[X] Choose Font Here
Friday, February 6, 2015
ဂွမ်းသွားခဲ့တဲ့ ကိုယ့်ညနေ
ကိုချစ်မောင်ပြန်သွားတဲ့ ဒီရက်တွေမှာ ကိုယ်ဆိုင်ထိုင်ချင်တယ်...
ကိုယ်က ဆိုက်ထဲက လာတဲ့သူဆိုတော့ လဘက်ရည်ဆိုင်ထိုင်ပြီး ပွားရတာကို သိပ်ကြိုက်တာ။ ဒါပေမယ့် ယောက်ျားက အဲလို ပွားရတာကို မကြိုက်ဘူး သူက အိမ်မှာနေရတာကြိုက်တာ ။ အဲတော့ ကိုယ်လဲ ဆိုင်ထိုင်မပွားရတာ ဘယ်လောက်ကြာပြီလဲ ။
ရဲရင့် မှာ သူငယ်ချင်းတွေ ထိုင်ပြီးပွားနေရင် ကိုယ့်မှာ လှမ်းမျှော်သာနေခဲ့ရတာ ။
အခုတော့ အခွင့်အရေးပဲ ဒီနေ့ကလဲ သောကြာဆိုတော့ သူငယ်ချင်းတွေ အများစုတတ်တဲ့ ပင်နဆူလာကို သွားခဲ့တယ် ။ ညနေဆိုတော့ ရဲရင့်မှာ သူငယ်ချင်းတွေ သိပ်ရှိမယ်မဟုတ်ဘူး သိတယ်မလား ဒီအချိန်က အရည်ချိန်လေ ။ အဲ ရဲရင့်လဲ အရည်တော့ရတာပေါ့ မတူဘူးလေ :P
တကယ်တော့ အိမ်မှာ ဗမာစာတွေချက်စားနေဖြစ်တော့ ပင်နဆူလာမှာ ဗမာစာတော့မစားချင်ဘူးရယ် ။ အဲတော့ မောရှမ်းမှာ ၀က်သားချဉ် ထမင်းကြော် တပွဲမှာလိုက်တယ် ။
မှာရင်း ဟိုဟိုသည်သည်ကြည့်လိုက်တော့ ဟော တွေ့ပြီ တယောက် ။
သူ ကလဲ ကိုယ့်ကိုတွေ့တော့ လက်လှမ်းပြပြီး ကိုယ့်ဆီရောက်လာတယ် ။ ပျော်စရာကြီး ။ ထုံးစံအတိုင်း ကြပ်လိုက်မယ်ဆိုပြီး
- ဟေ့ရောင် မင်း နာ့ကို ဖဘမှာ ဘလော့ထားတယ်ဟုတ် မတွေ့တာတောင်ကြာပြီလို့ ပြောလိုက်တယ်
(အမှန်က သူ ဘလော့လားဘာလားမသိဘူး ၊ ဖဘက ကိုယ်ကသာတင်နေတာ သူများတင်တာတွေ သိပ်လိုက်မကြည့်ဖြစ်လို့ :P)
အဲတော့
* ဟာ မဘလော့ပါဘူးအမရယ် ။ အန် ထားရုံတင်ပါတဲ့ (တိန် )
(ဒင်းတော့ ငါ့ကို အကြောင်းမဲ့ အန် မှာမဟုတ်ဘူး ။)
- ပြောစမ်းပါဦး ငါ့ ကို အန်ရတဲ့အကြောင်းရင်းက ။
* ဟိုလေ အမညီမ နဲ့ ကွဲသွားလို့ ..
- ဟမ် ကလေးတွေလဲ ကြီးပြီမဟုတ်လား
* အင်းလေ အမညီမ ကလေ ငွေပဲမက်တာ ၊ ကျနော့်ကိုလေ ဒီလောက်ငွေနဲ့တော့ ပေးမနေနဲ့ ဒီလောက်ကတော့ မိ... တို့က ရှာနိုင်တယ် ဘလာ ဘလာ ဘလာ
- ( ငှင် သူ့မိန်းမ မကောင်းကြောင်းပြောနေတာကလဲ ငါ့ ကို စောင်းပြောနေသလိုပါပဲလားဟ ။ ကိုချစ်မောင်ကြီးများ ဒင်း ကို လက်တို့ပြီးပြောပြသွားသလားမတိဘူးတော် ) အခုန စားကောင်းနေတဲ့ ထမင်းကြော်တောင် ဘာဖြစ်သွားတယ်မသိဘူး
ပြောတယ် ပြောတယ် သူ့မိန်းမ မကောင်းကြောင်း တွေ ပြောတယ် ။ တလစပ် လဲပြောပြီးရော...
* အဲဒါပဲအမရယ် အခုတော့ နောက်တယောက်လဲယူပြီးပြီ ကလေးတောင်မွေးတော့မယ် တဲ့ အဲလိုပြောပြီးထွက်သွားရော ။
ကိုယ်လဲ ငုတ်တုတ်မေ့ပြီး ကျန်ခဲ့ရော ။ အဲဒါနဲ့ ပဲ လဖေ့ရည်သောက်ခန်းကို မရောက်လိုက်ပါဘူး စိတ်လေလေ နဲ့ ပြန်လာရော...
မပြီးသေးဘူး ဘူတာအ၀င်ဝနားကြတော့ နောက်တယောက်နဲ့ တွေ့ပြန်ရော ...
+ ဟာ အမ တယောက်ထဲလား ...
