ဗုဒ္ဓမြတ်စွာဘုရား ရဲ့  တရားတော်မှာတော့  အနာဂတ်ကိုလဲ မှန်းမျှော်မကြည့်နဲ့ ။ အတိတ်ကိုလဲ ငဲ့ မကြည့် နဲ့ ။
လက်ရှိ ပစ္စုပ်ပန် ကိုသာ ရှူပါ လို့  ဆိုပါတယ် ။
တရားကို သိပေမဲ့ ရင်ထဲထိ တရားမကိန်းသေးတဲ့ ပုထုဇဉ် ဆိုတော့လဲ အတိတ် က အမှတ်ရစရာလေးတွေ ကို ပြန်ပြောင်း အောင်းမေ့မိတယ်။
သမီးလေးကြီးရင် ဖတ်ဘို့  ဘလော့မှာ တကူးတကရေးတော့  (ဒါတောင်သမီးကကြီးရင် ပြန်ဖတ်မှာမဖတ်မှာ မသေချာဘူးလေ) ကိုယ်ငယ်ငယ်တုန်းတုန်းက အကြောင်းတွေကို မေမေ က ပုံပြောသလို ပြောပြတာကို သတိရမိတယ် ။ သမီးလေးကိုလဲ စာဖတ်တတ်တဲ့ အရွယ်မရောက်ခင် နားထောင်တတ်တဲ့အချိန်ကစ ပုံပြောသလို ပြောချင်ပေမဲ့  ကိုယ်က စကားပြောမကောင်းဘူးရယ်။ စကားပြောပျင်းတာလဲ ပါတာပေါ့ လေ ။
ခုတောင် သမီးက ၀ူးဝူးဝါးဝါးပြောချင်တာ ကိုယ်ကထောက်ပြီး အေး အင်း မပြောတော့  ကိုယ့် နောက်ဆိုမလိုက်ချင်ဘူးရယ်။း(((
ကိုယ့်ကို မွေးတုန်းကနဲ့  ၄နှစ်ထိ အကြောင်းတွေ ကို အသိအာရုံနဲ့  မမှတ်မိပေမဲ့ မေမေ က တတွတ်တွတ်ပြောလို့  မှတ်မိနေခဲ့တယ် ။
ကိုယ့်ကို မကွေးတိုင်း သရက်မြို့ ကဆေးရုံမှာမွေးခဲ့တာပါ ။ ဖေဖေ က တရုပ်စပ် အသားဖြူတော့ ကိုယ်ကလဲ ဖြူဖွေးနေတာဘဲတဲ့ ။
မေမေ က ဆရာမလဲ ဆရာမ ၊အပေါင်းအသင်းကလဲများတော့ ကိုယ့်ကို လှစေချင်လို့ ဝိုင်းပြင်ပေးကြတဲ့ မေမေ့သူငယ်ချင်းဆရာမတွေဆို ဆေးရုံမှာ အချိန်ပြည့် ဘဲတဲ့ ။ မျက်ခုံးမွှေးဆွဲကြ၊ မျက်တောင် ညှပ်ကြနဲ့ ။ အောက်ထပ်အိမ်ကလဲ ဓါတ်ပုံတိုက်ဆိုတော့ အဲဒီခေတ်က ဓါတ်ပုံရိုက်တာခေတ်မစားပေမဲ့ ကိုယ့်မှာတော့  တပုံကြီးရယ်။ ဖေဖေ နဲ့ခွဲနေရလို့  အမှတ်တယကြည့် ၇အောင် ပို့ ပေးချင်တာလဲပါမှာပေါ့ ။
အဲဒီတုန်းကဖေဖေ က စလေဓါတ်မြေသြဇာစက်ရုံမှာလေ ။
နောက် ၂နှစ်မှာ မေမေ ရန်ကုန်ကို သင်တန်းသွားတော့ အဖေဘက် အဘိုးအဘွားတွေရှိတဲ့  ကံမမှာသွားထားတယ် ။ အဲဒီ မှာ အသက် သိပ်မကွာတဲ့ ၀မ်းကွဲ အမရှိလို့  သူကလဲ အဲဒီမှာ မြေးဦးဆိုတော့ သူ့ ကိုအရေးပေးပြီး ကိုယ့် ကို သိပ်အရေးမပေးလို့ ဝမ်းနည်းခဲ့၇တယ်တဲ့ ။
