[X] Choose Font Here

Saturday, September 29, 2012

ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ

၂၀၁၂ စက်တင်ဘာလ 30 ရက် တနင်္ဂနွေနေ့၊
၁၃ရ၄ တော်သလင်းလပြည့်  (ဥပုသ်နေ့)




ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၅) ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ
ငယ်ရွယ်စဉ်က ကြိုးစားမှ ဓန တိုးတက်မှာ


         ရှေးဘ၀က ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှူ ရှိတာထက် ဒီဘ၀မှာ ငယ်ရွယ်စဉ် ကတည်းက မိမိကိုယ်ကို ဆုံးမသွန်သင် ပြုပြင်နေထိုင်တာ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာပဲ။
         ရှေးဘ၀ ကုသိုလ် ကို အားကိုးပြီး အလုပ်မလုပ်ပဲ ထိုင်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ယခုဘ၀ လုံ့လ ၀ီရိယ ထားပြီး ရှာဖွေ ကြိုးစားမှသာ ပုဗ္ဗေစ ရှေးကံတွေ ပွင့်မယ်၊ စီးပွားဥစ္စာလဲ တိုးပွားမယ်။
         ရှေးကုသိုလ်ကံ ရှိကြလို့သာ လူဖြစ်လာရတာပါ။ ဒီဘ၀ မှာ ကုသိုလ်လမ်းစ ပျောက်မသွားဖို့အရေးကြီးတယ်။
         ပုဗ္ဗေစ ဆိုတ  ရှေးဘ၀ကိုချည်းပြောတာ မဟုတ်ဘူး ။ ယခုဘ၀ ပညာရေးရော ၊လောကီ လောကုတ္တရာ စီးပွားတွေ တိုးပွားအောင် ကြိုးစားအားထုတ်မှူပြုရမယ်။
          တစ်နှစ်ကြိုးစားရင် တစ်နှစ်စာ ခံစားခွင့်ရမယ်။ နှစ်နှစ်ကြိုးစားရင် နှစ်နှစ်စာ ခံစားခွင့်ရမယ်။ ငယ်ရွယ်စဉ် ပုဗ္ဗေစ ကောင်းလေ အသက်ကြီးလာလေ ကောင်းလေပဲ ။ ရှေးဘ၀ ပုဗ္ဗေစ ကောင်းပေမဲ့ ပစ္စုပ္ပန် ဒီဘ၀ ငယ်ရွယ်စဉ်က ပုဗ္ဗေစ မကောင်းရင်လဲ ပညာရေး၊ စီးပွားရေး အောက်တန်းကျပြီး ဆင်းရဲဦးမှာမို့ ရှေးပုဗ္ဗေစ ကောင်းဖို့ထက် ပစ္စုပ္ပန် ယခုဘ၀ ပုဗ္ဗေစ ကောင်းအောင် ကြိုးစားနေထိုင်ကြပါလေ ။

Thursday, September 27, 2012

ChaukGTI Family (Singapore) 2012Gathering အမှတ်တယ

ဒီနှစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ (စနေနေ့)  မှာ ချောက်ဂျီတီအိုင်မိသားစု (စင်္ကာပူ) ရဲ့ ပျော်ရွှင်စရာတွေ့ဆုံပွဲအစီအစဉ် ကို Arena Country Club မှာ ကျင်းပခဲ့ပါတယ် ။

ထုံးစံအတိုင်း မဆုံတာကြာတဲ့ သူငယ်ချင်းတွေ ရင်းရင်းနှီးနှီး ပြောကြဆိုကြ ၊ စားကြ သောက်ကြ နဲ့ တေးဂီတ အစီအစဉ်လဲ ပါတဲ့ အတွက် ပွဲဟာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ် ။ 
ဒီနှစ်မှာ ထူးခြားတဲ့ အစီအစဉ် ကတော့ ကျောင်းမှာ သင်ကြားခဲ့တဲ့  ဆရာ ၊ ဆရာမ များရဲ့ ထူးခြားတဲ့ အလေ့အထ အမူအယာ များကို ပြောပြပြီး ဘယ်သူဘယ်ဝါ ဆိုတာ မှတ်မိပါသေးရဲ့လား ဆိုတဲ့ ပဟေဠိ အစီအစဉ်ပါ ။

ဦးစန်းမြင့် ၊ ကိုမျိုးဇော် ၊ ကိုရန်နိုင်စိုး နှင့် အေးအေးနှင်းတို့ က မေးခွန်းများ မေးခဲ့ပါတယ် ။

ကဲ စနေနေ့ မို့ အလုပ်မအားလို့ မလာဖြစ်ခဲ့တဲ့ သူငယ်ချင်း များကလဲ မှတ်မိသေးရဲ့လား ဖြေပေးကြပါဦးနော် ။

ပဟေဠိ ခေါင်းစဉ်ကတော့ 

သူတို့တွေ ကို လွမ်းတယ်   တဲ့..