- အေးလေ ကိုချစ်မောင်ကြီးက ပြန်သွားတဲ့ဟာကို
+ ဟာ ဟုတ်လား အမက ဘာလို့မပြန်တာတုန်း
- ငါ က ပြန်မှာ ။ သူက အလှူရှိလို့ စီစဉ်ရအောင်ပြန်နှင့်တာ
+ ဟုတ်လား အမတို့ အလှူ လုပ်မလို့လား
- အေးလေ သူ ဘုန်းကြီး ၀တ်မလို့တဲ့ ။ တလ...
+ ဟာ အမတို့ ဘာတွေဖြစ်ကုန်ကြလို့လဲ ။ စိတ်ပြေလက်ပျောက်ဆို တပတ်လောက်ဝတ်ကြတာ အခုက တလဆိုတော့ အတော်ကို စိတ်ကုန်သွားတာနေမှာ အမရယ် ။ အမ ဘာတွေ လုပ်လိုက်လို့ လဲ ။ ကိုချစ်မောင်ကြီး သနားပါတယ် (တိန် ဂယ်ဘဲတော် စွတ်တင်နေတာ )
အဲ လို နဲ့ ကိုယ့်မှာ စကားပြန်တောင်ပြန်မပြောနိုင်ခဲ့ဘူး လက်လေးအသာထောင်ပြ နှုတ်ဆက်ပြီး ဘူတာထဲ ၀င်ခဲ့တယ် ။
အချု ပ် ပြောရရင် လန်းမယ်ထင်မိတဲ့ ကိုယ့်ညနေခင်းဟာ ဂွမ်း သွားတယ်ပေါ့ကွယ်
Tuesday, February 3, 2015
ထိပ်စည်းတစ်ခု၏ နောက်ဆုံးမွေးနေ့အတွက် လက်ဆောင်
၁၃၃၇ တပို့တွဲလပြည့် - ၁၃၇၆ တပို့တွဲလပြည့်
၁၄.၂.၁၉၇၆ - ၁၄.၂.၂၀၁၅
ဒီနေ့မှာ ကျမ ရဲ့ မိဘတွေက ကျမအတွက် ရွှေဘုန်းပွင့်ဘုရားထမင်းနဲအလှူ မှာ ဒယ်ကြီးသုံးဒယ်စာ လှူပါတယ် တဲ့ ။ အိမ်နီးနားချင်းတွေကိုလဲ ထမင်းနဲ ဝေပါတယ်တဲ့ ။ ဒီအသက်အရွယ်အထိ ကျမ အတွက်အမြဲစဉ်းစားလုပ်ကိုင်ပေးနေတဲ့ မိဘများကို ချစ်ခင်ကျေးဇူးတင်စွာနဲ့ ကန်တော့ပါတယ် ။
ဒီနေ့ဟာ သုံးထိပ်စီး သက်တမ်းအတွက်နောက်ဆုံးရက်၊ မနက်ဖြန်ဆို ထိပ်စီးပြောင်းတော့မယ် ။
ထိပ်စီးတွေ ဘယ်လိုပြောင်းပြောင်း ဖြတ်သန်းရတဲ့ရက်တွေဟာအတူတူပဲ ။ တစ်ရက်ပြီးတစ်ရက် ဒီလိုပဲ သတိမထားမိလိုက်လဲ ဘာသိဘာသာပြီးဆုံးသွားလေ့ရှိပါတယ် ။ ကိုယ်ကမသိလိုက်ပေမယ့်လည်း ခနာကိုယ်ကတော့ ပြောင်းလဲသွားတယ် ။
ကျမ ဒီအသက်ဒီအရွယ်မှာ ကံကောင်းလို့ ကျန်းမာနေတုန်းပဲ ။ ဒါပေမယ့် သတိလေးထားကြည့်ကြည့်တဲ့အခါ အပြောင်းအလဲလေးကိုတော့ သိနေရတယ် ။ အရင်လို မဟုတ်တော့ဘူး ။ ကိုယ်ခနာက နာလာမယ့်အခါ အိုလာမယ့်အခါ တွေကို ကြုံတွေ့ဖို့ နီးသထက်နီးလာပြီလေ ။ စိုးထိတ်စိုးရွံ့မှူ တွေ ကြုံလာတဲ့အခါ လိုချင်တပ်မက်တာတွေ ပြောင်းလဲလာပါတယ် ။
မွေးနေ့ အကြောင်း ပြောဖြစ်တဲ့အခါ လက်ရှိဘ၀အဖော်လို့ သတ်မှတ်ထားသူက ထုံးစံအတိုင်း ဘာလိုချင်မလဲ လို့ မေးတဲ့အခါ အဲဒီနေ့မှာ ကိုယ်တိုင်လဲ သီလစောင့်ထိန်းမယ် နင်လဲသီလလုံအောင်စောင့်ထိန်းပေးဟယ် လို့ ပြောလိုက်မိပါတယ် ။ အဲတော့ သူက ငါးပါးသီလတင်မဟုတ်ပဲ ကိုးပါးသီလစောင့်ထိန်းပေးဖို့ ဘုန်းကြီးဝတ်လိုက်မယ်လေ လို့ ပြောပါတယ် ။ ဒီလိုနဲ့ ဘာရယ်မဟုတ်ပြောရင်းဆိုရင်း နဲ့ အစပြုလိုက်ရာကနေ မိသားစု အလှူကြီးတစ်ခု လုပ်ဖို့ အကြောင်းဖြစ်သွားခဲ့ပါတယ် ။
၁၃.၂.၂၀၁၅ မှာ ကိုချစ်မောင် နဲ့ သူ့ဖေဖေ ၊ သူတို့ ညီအကို သုံးယောက်လုံး ဆံချပါမယ် ။
