[X] Choose Font Here

Monday, August 27, 2012

ဘူးညွန့်ဟင်းချို ၊ ငါးဖယ်သုတ် နှင့် ချဉ်ပေါင်ကြော်

ဒွေး နဲ့ ထက်ထက် တို့ ရဲ့ တခေတ်တခါ က နာမည်ကြီးလှတဲ့ ကြော်ငြာသီချင်း လေးဆိုရင်း မယ်သံတယောက် ဟင်းချက် နေပါတယ် ........

♫....♫  အိမ်မှာလေ ♫  ဖွယ်ဖွယ်ရာရာ ♫  မေလေ ချက်ထားတယ် ♫....


ခဏ နေ ချက်ပြုတ်ပီးတော့ ကိုချစ်မောင်ကြီး ကို ထမင်းစားရအောင် လို့ သွားခေါ်လိုက်ပါတယ် ....

"  တော့  ကချစ်မောင် ဒီမှာ ထမင်းဟင်း ကျက်ပြီ  စားရအောင် ..တကတဲ မှ ကွန်ပျူ တာဘဲ မျက်နှာအပ်နေ  ..မိန်းမ ကို ကြက်သွန်တတက် ကူပြီး မနွှင်ဘူး .ဒီမှာ  ဆွမ်းတော် ကပ်လိုက်ဦး  ပြီးရင် ထမင်းစားဘို့ လာခဲ့တော့ ..ကျမ က မနက်လင်းထဲ က တလှုပ်လှုပ် နဲ့ ဆိုတော့ ဆာ သတော့ " 

 စသဖြင့် သာယာ နာပျော် ဖွယ် အသံ စာစာလေး နဲ့ ကိုယ့်အပေါ် အချစ်တွေ တိုးသထက် တိုးအောင် ခေါ်ရတော့တာပေါ့ ...:P



ထမင်းပွဲ ပြင်ဆင် ခူးခပ် အပြီးလောက် မှာ "ဘာတွေ များဖွယ်၂ရာ၂ တွေ ချက်ထားသတုန်း" လို့ မေးရင်း ၀င်လာတော့..

အင်းးးးသူ့အကြိုက်လေး ဦးစားပေးဖြေမှ ......:=)


* ဟောဒီမှာ ငါးဖယ်သုပ် ..ရှင့် အကြိုက် ခရမ်းချဉ်သီးလေး နံနံပင်လေး နဲ့ လေးလေးပင်ပင် သုပ်ထားပါတယ် ..






 - နောက်ကော ????

* ဟင်းရည် သောက် မပါမဖြစ် မှန်း သိပါတယ် တော် .ဘူးညွန့် ဟင်းချို လေးနဲ့ ပေါ့ ။ မနေ့ က ပင်နဆူလာ ရောက်တုန်း ၀ယ်လာတာ ..တစည်း ကို S$1.50 တောင် ပေးရတာ တနပ်စာဘဲ ရတယ်ဆိုတော့ မကိုက်လှ ဘူး... (လို့ ခေါင်းခါခါ လည်ခါခါ နဲ့ ပြော)





* ပြီးတော့ ကျမ အကြိုက် ချဉ်ပေါင်ကြော် လေး နဲ့ ပေါ့ ...:D




- ဟွန်း ..ဒါများ ဖွယ်ဖွယ်ရာရာ တဲ့...( သူ ကလဲ ပြောခွင့်သာတုန်း ဖမ်း နှိပ်တော့တာ )
* (ကိုယ်ကလဲ ဘယ်  ခံ နေပါ့မလဲ)  ရှင် ဒီလို မပြောနဲ့ ..ကျမတို့ ငါးဆူတောင် နားမှာ အုတ်ဖုတ်တုန်းက ဆို မနက် ရေချိုးသွားရင်း ချောင်းဘေး အခင်း က ခရမ်းသီးခူး ထမင်းချက်နေတုန်း ထင်းမီးဖိုထဲပစ်ထည့် ဒီလိုဘဲ ဆီလေး ပြားလေး နဲ့ သုပ် ၊ ငါးနီတူ ငရုတ်သီးကြော် လေး နဲ့လေ အဲဒိတုန်းကတောင် ရှင် မြိန်မြိန် ကြီး စားခဲ့တာ မဟုတ်လား ..။

