[X] Choose Font Here

Monday, February 13, 2012

ဘ၀ရဲ့အမှတ်တရနေ့စွဲများ (Tag)

သမီးစံ လေးတဂ်ထားတာပါ ။ သိပ်မကြာသေးပါဘူး ဖေဖော်ဝါရီ ၅ ရက်ကပါ.....း)

အသက်ကလေး ရလာပြီဆိုတော့ အမှတ်ရစရာတွေ အများကြီးပေါ့ ။ ကိုယ်တိုင်ကတော့ အတိတ်က ဘယ်လိုဘယ်ညာ လို့ ပြန်စဉ်းစား တမ်းတတတ်သူမဟုတ်ဘဲ ဒိန်းသေမိန်းသေ နေတတ်သူဆိုတော့..........

ပြောရရင် အားလုံးဟာ ပြီးတော့လဲ ပြီးသွားတာပါဘဲ။

ဒီထက်ကြီးလာပြိး တာဝန်ဝတ္တရားတွေ မရှိတော့ လို့ အချိန်ပိုလာတဲ့အခါ များမတော့ ပြန်ပြောချင်မလားမသိ ။

၂၀၀၅ နိုဝင်ဘာ ၆ ရက်မှာမင်္ဂလာဆောင်ပါတယ် ။ စလေမှာပါ ။
ဟုတ်ကဲ့ နိုဝင်ဘာ ရ ရက် မနက်မှာ သတို့သားနဲ့ သူ့မိဘများ အညာရောက်တုန်း ပုဂံဘုရားဖူးသွားကြပါတယ်။ ဟုတ်ကဲ့ မယ်သံမပါ ပါဘူး ။နေပြည်တော် ပရောဂျက် အရေးကြီးနေလို့ လိုတဲ့ ပစ္စည်းတွေ ကိုယ်တွက်ပြီး  မှာပေးရမှာမို့ တယောက်ထဲ ရန်ကုန် ကိုပြန်ခဲ့ရပါတယ် ...ရွှတ်...း(

၂၀၀၅ နိုဝင်ဘာ ၂၀ မှာ ဇီဝိတ ဒါန မှာ မင်္ဂလာဦး ဆွမ်းကျွေးပါတယ် ။
နိုဝင်ဘာ ၁၉ မှာ အိမ်မှာ အမျိုးတွေ များလို့ နားညီးတဲ့မယ်သံ အပြင်ထွက် ရုပ်ရှင်ကြည့် ၊ အချိန်ပို ကြေးအိုးသောက် ၊Spa သွား ဒါလဲအချိန်ပို ရုပ်ရှင်ထပ်ကြည့် ၊ ၃၈ လမ်းညဈေးလျှောက် စားချင်တာတွေစား ည ၁၀နာရီမှ အိမ်ကိုပြန်ပါတယ်။(တော်သေးတယ် ပန်းမမ မဖြစ်လို့) 
မနက်ကျ နေမြင့်မှ အိပ်ယာထ သတို့သမီးဆိုတော့ ဘာမှ မလုပ်ရ ကောင်းလေစွ ၊ အားနေ ၊ ကိုမာ လာ အလှပြင် (စလေမှာပြင်တာ ၂နာရီခွဲလောက် ကြာတာ ကိုမာ ပြင်တာ ၂၅ မိနစ်လောက်ဘဲကြာ) အတော် ကိုလှသွားလို့ အရမ်းကျေနပ် ။
အလုပ်တွေများလို့ သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာလို့ မင်္ဂလာဆောင်မှာ တွေ့ရတဲ့ အခါ စကားတွေ တရစပ်ပြော တဟားဟား ရယ် ။ (ဒီလောက် ရယ်တဲ့ ထမင်းထိုင်စားတဲ့ သတို့သမီးမကြုံဘူး ဟု ဆိုကြ)
နောက်နေ့ ရုံးသွားတော့ ဒါရိုက်တာဆီ စာရင်းပြောစရာရှိလို့ဝင် * ဟင်မနေ့ က နင့် မင်္ဂလာဆောင် မဟုတ်လား  ၊ ဒီနေ့ ရုံး ဘာလာလုပ်တာလဲမေး * ဟွန့် သများလုပ်စရာတွေ တပုံကြီးဟာကို.သူမသိရော့လား...း(