၁၄.၂.၁၀၁၅ မှာ ဘုန်းကြီးဝတ်ပါမယ် ။ သူတို့နဲ့ အတူ ရွာက၀တ်ချင်သူတွေကို ရှင်ပြု ရဟန်းခံပေးပါမယ်ဆိုတော့ လက်ရှိစာရင်းမှာ သူတို့အပါအ၀င် ဆယ့်နှစ်ပါး ပါတဲ့ ။ တစ်ရွာလုံး ချစ်သူ မုန်းသူ မချန် ဒါန်ပေါက်ကျွေးပါမယ် ။ အားလုံးကလဲ အလှူကို ပံ့ပိုးတဲ့အနေနဲ့ တစ်ရွာလုံး မီးခိုးတိတ်ကြပါမယ်တဲ့ ရှင် ။
မရည်ရွယ်ပဲ လုပ်ဖြစ်မယ့်အလှူ ကို နှစ်ဖက် မိဘတွေ သိပ်ကိုဝမ်းသာနေကြတာ ။ အလှူ မတိုင်ခင် ပီတိဖြစ်ရပါတယ် ။
အလှူ အတွက် ပြန်ကြမယ်ဆိုတော့ ကျမ က သူနဲ့ အတူတပါထဲ လိုက်မသွားဘူးလို့ တွေးပါတယ် ။ အလှူ က သူတို့ဘက် သူတို့ရွာမှာလုပ်ကြမှာဆိုတော့ သူတို့ဓလေ့ကို မသိပါပဲ ကိုယ်ကအလှူ့ ရှင်ပဲဆိုပြီး သြဇာမာကလာတွေပေးမိမှာစိုးလို့ ( ကျမရဲ့မကောင်းတဲ့အကျင့်လေးပေါ့) အလှူ ကို သူတို့စိတ်ကြိုက်စီစဉ်ပါ ဆိုပြီး ကျမတို့ တတ်နိုင်တဲ့အင်အားကိုပြောပြပြီး စီစဉ်ဖို့ သူ့ကိုအရင်ပြန်လွှတ်ပါတယ် ။
ဒီရက်ထဲ လေယာဉ်လက်မှတ်ကို ဈေးချို တဲ့ ရက်ရွေးကြပြီး ၀ယ်လိုက်တာ တိုက်ဆိုင်တော့ ကျမ ရဲ့ မြန်မာလိုမွေးရက်ဖြစ်နေပြန်ပါတယ် ။
ဒီနေ့မှာ ကိုယ့်ရဲ့အချိန်ကို ကိုယ်တယောက်ထဲအတွက် သုံးခွင့်ရတယ်ဆိုတဲ့ အခွင့်အရေးကိုရပါတယ် ။ အခွင့်အရေးကို အလကားမဖြစ်အောင် ဆိုပြီး အရင်ဆုံးတရားလေး တပုဒ်နာဦးမယ်ဆိုပြီး အခုရက်ပိုင်းတွေ နာဖြစ်နေတဲ့ ဒေါက်တာနနမာလာဘိဝံသ ရဲ့ တရားတော်တွေထဲမှာ ဓမကို အဖော်ပြု မှ ထာဝရ ချမ်းသာမည် ဆိုတဲ့ တရားတော်ကို ရွေးချယ်ဖြစ်ပါတယ် ။
မိသားစု ခရီးထွက်ကြလို့ လောလောဆယ် အဖော်မရှိနေတဲ့ ကျမအတွက် တိုက်ဆိုင်တဲ့တရားတော်ပါပဲ ။
တရားနာရင်း အခါတိုင်းလို စိတ်ပြန့်လွင့်တာနည်းအောင် တရားမှာ အာရုံထားမိအောင် သေချာနာယူပြီး မလွတ်ရအောင် နုတ်စ်လေးထုတ်ထားနဲ့ အထပ်ထပ်အခါခါ နာယူပါတယ် ။
ကျမ ရဲ့ မိတ်ဆွေများလဲ နာယူဖြစ်အောင် လင့် လေး မျှဝေပါတယ် ။ အခက်အခဲကြောင့် တရားနာဖို့ ခက်ခဲသူများ ဖတ်နိုင်အောင် ကျမလဲ ထပ်ပြီးမှတ်မိ နှလုံးသွင်းနိုင်အောင် အောက်မှာ လိုက်မှတ်တဲ့ နုတ်စ်လေးထဲက တချို့တ၀က်ကိုပါ ရေးပေးပါတယ် ။
ကျမ ရဲ့ မိတ်ဆွေများ သက်ရှည်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ကောင်းသောလိုရာဆနများ ပြည့်စုံကြပါစေ ရှင် ။
ဓမ္မကို အဖော်ပြုမှ ထာဝရ ချမ်းသာမည် ( ဒေါက်တာ နနမာလာဘိဝံသ )
ဘ၀ ခရီးကိုလျှောက်လှမ်းတဲ့ အခါမှာ ထာဝရချမ်းသာဖို့အရေး ဘာကိုအဖော်ပြုရမလဲ ။ အရေးကြုံလာတဲ့အခါမှာ ဘယ်လိုအဖော်မျိုးက အဆင်ပြေမလဲ ။
မြတ်စွာဘုရားရဲ့ ဆုံးမသြ၀ါဒတွေဟာ Religion ဆိုတဲ့ ဘာသာတရားမျိုးမဟုတ်ဘူး ။ Way of life လို့ဆိုရမယ့် ပညာရပ် သို့မဟုတ် Art of living in life ဘ၀မှာ ဘယ်လိုနေရမယ်ဆိုတဲ့ ပညာရပ်တမျိုး ပဲ ။
