ညီမလေးတစ်ယောက်ရဲ့ facebook မှာ သူတို့ ချစ်သက်တမ်းနှစ်ပတ်လည် အတွက် ဆုတောင်းလေး ကိုတွေ့ရတယ်။ နောင်နှစ်ပေါင်းလေးဆယ်ထိချစ်ပါတဲ့.........
တကယ်တော့ ဝင်းဝင်းလတ် ရဲ့ အချစ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာ ထဲက သက်ဇော်နိုင် ပြောသလို အချစ်ရဲ့နောက်ဆက်တွဲကတော့ မေတ္တာရယ်၊ အကြင်နာရယ် ပြီးတော့ သံယောဇဉ် လေးတွေ ရယ် ........
ချစ်ပြီးလို့ နှစ်ယောက်တစ်ဘဝ ထူထောင်ကြမယ်ဆိုရင် တယောက်လက်ကိုတယောက်ဆုပ်လို့ ရင်ဆိုင်ရမဲ့ အရာတွေက အများကြီးပါ။
သံယောဇဉ် လေးတွေရှိလာလို့သူတို့အတွက်ဘဝကိုပေးဆပ်ရင်း အနည်းဆုံး 25 နှစ်ကတော့ အချစ်ကိုရှေ့တန်းမပို့နိုင်တော့ဘူးပေါ့ ။
စာနာ နားလည်မှူလေးတွေနဲ့ ခရီးဆက်ကြတယ်။
သူတို့လေးတွေ အတောင်စုံလို့ ကိုယ့်ဆီကပျံသွားမှ ကိုယ့်နှစ်ဦးအချစ်ကိုမေတ္တာဆင်.ပြီး အကြင်နာပေးနိုင်တာပါ။
ဒီတော့ နောင်နှစ်လေးဆယ်ဆိုတာ နှစ်ဦးသားရဲ့ ချစ်မေတ္တာလမ်း အစဘဲ ရှိပါသေးတယ်ကွယ်။
အမကတော့ အို နာ သေ ဆိုတဲ့ မလွဲမသွေ တွေ့ရမယ့် ဝေဒနာတွေကို ရင်ဆိုင်ရချိန်မှာ ချစ်ခင်အားကိုးရသူကို အနားမှာ ရှိစေချင်ပါတယ်။ ဖေးမကူညီ နှစ်သိမ့်ပေးစေချင်တာပေါ့လေ။
အတူနေဘူးတဲ့ ညီမလေးအတွက် အမှတ်တရ။