[X] Choose Font Here

Saturday, December 10, 2011

ချစ်တဲ့ကဗျာလေးများ (၂)

ဟို တယောက် အတွက် ကဗျာ ရှာရင်း ငွေတာရီ လို့ နှိပ်လိုက်တဲ့ အခါ အဖြူရောင်သံစဉ်က http://www.apytz.org/65/3440/Page-2.html ကဗျာတွေ စုပေးထားတာတွေ့လိုက်တယ်။
ကျေးဇူးတင်ပါတယ် အဖြူရောင်သံစဉ်။

ဒီအထဲ က ကဗျာတပုဒ်ကို ဖတ်ရင်း ခုထိ ကိုယ့်အတွက် ပင်ပန်းနေရတဲ့ အမေ့ ကို သတိရလွမ်းဆွတ်မိပါတယ်။
ပြီးတော့ သမီးလေး ရဲ့ ဘ၀လမ်း ချောမွေ့ စေဘို့ အထောက်အကူ ပြုနိုင်မဲ့ အားမန်ရှိသော လက်တစုံဖြစ်ဘို့ ကြိုးစားရဦးမယ်လို့ တွေးရင်း အောက်က ကဗျာ လေးကို ခံစားကြည့်မိပါတယ် ။

အမေ့လက်

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။

မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ “အလှ” “အလုပ်”
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

No comments:

Post a Comment