- ဟာ  အဲဒီတုန်းကတော့  ငယ်တုန်း ရွယ်တုန်း ကိုး ၊ ၀မ်းမီးက တောက်နေတော့ ဘာစားစား ကောင်းနေတော့တာပေါ့ ။ အင်းးလတ်လတ်ဆတ်ဆတ် စားရတာလဲ ပါသပေါ့ကွာ ..အခန့်သင့်ရင် ထန်းရေချို လေး လဲ ရသေးတာ .....အင်းးးးး ဒီအရသာတွေ မထိတွေ့ရတာ နှစ်ပေါင်း များစွာ..

* ဟုတ်ပနော် ..အခုလို တိုက်တာပေါ်မျာ ရေအဆင်သင့် မီးအဆင်သင့် နေရတော့ လဲ အဲဒီတုန်းက မီးမရှိ ၀ါးခင်းတဲပေါ်မှာ လူတွေ အများကြီး စကားပြောရင်း  ပျော်ပျော်ပါးပါး စကားပြောရင်း အိပ်ခဲ့ကြတာ သတိရတယ် .လက သာတဲ့ အခါလဲ သာ မှောင်တဲ့ အခါ လဲ မှောင် ...
မနက်ဆို လင်းခါစ မြူခိုးဝေနေတဲ့  ချောင်းထဲ ဆင်းမျက်နှာသစ်ရင်း ရေတခါထဲချိုး ၊ ရေချိုးပြန်တော့ ချောင်းဘေးအခင်းက ပဲသီး ၊ခရမ်းသိး ၊ဘူးညွန့် ဖရဲညွန့် ခူးတန်တာခူး ချက်လိုက် သုတ်လိုက် နဲ့ စားခဲ့ရတာ စိတ်ချမ်းသာ ချက် ..ရှင်ဘဲ အနား ရှိနေလို့လားမသိ လိုအပ်ချက် မရှိပေါင်ပါတော် ....။

ဟောတော့ မယ်သံ တို့ နှစ်ယောက် ရှေးဖြစှ်ေနာင်းဟောင်း ပြောရင်း နဲ့ စားလိုက်ကြတာ ထမင်းတအိုး ပြောင်ပါရောလား....။

ကဲ ထမင်း စားပြီးတော့ လဲ နာနတ်သီး အချို ပွဲ လေး အားပေးလိုက်ပါဦး တော် ။


(မယ်သံ တယောက် အူကြောင်ကြောင် နဲ့ ဘာတွေ ရေးနေသတုန်း လို့ မမေးပါ နဲ့ နော် ..အခုတလော စိတ်တွေ ရှူပ် စိတ်တွေ ကုန် နေလို့  အရင် ချိန် လေးတွေ ကို ပြန်တမ်းတမိလို့ပါ ။)

5 comments:

  1. စိတ်တွေရှုပ်နေလို့ ရေးထားတဲ့ စာသားလေးတွေတောင် ဒီလောက်အဆင်ပြေနေရင် စိတ်ကြည်လင်တဲ့အခါ ထပ်ရေးမယ့် ပို့စ်လေး ဖတ်ချင်တယ် သန္တာရေ။ ပြောဟန်ဆိုဟန်လေးတွေ မျက်လုံးထဲကွင်းကွင်း ကွက်ကွက်မြင်ယောင်မိတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. Good post,
    lovely memories...

    ReplyDelete
  3. စားချင်ထှာအေ.....

    ReplyDelete
  4. အသုက်တွေထဲမှာ ငါးဖယ်သုပ် အကြိုက်ဆုံးပဲ။လက်ဖက်ကိုတောင် သူ့လောက်မကြိုက်။

    ReplyDelete
  5. ကူးကူးလှိုင်November 13, 2012 at 6:16 PM

    ဘူးညွန့်ဟင်းချိုပူပူလေးသောက်လိုက် ငါးဖယ်သုပ်လေးစားလိုက်နဲ့ အတော်စားကောင်းမှာပဲနော် စားချင်လိုက်တာ...

    ReplyDelete