မယ်သံတို့ သွားခဲ့တာ တညအိပ် ၂ ရက်ခရီးလေးပါ ။ စနေ ပါ ပိတ်တဲ့ သူတွေကတော့ ဒီလို ဆက်တိုက် ပိတ်ရက်တွေ ကို စောင့်စရာမလိုဘဲ ဗီဇာ ကြိုလျှောက်စရာ မလိုတဲ့ အတွက် ဆန္ဒ ရှိရင် တန်းပြီး သွားနိုင်တဲ့ နေရာလေးပါနော် ။
မယ်သံ တို့ က တရုတ် နှစ်ကူး 23.01.2012 က သွားပြီး 24.01.2012 မှာ ပြန်လာခဲ့တာပါ ။
တည အိပ်မှာကို ဟိုတယ် ၊ ခရီးစဉ် ကိုယ့်ဟာကိုယ် မစီစဉ်တော့ဘဲ တိုးရ် နဲ့ သွားခဲ့ပါတယ် ။ အင်တာနက်ထဲ မှာ Batam Tour cheap price လို့ ရိုက်ထည့်ပြီး ရှာတော့ အများကြီးဘဲ ထွက်လာတဲ့ အထဲက Spa Villa Leisure Pte.Ltd. ကို ရွေးခဲ့ပါတယ် ( Spa ကိုစိတ်ဝင်စားတာ ရော ၊ တည်းရမဲ့ KTM Resort က ပင်လယ်ကြီး ဘေး မှာ ရှိတာရော ၊ ရုံးက ညီမလေးတယောက်က အယင်သွားဘူးထားတော့ ကောင်းတယ်လို့ ထောက်ခံတာလဲပါတာပေါ့) ။
spavilla@batamspavilla.com ကို အီးမေး ပို့ပြီး အသေးစိတ် အစီစဉ် ကို သိချင်လို့ မေးလိုက်တဲ့ အခါ
1. Adult c/w :S$108.00
- 2 way ferry tickets
- Land Transfer(pier-resort-pier)
- Accommodation with Breakfast
- 90 mins Ocean View Spa
- City tour with a seafood lunch on day 2
2. Terminal Charges (Seaport Taxes) :S$ 27.00
3. CNY Surcharges :S$ 20.00
ဆိုတော့ အထက်ပါ အားလုံးအတွက် တယောက် ကို S$ 155.00 ကျသင့်မှာ ဖြစ်ပါတယ် ။
အသွား အပြန် Ferry ရှိတဲ့ အချိန် ကိုရွေးခိုင်းတော့ ဒီက အသွားကို တတ်နိုင်သမျှ စောစော (9း 30 am) ရွေးပြီး နောက်တနေ့ အပြန်ကိုတော့ နောက်ကျ ပြီး ညနေ ( 7း 30 pm) ရွေးခဲ့ပါတယ် ။
Ferry Schedule ကို ဒီမှာ http://sindoferry.com.sg/ ကြည့်ျနိုင်ပါတယ် ။
#02-50/51, 2nd Sty Harbour Front မှာ Batam Fast Ferry Service Counter မှာ Boarding pass & return Ferry tickets ကို မနက် 8း 30 မှာ ယူရပါတယ် ။
Batam - Sekupang Ferry Terminal (1st Stop) အထိ ခရီးသွားချိန် ၁ နာရီ ၁၀ မိနစ် ဖြစ်ပါတယ် ။
ဒီလို ferry နဲ့ သွားခဲ့ရတာပါ ။ အလွန်မြန်ပါတယ် ....:D
Sekupang Ferry Terminal ကိုရောက်လို့ အင်ဒို အင်မီဂရေးရှင်း ကိုဖြတ် အပြီး အပြင်ထွက်လိုက်တော့ KTM Resort က ကြိုတဲ့ ကားလေး ကို အသင့်တွေ့ရပါတယ် ။ ၈ မိနစ်လောက် ကြာတော့ KTM Resort ကိုရောက်ပါတယ် ။ ၁၁ နာရီ ၀န်းကျင်လောက် ရောက်သွားပြီး Hotel Reception မှာ စာရင်း သွားပေးတော့ ကျမတို့ က နေ့လည် ၂ နာရီ မှ အခန်းထဲ ၀င်ရမှာမို့ ဧည့်ခန်းမှာ ထိုင်စောင့် ရပါမယ် လို့ပြောပါတယ် ။ မယ်သံတို့ သူငယ်ချင်းတဖွဲ့ တရက်စောသွားတာ သတိရလို့Reception ကို မေးလိုက်တော့ သူတို့ ရှိနေသေးတယ် ဆိုတာကြောင့် အဲဒီကို လိုက်ပို့ခိုင်းပြီး သွားနားပါတယ် ။ (တကယ်တော့ ပင်လဲမပင်ပန်းသေးပါဘူးနော်)
စုံတွဲတွေ ဓါတ်ပုံ ရိုက်လို့ ကောင်းတဲ့နေရာပါ ။
ဟိုတယ် Reception အ၀င်...