ဘ၀အစမှာ မိဘဆွေမျိုးအပေါင်းအသင်းတွေနဲ့ အပြန်အလှန် အကျိုးပြု ပြီးနေကြတယ် ။
နောက်ဆုံး အိုခြင်းတရား သေခြင်းတရားနဲ့ ရင်ဆိုင်ကြုံတွေ့လာရင်တော့ ဘယ်သူမှ မကယ်နိုင်ဘူး ။ Individual ကိုယ်ဖြစ်ကိုယ်ခံရမယ်။
အဲလို ကိုယ်တဦးထဲ မျှဝေခံစားလို့မရတဲ့ ဒုကတွေနဲ့ ကြုံလာလို့ရှိရင် ဘယ်သူ့ကို အဖော်ပြုမလဲ ။
အဆုံးသတ်ချိန်မှာတော့ ဘယ်သူကမှ ကိုယ့်ကို အားကိုးအားထားအဖြစ် ရပ်တည်မပေးနိုင်ဘူး ။
ဓမ ဆိုတဲ့ တရားကို အဖော်ပြုထားမှ ထာဝရချမ်းသာရမယ်။
နောက်ဆုံးအချိန်မှ အဖော်ပြုလို့ကတော့ တရားဟာ ကိုယ့်သံဌာန်ထဲကို လွယ်လွယ်ကူကူနဲ့တော့ ရောက်မလာပါဘူး ။ အဖော်ပြုဖို့ အချိန်ယူပြီး ကြိုးစားအားထုတ်မှူ လုပ်ကြရမယ် ။
* မှန်မှန်ကန်ကန် စဉ်းစားတာဟာတရားပဲ ။ အမှန်တွေးတဲ့အခါ အမှန်ကိုမြင်တယ်။ အမှန်မြင်တော့ အမှန်လုပ်တယ် ။ တခုနဲ့ တခု ဆက်စပ်ပါတယ် ။
* တွယ်တာမှူတွေ လျှော့ချတာဟာ ဘ၀ရဲ့ ထွက်ပေါက်တခုကို တွေ့တာပဲ ။
*ငါ ဂရုစိုက်ရမှာ ငါ့ရဲ့ သံဌာန်မှာရှိတဲ့ သတိတရား ၀ီရိယတရား မှာ တရားတော်ထက်သန်အောင် ဂရုစိုက် ရမှာပဲလို့ တွေးရင် ဒါဟာ ဓမကို အဖော်ပြုရာဖြစ်တယ်တဲ့ ။
သတိကောင်းကောင်းအေးအေးချမ်းချမ်းနဲ့ သေသွားမယ်။
*ကိုယ့်ဆနကို ရှေ့တန်းမတင်ဘဲ ကိုယ့်ကိုပြုစုပေးတဲ့ သူတွေအပေါ်ကိုဘာမှ မမျှော်လင့်ဘဲနဲ့ တရားကိုပဲ နှလုံးသွင်းမယ်ဆိုတဲ့ အနေအထားနဲ့ နေနိုင်မှ ထာဝရချမ်းသာကို ရရှိမယ်။
*ယောနိသောမနသီကာရ ဆိုတဲ့ တရားကို လက်ကိုင်ထားပြီးနေနိုင်မှသာလျှင် ထာဝရချမ်းသာကို ရရှိမယ် ။
ဓမ ကို အဖော်ပြု ပြီး ထာဝရချမ်းသာအောင် နေနိုင်ကြပါစေသတည်း ။
Wednesday, January 21, 2015
မျက်နှာ စာမျက်နှာပေါ်က သမီးလေးအကြောင်း
သမီးလေး အကြောင်းတွေ အမှတ်တရရေးခဲ့တာတွေ ပြန်ဖတ်တော့ ပြီးခဲ့တဲ့ မတ်လ ၂၀၁၄ မှာနောက်ဆုံးပဲ ။ သမီးနဲ့ ပါတ်သက်တဲ့ အမှတ်တရတွေ ကို တိုတိုထွာထွာသာ မျက်နှာစာအုပ်ပေါ်မှာ ရေးဖြစ်တယ် ။
မျက်နှာစာအုပ်ပေါ်မှာ ရေးတာတွေက ပြန်ဖတ်ဖို့ရှာရင်ခက်တာကြောင့် သမီးလေး ကြီးလာရင် ဖတ်ရအောင် ဘလော့မှာ ကူးထည့်လိုက်တာ ။ ဆားချက်တယ် လို့လဲ ပြောနိုင်ပါတယ် ။
ကူးလို့သာ ကူးထည့်ရ ဘာမှမသေချာတဲ့ လောကကြီးမှာ သမီးလေးကြီးလာတဲ့အခါ မျက်နျာစာအုပ်ရော ၊ ဘလော့လေးပါ ရှိမရှိမသေချာ ။ ရှိနေသေးရင်တောင် သမီးလေးက ဖတ်ဖို့ စိတ်ဝင်စားဖို့ အချိန်ပေးဖို့မသေချာ ။ ဒါမှမဟုတ် မြန်မာစာ ဖတ်တတ်ဖို့ မသေချာ ။ တကယ့်ကို ဘာဆို ဘာကမှ မသေချာ .........................................
January 20, 2015
ပြီးခဲ့တဲ့ စနေနေ့က ကိုယ်အိမ်အပြန်နောက်ကျတယ် ။
အိမ်ရောက်တော့ သမီးလုပ်သူက မေးနေတာ .....
