အမသက် သက်ဝေ တဂ်ထားတာဖြင့် ဂျူလိုင် ၂၂ ထဲကဆို တစ်လကျော်တောင်ကြာနေပေါ့ ။ စင်္ကာပူမှာ တန်းစီတာနဲ့ ပတ်သက်ပြီး အမှတ်တရ ရှိခဲ့လို့ ဒီပို့စ်လေးကို မမေမလျော့ရေးပါတယ် ။
တိုးဝှေ့ခြင်းနဲ့သာ နေသားကျခဲ့တဲ့ မယ်သံဟာ ၂၀၀၉ မတ်လ ၁ရက်နေ့မှာတော့ စင်္ကာပူကျွန်းလေးကို အူလည်လည်ရောက်လာခဲ့ပါတယ်။
တကယ့်ကို အူလည်လည်ပါ ။ နယ်မြေဒေသ အကြောင်းတွေ ဓလေ့ ထုံးစံတွေကို ဘာဆိုဘာမှ မလေ့လာခဲ့ပဲ ခပ်တည်တည်လာခဲ့တာပါ ။ အားကိုးကလဲ ရှိတာကိုး ။
မဆိုင်တာ ထည့်ပြောလိုက်ဦးမယ်...
စကတဲက ယဉ်သကို လေယာဉ်လက်မှတ်ဝယ်ထဲက သယ်ခွင့်ရှိတဲ့ကီလိုကို ပြောပြလိုက်ပေမယ့် အဲလောက်အရေးတကြီးသတိထားစရာလို့မထင်ခဲ့ဘူး ။
အသိအကျွမ်းများရင် အလုပ်ရဖို့အခွင့်အရေးပိုရှိတယ်အထင်နဲ့ နီးစပ်ရာအသိတွေကို လူကြုံသယ်သွားပေးနိုင်ကြောင်း ပြောခဲ့တယ် ။
ကီလိုတွေအများကြီးပိုနေပြီး လေဆိပ်မှာတင် ဒုက္ခနဲ့ လှလှ နဲ့ တွေ့ပါလေရော ။
ကီလိုပိုစာကို ပိုက်ပေးရမှာလဲ နှမြော ၊ အဲဒီအချိန်ကျမှ လူကြုံပေးသူတွေကို ပစ္စည်းတွေပြန်ထုတ်ပေးလို့လဲမဖြစ်နဲ့ ဟို အထုတ်ကဒီပြောင်း ၊ ဒီအထုတ်က ဟိုထည့်နဲ့ အရေးထဲ အင်္ကျီ ဖားဖားဝတ်လာတာ အိတ်ထဲက ပစ္စည်းတွေပါထုတ် အဖွင့်အပိတ်နဲ့ အိတ်က ဇစ်နဲ့ ညိပြီး ပြဲပါလေရော ။ တော်သေးတာပေါ့ ကုတ်တစ်ထည်ပါ ထုတ်ထားပေလို့ ခပ်တည်တည် နဲ့ အိုက်ရတဲ့အထဲ ကုတ်အကျီပါ ထပ်ဝတ်ရသေးတာ ။
စင်္ကာပူ ဘက်ရောက်တော့လဲ အလောတကြီး အိတ်ကိုဆွဲမ အလောတကြီးထွက်လိုက်တာ ဒစ်စကောင့်နဲ့ ၀ယ်ထားတဲ့ ဖိနပ်အသစ်လေးက ခေါင်စွပ်လေး ပြုတ်ထွက်သွားပါလေရော အဟင့်
စိတ်ပေါက်ပေါက်နဲ့ ကိုယ့်ခြေထောက်တော့ ဘယ်သူမှကြည့်မှာမဟုတ်ဘူးဆိုပြီး ဒီတိုင်းလျှောက်တာကို ခပ်ချောချော လေယာဉ်မောင်က လှမ်းခေါ်ပြီး ဖိနပ်ကို စတပ်ပလာနဲ့ ချုပ်ပေးတယ် ။
ကိုယ်လဲ ကြည့်ကောင်းကောင်းနဲ့ သူ့ကိုကြည့်လိုက်တာဆိုတာ သူကလဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ..။
အဲဒီမှ စတွေ့တာပဲ ။
ဒီလို ဒီလိုတွေနဲ့ လေယာဉ်ဆီက အထွက်နောက်ကျတဲ့အခါ အင်မီဂရေးရှင်းဝင်တော့ ကိုယ့်ရှေ့မှာ လူတွေ တစ်တန်းကြီး ။
စိတ်မရှည်လိုက်တာဆိုတာ ...
