[X] Choose Font Here

Monday, February 13, 2012

"အောင်ဆန်းဇာနည်"


ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။

၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။


ဒီနေ့ ဟာ တို့နိုင်ငံရဲ့ဖခင်ကြီး သက်ရှိထင်ရှားရှိနေသေးရင် ၉၇ နှစ်မြောက်မွေးနေ့ပါ ။
သမီးလေး ကြီးလာရင် ကိုယ့်နိုင်ငံ ရဲ့ ဖခင်ကြီး အကြောင်းသိစေချင်လို့ ပေးဖတ်ဘို့ လင့်လေးတွေ စုထားတာပါ ။

ဒီလင့် လေးတွေ ရလို့ ညီမ မိုးခါး
ညီမလေး သမီးစံ  တို့ ကို အထူးကျေးဇူးတင်ပါကြောင်း။ 

ဗိုလ်ချုပ်အကြောင်း
Bo-Gyoke-Aung-San-Poems

2 comments:

  1. အစ်မရည်ရွယ်ချက်လေး..ကောင်းပါတယ်။
    "ဗိုလ်ချုပ်..ကောင်းရာသုဂတိလားပါစေ"


    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  2. မနက်က ဖေ့ဘွတ်မှာ ကိုတီဇက်အေက
    ဒီမိုကရေစီလမ်းစဉ်များ
    ဗိုလ်ချုပ်ချမှတ်သွား
    လို့ ပြင်ရေးထားတာ တွေ့လိုက်တယ် မယ်သန်ရေ... :P


    စင်စင်

    ReplyDelete