၂၀၀၅ ဒီဇင်ဘာ ၉ ရက် တရားရုံးမှာ လက်မှတ်ထိုး ။ ဇီဝိတ ဒါန သွား ၊ ဆွမ်း၊ဆေး၊မျက်စိ ပဒေသာပင် စိုက် ၊ ဘုန်းကြီး မင်္ဂလာဦးအတွက် ဆုတောင်း ပေး ရေစက်ချ အတော် ကိုကြည်နူး စရာပါ ။ (မင်္ဂလာဆောင်မဲ့ မောင်  ညီမ များ မင်္ဂလာဦးဇီဝိတဒါန သံဃာ့ ဆေးရုံကြီးမှာ အလှူဒါန ပြုကြစေလိုပါသည်။ အဲဒီက ဆရာတော်တွေ မင်္ဂလာဦးအတွက် ဆုပေးတာ ပြည့်စုံ ကောင်းမွန်ပြီး ကြည်နူးရ လွန်းလို့ပါ )

၂၀၀၆ စက်တင်ဘာ ၃၀ ရက်နေ့မှာ သားလေး တယောက်မွေး ခဲ့ပါတယ် ။ စက်တင်ဘာ ၂၉ ရက် သောကြာနေ့မှာ  နေပြည်တော်စီမံကိန်းအတွက် မယ်သံတွက်ထားတဲ့ ပရောဂျက်တခု စာရင်းချုပ်မှာမို့ မေးစရာရှိတာမေးရအောင် ဆိုပြိးရုံးကလာခေါ်လို့ ရုံးကိုတနေကုန်သွားခဲ့ရပါတယ်။ ညနေ ကျ ရုံးအဖွဲ့သားတွေ စုပြီး လဘက်သုပ် စား ကြတယ် ။မာကလာသီးလဲစားခဲ့တယ်။ ညကျ တရုတ်ကား ရွှေမင်းသမီးလာတာ ကြည့်ပြီး ၁၁ နာ၇ီခွဲလောက် အိပ်တော့မယ်ဆိုပြိး လှဲ လိုက်တော့ ဗိုက်နာလာရော ..လဘက်တွေ မာကလာသီးတွေ စားခဲ့လို့ဖြစ်မယ်ဆိုပြီး အိမ်သာသွား ၊ မောင်လေးက သီချင်းကြည့်နေတော့ ၀င်ကြည့် ထိုင်နေတာ ဘာမှ မဖြစ်၊တခါ လှဲလိုက်ပြန်တော့ နာပြန်ရော ။ ဒီလိုနဲ့ ၁ နာရီလောက်ကျတော့ ရိုးရိုး ဗိုက်နာမဟုတ်တော့ဘူး ။ မီးဖွားချင်လို့ဘဲဆိုပြီး ဂျူးဒိတ်ကြည့်လိုက်တော့ အဲဒီနေ့ဘဲ ။ ဒါနဲ့ ခေါင်းရင်းခန်းမှာအိပ်နေတဲ့ အမေ့ကိုနှိုးတော့ ဟာ စနေနေ့ ကြီး မမွေးနဲ့ဦး အောင့်ထားတဲ့ ။
ပြီးတော့ နာတဲ့ဆီ စိတ်မရောက်အောင်လို့ဆိုပြီး ရှေးဖြစ်နှောင်းဟောင်းတွေ ပြောပါတော့တယ် ။
သူ ဘာတွေဘယ်လိုပြောပြော ၂ နာ၇ီလောက်ကျတော့ အိမ်သာတခါသွားတော့ သွေးပါလာတာနဲ့ ယောကျားကို လက်တို့ပြောပြီး အောက်ထပ်ကသူနာပြု ဆရာမ ကို သွားခေါ်ခိုင်းပါတယ် ။လိုက်လာကြည့်ပြီး သားဦးဆိုတော့ ဆေးရုံသွားဘို့ပြောပါတယ်။ ဒါနဲ့ တခါ တက်ဆီ သွားခေါ်ရပြန်ပါတယ်။ မနက် ၃ နာ၇ီ အိမ်ကစထွက်လာတော့ဒီလိုပါဘဲ လွှားခနဲ ကားပေါ်တက်လိုက်တာ ဗန္ဒုလ တံတားပေါ်ရောက်လို့ ရွှေတိဂုံဘုရားကို အာရုံပြုမှ နာလာလိုက်တာ အမလေး ကိုဦးရဲ့ နာတယ်တော့ လို့ပြောတော့ ကားသမား က ရယ်လိုက်တာ ။ ဆေးရုံရောက်လို့ တာဝန်ကျ ဆရာမလေးတွေနှိုးလို့ စာရင်းသွင်းတာ ဘာညာ ကိုယ်တိုင်ပြောနေတာ အိုကေ ။ လှည်းပေါ်တင်ပြီးတွန်းတော့မှ အမလေး အော်လိုက်တာ နာလွန်းလို့ ။ သိပ်မကြာပါဘူး ၄း၃၀ မှာ သားဦး စနေသားလေး နေတက် လေး မွေးပါတယ်။