" မေမေ ကုလားကြီးဆိုတာ ဘူသူတုန်း ၊ မေမေ့ မေမေ ဘာလို့ ကုလားကြီးနောက်ကို လိုက်သွားတာတုန်း၊ မေမေ ဘာဖြစ်လို့ ကုလားကြီးနဲ့ သွားတွေ့တာတုန်း " နဲ့ တတွတ်တွတ်မေးတော့တာ ။
အဲဒါနဲ့ မဟုတ်သေးပါဘူးအေ ဘာလို့မေးတာတုန်းဆိုတော့ ဖေဖေ က မေမေကုလားကြီးဆီသွားတယ် ဆိုလို့တဲ့ ။
သြော် ကိုယ်တွေ ငယ်တုန်းကလဲ အဖေ အိမ်ပြန်နောက်ကျလို့မေးရင် အမေက အဲလိုဖြေရင် တိတ်သွားတာ အဖေပြန်လာလဲ အဲလိုမမေးမိဘူး ပေါ့လေ ။ အမေက ငေါ့တတ်တာကိုပဲ သိလို့လား၊ ကိုယ်ပဲ ပြန်မေးရမှန်းမသိလို့လား မသိ။ အမေ့ကို အဲလိုတွေ မမေးဖြစ်ဘူးပဲတွေးမိပါတယ် ။
ဟောာ ဒီရက်တွေ သူ့အဖေ အိမ်ပြန်နောက်ကျတော့ ထုံးစံအတိုင်း သမီးတော်လေးက မေးပြန်ရော။ ကိုယ်လဲ ညီးအဖေ ကုလားမကြီးဆီသွားတယ်လို့ ဖြေလိုက်တော့..............
" ဟားဟားဟားဟား ဖေဖေ ကုလားမကြီးဆီသွားတာလား ဟားဟား " ဆိုပြီး ကိုယ့်ကိုလှောင်သလိုတောင် ရယ်သေးသတော့ ။
အဲတော့မှ ကိုယ့်တုန်းကလဲ သူမသိလို့မေးတာမဟုတ်ပဲ တမင်ရစ်ချင်လို့ မေးမှန်းသိတော့တာ ။ အော် အ လိုက်တဲ့ ငါ့နှယ် .................။
January 12, 2015
မေမေ ပျော်နေတာပါးစပ်စိမရဘူး :D :D
HSECOND SEMESTER : TEACHER'S REMARK
Hay Mar is pleasant girl . She takes good care of her belongings. She is attentive during all lessons. She has done well in all her classwork. Well done!
January 11, 2015
သမီးလေး ဆီ မှ သင်ယူခြင်း
မေမေ ။ ။ (သမီး ကို မုန့်ကျွေးနေရာမှ စိတ်မရှည်သောအသံဖြင့် ) မြန်မြန်စားလိုက် သမီး ။ တော်ကြာ အခန်းထဲက မမ ထွက်လာရင် ကျွေးနေရလိမ့်မယ် ။ မမ စားသွားရင်သမီးမစားလိုက်ရပဲနေမယ်နော် ....
ဟေမာ။ ။ I have not much mommy but I can share .

မေမေ ။ ။ ( ရှက်တက်တက်ဖြင့် ) တော်လိုက်တာ သမီးလေးက ဂွတ်ဂဲလ်လေးပဲ :P
သမီးလေး အမြဲတမ်း လောဘဒေါသ နည်းစွာဖြင့် SHARE နိုင်ပါစေ ။
(ဖေဖေ ။ ။ သမီး မေမေ နဲ့ မတူပါစေနဲ့ ) တိန်
January 8, 2015
အပြင်ကို သွားရ စားရပြီဆို ဂလိုရုပ်မျိုး ။ သမီးကလေး မအေတူချက်
သမီးလေးကို ပုံပြင်ပြောပြတဲ့အခါ မပြောခင် သူ့ရဲ့ ရုပ်ပုံကားချပ်တွေ သွားကြည့်ပြီး အီးလို ဘယ်လိုပေါင်းတယ်ဆိုတာကို မသိမသာကြည့်ထားရတယ် ။ ပြောရင်းနဲ့ သူ မသိတော့ရင် အိုင်ပက်မှာ ရှာပြရတာမျိုး ။ မထွေးလေး မြွေကြီး နဲ့ ယူတော့ မြွေကြီးဟာ snake လား dragon လား ဆိုတာ ကိုယ်က ပြောပြနိုင်မှ ဖြစ်မယ်။ ဒီလို ပြောလိုက် မသိတာ ထရှာလိုက်ဆိုတော့ ပြောရင်းနဲ့ သူ အိပ်ပျော်သွားမှာကိုတော့ မျှော်လင့်လို့မရဘူးပေါ့ ။ ပြောရရင် ကိုယ်တို့ ငယ်တုန်းကလို အိပ်ယာဝင်ပုံပြင်များတော့ မဟုတ်တော့ဘူးပေါ့ ။ မအေ နဲ့ သမီးလေးကြား firm bonding ဖြစ်အောင်သာ ပြောရတာမျိုး ။ တခါလေ လဲ စိတ်က သိပ်မရှည်ရင် မအေ ရဲ့ ဗီတိုအာဏာ နဲ့ ငေါက်ဆတ်ဆတ်ပြောပြီး ရပ်ပလိုက်တာမျိုး ။ အဲဒါမျိုးဆိုလဲ သူက ကိုယ်တို့ငယ်တုန်းကလို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ ငြိမ်သွားမှာမျိုးတော့မဟုတ်ဘူး ။ သူ့အဖေဆီသွားပြီး သွားတိုင်တာပေါ့ တိုင်ရုံနဲ့မပြီးသေးဘူး မေမေ့ကို ဆူလိုက်ပါဆိုတာ ပါသေးတယ် ။ အိမ်မှာ သူ့အဖေ က ပိုအာဏာရှိတယ်လို့များ ထင်နေလားမသိ ကတောက်စ်.....:D
သမီးလေးက ငယ်ငယ်လေးတုန်းက မြန်မာမှာတလှည့် ဒီမှာတလှည့်နေတာဆိုတော့ ကာကွယ်ဆေးကို ဟိုမှာ ထိုးလိုက် ဒီမှာထိုးလိုက် ။
ဒီမှာ ထိုးတော့ အစက ပိုလီကလင်းနစ်မှာ ထိုးတယ် ။ နောက်တော့ ပိုလီကလင်းနစ်သွားရင် စောင့်ရတာ နောက် မကျန်းမာတဲ့လူတွေကြား ကလေးနဲ့ အကြာကြီးဆိုတော့ အပြင်ဆေးခန်းမှာပဲထိုးတယ်။ ဘယ်မှာပဲ ထိုးထိုး Record တော့ရှိရတယ် ။ မရှိရင် ကျောင်းအပ်ချိန်ကျ အခက်ခဲဖြစ်မယ် ။
ဒါပေမယ့် ပိုလီကလင်းနစ်ကျတော့ ကာကွယ်ဆေးထိုးရုံတင်မဟုတ်ဘူး ။ သူ့အရွယ်အလိုက် ဖွံ့ဖြိုးမှူတွေအတွက် Child Developmental Screening / Assessment at .(age)......တွေပါတယ် ။
သမီးလေးအတွက် အဲဒါတွေ မစစ်ပေးခဲ့မိတော့ သုံးနှစ်ပြည့်တုန်းက ပိုလီကလင်းနစ်ကို သွားပြတော့မှ ဆရာဝန်ကို ပြောပြတော့ ကိတ်စမရှိဘူး ။ ဒါတွေ ကိုယ့်ကလေး ဖွံ့ဖြိုးမှူရှိမရှိ မိဘတွေလဲသိတာပဲဆိုတော့ ကိုယ်တိုင်ပဲဖတ်ပြီး ဖြည့်လိုက်ပါတဲ့ ။ ကိုယ့်ကလေးက ပုံမှန်ဖွံ့ဖြိုးနေတယ်ပဲ ကိုယ်ကထင်နေပေမယ့် တကယ်တော့ သူ့အရွယ်အလိုက်မှာ ဘာတွေကတော့ ဖွံ့ဖြိုးတယ် ဘာတွေကတော့ ဖွံ့ဖြိုးပေမယ့် ပုံမှန်ထက် နည်းနည်းနောက်ကျတယ် ဆိုတာတွေကို သိနိုင်တာပေါ့ ။
December 28 ,2014
ဆီချက်ခေါက်ဆွဲ သွားစားဖို့ အဆင်သင့်ဖြစ်နေသူတစ်ဦး :D
ဒီနေ့ မင်္ဂလာဝိဟာရကျောင်းမှာ မြန်မာစာ လာသင်တဲ့ကလေးတွေကို အိမ်နီးချင်းက ဆီချက်ခေါက်ဆွဲကျွေးမှာလို့ပြောတော့ မီးမီးလဲ မြန်မာစာ သွားသင်မယ်တဲ့ ။
ညီးက တတ်လို့လားဆိုတော့ ကကြီး ခကွေး ဂငယ် နဲ့ ရွတ်ပြနေတာ ။ အဲလိုတော့လဲ မဟေမာ တို့ အဟုတ်ပဲ တော့ ...
December 17 ,2014
သမီးလေး က သူ့အဖေကို မျက်နှာကြည့် အလိုက်သိပြီး မအေကိုတော့ သူ့အိတ်ထဲကလို့ အပိုင်တွက်ထားတယ် ၊
မေမေ ဟာ သူ့အတွက် အရာရာအဆင်သင့်ဆိုတာ ဘယ်လိုများသိနေပါလိမ့် <3>3>
ဒါပေမယ့် ဘာမဆို မေမေ လုပ်ပေးမှ
မေမေ မိုင်လိုလေး သွားဖျော်ပေးပါလား ( ဟင့်အင်း ဟင့်အင်း တီတီဖျော်တာသောက်ချင်ဘူး မေမေဖျော်ပေး)
မေမေ ဟေမာ ရှူးရှူးပေါက်ချင်လို့
မေမေ့ ဖေဖေ့ကို စကားမပြောနဲ့လေ
မေမေ့ ဖုန်းမပြောနဲ့လေ
မေမေ့ ကွန်ပျူတာမကြည့်နဲ့လေ
မေမေ ဟေမာ ဘာဘီကြက်ဥ လိုချင်လို့
မေမေ ဟေမာ့ကို စတော်ဝယ်ရီဝယ်ကျွေးဦးလေ
မေမေ ဟေမာ ဟယ်လိုကစ်တီ ကြိုက်တယ်လေ
မေမေ ဟေမာယူထားတာ ဘာလို့ပြန်ချထားခဲ့တာလဲ
မေမေ
မေမေ.......
မေမေ..........
မေမေ............