၁.       ကျောင်းဝင်းအ၀မှာ                         
သံကြိုးကြီး ပခုံးပေါ်တင်
ရင်လဲမခုန်
မမှိတ်မသုန်ရှိတဲ.
ကျောင်းရဲ.ပြယုဂ်ဖြစ်တဲ့သူ                

၂.       သားတို့လာကြ ညဉ့်ကနက်ပြီ            
တက်ကြကားပေါ် ပြန်ကြစို့နော်
ခေါ်ငင်ဂရုစိုက် စရိုက်ကောင်းတဲ့
ကျောင်းသားတွေချစ်တဲ့သူ                

၃.       ဟိုနားကိုရိတ်၊ ဒီနားမှာ ရှိတ်               
စိတ်လက်ပါစွာ၊ ဟစ်အော်သင်ရင်း
ရင်တွင်းက စေတနာ
ထင်ရှားစွာ မြင်သိရ
အလိုက်မသိ ငိုက်မိတဲ့သူကတော့
သူ.မှာ စိတ်တို ရင်အမောဖျောက်ဖို့
ဗိုက်ခေါက်ကို လိမ်ဆွဲတတ်သူ             

၎.       မင်းတို့အတန်းက ဆူလှချည်လား                  
ဘယ်သူဘယ်ဝါ ကျောင်းသားကဒ်
ရင်ဘတ်မှာမပါလျှင် စတိုင်မကျအောင်
ထိုင်ထလုပ်ခိုင်းတက်သူ                    

၅.       ကွမ်းယာကို အကြိုက်စားရင်း              
ကျွန်တော်တို.တစ်တွေ ဗိုက်သားတင်းဖို့
ဟေ့ကောင်တွေ
ထမင်းစားပြီးလျှင် ဈေးဖိုးလာထုတ်
ချက်ပြုတ်ဖို့ ညွှန်ကြားတတ်သူ            

၆.       စတစ်ကော်လာ လက်တိုအဖြူနှင့်        
နေပူပူ မိုးရွာရွာ
ဘယ်သွားသွား ဘယ်လာလာ
နူးညံ့တဲ့ အပြုံးတွေနှင့်
မြောက်မြားလှစွာသော
သော့တွဲတွေ ခါးမှာချိတ်ဆွဲတတ်သူ   
    
၇.       မျက်မှန် အမည်းကြီး တစ်ခါတစ်ခါတပ်   
ရင်ဘတ်ကိုကော့ကာ လမ်းလျှောက်ရင်း
ဝါတွင်းသုံးလမှာ ကျောင်းဝန်းထဲသာ
ဖ၀ါးချသူ                                     

၈.       AE သင်လိုက် ပြူးလိုက် ရယ်လိုက်                           
ကြုံကြိုက်လျှင် မှတ်သားစရာတွေ ပြောတတ်သူ            

၉.       ဆိုင်းသံ ဗုံသံ                                                 
ဆူညံ ဆိုတီး
သဘောထားကြီး အနုပညာချစ်တဲ့သူ                       

၁၀.     ဒီဇယ်အင်ဂျင် အပီအပြင်နှင့်                               
စေတနာထား ကာသင်ရင်း
ကျောင်းကထိန်မှာ ကျားဖြစ်သွားသူ                          

၁၁.     အခန်းခွင်က မောင်မောင်လွန်တို့                         
အပြင်သွားလျှင် ကွင်းယာဝယ်ခဲ့
မမေ့နဲ.ဆိုတဲ. ပခုက္ကူကသူ                                   

၁၂.     မျက်မှန်ကြီးဝင့်ပီး                                             
မအီမလည်နဲ့ Civil shop က
အနားလာ ဗရုတ်ကျသူတွေကို
ပျားတုတ်သလို တုတ်တတ်သူ                                


