[X] Choose Font Here

Saturday, June 18, 2011

မေ့  သမီးလေး

သမီးလေးရေ.........
ဒီနေ့ ဆို သမီးလေး ၃ လပြည့်ဘီနော် ။
ခေါင်းလေးလဲ တော်တော်ခိုင်နေပြီ ။ လည်လဲတော်တော်လည်နေပြီ။အပြင်လဲတော်တော်ထွက်ချင်နေပြီ။
အရင်ဆို မေမေ ရုံးကပြန်လာရင် အပြေးအလွှား နို့ ညှစ် ၊ သမီးလေး မေ့ ချိုကြီးကိုစို့ပြီး အိပ်သွားရင် ညစာဟင်းစီစဉ်တယ်။ အိမ်အလုပ် လုပ်စရာရှိတာလေး ဘာလေး လုပ်ပေါ့။
ခုတော့ဟုတ်ပေါင်း))))))))
ပြန်လာရင် သမီးလေးကို နို့တိုက် ။ပြီးရင် အ၀တ်အစားလဲပေးပြီး ဖေဖေ့ ကိုကြိုဘို့ သွားရတယ်။
သွားဘို့  လှေခါးကများဆင်းလိုက်ရင် ခိုးခိုးခစ်ခစ် အသံထွက်အောင်များ ရီလိုက်တာ မေမေ့မှာ အံ့အားတောင်သင့်ရတယ်။
တရက်တလေ မဟုတ် နေ့တိုင်း ရီ တာ။
မေမေတို့  ဘွားဘွားတို့  မှာ သမီးရီသံကိုအနီးကပ်ကြားချင်တော့ လှေခါးအဆင်းဆို သူချီမယ် ငါချီမယ်နဲ့ ။
ဖေဖေ့ ကိုပြောပြတော့  သူလဲကြားချင်တယ်ဆိုပြီး ညဘက်သမီးကိုချီပြီးအောက်ဆင်းမယ်လုပ်လို့ ရုံးပိတ်ရက်နေ့ခင်းမှချီခေါ်ပါလို့ ပြောရတယ်။
သမီးဖေဖေကလဲ သဲသလားမမေးနဲ့  ။ ညဘက်ဆို သမီးကို ပုခက်ထဲ မသိပ်ဘူး ။အဘိုးအဘွားနဲ့လဲမသိပ်ဘူး လေ။ ဖေဖေ ၊မေမေ နဲ့ဘဲအတူအိပ်ခိုင်းတယ်။
(မေမေ့မန်နေဂျာဆို မေမေ့ကို ကလေးနဲ့အတူအိပ်လို့အိပ်ရေးပျက်ရင် အလုပ်ပျက် ကျန်းမာရေးထိပြီး MC ခနခနယူမှာစိုးရိမ်နေတယ်။)
သမီးကလေ ဖအေ သဲလဲ သဲချင်စရာ ဖအေများ သူ့ခေါင်းရင်းကရပ်ပြီးစကားပြောမိရင် ခေါင်းမော့ မျက်လုံးလှန်ကြည့်လို့ မျက်စိလန် ခေါင်းမော့ဖြစ်နေမှာစိုးလို့ သမီးမြင်သာတဲ့အရပ်မှာဘဲနေပါလို့ ပြောရတယ်။
အိပ်ချင်နို့ စို့ ချင်မှ မအေကို ကပ်တယ်။ ဖအေများထိုင်မနေဘဲ မတ်တပ်ရပ်နေပြီဆို အသံပြုလို့  ခါးကိုကော့ကော့ ပေးတယ်။ သူ့ ကိုချီစေချင်တာလေ ။
တကယ်ဆို သမီးက အတော်အေးတာပါ ။ ကလေးရှိတဲ့ အိမ်ရယ်လို့  ငိုသံကြားရခဲပါတယ်။

ညနေ ၅ နာရီကျော်ပြီဆိုရင်တော့  နို့ ဘူးမစို့ တော့ဘူး။ မေမေ ဒိအချိန်ပြန်လာမှာကိုသိနေသလိုဘဲ ။ နို့ ဘူးကိုလျှာနဲ့ထိုးထုတ်ပြီးစောင့်နေတာ ။ မေမေ့ မှာ သမီးဆာနေမှာစိုးလို့  အိမ်ကိုတန်းပြန်ရတယ်။ ၀ယ်စ၇ာရှိရင် ညဘက်သမီးအိပ်မှ ဆင်းဝယ်ရတယ်လေ။
ခုလဲ East Coast သွားတာမှာ ပြုံးပြုံး ပြုံးပြုံး နဲ့ လေ။
သဲပုံစေတီအနေကဇာတင်ပြီးမှ ဘွားဘွားတို့ ကစားကြတာဆိုတော့  အားလုံးစားပြီး လမ်းလျှောက်ပြီးပြန်လာတော့  အိမ်အရောက် 103း0 လေ။ သမီးလေးကို အ၀တ်အစားလဲ နို့တိုက်သိပ်ပြီး
၃လပြည့်  သမီးလေးအကြောင်းရေးချင်တာနဲ့ ရေးနေတာ ။ တကယ်ဆို မေမေ့မှာ ပစ္စည်းတွေရှင်းလင်း နေရာတကျပြန်ထား လုပ်၇ဦးမယ်လေ ။
သမီးလေး မေမေ့  ဘိုက်ထဲမှာတုန်း က သမီးကို ဖေဖေ နဲ့တူစေချင်တာ ....ခု သမီးက ဖေဖေလိုဘဲ ဘွတ်၂ပါတာကြာတယ်။ စားတာလဲကြာတယ် (နို့ စို့ ရင်ဇိမ်နဲ့ မပြီးနိုင် မစီးနိုင်အကြာကြီး)။
ပြီးတော့ အိပ်ေ၇းလဲဆတ်တယ် ။
ဖေဖေ ကတော့  ကောင်းတာတွေ တူပါစေ ဆုမတောင်းဘဲ အားလုံးတူပါစေ ဆုတောင်းခဲ့လို့ တဲ့လေ။

<3<3<3<3<3<3................

4 comments:

  1. အမ..မီးမီးလေးကြီးလာရင်တော့ အမလို မင်းသိင်္ခ ၀တ္ထုတွေ မကြိုက်စေနဲ့နော်.. မနုစာရီ ၀တ္ထုကို ဖွတ်ထား.. မဖတ်မိစေနဲ့....:P:P

    ReplyDelete
  2. အမေတူသမီးလေး.. ချစ်ဖို့ကောင်းလိုက်တာ..း)

    ReplyDelete
  3. သန္တာ ဒီလို လှဘို့  လိုတယ်လေ....း))))))))
    မြူးေ၇ ကျေးဇူး <3<3<3

    ReplyDelete
  4. စီဘောက်မှာရေးလို့မရလို့။တို့ အမေတွေ long time တင်တာ approved ဖြစ်တယ်။၁၁ရက်ပဲကြာတယ်။တို့လစာပြတာ တော်တော်နည်းတယ်။ဒါပေမယ့် ယောက်ကျားလစာပါ applicable လူပ်လိုက်တယ်။

    ReplyDelete