အခုန လေယာဉ်မောင်နောက်လိုက်ပြီး သူတို့ ထွက်တဲ့အပေါက်က လိုက်ထွက်မလို့ လုပ်သေးတယ် ။ မရဘူးဆိုလို့ ပြန်လှည့်လာရသေး ဟင်း
စဉ်းစားသာ ကြည့်ပါတော့ ခေါင်ပြုတ်ဖိနပ်ကို ထိန်းစီးရတာ တစ်ဘက် ၊ လက်က ဟန်းကယ်ရီတွေတစ်ဘက်နဲ့ ဘယ်ကလောက်များ ပျာယာခတ်နေမလဲလို့ ။
အကြာကြီး တန်းစီ စောင့်ပြီး အင်မီဂရေးရှင်းက အောင်မြင်စွာ ထွက်လာတဲ့နောက်ပိုင်းတော့ အထွက်ပေါက်က မထွက်ခင် အပြင်က အတူလာ သူငယ်ချင်းတွေက လှမ်းအော်လက်ပြတော့ security checking counter မှာရပ်နေတဲ့ officer က အဲဒါ နင့်အသိတွေလားတဲ့ ။ဟုတ်တယ် လို့လဲဆိုရော ဒီမှာ သူတို့အထုတ်တွေ နင်ပဲယူသွားတဲ့ ..တိန်
တကယ်တော့ သူတို့က အထုတ်တွေကို စက်နဲ့ ဖြတ်တုန်း ဟိုဘက်မှာကြိုတဲ့သူတွေဆီ ပြေးထွက်သွားကြ နောက် အထုတ်တွေ လာယူမယ်လဲဆိုရော မှန်တံခါးအပြင် ထွက်ပြီးရင် ပြန်ဝင်လို့မှ မရတာလေ ........
ကိုယ်ကတော့ လာကြိုနေတဲ့ ယောကျား ကို ပြုံးလို့တောင် မပြနိုင်တော့ဘူး :'(
လာကြိုတာ ယောကျား တင်မဟုတ်ပါဘူး ငယ်သူငယ်ချင်း ၂ယောက်လဲပါပါသေးတယ် ။ နေမယ့် အိမ် ဂျူရောင်းအိစ်မှာ အထုတ်တွေချပြီး သူတို့နဲ့ တွေ့ဖို့ ပြန်ထွက်လာခဲ့တယ် ။ ဗိုက်ကလဲ ဆာနေတော့ အတော်ပဲ သူတို့နဲ့ လဘက်ရည်ဆိုင် ထိုင်ပြီး တစ်ခုခုစားမယ်ပေါ့ ။
ချစ်သူငယ်ချင်းကိုလျှာရှည်ဟာ မြန်မာပြည်မှာ မရှိတဲ့ KFC ကြက်ကြော်ကို မယ်သံ့ကို သူက ဦးဦးဖျားဖျား ကျွေးချင်တာပါတဲ့ ။ ဒါပေမယ့် သူကလဲ JE မှာ ဘယ်နေရာမှန်းမသိလို့ ဘွန်လေးကို လိုက်ခဲ့ပါတဲ့ ။ ကိုယ်လဲ ဘယ်ကလောက်ဝေးမှန်းတော့မသိပါဘူးလေ သို့သော် သူတို့သဘောပေါ့ စားရဖို့လိုရင်းဟာကို ။
အဲဒီမှာ တန်းစီခြင်းနဲ့ စတွေ့တာပဲ :P
ကိုယ်ကလဲ ဗိုက်ကဆာလှပြီ ။ သူတို့ကလဲ တန်းစီနေ ။ တန်းစီနေတာက အရှည်ကြီး ...