၁၃.     မီးခိုးရောင်တိုက်ပုံ ဆံပင်အုန်းဆီရွှဲ                            
အသည်းအသန် ကြိုက်တာက
အ၀ါဗျာလို့ ဆိုတဲ့သူ                                
         
၁၄.     ပုဆိုးထဲ လက်မကိုထောက်                           
မျက်မှောင် ကိုဝင့်ပီး
မောင်ရင်က ကျော်ဟိန်းလား
မေးတတ်သူ                                             

၁၅.     ဘောင်းဘီဖြူ ကင်းပတ်ဖိနပ်နှင့်                    
ယမင်းအလှတွေ ငေးရင်း
သာယာရေးက ခြင်းခတ်ကောင်းသူ                 

၁၆.     သွားလေရာ လက်ထဲမှာခေါက်                      
အင်တာနာနှင့် သင်ပုန်းထောက်သူ                  

၁၇.     ဂျာကင်ကိုကြိုက် အထွေးစိုက်ကာ                            
ခေါင်းလေးကိုငိုက် စာအုပ်ပိုက်သူ                   

၁၈.     ကျောင်းသား( ကျောင်းသူ/သား) တွေကို အရေပေး       
ကျောင်းသားကိစ္စ တွေ ထောင်းထအောင်ကူညီပေမဲ့
အိမ်ကကားကို မမောင်းတတ်လို့
ညီမတွေကို အပူကပ်လိုက်ပို့ခိုင်းသူ                         

၁၉.     ဖလံနယ်ကြိုက် လက်ကလေးကိုပိုက်                        
ညင်သာယဉ်ကျေး သိမ်မွေ့တဲ့သူ
ဒိုက်သရောမဖြစ်အောင် ဟိုက်ဒရောလစ်သင်တဲ့သူ
မျှော်မြင်တတ်ဖို့ Drawing သင်တဲ့သူ                       

၂၀.     သမင်မျက်လုံး တပြုံးပြုံးနှင့် စာတွေသင်                    
တစ်ခါတစ်ခါမှာ တအုံးအုံးနှင့်
ပွဲကြအောင် သင်တတ်သူ                                              

             သူ….သူ…သူ…
သူတို.တွေ အားလုံးကို ကျွန်တော် ကျွန်မ လွမ်းတယ်
        ရော်ရမ်းမှန်ဆ လွမ်းတမ်းတရင်း
                                ကော်ရော်မြတ်နိုး  အကျွန်ရှိခိုးဦးချရပါတယ်။




အမှတ်တယ ဓါတ်ပုံတချို့လဲ တင်လိုက်ပါတယ် ။ အဖြေ သိခဲ့ရင် ကွန်မန့်လေးမှာ ရေးခဲ့ပေးပါနော် ။





















 


ဖိတ်ခေါ်ပါသည် ကျောင်းတော်ဆီ ( လွမ်းနိုင်ဆွေ 3MP 1993)



  •  တို့မြန်ပြည် အလယ်ပိုင်း
တိုင်းဌာန  မကွေးရဲ့ အလယ်
မှိုင်းဆရာ  အတွေ့နဲ့ကွယ်
ရေးဖွဲ့ကာ  ပြရလျှင်ဖြင့်
ယခင့် ယခင်
အရှင့် ဘုရင်တို့ လက်ထက်ကတည်းက
အသက်ထက်စွဲကာ  တူးဖော်
ရွှေမဲလို့ခေါ်ခဲ့  ပြည်တန်တဲ့
ရွှေရေနံတွေ  ထွက်ရာဒေသ ၊

  • ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ  ထင်ပေါ်
မြန်မာ့သမိုင်းမှာ  သခင်ခေါ်ကာထွင်ရစ်
တိုင်းတပါးသား  နယ်ချဲ့များတို့
ချောက်ချားသွေးပျက်  အတွေးနက်စေတဲ့
အဟုတ်အား  နမိတ်တွေနဲ့
အလုပ်သမား  သပိတ်ကြီးကိုခေါင်းဆောင်
အစိုးရစည်းစနစ်ကို  အတိုးချပြီးတီးပစ်တဲ့
ဖိုးလှကြီးဆိုတဲ့  အမျိုးသားခေါင်းဆောင်ရဲ့
ချစ်မြတ်နိုးရာဒေသ၊


