[X] Choose Font Here

Saturday, June 18, 2011

သမီးလေး ၃ လပြည့် 





မတ်လ ၁၈၊၂၀၁၁ မှာမွေးတဲ့သမီးလေး ဒီနေ့ ဆို ၃ လပြည့် ပြီ ။


သမီးလေး ၃လပြည့်  အတွက် ဒီနေ့ မှာ ဖားအောက်ကျောင်းမှာ ဆွမ်းကပ်မယ်ဆိုတော့ စနေနေ့ မှာ အလှူရှင်တွေများ တယ်။

မနေ့ ကသောကြာနေ့  အာရုံဆွမ်း အလှူရှင်မရှိသေးဘူး ဆိုတော့ သမီးကလဲ သောကြာသမီးလေးမို့  လှူမယ်ဆိုပြီး ကြာဇံဟင်းခါး ကပ်ဖြစ်ခဲ့တယ်။

အချိုပွဲကိုတော့သစ်သီး ၂မျိုး၇ယ် လက်ဘက်သုပ်၇ယ် အာလူးကြော်၇ယ်ဘဲ လုပ်ဖြစ်တယ်။

ဆ၇ာတော်ဘု၇ားကြီးရှိနေတော့ ပိုပြီးသဒ္ဒါပေါက်တာပေါ့ ။

ဖေဖေနဲ့ မေမေ လဲ သမီးလေးမွေးတုန်းကခွင့်တွေအများကြီးယူထားလို့  ခွင့်ထပ်မယူချင်တာနဲ့ ဆွမ်းကပ်ပြီး ရုံးကို သွား၇တယ်။

ရုံးေ၇ာက်လို့ Email စစ်တော့ သမီး၇ဲ့  long term pass ကျနေပြီလေ။ ၀မ်းသာပေမဲ့ ဘိုး၂ဘွား၂ အတွက်မပါသေးတော့ စိတ်ထင့်နေတယ်။

ဒီနေ့ မှာ စနေ နေ့တ၀က်ရုံးတက်၇မှာဆိုတော့ ညနေမှာ တိုပိုင်းရိုး ဘုန်းကြီးကျောင်းကို လိုက်ပို့ မယ်စိတ်ကူးတာ East Coast မှာ သဲပုံစေတီတည်တာရှိတော့ ဘွားဘွားက အဲဒီကို သွားမယ်ဆိုလို့  မေမေ့မှာ သမီးကို လေတိုက်ရင်ဖျားမှာစိုးလို့  Tent ပြေးဝယ်၇တယ်။

Tent ၀ယ်ပြီးတော့လဲ မပြီးပြန်ဘူး အခင်းလိုပြန်သေးသတဲ့ ။

ဟော အခင်းပြီးတော့လဲ ဘွားဘွားက ဆီးချိုရှိတာအပြင် စင်္ကာပူ ကအစားအစာတွေက ချို၇ဲ၇ဲနဲ့မကြိုက်ဘူးတဲ့ ။

အဲဒါနဲ့ မေမေလဲ ကြာဇံကြော်ဘို့ စီစဉ်ပြီးလိုတာတွေဝယ်။ ပြန်မှကြော်မယ်ဆိုပြီး ရုံးကိုလာခဲ့တယ်။

ရုံးရောက်လို့  Email စစ်တော့ Long Term Pass က Reject ဖြစ်နေတယ်။

မေမေ လဲတော်တော် စိတ်ညစ်သွားတယ်။

သမီးလေးငယ်သေးတော့ child careလဲမပို့ချင်ဘူး ။ ဘိုးဘိုးနဲ့ဘွားဘွားကိုလဲ အနီးကပ်စောင့်ရှောက်ချင်တယ်လေ ။

တကယ်တော့ ဒီနေ့ မှာ သမီးလေး၇ဲ့  အကြောင်း ၊ သမီးလေးက ဘယ်လိုချစ်စရာကောင်းကြောင်း ၊ သမီးလေးက ဘယ်လို တတ်နေပြီ ဆိုပြီးရေးဘို့စဉ်းစားထားတာပါ ။

ဒါပေမဲ့ဒိနေ့ဒီ၇က်မှာဖြစ်တဲ့အကြောင်းလေးတွေလဲ အမှတ်တရဖြစ်အောင်ထဲ့ေ၇းတာပါ။



3 comments:

  1. အင်း... ဘာပြောရမှန်းတောင် မသိတော့ဘူး...
    Appeal ပြန်တင်ကြည့်ပါလား ညီမ...

    သမီးလေးက ချစ်စရာကောင်းလိုက်တာ... ဖွေးအိနေတာပဲ...း))

    ReplyDelete
  2. ဟုတ် မမရေ ။ Appeal ပြန်တင်မှာ။
    သမီးလေး ခုပုံ က ရိုက်မတင်ဖြစ်လို့  ၁၃ ၇က်သားပုံလေးတင်ထားတာ။ ခုဆို အသားပိုဖြူပီး မျက်လုံးလေးပိုဝိုင်းလာတော့ ပိုလှလာတယ် ။ <3 <3 <3

    ReplyDelete
  3. သမီးလေးကချစ်စရာ။

    ReplyDelete