[X] Choose Font Here

Saturday, January 21, 2012

ဟောင်ကောင်ခရီး (23.12.2011 - Day 1)

Day 1 မှာ  ညနေစာ နဲ့ Victoria Peak , Madame Tussaud's (အမှန်တော့Peak နဲ့ တနေရာထဲပါ) , Avenue of Stars and A Symphony of Lights နဲ့  Ladies Market အတွက် HK$ 350.00 ဆိုတော့( HK$ 6.09 = S$1.00 ) S$ 58 လောက်ကျနေပြီ ။ အဲဒီ မှာ သုံးဘို့ ဟောင်ကောင် ၂၀၀၀ ဘဲ လဲထားတာညနေတင် ၃၅၀ ဆိုတော့ အင့် သွားတယ် ။ ညနေစာ စားရတာ မကောင်းတာ ကလွဲလို့ ကျန်တာ ကတော့ ပျော်စရာကြီးပါဘဲ ။
Weather က  14.33°C လောက်ရှိတာဆိုတော့ စင်္ကာပူ ရာသီဥတုနဲ့ဆို ရင် အေးတယ်လို့ ပြောရမှာပါ ။Peak ကိုရောက်တော့ ညရှူခင်း ကလဲ အရမ်းလှ အေးက လဲအေးဆိုတော့ အားလုံးက ပျော်လဲပျော် ချမ်းလဲချမ်း နဲ့ ကုပ်ကုပ်လေး ဆိုတော့ တယောက်ကိုတယောက်ကြည့်ပြီး ရီနေကြတယ်။ တိုး နဲ့ သွားတာ အချိန် ကို ကန့်သတ်ထားတယ် ဆိုပေမဲ့ ရောက်တုန်းရောက်ခိုက် ဟောင်ကောင် ရဲ့ ညအလှ ကို အားရပါးရ ကြည့်ကြတယ် ။ ပြီးတော့ အဲဒီအဆောက်အဦးမှာ ရှိတဲ့ ကမ္ဘာ ကကျော်ကြားသူများ ရဲ့ ရုပ်တု တွေ ရှိတဲ့ Madame Tussaud's ကိုသွားကြပါတယ်။

























ကျန်တဲ့သူတွေ နဲ့ ဓါတ်ပုံရိုက်ရင် ဖရီးပေမဲ့ ဂျက်ကီချမ်းနဲ့ အိုဘားမား နဲ့ဆို ဟောင်ကောင်ဒေါ်လာ 100.00 စီ ပေးရပါတယ်။ အလွန် အင်မတန် နှမြောလှ တဲ့ မယ်သံဟာ ဂျက်ကီချမ်း ရဲ့ လက်မောင်း ကိုချိတ် ရိုက်လို့ 100 ကုန်တာ ကိုတော့ မနှမြောခဲ့ ပါဘူး ။ (သူ့ဘို့ ဘာလက်ဆောင်ပါလဲ လို့မေးတဲ့ အိမ်ကလူကြီး ကို အဲဒီဓါတ်ပုံပေးလိုက်တဲ့ အခါ ကောင်းချီးထောပနာပေး လိုက်တာ ညံသွားပါတယ်..ဟီးဟီး ၁၀၀ တောင် တန်တာ ဘဲဟာကို..)

တွေ့သမျှ နာမည်ကျော်တွေ နဲ့ ဓါတ်ပုံရိုက်လိုက်တာ တိုးကသတ်မှတ်ထားတဲ့ အချိန်ကို အတော်ကြီးကျော်သွားပါတယ်။ 

ပြီးတော့တောင်ပေါ်ကနေဆင်းပြီး  Avenue of Stars and A Symphony of Lights ကိုလာခဲ့ ကြပါတော့တယ်။

 





Avenue of Stars က နာမည်ကျော် ဘရုစလီ ပါ ။



စတားတွေ ရဲ့အမှတ်တယ များ ။


Avenue of Stars က ပင်လယ် ရဲ့ ဘေး ပါ ။ ပင်လယ်တဘက် ကို လှမ်းပြီး ညရှူခင်းတွေ ကြည့် ရတာ အလွန်ဘဲ ပျော် ပါတယ်။ 

အဖွဲ့ သားများ ဒီနေရာ မှာ ပျော်လွန်းလို့ တိုးနဲ့ Ladies Market  ကို ဆက်မလိုက်တော့ဘဲ ဒီမှာဘဲ ည ကို အချိန်ကုန်ပြိး ဟိုတယ် ကို ပြန်ကြပါတယ် ။ ခြေကျင်လျှောက်ပြန်လို့ ရတဲ့ အကွာအဝေးပါ ။

ဒေး ၀မ်း မှာ ကိုဘဲ ဓါတ်ပုံ တွေ အများကြီးပါ ။ ဒေးတူးကို ဆက်ရေးချင်လို့ ဒီလောက်ဘဲ တင်လိုက်ပါတယ်။



 


6 comments:

  1. ဓာတ်ပုံတွေ ကောင်းတယ်ဗျို့ ..စန်းထွန်းတို့ တုန်းကတော့ Madame Tussaud မဝင်ခဲ့ဘူး..အမ Symphony of Lights ကြည့်ခဲ့လား..ဓာတ်ပုံတွေ တင်ပါဦး

    ReplyDelete
  2. ဘယ်မလဲ လက်ချိတ်ထားတဲ့ပုံ.. ဒီလိုတော့ ရှိုမထားပါနဲ့.. ပြပါ...

    စင်စင်

    ReplyDelete
  3. ဂျက်လီမဟုတ်လောက်ဘူးနဲ့တူတယ်။ ဘရုစ်လီပါ။

    ReplyDelete
  4. ဟောင်ကောင်အလွမ်းပြေပုံတွေကြည့်ရင်း...........
    ဓာတ်ပုံလေးတွေထဲမှာဓာတ်ပုံတစ်ပုံကိုလိုက်ရှာနေမိတယ် သန္တာရေ။
    ဂျက်ကီချမ်းရဲ့လက်မောင်းကိုချိတ်ထားတဲ့ချစ်ဖို့ကောင်းတဲ့ကောင်မလေးပုံပါး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. စန်းထွန်းရေSymphony of Lights ကို နောက်ကျသွားလို့ မကြည့်ခဲ့ ရဘူး အဲဒါ က ၈နာရီလောက်ပြတယ်ပြောတယ်။
    စင်စင် ..နောက်တော့ မေးပို့ပြမယ်နော်။
    Anonymous ..ဟီး မှားလို့ ဘရုစလီ ပါ ဟောင်ကောင်မှာ ဒီလောက်များတဲ့ စလစ်ဘရစ်တီ ပုံတွေ ရျိတာ ဂျက်လီ ပုံ တပုံမှ မတွေ့ခဲ့ပါဘူး ။
    တီတင့် ရေ နောက်မှ တင်ပါ့မယ် ခွင့်တောင်းရဦးမှာ။

    ReplyDelete
  6. ဘာပဲပြောပြောတန်တယ်မမရေ ဒူးသာဒူး ပျော်ခဲ့တယ်ဟုတ် ဒိုးကန်လဲမရောက်သေးလို့ ရောက်လို့ကတော့ ပေးးး ရိုက်ဦးမှား)
    ချစ်တဲ့

    မဒိုးကန်

    ReplyDelete