[X] Choose Font Here

Tuesday, December 4, 2012

လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် တတပ်တအား ကူကြမယ်

လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် တတပ်တအား ကူကြမယ်

 


လက်ပန်းတောင်း တောင်အရေး မှာ ထိခိုက်ဒဏ်ရ ရသွားကြသော သံဃာတော် များကို မြင်ရသည်မှာ များစွာ တုန်လှူပ်ဝမ်းနည်းရပါသည် ။
အဝေး မှ မြင်ရသူပင် ဒီလောက် တုန်လှူပ်ခံစား ရရာ ကိုယ်တိုင်ခံစားနေရတဲ့ သံဃာတော် များအနေ နဲ့ ဆို တွေးဘဲ မကြည့်ဝံ့တော့ ။
ဖေ့ဘွတ်မှာ ဖတ်ရသည် မြင်ရသည်တို့က တော့ ၀မ်းနည်းကြေကွဲဖွယ်ကောင်းလှသည် ။

ပုံတွေကို မကြည့် နှင့်ဦး ဒါလေးကိုဘဲ ဖတ်

(ကိုမင်းကိုနိုင် ဒဏ်ရာရ သံဃာတော်တစ်ပါးအား မေးမြန်းစဉ်က ကိုမင်းကိုနိုင် ရင်ထဲ နင့်နေအောင် ထိခိုက်ခံစားသွားရသည့် အဖြေက

ဦးဇင် ဘယ်လိုခံစားနေရလဲ
ကျုပ် ဘယ်လိုခံစားနေရလဲ ဆိုတော့ ဒကာကြီး ကျုပ် အမြန်ဆုံးသေချင်တာပဲ ဆက်မခံစားချင်တော့ဘူး

အေးချမ်းမွန်မှ Aung Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Aung Nay Myo)

ဒါဖတ်ြ့ပီးတော့လဲ မျက်ရည်တွေက ထိန်းမနိုင်အောင် ကျမိသည် ။ ကျမ ဘာလုပ်ပေး နိုင်ပါမည် နည်း  ။ ဘာတတ်နိုင်ပါသနည်း ။ နှမ်းတလုံး နဲ့ ဆီမဖြစ်နိုင်တာကို  ကျမ သိပါသည် ။


ဒီကြားထဲ ကျမ ၏ ညီမလေး Hnin Ei Ei Cho က အဲဒီသံဃာတော် တွေကို လှူချင်လှသည် ။ အဖွဲ့အစည်းတွေ ရှိပေမဲ့  သူ့အလှူငွေကို ဆရာတော် တွေ လက်ထဲ တိုက်ရိုက် ရောက်စေချင်သည် တဲ့  ။  မမ အဆက်အသွယ် ရှာပါတဲ့ ။ဟုတ်ပါသည် ။ ကျမလဲ ဝေဒနာခံစားရသော ဆရာတော် တွေကို န၀ကမ္မ လှူချင်သည် ။ ဆေးဖိုး ဟူ ၍ မကန့်သတ် လို ၊ ဆရာတော် များ ဘာဘဲ ဆန္ဒ ရှိရှိ ၊ လိုရာသုံး ပေါ့ ( အခုချိန်မှာတော့ ဝေဒနာ သက်သာပျောက်ကင်းဖို့ကလွဲ လို့ ဘာမှ ဆန္ဒ ရှိမှာမဟုတ်ပါ)


တခါ မုံရွာဆေးရုံတွင် မသက်သာ၍ မန္တလေးေ ဆးရုံကြီးသို့ ရောက်လာပြီ တဲ့ ။  ဒီတော့ ဘလော့ဂ်ဂါ အမကြီး မရွှေစင်ဦး ကို အကူ အညီတောင်းကြည့် မည်ဆြို့ပီး အကူအညီတောင်းတော့ အမ ကလဲ ကူညီပါမည် တဲ့ ။
ကျေးဇူး အထူးတင်ပါတယ် အမ ရွှေစင် ။


ဒီကြားထဲ ညီမလေးတချို့ ကလဲ သူတို့လဲ လှူချင်ပါသည် ။ အမ ကူညီ ကောက်ခံပေးပါတဲ့  ။ လှူမဲ့သူက လှူချင်တာကို ကျမ က ဘာကြောင့်မကူညီနိုင်ရမည်နည်း ။ သူတို့ ကုသိုလ်ကို ကျမ ကို အတူပါဝင်ခွင့်ပေးတာကို ၀မ်းသာ ကျေးဇူးတင်ရပေမည် ။


အလှူငွေ ကို ၁၀.၁၂.၂၀၁၂ နေ့လည် ၁၂ နာရီ အထိ ကောက်ခံပြီး အဲဒီနေ့ ညနေတွင် ပင်နဆူလာမှ အမရွှေစင်ထံလွှဲမည် ။ ၁၁.၁၂.၂၀၁၂ ဆိုရင် အမရွှေစင်ထံရောက်ပါမည် ။ အမေ၇ွှစင် ကလဲ ဘုန်းဘုန်း တို့ဆီ တိုက်ရိုက် ရောက်အောင် ဆက်လက် ကူညီပေးပါမည် တဲ့  ။


တခြား မိတ်ဆွေများလဲ ကျမ နှင့်အတူ လှူဘို့ ဆန္ဒရှိခဲ့ပါလျှင် ..( Thandar Lwin - POSB savings account - 058 - 75964-3 ) သို့ ငွေလွှဲပြီး thandarlwin2006@gmail.com ကိုဖြစ်စေ ၊ ဖုန်း 65+ 9003 2436 ကို message ပို့ပြီးဖြစ်စေ အကြောင်းကြား နိုင်ပါသည် ။



ကျမ ကို အလှူ လှူဖြစ်အောင် သူ၏ အလှူကို ကူညီခိုင်းသော ညီမလေး အိချို ၊ အလှူကို ကူညီပေးမည့် အမရွှေစင်ဦး နှင့် ဒီပို့စ်လေးကို ရေးဖြစ်အောင် တိုက်တွန်းခဲ့သော ညီမလေး ဇင်မီ တို့ ကို အထူးကျေးဇူးတင်ပါသည် ။
( လက်ရှိငွေကြေး ခက်ခဲသောအချိန်တွင် ကျမ၏ လူမှူရေး များ ၊ အလှူများတွင် မငြိုငြင်ဘဲ လိုက်လျောပေးသော သဒ္ဒါတရားထက်သန် သည့် ချစ်ခင်ပွန်းအား လဲ ကျေးဇူးတင်ပါသည် )

 ဦးထွန်းဝင်း+ဒေါ်ခင်စင်း (မြတ်မေတ္တာမွန်စက်သုံးဆီအေ၇ာင်းဆိုံင်ခွဲဆိပ်ဖြူ) နှင့်ဒေါ်ခင်ဝင်းမြင့်မိသားစု (Hnin Ei Ei Cho) - ကျပ်တစ်သိန်း
ကိုခင်မောင်ဦး+မသန္တာလွင် - ကျပ်ငါးသောင်း ပါ ။

2 comments:

  1. ဦးထွန်းဝင်း+ဒေါ်ခင်စင်း (မြတ်မေတ္တာမွန်စက်သုံးဆီအေ၇ာင်းဆိုံင်ခွဲဆိပ်ဖြူ) နှင့်ဒေါ်ခင်ဝင်းမြင့်မိသားစု (Hnin Ei Ei Cho) - ကျပ်တစ်သိန်း
    ကိုခင်မောင်ဦး+မသန္တာလွင် - ကျပ်ငါးသောင်း ပါ ။
    ကိုစိုးခိုင် + မ၀င်းမင်းသန်း - S$100.00 ပါ ။
    ကိုဘုန်းမြင့်ကျော်+မအင်ကြင်းသန့် တို့ မှ - ၅၀၀၀၀ ကျပ်ပါ ။ကိုရဲဝင့်နောင် + မအေးငြိမ်းစိုး - S$ 50 ပါ ။

    ReplyDelete
  2. ကိုစိုးခိုင် + မ၀င်းမင်းသန်း - S$100.00
    ကိုရဲဝင့်နောင် + မအေးငြိမ်းစိုး - S$ 50
    မနွယ်နွယ်သိန်း Nwe Nwe Thein S$ 30
    ကိုနိုင်နိုင်ထွန်း + မချောစုလှိုင် Chaw Su HLaing S$ 50
    ကိုသက်နိုင် + မခင်မြတ်သူ တို့ မှ - S$50.00
    ကိုရဲလင်းသိန်း + မငြိမ်းချမ်းဖြိုး - S$30.00
    Zstream Zin နှင့် သူငယ်ချင်း များ က -S$ 700.00 ပါ ။

    စုစုပေါင်း စင်္ကာပူဒေါ်လာ ၁၀၁၀ နှင့် မြန်မာငွေ ကျပ်နှစ်သိန်း ရရှိပြီး ဖြစ်ပါတယ် ရှင် ။

    ReplyDelete