[X] Choose Font Here

Friday, August 3, 2012

မိသားစု အတွက် ဖွယ်ဖွယ်ရာရာ

တမိသား နဲ့ တမိသား ပေါင်းစပ်တဲ့ အခါ နေရာဒေသ ၊ ဓလေ့ ၊နေ့စဉ် အလေ့ အထ တွေ ကွာနေရင် တော့ အတော် ညှိယူရတာပါ ။ ဒီအထဲမှာ နေ့စဉ် စားသုံးတဲ့ အစားအသောက် ကို ညှိရတာတော့ ပိုခက်မယ် ထင်ပါတယ် ။

ကျမ ကတော့ အစားအသောက် ကို အနံ့မပြင်း အရသာမစူးရှ ရင် အားလုံး စားပါတယ် ။ အညာသူ ဆိုတော့ ရေချိုငါး စားတတ်ပေမဲ့ ရေငံငါး တို့ အောက်ပြည်အောက်ရွာက ငါးတို့တော့ စားကျင့် သိပ်မရှိဘူးပေါ့ ရှင် ။ အဲ ငပိ ဆို အိမ်မှာက စိမ်းစားငပိ စားတာများတယ်ပေါ့ရှင် ။

အိမ်က ကိုချစ်မောင်ကြီးကတော့ အောက်ပြည်ရွာသားဆိုတော့ ငါးကြိုက်တယ်ရှင့် ။ ပြီးတော့ ငါးချဉ် ပုစွန်ချဉ် သုပ်စားတာ ကြိုက်တယ် ။ ကျမတို့ဖြင့် ပုစွန်ချဉ် ငါးချဉ် ကို အသားစိမ်း ငါးစိမ်း လို့ဘဲ မြင်နေတော့ မစားရဲပေါင်ရှင် ။

 သူက တော့ အသားထက် ငါး ကို ပိုကြိုက်တယ်ရှင့် ။ ချစ်သူ ဘ၀ ကများ ကျမ အဆောင် ကိုလာလည် ရင် ဟင်းတွေ ချက်ပြီးယူလာခဲ့တယ် ။ ငါးပြေမ ကို မရမ်းသီး နဲ့ နှပ် ၊ ငါးခူ ကို စဉ်းကောပြီး ရဲရိုရွက် ထည့်ချက် ၊ ငါးမုတ်ကြော် နဲ့ သူ ချက်ပြီး ယူလာတာတွေ က စားလို့ ကလဲ ကောင်းတော့ သူ့ကိုယူဘို့ ရဲရဲ ကြီးဆုံးဖြတ်ခဲ့တာပေါ့...:D

အဲ ယူပြီး မှ  မှားမှန်းသိတာပါ ( ဘွာတေး ဟုတ်ပေါင် ယောင်ပြီးပြောမိတာပါ )

ကျမ က ဟင်းချက်ရင် အသား ငါး ကြက်သွန်ဖြူ ဂျင်း အားလုံးပစ်ထည့်ပြီး ချက်ပလိုက်တာပါဘဲ ။
သူက ဂျင်းကြက်သွန်ဖြူ နီ ကို သေချာထောင်း အရောင်အတွက် ငရုတ်သီးပါထောင်း ဆီသတ်ပြီးမှ ချက်တာ ကြိုက်သတဲ့ ၊ မွှေနေ အသားထည့် မွှေ ၊ နောက် ငံပြာရည်လေးထည့် တဲ့ တဆင့်ခြင်း ပေါ့လေ ။ ပို အရသာရှိသတဲ့ ..ဒါပေမဲ့ ညှော်မှာ မီးပူ ခံရမှာက ပိုသေချာပါတယ် ။ ကျမ က အရပ်လဲ ပု သလေ ။

ဒါပေမဲ့ မိန်းမ ဆိုတာကတော့  ကိုယ်ဘာဘဲဖြစ်ဖြစ် ကိုယ့် အိမ်ဦးနတ် အကြိုက် ကို ကြိုးစားချက်ပေးကြတာပါဘဲ ။ ပင်ပန်းပေမဲ့ ကိုယ်ချက်ထားတာ ကို မိသားစု က မြိန်မြိန်ယှက်ယှက် အားပေးတယ်ဆိုရင် မောသမျှ ပြေတာပါဘဲ လေ ။

ပိတ်ရက် ဆိုရင်တော့ သူ့အကြိုက် ကိုယ့်အကြိုက် ဖွယ်ဖွယ်ရာရာ လေးတွေ ချက်စားဖြစ်တာပေါ့ ။

ဘူးသီးဟင်းချို ၊ ကြက်သားဆီပြန် ၊ကျောက်ပွင့်သုပ် ၊ ခရမ်းချဉ်သီးပန်ထွေဖျော် နဲ့ တို့စရာ အစုံပါ ။ စားကြပါဦး ရှင် ...:D