  • ဒီဒေသရဲ့ 
မြို့အ၀င်  ကုန်းမြင့်မှာ
ဘုန်းတင့်စွာ  ၀င့်ထယ်ပါလို့
တင့်တယ်ကာ  ခန့်ငြားပေသနော်
စက်မှူသိပံ  အမည်တွင်ခေါ်
ဒို့ကျောင်းတော်၊

  • ဒို့ကျောင်းရှေ့အ၀င်  အသွင်ထူးစွာနဲ့
မုခ်ဦးကတင့်တယ်
ဝင့်ထယ်တဲ့  အပြုံးသဏ္ဍာန်
အမုန်းဟန်မရှိ  ပီတိသရုပ်နဲ့
ကျောက်ရုပ်  ဖိုးလှ ရှိနေတယ်၊

  • ရှားပင်ပျို  ထနောင်းတန်းနဲ့
ကျောင်းတန်းက  သာယာလှပ
အ၀င်ဝမှာလဲ  အဆင်လှတဲ့ စိန်တံချူ
မြင်ရသူ  ဘ၀င်ကျအောင်
အစိမ်းနဲ့အ၀ါ  ယိမ်းနွဲ့ကာပွင့်လန်း
အနီရောင်သန်းတဲ့  စိန်ပန်းတို့နဲ့ရင်ဆိုင်
မနိုင့်တနိုင်  အလှပြိုင်နေကြတယ်၊

  • ကျောင်းရဲ့ပုံစံ  ကျောင်းရဲ့ဟန်က
ပုံထုတ်မှူ   အတတ်ပညာ
ဗိသုကာ  ဆရာတွေရဲ့
အံ့မခန်း  အတွေးအခေါ်တွေနဲ့
ခပ်ဆန်းဆန်းလေး  ရှိနေတယ်နော်၊

  • အမှတ်တမဲ့ ရှူမြင်လျှင်
တစ်ထပ်ပုပု အသွင်ထင်ရပေမဲ့
ဘ၀င်ကျစရာ အဆ်လှစွာနဲ့
အနိမ့်အမြင့်စီလို့ ညီညာလှပ
ရှူမ၀အောင် ရှိနေတယ်၊

  • စာသင်ဆောင် ကိုးခန်းက
တမျိုးဆန်းကာ အသွင်သစ်နဲ့
ရင်နှစ်သည်းခြာ နိုင်ငံ့ရတနာတွေ
နှစ်စဉ်မွေးထုတ် ပြယုဂ်တွေအပြစ်
နှစ်ရှည်ကာလ သာဓကတွေနဲ့
ခန့်ညားထယ်ဝါ ရှိနေတယ်၊

  • မြို့ပြ နှင့် ပုံပြု
လျှပ်အား နှင့် စက်အား
သင်အံမှတ်သား ဒို့ကျောင်းသားတွေ
စွမ်းပကားတွေ လျှပ်အားဝေစေဖို့
ပြသသင်ကြား ဌာနများကား
လေးခုတိတိ ရှိနေတယ်၊

  • ရေမြေကွာခြား ဒေသများမှ
ညီညာဖျဖျ ရောက်လာကြတဲ့ပေါင်းဖက်မိတ်ဆွေ ဒို့ညီအကိုတွေ
နေထိုင်ပျော်ရွှင် ခန်းစဉ်ဖွဲ့ထား
အဆောင်များကား
ပုပ၌ါး နှင့် အင်းလေး
ဇွဲကပင် နှင့် ငပလီ အစီအရီ
တည်ကြည်စွာ ရှိနေတယ်၊

  • ကျောင်းရဲ့ တောင်စွန်း
တဘက်ယွန်းမှာ တည်ဝန်းကာထား
ညီမများတွေ နေနားပျော်စရာ
ရွှေတမာဆိုတဲ့ အမျိုးသမီးအဆောင်ဟာ
တမျိုးမငြီးအောင် ရှိနေတယ်၊

  • ဒီလိုနဲ့ဘဲ
နာရီလည်ရင်း ရာသီစက်ဝန်းတို့
ကုန်ဆုံးလွန်မြောက် သုံးနှစ်ရောက်လျှင်
ဒို့ကျောင်းတော်မှ ခွဲခွာကြ၍
လုပ်ငန်းခွင်ဝင် စိတ်အစဉ်ဝယ်
စက်မှူစွမ်းအား ပြည်ထွန်းကားအံ့
စက်မှူပုံပြု ပြည်ကျိုးပြုအံ့
မြို့ပြအင်ဂျင်နီယာ တမျိုးအလှတီထွင်ကာဟု
ပြည်တခွင်သာစေကြောင်းကိုလ
ရည်ရွယ်ကာ နမိတ်ကောင်းတွေနဲ့
ပေးဝေသွန်းလောင်း ငါတို့ကျောင်းတော်၊

