယောက်ရဲ့ facebook မှာ သူတို့ ချစ်သက်တမ်းနှစ်ပတ်လည် အတွက် ဆုတောင်းလေး ကိုတွေ့ရတယ်။ နောင်နှစ်ပေါင်းလေးဆယ်ထိချစ်ပါတဲ့.........


တကယ်တော့ ဝင်းဝင်းလတ် ရဲ့ အချစ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာ ထဲက သက်ဇော်နိုင် ပြောသလို အချစ်ရဲ့နောက်ဆက်တွဲကတော့ မေတ္တာရယ်၊ အကြင်နာရယ် ပြီးတော့ သံယောဇဉ် လေးတွေ ရယ် ........









ချစ်ပြီးလို့ နှစ်ယောက်တစ်ဘဝ ထူထောင်ကြမယ်ဆိုရင် တယောက်လက်ကိုတယောက်ဆုပ်လို့ ရင်ဆိုင်ရမဲ့ အရာတွေက အများကြီးပါ။






သံယောဇဉ် လေးတွေရှိလာလို့သူတို့အတွက်ဘဝကိုပေးဆပ်ရင်း အနည်းဆုံး 25 နှစ်ကတော့ အချစ်ကိုရှေ့တန်းမပို့နိုင်တော့ဘူးပေါ့ ။

စာနာ နားလည်မှူလေးတွေနဲ့ ခရီးဆက်ကြတယ်။





သူတို့လေးတွေ အတောင်စုံလို့ ကိုယ့်ဆီကပျံသွားမှ ကိုယ့်နှစ်ဦးအချစ်ကိုမေတ္တာဆင်.ပြီး အကြင်နာပေးနိုင်တာပါ။








ဒီတော့ နောင်နှစ်လေးဆယ်ဆိုတာ နှစ်ဦးသားရဲ့ ချစ်မေတ္တာလမ်း အစဘဲ ရှိပါသေးတယ်ကွယ်။


အမကတော့ အို နာ သေ ဆိုတဲ့ မလွဲမသွေ တွေ့ရမယ့် ဝေဒနာတွေကို ရင်ဆိုင်ရချိန်မှာ ချစ်ခင်အားကိုးရသူကို အနားမှာ ရှိစေချင်ပါတယ်။ ဖေးမကူညီ နှစ်သိမ့်ပေးစေချင်တာပေါ့လေ။



အတူနေဘူးတဲ့ ညီမလေးအတွက် အမှတ်တရ။

4 comments:

  1. အို နာ သေ ဆိုတဲ့ မလွဲမသွေ တွေ့ရမယ့် ဝေဒနာတွေကို ရင်ဆိုင်ရချိန်မှာ ချစ်ခင်အားကိုးရသူကို အနားမှာ ရှိစေချင်ပါတယ်။ ဖေးမကူညီ နှစ်သိမ့်ပေးစေချင်တာပေါ့လေ။...

    So hope I ..Than dar... :)

    ReplyDelete
  2. thank for your post ma.. btw..ညီမ အမြဲတမ်း မှတ်မိနေတဲ့ မြင်ကွင်းလေး တစ်ခုရှိတယ်..2010 နှစ်ဦးပိုင်းလောက်မှာ စက်ဘီးလေးကိုယ်စီနဲ့ စုံတွဲတစ်တွဲပေါ့..အမကြီးက ပါးကွက်လေးကွက်ထားပြီး မြန်မာလုံချည်လေးဝတ်ထားတယ်...အကိုကြီးက မြန်မာ ပုဆိုးနဲ့ပေါ့... Singapore ရဲ့ EUNOS LINK ROAD မှာ စနေနေ့ မနက်စောစော က မြင်လိုက်ရတဲ့ မြင်ကွင်းကို ညီမ အမြဲတမ်းမှတ်မိနေမှာပါ။
    အဲဒီအချိန်မှာ ပတ်ဝန်းကျင်ကိုတောင် မကြည့်အားပဲ တစ်ယောက်နဲ့တစ်ယောက် စောင့်ပြီး စက်ဘီးစီးသွားတဲ့ စုံတွဲဟာ သေချာတာကတော့ နောင်နှစ်ပေါင်းများစွာတိုင်အောင် တစ်ယောက်ကို တစ်ယောက် ဖေးမကူညီပြီးတော့ တစ်ယာက်နားမှာတစ်ယောက် ရပ်တည်ပေးနေကြလိမ့်မယ် ဆိုတာ ဘေးကလူတောင် သတိထားမိပါတယ်နော် ... မ....:))))

    ReplyDelete
  3. မဖြူ ... ချစ်သူရှိတဲ့မိန်းကလေးတိုင်းဒီလိုဘဲထင်တက်နော် အမ ။
    သန္တာ...ဖားအောက်ကျောင်းမှာဆွမ်းကပ်တုန်းကဖြစ်မယ် ။ ရက်စက်တယ် ၊ မခေါ်ဘူးတော့။

    ReplyDelete
  4. omm.. song so pya tar taung .. tu toe 2 yout ma kyar pa` na`..:(.. de hmar so pya like ya tar..." biee lay ko see.. a chit ka lay ko tin pe...".. so pe.. du hma hlae ma kyie fu...miee ko..:((..

    ReplyDelete