[X] Choose Font Here

Sunday, December 30, 2012

ဖူးခက် က ထိုင်းမာဆတ်


ဖူးခက်မှာ မာဆတ်တွေ ပေါချက်ကတော့ လမ်းထွက်လိုက်ရင် တန်းစီနေရော ။ မာဆတ်ပြီး ဆီးဖုဒ် ၊ ဆီးဖုဒ်ပြီး မာဆတ် နဲ့ ဒီဆိုင်တွေချည်း ရှိတယ်မှတ်ရတယ် ။

မာဆတ် က သက်သက်သာသာ နဲ့ ပိုက်ဆံ ရလွယ်တဲ့ အလုပ်မို့ မြန်မာနိုင်ငံသားတွေ အဲဒီမှာ လုပ်ခွင့် မရှိပါဘူးတဲ့ ။ သူကနိုင်ငံသားတွေ သက်သာ ရာ လုပ်ကြ ၊ တခြားက တရားမ၀င်လာတဲ့သူတွေက ပင်ပန်းတာ လုပ်ကြ ဆိုတဲ့သဘောပေါ့လေ ။
စိတ်မကောင်းစရာ ပြောရရင် ဖူးခက်မှာ အိမ်အစုတ် တွေ တန်းလျားတွေ ဆိုတာ မြန်မာတွေ နေကြတာပါတဲ့ ။ သူ့တို့ နိုင်ငံသားတွေ ဘယ်လောက်ဆင်းရဲ ဆင်းရဲ အိမ်အစုတ်မှာောတ့ ဖြင့် မနေကြဘူးဆိုပဲ ။ အဲ လိုပြောရလောက်အောင် ကို အိမ်ကောင်းကောင်းတွေ ပေါပါတယ် ။ အိမ်အစုတ်တော့ မတွေ့ဘူး ။ သွပ်မိုး သွပ်ကာ တန်းလျားတွေ တော့ တွေ့တာဘဲ ။ နေကြတာလဲ ကိုယ်တွေ့သလောက်က  မြန်မာတွေဘဲ ။ ကလေးတွေရော ၊ ဒီကလေးလေး တွေ ဟာဘယ်လိုမှ ပညာသင်ဖြစ်မှာမဟုတ်ဘူးလို့ တွေးပြီး ၀မ်းနည်း၇တယ် ။

အဲ စကားပြန်ကောက်ရရင် တွေ့လေရာရာ ဘော်ဒီမာဆတ် ဆိုတဲ့ တကိုယ်လုံး နှိပ်တာမှာ  တနာ၇ီကို ဘတ်၂၀၀ ဆိုတော့ စင်္ကာပူဒေါ်လာ ၁၀ ထက်တောင် နည်းနေလေတော့ စိတ်ဝင်စားတာပေါ့  ။
ကိုယ်ကတော့ မိန်းမချင်းဆိုတော့ တွေ့တဲ့ဆိုင်မှာ ၀င်အနှိပ်ခံတာဘဲ ။ သူတို့ ယောင်္ကျားလေးတွေကတော့ လှတ ပတ လေးတွေ နှိပ်တာ ပို စိတ်ဝင်စားမှာပေါ့လေ ။
စစချင်း ၀င်လိုက်တဲ့ဆိုင်မှာ ကိုယ့်ကို နှိပ်ပေးမဲ့သူက အားကောင်းမောင်းသန်ဘဲ ။ ကိုယ်ကလဲ ခပ်၀၀ မို့ အားကောင်းမောင်းသန် ရွေးလွှတ်သလားမသိ ။ ဒါပေသိ သူ့လက်ကလေးတွေက နူးညံတယ် ။ ဇက်ကြောတွေ မျက်ခုံးကြောတွေ ခေါင်းတွေ လက်ပြင်တွေကို နှိပ်တာ ရှယ်ဘဲ ။ ကောင်းမှကောင်း ။ နေ့စဉ်ရက်ဆက် ကွန်ပျူတာ ကိုင်ပြီး မျက်ရိုးကိုက်သလိုလို ညောင်းချိသလိုလို နေရာက ပေါ့ပါး သွားတော့ ထိုင်းမာဆတ် ကို အတော်ကြိုက်သွားတယ် ။