ပင်လယ် ကြီး ရဲ့ ဘေး...
ဟိုတယ်အတွင်း အပြင်အဆင်
နှစ်ယောက်သား အိုင်ဖုန်း နဲ့ အင်တာနက်မသုံးရ လို့ သဘောတူညီချက် ယူထားလို့ အေးအေးဆေးဆေး ဖတ်စရာ စာအုပ်လေးတွေ ယူလာခဲ့ပါတယ် ။
စာဖတ်ရတာ ညောင်းလာတော့ ၀ရံတာ ကနေ ပင်လယ်ကြီးကို လှမ်းမျှော် ငေး ရင်း လွမ်း ရ ဆွေးရတယ် ..:D
ဗိုက်ဆာ လာတော့ စားသောက်ခန်းမ ကိုချီတက်လာခဲ့ကြပါတယ် ...
စားခဲ့ကြတာလေးတွေပါ...:D
ပင်လယ်စာ တွေ စားရင် ကန်စွန်းရွက်ကြော် တော့ စားဖြစ်အောင် စားပါတယ် ။
ဟင်း ချည်းဘဲ မတင်းတိမ် တတ်တော့ ထမင်းကတော့ စားဖြစ်အောင် စားပါတယ် ။
အုန်းရည် ရဲ့ အရသာ က စင်္ကာပူ ထိုင်းဆိုင်တွေ ကလို မချိုဘဲ ချဉ်ချဉ် စူးစူး ကြောင့် ထောပတ်သီးဖျော်ရည်ကို ထပ်မှာပြီး သောက်ခဲ့ပါတယ် ။ သံပုရာ ရည် က ပင်လယ်စာနဲ့ မတည့်ဘူးတဲ့ ...:P
ပို့စ် ကို တခု ထဲ အပြီးရေးချင်တာ ဓါတ်ပုံတွေ များပြီး ရှည်သွားလို့ နောက်တပိုင်း ခွဲပြီး ရေးပါမယ် ။
ဆက်ပြီး အားပေး ကြပါဦး နော် ...:D
အားပေးနေတယ် များများသွား များများစား
ReplyDeleteပိုးပိုး
လာ လေ ပိုးပိုး အတူတူ သွားကြမယ် ...း)
Deleteကိုယ်တိုင်ရောက်သွားသလိုပဲ သန္တာရေ။ အဲဒီလို ရှုခင်းလေးတွေမြင်ရင် ခရီးသွားချင်စိတ်ပေါ်လာပြန်တယ်း)
ReplyDeleteစားစရာတွေလည်းစုံစုံလင်လင်။ အင်တာနက် အိုင်ဖုန်းမသုံးကြေး ဆိုတော့ အပြည့်အဝနားရတာပေါ့ ကောင်းတယ်။
အဆက်လေးဖတ်ဘို့ မျှော်နေမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးပါ တီတင့် ရေ ။ အတူတူသွားကြရအောင်လေ ။
Deleteတီတင့် လဲ ကျန်းမာ ပျော်ရွှင်ပါစေ ရှင် ။