၂နှစ်ဘဲရှိသေးပေမဲ့ စကားအတော်ပြောတတ်နေဘီဆိုတော့  မေမေပြန် လာတဲ့အခါ ဘယ်လိုဘယ်ညာ အကုန်ပြောပြတဲ့အခါ မေမေ ကတော်တော် ၀မ်းနည်းခဲ့ရတယ်လို့ ပြောပါတယ်။
ပြီးတော့ သွေးလွန်တုတ်ကွေးဖြစ်လို့  ဆေးရုံတက်တော့  ပစ္စည်းတွေ အခိုးခံရတော့ လာမေးတဲ့သူတွေကို သမီးအင်္ကျီလေးတွေ သူခိုးခိုးလို့ မရှိတော့ဘူး လို့  ငိုပြောပြောတာနဲ့ လက်ဆောင်ပေးကြတာ ပေးတဲ့သူတွေလဲ ကျေးဇူးတင်ပါတယ် ။ သူခိုးကိုလဲ ကျေးဇူးတင်ပါတယ် လို့ပြောလို့  သဘောကျနေကြတယ်။
၎နှစ်မှာတော့ မေမေ ကချောက် အထက ၂ မှာတာဝန်ကျလို့  ဖေဖေ တာဝန်ကျတဲ့ စလေကို သားအမိ၂ယောက် သင်္ဘောကြီးနဲ့ ပြောင်းလာပါတော့တယ်။
၎နှစ်ကျော်ကျော် မှာ မေမေ က စလေကနေချောက်ကို နေ့ ချင်းပြန်ကျောင်းသွားရတော့ ကိုယ့် ကို အိမ်နားကကျောင်းမှာ အပျော်ထားတယ်။ အမေ ဆရာမ ကစိတ်ရှည်လက်ရှည် သင်ပေးထားတာဆိုတော့ ကျောင်းပျော်ကနေစာမေးပွဲဝင်ဖြေပြီး သူငယ်တန်းကြီး သူငယ်တန်းလေး မတက်ရဘဲ ၁ တန်းကို ၅နှစ်ကျော်မှာတက်၇တော့တယ်။
၅ နှစ် ခွဲလောက်မှာမောင်လေးကိုမွေးတော့  အဲဒီ အကြောင်းတွေ ၊ အဲဒီအချိန်ကစ ငယ်ဘ၀တွေကိုတော့ ကိုယ်တိုင်မှတ်မိပါပြီ။
မေမေ ကမောင်လေးကိုယ်ဝန်မှာ မီးဖွားခွင့် ယူတဲ့အချိန် အိမ်မှာဘာပင်စိုက်စိုက်ရှင်ပါတယ်။
မေမေက အိမ်စားသီးပင်စားပင်တွေနဲ့ဘုရားတင်ဘို့  ဘမာနှင်းဆီအနီ နဲ့ အပျိုမနိုင် နှင်းဆီတို့ ကိုစိုက်ပါတယ်။
နောက်ပိုင်းအရမ်းဖြစ်လာတော့ အိမ်စားလက်ဆောင်ပေးအပြင် စီးပွားဖြစ်ပါစိုက်လာခဲ့ပါတယ်။
အသက်အရမ်းကွာပြီးမှမောင်လေးကိုမွေးတော့ ချစ်လဲချစ် အဖေအမေ တွေ မောင်လေးကို ဂရုစိုက်ကြတော့  မနာလိုလဲရှိပါတယ် ။
နောက် အိမ်နီးနားချင်း သူငယ်ချင်းတွေ နဲ့ တော်တော်ကို ရင်းရင်းနှီးနှီး ဆော့ ကစားပါတယ်။
အေးလေ ကလေးပဲ ဆော့မှာပေါ့။ :D
ReplyDeleteဒီခလေးက ငယ်ငယ်ကတည်းက တော်တော်တတ်တာပဲကိုးး)
ReplyDeleteး)
ReplyDelete