ရယ်စရာပြောရရင်  ကိုယ်အနှိပ်ခံနေတုန်း အဖြူကောင် တယောက် တက်လာတာ သူ့ကို နှိပ်မဲ့ သူကိုကြည့်ပြီး ပြန် ပြေးဆင်းသွားတာ ။ ဟုတ်တယ်လေ ဒီဆိုင် က လှတ ပတ ရုပ်ပြစားတာ မဟုတ်ဘဲ တကယ် နှိပ်တတ်သူတွေ ထင်ပါရဲ့ ။

အမျိုးသားက အဲဒီနေ့ ကိုယ်အနှိပ်ခံတဲ့ ဆီမှာဘဲ သူပါဝင်အနှိပ်ခံပြီး နောက်နေ့တွေတော့ လှတပတ လေးတွေ ဆီ သွားကြရအောင်ပါဟ နဲ့ ပြောရော ။  ကိုယ်လဲ အေး အေး ပေါ့ ။ သွားရင်း လာရင်း ဘယ်ဆိုင်လေး သားနားလဲ ၊ ရှေ့မှာ ထိုင်နေသူတွေ လှလဲ ကြည့်ထားပေါ့ လို့ ပြောရတယ် ။

နောက်တရက် မာဆတ် သွားမယ်ဆိုတော့ ကိုယ်လဲ သူ့အလိုလိုက် သူရွေးတဲ့ဆိုင်ဘဲ လှတ ပတ လေး ရှိတဲ့ဆီ သွားကြတာ ။ အားလုံး ၆ ယောက်အဖွဲ့ ၊ သုံးတွဲပေါ့လေ ။ ရောက်၂ချင်း လူရွေးလို့ ရလား မေးပြီး ရတယ်ဆိုရော အလှဆုံးထင်တဲ့သူ ရွေးပြီး ကဲ ယောကျား သူနဲ့ သွားအနှိပ်ခံချေ ပြောလိုက်တာ  အင်း ဆိုပြီး သုတ်ခနဲ ထွက်သွားတာ မြန်လိုက်တာ ဗျာ။ ကျန်တဲ့သူတွေ က ထိုင်မာဆတ် လား ၊ ဆီ နဲ့လား ၊ ခြေထောက်တင်ဘဲလား နဲ့ ရွေးပြီးလို့ အနှိပ်ခံမယ်လဲဆိုရော သူတို့ကို မတွေ့တော့ဘူး ။
ကျန်တဲ့ ငါးယောက်မှာ တယောက်က အနှိပ်မခံတော့ လေးယောက်ပေါ့ တဖွဲ့ အနှိပ်ခံမဲ့ နေရာကို ၀င် စကားတပြောပြောနဲ့လေ ။ လေးယောက်က အတူတူ ၊ ကိုယ့်ယောကျားကို မမြင်လို့ တို့အဖွဲ့ထဲက ပထမဆုံးဝင်သွားတဲ့ တယောက်ရော ဆိုတော့ သူက ဒီအထပ်မှာမဟုတ်ဘူး တခြားအထပ်မှာတဲ့လေ ။

အမလေး ..လူလေးကသာ လှတ ပတ နုနယ်တာ ဆွဲချက်တွေကတော့ ပြင်းသဗျာ ။ နှိပ်တာကလဲ  အသားကုန်ဗျင်းတယ်လို့ ပြောရင်တောင် နည်းမလားဘဲ ။ ကျောကို များ ဒူးနဲ့ထောက်ပြီး လက်နဲ့ ဆွဲတော့ အဆစ်တွေကဆို တဂျွတ်၈ျွတ်နဲ့ အဲ့ဒိအချိန်မှာတော့ ကောင်းနေတာပေါ့ ။ နောက်မှ ဘာကြောင့်လဲမသိ ကိုယ်တွေလက်တွေ နာနေတာ အခုထိဘဲ ။