 ထူးထူးခြားခြား ဟင်းမဟုတ်ပေမဲ့  စားလို့ မြိန်တဲ့ ဟင်းအတွဲ အဖက် ပါ ။ ဟင်းတမျိုး စီ စိတ်ဝင်စားစရာ မရှိပေမဲ့ ဒီအတွဲ အဖက် တိုင်းချက်ရင် စားလို့မြိန်မှာ သေချာပါတယ်နော် ...။


ဒါကတော့ ပဲဝါလေးဟင်းချို ၊ ကင်းပုံသီး ချက်နဲ့ ငါးကြော် ကြက်သားကြော်ပါ ။ သရက်ချဉ် သုပ်လေး  ၊ ဘာလချောင်ကြော် ငံပြာရည်ကြော် လေးနဲ့ တွဲဖက်စား ရင် မြိန် မှ မြိန် ပေါ့ ရှင် ။ ကျမ ကတော့ စိမ်းစားငပိထောင်း ကို သံပုရာရေ ညှစ်ပြီး စားပါတယ် ။



 ငါးခြောက် ၊ရုံးပတီသီးနဲ့ ချက်ထားတဲ့ ဘူးသီးချဉ်ရေပါ  ။ ရုံးဖွင့်ရက် အလုပ်ရှူပ်ချိန် ဖွယ်ဖွယ်ရာရာ မချက်နိုင်တဲ့ ကျမ အတွက်တော့ အလွယ် အမြန်ချက်လို့ရတဲ့ ဒီဟင်း နဲ့ ငံပြာရည်ကြော် နဲ့တင် စားလို့ မြိန်ပါတယ် ။ ကိုချစ်မောင် လဲ ကြိုက်တယ်ပေါ့ရှင် ...။



သီးစုံချဉ်ရေ ၊ ၀က်သားဟင်း ၊ ပုစွန် ဆီပြန် နဲ့ ငရုတ်သီးစိမ်းကြော်ပါ ။ မေမေ က ၀က်သားမစားလို့ ပုစွန် ဆီပြန်လေး ပါ ချက်လိုက်တာ ။ ဒီ လို ဟင်းအတွဲ ဆို ကိုချစ်မောင်တို့ က ၀ိတ်ချဘို့တွေ ဘာတွေ မေ့သွားတယ်ရှင့် ..အဟင်း..ဟင်း..ဟင်း ။


အပေါ်က သီးစုံချဉ်ရေ ပါဘဲ မြင်သာအောင်လို့ သတ်သတ်ရိုက် ထားတာပါ ။


ဟင်းနုနွယ် ရွက် နဲ့ တိုင်ထောင်ပဲသီး အရှည် နဲ့ သုပ်ထားတာပါ ။ ထမင်း ပူပူလေး နဲ့ စား စား ၊ နေ့လည်နေ့ခင်း  ရေနွေးလေး နဲ့ မြည်းမြည်း ကျမ ကတော့ အရမ်းကြိုက်တာပါဘဲ ရှင် ။ အလွယ် သုပ်လို့ရတာလဲ ပါတာပေါ့လေ ။


နောက် နေ့ မှ တခြားချက်စားဇြစ်တာလေးတွေ တင်ပါဦးမယ် ။ ပုံမှန် ဟင်းလျာလေးတွေ မို့ ချက်နည်း ရေးနေစရာ မလိုပါဘူးနော်...။

6 comments:

  1. အားလုံးကို စားချင်တယ် ရှလွတ်

    ပိုးပိုး

    ReplyDelete
    Replies
    1. ပိုး ဘယ်နေ့ ဘာစားချင်လဲပြော ...:D

      Delete
  2. This comment has been removed by the author.

    ReplyDelete
  3. ကိုချစ်မောင်ရဲ့ ဇနီး ဂျာနယ်ကျော်မမသံက သိပ် သိပ်တော်တာပဲ .. ဟင်းစပ်လေးတွေ မှတ်သွားတယ်.. ငရုပ်သီးစိမ်းထောင်းကြော်တွေ ပန်းကန်ကြီး ၁ လုံးပဲ ။။။ အရမ်းစပ်လား..စိတ်ဝင်စားတယ်.. တစ်ခါမှ မစားဖူး..ပဲသီး ဟင်းနုနွယ်သုပ်လည်း စိတ်ဝင်စားတယ်

    ReplyDelete
    Replies
    1. စင်စင် က ကွန်မန့် ရေးတာ သိပ်သိပ် တော်တာဘဲ ..ကွန်မန့် ရေးနည်း သင်တန်းဖွင့်ပါလားဟင်...:D

      Delete
  4. ကူးကူးလှိုင်November 13, 2012 at 6:46 PM

    အသီးအနှံကြိုက်တဲ့သူဆိုတော့ အစ်မချက်ထားတဲ့ဟင်းတွေ အတော်များများကို အားပေးသွားတယ်နော်...

    ReplyDelete