၂၀၁၂ ဇန်န၀ါရီ ၁ ရက်နေ့
ရန်ကုန်မှာတုန်းက အလုပ်တူ ညီမလေး သီရိရဲ့ မင်္ဂလာဧည့်ခံပွဲရှိတာကြောင့် စောစောထ ပြင်ဆင်ပြီး ချီတက်ခဲ့ကြပါတယ် ။
နဂိုထဲ က စိတ်ကူးလှလှ လေးတွေ ရှိတတ်တဲ့ ညီမလေးသီရိ သူတကယ်ချစ်လို့ လက်တွဲမဲ့ ပွဲမှာ ဘယ်လို များ ပြင်ဆင် စီစဉ်ထားမှာပါလိမ့် လို့ သူတို့ နှစ်ယောက် facebook မှာတင်ထားတဲ့ Pre Wedding Photos တွေ ကိုကြည့်အပြီး တွေးမိနေတုန်း ချစ်စရာ ရိုမန်းတစ် ဆန်ဆန် ဖိတ်စာလေးရောက်လာခဲ့ပါတယ် ။
The harmony of love meets with the melody of life to create our beautiful love song.
Please join ....တဲ့ ဘယ်လောက်များချစ်စရာကောင်းတဲ့ စာသားလေးပါလိမ့် (ဘယ်သူ့ အိုင်ဒီယာလဲတော့မသိ)။
ကျင်းပမဲ့နေရာ က Burkill Hall (National Orchid Garden) ထဲမှာပါတဲ့ ။
Orchid Garden ထဲမှာ ဆိုတော့ သစ်ခွပန်း ရောင်စုံ တွေ နဲ့ လှပတဲ့နေရာလေးမှာ တိုက်လာတဲ့ လေညှင်းလေးတောင် ပန်းရနံ့ တွေ သင်းပျံ့ နေမှာ ။ ပန်းတွေ ကြားထဲက သူတို့ရဲ့ ချစ်ခြင်း ကို အများသူငါ အသိအမှတ်ပြုစေတဲ့ ပွဲလေး ဘယ်လောက်တောင် လှနေမှာပါလိမ့် ။
ဓါတ်ပုံ ထဲမှာ တွေ့ ရတဲ့ ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်တဲ့ အပြုံး ကို ကြည့်ရင်း ကိုယ်ပါ သဘောတကျ ပြုံးမိတယ် ။
Solemnization ကျင်းပ တဲ့ နေရာလေးပါ ။ မနက် ၁၁ နာရီ အချိန် ရာသီ ဥတု ကလဲ သာသာယာယာ ရှိပါတယ်။
လက်စွပ်လေးနှင့် အတူ ဂတိ သစ္စာ အပြန်အလှန်.....................................................း)
ချစ်သူ နှစ်ဦးရဲ့ အကြင်နာ အနမ်း ။ ( Solemnization ထုံးစံအတိုင်း နမ်းရပါတယ် ။ ဘယ်လောက်ဘဲ ထုံးစံ ဆိုဆို ဘယ်လောက်ဘဲ ချစ်ချစ် လူရှေ့သူရှေ့ ဆိုတော့ ရှက်ပြီး သက်တောင့် သက်သာတော့ မရှိပါဘူး ။ဒီတော့ ထပ်ခါထပ်ခါ နမ်းခိုင်းပါတယ် ။ သတို့သား ကများ Solemnizer ကို ကပ်ပြောထားတာလား သိဘူးနော်....:P )
ချောမော သွက်လက် စမတ်ကျပြီး သတို့ သားကို အကြိမ်ကြိမ် နမ်းဘို့ အခွင့်အရေး ပေးခဲ့သော Solemnizer နှင့်အတူတူ ။
သတို့ သမီးလေး ရဲ့ လက်ကိုင်ပန်းကို နောက်ပြန်ပစ်ပေးပါတယ်။ အပျို တွေ အမိဖမ်း ရတဲ့ သူ အမြန်စွံမယ်တဲ့ ။ ( ဒီအခွင့် အရေး နာ့မှာ ရှိတော့ဘုးကွာ ကတောက် )
ဟော ဘူဖေး အကျွေးအမွေး အစီအစဉ် စပါပြီဗျာ ။
ချစ်သူ နှစ်ဦး ယနေ့ မှ စ သက်ဆုံးတိုင် ချောမွေ့ သော ပန်းခင်းလမ်းမှာ ပျော်ရွှင်စွာ အတူ လက်တွဲ လျှောက်လှမ်းနိုင်ပါစေ ။
အလှမစားနဲ့
ReplyDeleteအ၀စားခဲ့နော်အစ်မး))
ဟက်ပီးတဲ့နယူးရီးယားဖြစ်ပါစေရှင်
ချစ်ခင်လျှက်
မိစံ
အရမ်းကိုကြည်နူးပျော်ရွှင်စရာလေးပါလားနော်
ReplyDeleteအင်းး ဘယ်နှစ်နှစ်ပြည့် လုပ်ရမလဲ
အဲကျမှ ဘလော့၈ါမမတွေကို ပန်းစီးပြန်ဖမ်းခိုင်းမယ်
မမရယ်စိတ်ဓာတ်မကျပါနဲ့ နော် ဟိဟိး)
ချစ်တဲ့
မဒိုးကန်
မရေ... ဆုမွန်ကောင်းအတွက်ရော ဒီပို့စ်လေး အတွက်ပါ အရမ်းကို ကျေးဇူးတင်ပါတယ်။ အရမ်းကိုလေးနက်ပြည့်စုံတဲ့ မင်္ဂလာလက်ဖွဲ့လေးပါပဲ... အရာအားလုံးထက် ပိုတန်ဘိုးရှိတဲ့ လက်ဆောင်လေးပါ :)
ReplyDeleteချစ်ခင်မှုများစွာဖြင့်
သီရိ
သီရိရေ..............ညီမတို့ မင်္ဂလာအခမ်းအနားလေး ကို ဘလော့ဂါ မမရဲ့ အရေးအသား ကောင်းကောင်းလေးနဲ့ ပုံဖော်ပေးထားတော့ ဖတ်ရတာ အရမ်းကိုစိတ်ကြည်နူးစရာလေးနော်.
ReplyDelete