မေမေ လဲ ရူးခါနီးနေပါပြီ သမီးရယ်:P
December 12 ,2014
ဟေမာ့ လက်ရာ ကားလေး <3 i="">3>
December 5 ,2014
အိမ်က မယ်လက်တောက် မောင်လေးလိုချင်နေတာ ။
တချိန်လုံး ပူနေတဲ့မအေ ဗိုက်ကို ကိုင်ပြီး မေမေ အထဲမှာ ဘေဘီလေးလားနဲ့ မေးနေတာ ။ သနားတာနဲ့ ဒီအရုပ်လေးဝယ်ပေးမလို့ဟာ ဟင့်အင်းဒါကဘေဘီဂဲလ်လေးတဲ့ သူလိုချင်တာက ဘေဘီဘွိုင်းတဲ့ ။ ခက်တာက ဆိုင်မှာက ဘေဘီဘွိုင်းအရုပ်က မရှိ ။
တကျီကျီ နဲ့ကို စိတ်ရှုပ်လာတာနဲ့ မောင်မောင်လေးက မေမေ့ဗိုက်ထဲမှာဆိုတော့ ပျော်ပြီး ဗိုက်လာကိုင် နားနဲ့ကပ်နားထောင်ပြီး ဘာမှလဲမကြားရဘူးနော် မာမီ တဲ့ ။
မပြီးသေးဘူး သူ့အဖေ ကို သွားပြောတယ် ဒယ်ဒီ ဒယ်ဒီ ဒီမှာ မောင်မောင်လေးက မေမေ့ဗိုက်ထဲမှာတဲ့ ။ သူ့အဖေ က မရှိပါဘူးသမီးရဲ့ ဖေဖေ က မောင်မောင်လေး မလိုချင်ဘူးနော် ဆိုတော့ ပြန်မေးတယ် ။ ဒယ်ဒီ က ဟေမာ့ကို အရမ်းချစ်လို့ မောင်မောင်လေး မလိုချင်တာလား တဲ့ ။
ဒါပေါ့ဆိုတော့ ပြုံးသွားရော ။ ဂလိုမှန်းသိ မေမေ လဲ သမီးကို အရမ်းချစ်လို့ မောင်မောင်လေး မလိုချင်ဘူးပြောရမှာ ။ နောက်တခါတော့ လည်သွားပြီ
December 4 ,2014
မနက် အိပ်ယာထ မိုးကရွာ သားအမိ နှစ်ယောက် အိပ်ယာထဲ နှပ်နေရင်း သူ့ကျောလေးပွတ်ပြီး သီချင်းဆိုပြတာ twinkle twinkl little star ဆိုတာကို ဟေမာ ဟေမာ လစ်တဲလ်စတား ဆိုပြီးတော့လေ ။ အဲဒါကို မယ်လက်တောက်က ဟေမာ့ကို little star လို့ မပြောပါနဲ့ big star လို့ ပြောပါတဲ့ ။ အွန်းနီကမှ little star တဲ့ လေ။
အွန်းနီဆိုတာ ဘယ်သူတုန်းဆိုတော့ ဟေမာ့ကျောင်းက သူငယ်ချင်းတဲ့ ။
သာယာနေတဲ့ မအေ စိတ်လေ သွားလို့ ရုံးထွက်လာခဲ့တယ်
December 1 ,2014
ဟေမာ က ပင်ဂူးလေးကိုလဲ ချစ်တာပဲ ။
ခက်တာက ပင်ဂူး က ရှေ့ကနေ ရှာရှာပေါက်ပေါက်ကစားရင် သူလဲ လိုက်ကစားချင်တာ ခက်တာပဲ ။ အိမ်မှာလဲ ပွ လို့
ဟေမာ သိပ်ကြိုက်တဲ့ ကာတွန်းတွဲ (Маша и Медведь - Большая стирка (Серия 18) | Masha and The Bear (Episode 18))
ပြောသေးတယ် မာမီ မာရှလေးက သိပ်ကို နော့တီးတာပဲနော် ။ မာမီက နော့တီးတာကို ချစ်တာလား နဲ့ စကားဝယ်သေးတာ ။ လည်ချက်
မနှစ်က ဟေမာတို့ Graduation ပွဲနီးလာတော့ ဒီသီချင်းလေးကို ဖွင့် ဖွင့်ပြီး သူ က နေတာ တွေ့တယ် ။ အမှန်တော့ အဲဒီနေ့မှာ က ရမှာမို့ သူ ကျင့်နေတာ မအေ က မသိဘူး ။
အချိန်တွေက ဘာမှ မကြာသလိုပဲ တနှစ်ကုန်သွားတာ ခနလေးလိုပဲ ။
ဒီနှစ်တော့ ဘာသီချင်းမှ ဖွင့်တာလဲမတွေ့ဘူး ။ ည တုန်းက မအေ က ဆမ်ဆောင်းဖုန်းထဲက ရစ်စမတ်သီချင်းလေးဖွင့်ပြပြီး သမီးရေ ဒီဇင်ဘာရောက်ပြီနော် ဆိုတော့ မော့ တောင်မကြည့်နိုင်ရှာဘူး ။ အခု သူ ဇာတ်လမ်း စီးရီးစ်တွေ ကြည့်နေတာ ။
ဘာပဲ ပြောပြော မနက်တိုင်း သူ အိပ်ယာက နိုးလာရင် မာမီ အိုင်လပ်ဖ်ယူ ဆိုတာလေးနဲ့ပဲ ကိုယ့်ကို ကိုယ် အားဖြည့်ရတယ်။

သမီးလေးက မအေထက် စမတ်ဖြစ်တယ် ။
တခုခုဆို သူလိုချင်တာ မလိုချင်တာကို ကွဲကွဲပြားပြား သိလဲသိတယ် ။ တွေလဲမတွေဝေဘူး ။ မအေ နဲ့ တူပြီး မကောင်းတဲ့အကျင့်က စိတ်မရှည်တာပဲ ။ အရောင်ခြယ်တာမှာ စိတ်ရှည်ရင် ညီပြီး သေချာလှအောင်ခြယ်တတ်တယ်။ ဒါပေမယ့် နှစ်ခုကနေ သုံးခုဆိုရင် စိတ်မရှည်တော့ ဆွဲခြစ်ပလိုက်ရော ။