  • တခေါက်တို့တခါ ရောက်လို့သာလာပါ
ဖိတ်ခေါ်ပါသည် ချောက်မြို့ဆိုတဲ့
ဒို့ကျောင်းရှိသည် ဤဌာနီ။

                                              လွမ်းနိုင်ဆွေ ( 3MP - 1993)

Sunday, September 23, 2012

ပဋိရူပ ဒေသ၀ါသ မင်္ဂလာ

၂၀၁၂ စက်တင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့၊
၁၃ရ၄ တော်သလင်းလဆန်း ၈ ရက် (ဥပုသ်နေ့)



ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့




(၄) ပဋိရူပ ဒေသ၀ါသ မင်္ဂလာ
သင့်ရာဒေသ ရွေးနေကြ မုချ ကောင်းစားမှာ

          ကုသိုလ်ကောင်းမှူ များများပြုလို့ရတဲ့ မြို့ရွာနိုင်ငံ အရပ်ဒေသ ကို ရွေးချယ်နေထိုင်တာ ပဋိရူပဒေသ၀ါသ မင်္ဂလာပဲ ။

          စီးပွားဥစ္စာ ရှာဖွေလို့ ကောင်းတဲ့ နိုင်ငံရပ်ခြားကို ဥာဏ်မပါတဲ့ မျက်လုံးနဲ့ ကြည့်ရင် သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသ လို့မြင်နေမှာပဲ ။ တစ်ဘ၀တာအတွက်တော့ ဟုတ်ပါတယ် ။ သံသရာမျက်လုံး ဥာဏ်မျက်လုံး တပ်ကြည့်ရင်တော့ ကောင်းမှူကုသိုလ်များများ ပြုလို့ရတဲ့ အရပ်ဒေသ မြို့ရွာနိုင်ငံ ကိုသာ သင့်တင့်လျောက်ပတ်တဲ့ အရပ်ဒေသ လို့ မြင်လာမှာပါ ။ ဒီအမြင်မရရင် ဥာဏ်မျက်လုံး ကန်းနေလို့ပဲ။

အတွေးမှားရင် သံသရာရှည်မယ်၊
အရွေးမှားရင် ခန္ဓာကျေမယ်၊

          နိုင်ငံရပ်ခြား မှာ အာရုံတွေ ပေါများသလောက် လောဘ၊ ဒေါသ၊ ကိလေသာတွေ တိုးပွားနေမှာပဲ ။ ဒီကိလေသာတွေကို ချေဖျက်နိုင်တဲ့ တရားစွမ်းအား နိုင်ငံရပ်ခြားမှာ နည်းပါးတာ အမှန်ပဲ။

          လောဘချင်းပြိုင်နေကြ ၊ ဒေါသချင်းပြိုင်နေကြတာ နေ့စဉ်ပါပဲ ။ ဒေါသချင်း ပြိုင်ကြ စစ်ခင်းကြလို့ ယခုဘ၀မှာ ရှူံးသူ နိုင်သူ အဖြေ ပေါ်ပေမဲ့ နောင်ဘ၀ မှာတော့  ရှုံးသူရော နိုင်သူရော ကောင်းရာသုဂတိ မရောက်နိုင်လို့ အရှုံးသမား ချည်းဖြစ်မှာပါပဲ ။

          သူတော်စင်တိုင်း နောင်ဘ၀ မှာ အမြတ်ထွက်မယ့် မြို့ ရွာ နိုင်ငံ ၊ အမြတ်ထွက်မယ့် အရပ်ဒေသ ကို ရွေးချယ်နေထိုင်တာ နောင်ဘ၀ သံသရာအတွက် အကောင်းဆုံးပါပဲ ။

Friday, September 14, 2012

ပူဇာစ ပူဇေနယ် မဂၤလာ

၂၀၁၂ စက်တင်ဘာလ ၁၅ ရက် စနေနေ့၊
၁၃ရ၄ ၀ါခေါင်လကွယ်  (ဥပုသ်နေ့)


ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့



(၃) ပူဇာစ ပူဇေနယ် မဂၤလာ
ပူဇော်သင့်ရာ ပူဇော်ပါ နောင်ခါ ကောင်းစားမှာ


          ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးနဲ့ မိဘဆရာသမား ကိုပူဇော်တာ ပူဇာစပူဇနေယျ မင်္ဂလာပဲ ။

          ရပ်ရွာတွေမှာ ၊ မြို့တွေမှာ ၊ တိုင်းပြည်မှာ ချီးမြှောက်သင့်တဲ့သူကို မချီးမြှောက်ဘဲနဲ့ လူမိုက်ကို ခေါင်းဆောင်တင်မယ်၊ ချီးမြှောက်မယ်၊ နေရာပေးမယ် ဆိုရင်လည်း ပူဇာစ မင်္ဂလာပျက်တာပဲ ။

          ဗုဒ္ဓဘာသာဝင်တွေဟာ ဗေဒင်ဆရာ ၊ဓါတ်ဆရာ တွေစကား ယုံကြည်ကိုးစားပြီး နာမည် ပညတ်ကောင်းတဲ့ ဆုတောင်းပြည့်ဘုရား ၊အလိုတော်ပြည့်ဘုရား၊ အဓိဌာန်ပြည့်တဲ့ ဘုရားပူဇော်နေတာတွေ ၊တရားတော်ကို အာရုံမထားဘဲ အသံကောင်း ရုပ်ချောတဲ့ တရားဟောဆရာကို ပူဇော်နေတာတာတွေ  ၊ လူမှူရေး စီးပွားရေးတွေ ဆောင်ရွက်ပေးတဲ့ သံဃာတော်ကို ကြည်ညိုပူဇော်နေတာတွေ ၊ ဒါတွေအားလုံး ဘုရားအလိုတော်ကျ မဟုတ်လို့ ပူဇာစ မင်္ဂလာ ချွတ်ယွင်းနေတယ်လို့ ဆိုရမှာပဲ။

          အသိ သဒ္ဒါ မှန်ကန်စွာ နဲ့ ဘုရားစကားအတိုင်းသက်ရှိထင်ရှား မြတ်ဘုရားနဲ့ မြတ်ဘုရားရဲ့ ရုပ်ပွားဆင်းတုတော် ၊ ဓာတ်တော် စေတီ ဘယ်ဘုရားပဲကြည်ညိုကြည်ညို ၊ဘယ်ရုပ်ပွားတော် ဘယ်စေတီကိုပဲ ပူဖော်ပူဇော် အကျိုးတရားအတူတူပဲရတယ် လို့ ယုံကြည်ချက်နဲ့ ပူဇော်တာတွေ ၊
 အသိအလိမ္မာ တိုးတက်အောင် ၊ ကိလေသာခေါင်းပါးအောင် ဆုံးမ သွန်သင်မှူပေးတဲ့ သံဃာတော် ကို ကြည်ညို ပူဇော်နေတာတွေ ၊ ဒါတွေ အားလုံး ဘုရားအလိုတော်ကျ ဖြစ်လို့ ပူဇာစ ပူဇနေယျ မင်္ဂလာအစစ်ပဲ ။

 ဆွမ်း ၊ ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်းနဲ့လည်းပူဇော်ပါ ။
ဂုဏ်တော်ပွား ၊မေတ္တာပို့၊ တရားနှလုံးသွင်း ဆင်ခြင်နေထိုင်ပြီး တရားနဲ့လည်းပူဇော်ပါ ။
 တရား နဲ့ ပူဇော်တာကို ဘုရားက ပိုနှစ်သက်ပါတယ်။

 ပရိနိဗ္ဗာန်စံခါနီးမှာ တရားနဲ့ ပူဇော်နေတဲ့ အဂ္ဂိဒတ္တမထေရ်  ကို သံဃာ့အလယ်မှာ ငါဘုရားကိုချစ်ရင် အဂ္ဂိဒတ္တမထေရ်  ကဲ့သို့ ချစ်ကြ လို့ ချီးမွမ်းခဲ့တယ် ။
 ဘုရားအနားမှာ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့ ရဟန်းတော်တွေ ကို မချီးမွမ်းခဲ့ပါဘူး ။

 သူတော်စင်တိုင်း ဘုရားအလိုတော်ကျ အမြတ်ဆုံးတရားနဲ့လည်း ပူဇော်နေထိုင်ကြပါလေ ။