နှိပ်ရင်း နင်းရင်း စကားတွေ ပြောကြတော့ ဘေးက ညီမကို နှိပ်တဲ့သူက ကောင်းလား တဲ့ ။ အဲတော့ ဟယ် နင်ဗမာ စကားတတ်လားဆိုတော့ နည်းနည်း တဲ့ ။ အဲတော့ ဆက်ဗျူးကြတာ .....ဘာလူမျိုးလဲဆိုတော့   မှတ်ပုံတင်အရ ထိုင်းလူမျိုးတဲ့ တကယ်တော့ မိဘတွေက နှစ်ယောက်လုံး မွန်တွေ ။ အဖေ က မော်လမြိုင်မှာ တဲ့ ဒီဘက်ကို မလိုက်ဘူး တဲ့ ။ သူ့အမေ နဲ့ ညီမ ကတော့ ဘန်ကောက်နားမှာတဲ့လေ ။ ထိုင်းမှာဘဲမွေး ၊ နာမည် ကလဲ ထိုင်းနာမည် ဘဲယူတာ မွန်နာမည် ကတော့ မိအေးနိုင်တဲ့လေ ။  သူက ထိုင်းမှာ အလယ်တန်းထိ ကျောင်းနေဖူးတော့ အီး လိုလဲ အတော် ပြောတတ်တယ် ။ ကိုယ့်ကို နှိပ်တဲ့ ထိုင်းမ ဆို အီးလို လဲ သိပ်မရဘူးရယ် ။ ဖူးခက်ကို ရောက်တာ နှစ်လလောက်ဘဲ ရှိသေးတာတဲ့ ။ တယောက်ကို ဘတ်၁၀၀ နှုန်း၇တယ်တဲ့ ။ ဆိုင် နဲ့ တ၀က်ဆီပေါ့ ၊ တနေ့ကို သုံးယောက်ကနေ ကိုးယောက် အထိ နှိပ်ရတယ်တဲ့ ။ နေစားရိတ် စားစရိတ် ကိုယ့်ဟာကိုယ် ပေးရပါတယ် တဲ့ ။ မြန်မာပြည်ကို တခါမျ မရောက်ဖူးဘူး သူ့အဖေ ကို တွေ့ရအောင် တခေါက်လောက်တော့ သွားချင်တယ်တဲ့လေ  ။

ဖူးခက် ကို တရားမ၀င်လာကြတဲ့ မြန်မာ အများစုက မော်လမြိုင်ကပါတဲ့ ။ နီးတာကိုးလေ ။

စာရေးဆရာမ မစန္ဒာရဲ့ ပန်းပွင့်ခရေ ၀တ္ထု ထဲကလို ( သူပြောသည့် နိုင်ငံခြားကို တရားဝင်ရောက်ရှိနေခြင်းမဟုတ်ဘဲ စက်လှေ နှင့် ခိုးဝင်ခဲ့ရခြင်းဖြစ်သည်။ သူများနိုင်ငံ ၊ သူများတိုင်းပြည်၊ သူများဧ။် ဥပဒေအောက်သို့ တရားမ၀င်ခိုးဝှက်ပြီး ရောက်ရှိနေကြခြင်းသည် မည်မျှ မျက်နှာငယ်ပြီး မည်မျှ အန္တရာယ်ကြီးကြောင်းကို လည်း သူမသိပေ။ ) ဆိုသလို တကယ်ဘဲ မသိကြလို့လား ၊ သိပေမဲ့ တရားဝင် ထွက်ဖို့ အရင်းအနှီး မရှိကြတာလား  ။ ဘာဘဲ ဖြစ်ဖြစ် ကိုယ့်သွေးသားတွေကတော့  ........။

သူများ နိုင်ငံမှာ ကိုယ်လုပ်နိုင်မှ ကိုယ်စားရ ။ နေမကောင်းတောင် ကိုယ့်ရှိမှ ကုနိုင် ။ တစ်ခုခု ဆို ကိုယ့်ကို ကာကွယ်ပေးမည့် သူမရှိ ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေကြရတဲ့ ကိုယ့်လူမျိုးတွေ အားလုံး ဘေးဒုက္ခ အန္ထရာယ် ကင်းပြီး အဆင်ပြေကြပါစေလို့ ဆုတောင်းရုံမှတပါး ....။

No comments:

Post a Comment