[X] Choose Font Here

Saturday, August 12, 2023

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ကိုယ်နှင့် ဝက်သားတုတ်ထိုး သို့မဟုတ် တုတ်ထိုးအစ တုတ်ထိုးအဆုံး )

ကျောင်းပြီးလို့ ရန်ကုန်ဆင်းလာတော့ ၁၄လမ်းက အဖေ့အဒေါ် အဘွားသက်တို့အိမ်မှာနေရတယ် ၊ ၁၄ လမ်းမြေညီထပ် မှာဆိုတော့ တိုက်ခန်းအပြင်ထွက်ရင် ကို တုတ်ထိုးဆိုင်က ရှိနေတာ ၊အိမ်ကနေ ကားဂိတ်ထွက်ထွက် ဘယ်သွားသွား တုတ်ထိုးဆိုင်တွေ တန်းစီနေရော ၊ အထွက်တိုက် အဝင်တိုက် ဆိုတော့ ဝင်စားမိပေမယ့် မက်မက်စက်စက်တော့ မဟုတ်ဘူး ။ နောက် တုတ်ထိုးစားရင် လည်း သူများအသားမကြိုက်သူမို့ အများကြီးမစားဘူး ၊ စွပ်ပြုတ်ရည်မသောက်ဘူး ၊ ဝက်စွပ်က ဆီတွေအများကြီးဆိုတော့ ဆီတွေနဲ့ဟင်းရည် ကို မသောက်ချင်လို့ ........... အိမ်ထောင်ကျတော့ ကချစ်မောင်က တုတ်ထိုးသိပ်ကြိုက်တယ် ၊ တုတ်ထိုးဆိုင်ထိုင်ရင် မပြီးနိုင်မစီးနိုင် ၊ သူတို့သူငယ်ချင်းတွေ လည်းကြိုက်ကြတော့ ဆုံကြတွေ့ကြရင် ဆိုင်သွားထိုင် စားကြတာပဲ စလုံးရောက်တော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကဆိုတော့ စားချင်တာတွေက ဒီလို အလွယ်တကူမှ မရသေးတာ ၊ ကချစ်မောင် ကြိုက်တတ်တော့လည်း ဒီလိုပဲ ရှာကြံ လုပ်ကျွေးရတော့ ဝက်သားတုတ်ထိုး အိပ်စ်ပတ် ဖြစ်လာတယ် ဆိုပါတော့ ၊ တုတ်ထိုးကို ကောင်းကောင်း စားစေချင်တာဆိုတော့ ဝယ်ရတာကိုက အချိန်ပေးရတယ်၊ အူချို လျှာ နှလုံး အသည်း စတာတွေကို WET MARKET က သွားဝယ်ရတယ် ၊ မနက် ၈နာရီကျော်ရင် ရဖို့ မသေချာတော့ အလုပ်ပိတ်ရက်ပေမယ့် မအိပ်နိုင် စျေးစောစော ထပြီးသွားရတယ် ၊ အစာအိမ် ကိုတော့ Giant ကဝယ်ပြီး အူပိတ်နဲ့ နားရွက်ကို ရှင်းဆောင်းကနေ ဝယ်ရတယ် ၊အူချိုနဲ့ အူမှား မှာစိုး၊ အသားလတ်မလတ် ကြည့်ချင်တော့ ကိုယ်တိုင်ဝယ်ရတယ် ၊ နောက် အသားကို ဆေးကြောတာက အစ ဆားနဲ့ ဆေး၊ ဗနီကာနဲ့ဆေး ၊ များများဆေးရင်း ဆား ဗနီကာ အရသာပါသွားမှာစိုးလို့ သူများမခိုင်းရဲဘူး ကိုယ်တိုင်ဆေးတယ်၊ ပြီးမှ အသားနှပ်ရင် နှမ်းဆီလေးနဲ့ ကိုကာကိုလာလေးထည့်နှပ်တာ ဆီပူလှိမ့်တော့လည်း ကိုယ်တိုင် ဆိုသလိုပဲ ၊ ဝက်သားတုတ်ထိုးဟာ ကိုယ်တိုင် တော်တော် ပါဝင် ရတဲ့ အစားအသောက်ပဲ ၊ အချဉ်ရည် ဖျော်တာကအစပေါ့ ဆိုင်ဖွင့်လိုက်တော့ ကိုယ့်ရဲ့ ဝက်သားတုတ်ထိုးဟာ ရောင်းကုန် (ရောင်းပြီဆိုတာနဲ့ တန်းပြီးကုန်တဲ့အထဲ ပါတယ်) အလုပ်များလွန်း အချိန်မရှိလွန်းလို့ ဝက်သားတုတ်ထိုးမလုပ်တာကြာပြီ ၊ ဆိုင်က စျေးဝယ်တွေဆို ခနဲ့သလို ရိသလိုတောင် ပြောကြတယ် ၊ အမတို့က ပိုက်ဆံလိုချင်လို့ ဖွင့်တာမှ ဟုတ်ရဲ့လား၊ သူများဆိုင်တွေဆို ရောင်းချင်လွန်းလို့ အမတို့ဆိုင်ကတော့ ဒါလေးအဆင်ပြေတယ် စားကောင်းတယ်ဆို ဆက်မလုပ်ဘူး ရပ်လိုက်ရောဗျာ နဲ့ တွေ့တိုင်းပြောတာ၊ အခု စမူဆာလည်း အဲလိုပဲ တောင်းဆိုသူတွေများလွန်းလို့ ကဲလေ ဝက်သားတုတ်ထိုးလေး လုပ်လိုက်ပါဉီးမယ်ပေါ့ ဆိုပြီး ကုန်ကြမ်းဝယ်တဲ့အထိ အိုကေနေသေးတာ ။ ဆေးတော့ ကြောတော့မှ သံဝေဂတွေ ရတာ ရတာဆိုတာ ဒီ အူတွေကို ဆက်ကို မကိုင်နိုင်ဘူး ၊ ဘာလို့ဆို မကြာသေးခင်က ပြီးခဲ့တဲ့ တရားစခန်းမှာ ၃၂ ကောဌာသ ကို ရှူခဲ့သေးတာကိုး ၊ တကယ်တော့ လျောင်းကမ္မဌာန်းမှာ အရိုးစု မြင်ပြီး ဒီအရိုးစုကိုပဲ ရှူခဲ့တာပါ ၊ ဒါပေမယ့် စခန်းကြီးမှာတော့ အရိုးစုပြီး ၃၂ ကောဌာသ ကို ကြိုးစားပြီးဆက်ရှူ ခဲ့တယ် ၊ ကိုယ်တိုင် ကိုယ့်ခန္ဓာကို အရိုးစုပြီး ၃၂ကောဌာသ နဲ့ သေချာသွင်းနေတုန်း ဆရာတော့် တရားက ဓါတ်ကြီးလေးပါးရောက်လာ‌တော့ တခါထဲတောဇောဓါတ်မီးတောက်လိုက်တာ ကိုယ့်ခန္ဓာ ကြီး ကို တခါထဲ burn ထည့်လိုက်တာ ၊ တရားလည်းဖြုတ်တော့ ငိုလိုက်ရတာ ၊ သြော် ကိုယ်သေရင် ကိုယ်ငိုရတာမဟုတ်ဘူး ၊ အခုမှ ကိုယ့်ခန္ဓာလောင်ကျွမ်းသွားတာ တရားမှတ်ရုံနဲ့ ငိုလိုက်ရတာဆိုတာ ဒီတော့ ဝက်သားတုတ်ထိုးအတွက် အူတွေကို ဆေးတာ ကြောတာ အရသာနယ်ဖတ်ရတာတွေကို နှလုံးက သိပ်မခံနိုင်သေးလို့ တော်တော်နဲ့တော့ ထပ်လုပ်ဖြစ်ဉီးမယ် မဟုတ်ဘူးလို့ ........ ဟမ်

1 comment:

  1. Su Su Kyi
    သာဓု သာဓု သာဓုပါရှင်
    လုပ်ဖြစ်ရင်တော့ တပွဲနော် 😜

    ReplyDelete