ဒီကြားထဲလာပြီး ဟိုဟာစားမှာလား ဒီဟာစားမှာလား ။
ဟာ မှာချင်တာမှာ ဗိုက်ဆာနေတာပါဆိုမှ ....
တန်းစီမ၀ယ်ရတဲ့ လွယ်လွယ်ကူကူ စားစရာမရှိဘူးလားဆိုတော့ ဖုကောင့်ထဲမှာလဲ တန်းစီရမှာပဲဟ တဲ့ ။
ဟင် ဘယ်လိုပါလိမ့် သူတို့မှာ ပိုက်ဆံပေးစားဖို့တောင် တန်းစီနေရသေးသကိုး ။ ပြီးတော့ စားပွဲထိုးလဲမရှိ ကိုယ်တိုင်သယ်လာရသေး ။
နောက်တော့ အသေးသုံးပစ္စည်းလေးတွေ ၀ယ်ဖို့ဆို အန်တီယူစီ ကို ၀င်တော့လဲ တန်းစီရတာပဲ ။
ရောက်၂ချင်း အင်မီဂရေှးရင်းမှာတန်းစီရ ၊ JE ကနေ ဘွန်လေး ကို ကားနဲ့သွားတော့လဲ ဘတ်စ်ကားဂိတ်မှာ တန်းစီရ ၊ ဟော စားဖို့လဲတန်းစီရ ဈေးဝယ်တော့လဲတန်းစီရနဲ့ စိတ်ပေါက်ပေါက်နဲ့ တန်းစီမြို့တော်လို့ နာမည် ပေးလိုက်ချင်တော့တာ ။
အခုတော့လဲ တန်းစီခြင်းနဲ့ နေသားကျလာခဲ့ပါပြီ ။
မရင်းနီးတဲ့ နေရာရောက်လို့ စားမယ်ဆိုတောင်လူတွေအများကြီး တန်းစီ နေတဲ့ဆီ သွားစားတယ် ။
စလုံးမှာ လူတွေအများကြီး တန်းစီနေပြီဆို ဒါ တစ်ခုခုတော့ စိတ်ဝင်စားစရာပဲလို့ အာရုံမှာ နှိုးဆော်ပြီးသား ။
တန်းစီတာ နဲ့ နေသားကျတဲ့အပြင် တန်းစီတဲ့ စနစ်ဟာ ကောင်းတယ်လို့လဲ လက်ခံလာမိပြီ ။
အနည်းဆုံးတော့ နေ့စဉ်လူနေမှူဘ၀မှာ မလိုလားအပ်တဲ့ ဒေါသတွေ နည်းတာပေါ့ ။
ဒါက ဘူတာမှာ ရထားစောင့်ရင်းတန်းစီနေကြတဲ့ပုံပါ ။
ကိုယ်လဲ ဒီစနစ်ထဲအသားတကျ ၀င်ပြီးတန်းစီလိုက်ဦးမယ်လေ ။ ။
ကုလားမတွေဖားမတွေတခါတခါကျော်ချင်တယ်မမရေ
ReplyDeleteချောကလက်ကလေးးတွေ တန်းစီ
ReplyDeleteအထုပ်အပိုးတွေနဲ့ ရှုပ်ယှက်ခက်နေမဲ့ အစ်မပုံကို မြင်ယောင်နေတယ် အစ်မရေ...
ReplyDeleteI always emailed this blog post page to all my friends, as if like to read it next my links
ReplyDeletewill too.
Feel free to surf to my homepage :: make a laptop bag