၂၀၀၆ နိုဝင်ဘာ ၂၆ သားလေး ၅၆ ရက်သားမှာ ကိုဦးစလုံးသွား  လေဆိပ်ကို လိုက်ပို့ ။ မိခင် နှင့် ယောကျား အကြား ဗျာများ နေရတော့ လေဆိပ်ပို့ပြီးပြန်အလာ အဖေ့ ကို * ကဲ အဖေ လဲ စိတ်ချမ်းသာတော့ သမီးလဲ ခုတော့ စိတ်ပေါ့သွားပြီ ပြောလို့ အဖေ အံ့သြောနေ *......း) စတာနော် ကိုဦး ..ဟိ။

၂၀၀၈ မတ်လ ၁ ရက်နေ့ စကာင်္ပူ ကိုထွက်လာ ။ အရာရာ နဲ့ အကြောင်းကြောင်း မယ်သံ အမှတ်ရစရာ အများကြီးဖြစ် ။ စာရှည်မှာစိုးလို့ နောက်မှ အကျယ်ချဲ့ရေးပါတော့မယ်။

၂၀၀၈ မတ်လ ၂၂ ရက် အလုပ်ရ ။
၂၀၀၈ ဧပြီ ၅ ရက် Spass approved .

၂၀၀၈ နိုဝင်ဘာ သားလေးနေမကောင်းတဲ့ သတင်းစကြားရ ။ ခေါင်းအရမ်းနာတယ် တဲ့ ။
၂၀၀၈ ဒီဇင်ဘာ သားလေး ခွဲစိတ်ဘို့ပြန် ။ ခွဲစိတ်မှူအောင်မြင် ။ စလုံးပြန်လာ ။
၂၀၀၉ ဖေဖော်ဝါရီ လဆန်း သားလေး ဦးခေါင်းထပ်နာနေပြန်ပြီတဲ့ ။
၂၀၀၉ ဖေဖော်ဝါရီ ၁၄ ကိုယ့်မွေးနေ့ သားလေး ပင်လုံမှာ CT Scan ဖတ်တာ အကြိတ် က အရင်လို အကြီးကြီးဖြစ်နေပြန်ပြီ တဲ့ ...........း(

၂၀၀၉ မတ် ၆ ရက် ပီအာ ကျ ။

၂၀၀၉ မတ် ၂၀ သားလေး ဆုံး။

၂၀၁၀ ဇွန် ၂၂ အလုပ်ပြောင်း ။
၂၀၁၀ သြဂုတ် ကလေးလေး ထပ်ရှိတာ သိခဲ့ရ ။
၂၀၁၁ မတ်လ ၁၈ ၊ သမီးလေး မွေး ။

ကဲ သမီးစံလေးရေ အမှတ်ရစရာတွေ က များ မှ များ ။ တခုစီ သာ ဖြစ်ကြောင်း ပျက်ကြောင်းရေး ရ ရင် ဖတ်ရတာ ပျင်းမှာ စိုးလို့ နောက်မှ ဘဲ ရှည်ရှည်ေ၇းတော့မယ်နော့ ။

ပျော်ပျော်ပါးပါး ပေါ့....း)

3 comments:

  1. စိတ်မကောင်းဘူးအစ်မ...
    ဒါပေမယ့်..ပျော်ပါတယ်း)
    အစ်မက..valentine day မွေးတယ်လား
    တစ်ရက်တည်းနေ့နှစ်နေ့ဆိုတော့
    လက်ဆောင်တစ်ခုပဲရမှာပေါ့ ;)
    သားသမီးတွေအများကြီးနဲ့
    ကြိတ်ကြိတ်တိုးစည်ပင်နေတဲ့
    ပျော်ရွှင်ဖွယ်မိသားစုလေးပိုင်ဆိုင်ပါစေရှင် :D

    ချစ်ခင်လျှက်

    ReplyDelete
  2. ဘဝရဲ့အမှတ်တရနေ့စွဲများတဂ်ပို့စ်လေးဖတ်သွားတယ် သန္တာရေ။
    ရက်စွဲတွေကိုစနစ်တကျအသေအချာကိုမှတ်ထားတာပါလား။
    အော် စနေသားလေးတိုက်တိုက်ဆိုင်ဆိုင်ဖတ်ရပြန်ပြီနော်။
    ကံကြမ္မာရဲ့မျက်လှည့်ပြတာမှန်းရခက်တယ် သန္တာရေ။
    အထင်နဲ့လက်တွေ့ကိုအမြဲတန်းသွေဖီစေတာကံကြမ္မာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မမမမယ်သံရဲ့ပျော်ရွှင်စရာလေးတွေ အမှတ်တရလေးတွေကို ဖတ်သွားတယ်မမရေ .
    သမီးလေးက ဒုတိယကလေးကိုးး
    မမတို့မိသားစုပျော်ရွှင်ချမ်းမြေ့ကြပါစေ

    ချစ်တဲ့

    ဒိုးကန်

    ReplyDelete