အရောင်တွေဆို သမီးက အသီးတွေကို သိတယ် ။ ပန်းသီးဆို အစိမ်းရောင် ပန်းရောင်ခြယ်ရမယ်။ မာကလာသီးဆို အစိမ်းရောင် ခရမ်းချဉ် စတော်ဘယ်ရီဆို အနီရောင်ပေါ့ ။ အမယ် သူခြယ်မယ့် အရောင်ကိုကြည့်ပြီးပြောသေးတာ တခါ စတော်ဘယ်ရီကိုအနီခြယ်ရမှာ သူ့ခဲတံအရောင်က ပန်းဆီအနီကြီးဖြစ်နေလို့ မာမီ ဒီကာလာကို ဟေမာ satisfy မဖြစ်ဘူး နောက်တခါ စတော်ဘယ်ရီအနီရောင်ခဲတံရှာဝယ်ပေးပါ ဆိုပဲ ။
စိတ်မကောင်းစရာက ပန်းအရောင်တွေကို သမီးမသိဘူး ။ ဒီလောက် ပန်းတွေကြားမှနေ ပန်းတွေကို သိပ်ချစ်တဲ့ မေမေ့ မှာ သမီးလေးက ပန်းအရောင်တွေကို သိပ်မသိဘူးဆိုတော့ စိတ်တောင်မကောင်းဘူး ။ ပန်းတွေဆို ခြယ်ချင်တဲ့အရောင်တွေခြယ်လိုက်တယ် ။
၂၀၁၃ မတ်လမှာ သမီးက play group တက်တာ တနေ့မှတနာရီခွဲရယ် ဆိုတော့ သူပျော်တယ် ။ ၂၀၁၄ဇန်န၀ါရီမှာ child care N1 တနေကုန်ကျောင်းထားတော့ သူမပျော်ဘူး ။ တနေကုန် အီးလို တရုတ်လို ပြောကြတဲ့သူတွေကြားမှာ ၊ အစားပုပ်တဲ့သမီးလေး နေ့လည်စာကို ကျောင်းကကျွေးတဲ့ ပုံစံခွက် ခေါက်ဆွဲတွေ စွပ်တွေစားရတဲ့အခါမှာ သူ သိပ်စိတ်ညစ်ရှာမှာ ။ ညနေ သွားကြိုတိုင်း မုန့်ယူသွား အိမ်ရောက်အောင်မစောင့်နိုင် သိပ်ဆာနေတော့ တန်းကျွေး၇တာ ။ သူကလဲ ကျောင်းမသွားချင်လို့ ငိုတာတွေရှိသလို ကျောင်းကဆရာမတွေကလဲ.. နင်တို့ အိမ်မှာ အီးလိုမပြောဘူးလား နင့်သမီးက ပြောရင်မသိဘူး ဆိုတာမျိုး ပြောတာခံရတယ် ။ ကိုယ်တွေကတော့ အိမ်မှာ မြန်မာစကားပဲပြောဖြစ်တယ် ။ သမီးလေး မတူညီတဲ့ အသိုင်းအ၀န်းထဲ ၀င်ခဲ့ရတာ သိပ် stress များခဲ့ရှာမှာပဲ ။ အခုတော့လဲ သမီးလေးအခြေအနေ ဆရာမတွေကိုမေးတော့ ချီးကျူးကြတယ် ဟေမာ သိပ်တော်တာပဲ တဲ့ ။ တခုခု ဆို တခါပြောထား မှတ်လဲမှတ်မိတယ် ။ သူ့ပစ္စည်းလေးတွေဆို သိမ်းတယ် စည်းကမ်းရှိတယ် တဲ့ ။

ကျောင်းမှာလဲ သမီးနာမည် က ဟေမာပဲ ။ ဒီနာမည်လေးကို အကုန်လုံးက ခေါ်တတ်တော့
အဆင်ပြေတယ် ။ မေမေ ကလဲ သမီးနာမည်ကို အင်္ဂလိပ်နာမည်တွေ ဘာတွေမပေးချင်ပါဘူး .
သမီးရေ မေမေက အီးလိုလဲ သိပ်မလည် ၊ တရုတ်စကားလဲ မတတ်တော့ နောက်ပိုင်းမှာ သမီးနဲ့ မေမေ စကားမပေါက်ပဲ အလှမ်းကွာမှာ သိပ်စိုးတာပဲ ။ မေမေ ကြိုးစား၇မှာပေါ့နော်
သမီးရေ မေမေက အီးလိုလဲ သိပ်မလည် ၊ တရုတ်စကားလဲ မတတ်တော့ နောက်ပိုင်းမှာ သမီးနဲ့ မေမေ စကားမပေါက်ပဲ အလှမ်းကွာမှာ သိပ်စိုးတာပဲ ။ မေမေ ကြိုးစား၇မှာပေါ့နော်
December 5 ,2014
အိမ်က မယ်လက်တောက် မောင်လေးလိုချင်နေတာ ။
တချိန်လုံး ပူနေတဲ့မအေ ဗိုက်ကို ကိုင်ပြီး မေမေ အထဲမှာ ဘေဘီလေးလားနဲ့ မေးနေတာ ။ သနားတာနဲ့ ဒီအရုပ်လေးဝယ်ပေးမလို့ဟာ ဟင့်အင်းဒါကဘေဘီဂဲလ်လေးတဲ့ သူလိုချင်တာက ဘေဘီဘွိုင်းတဲ့ ။ ခက်တာက ဆိုင်မှာက ဘေဘီဘွိုင်းအရုပ်က မရှိ ။
တကျီကျီ နဲ့ကို စိတ်ရှုပ်လာတာနဲ့ မောင်မောင်လေးက မေမေ့ဗိုက်ထဲမှာဆိုတော့ ပျော်ပြီး ဗိုက်လာကိုင် နားနဲ့ကပ်နားထောင်ပြီး ဘာမှလဲမကြားရဘူးနော် မာမီ တဲ့ ။
မပြီးသေးဘူး သူ့အဖေ ကို သွားပြောတယ် ဒယ်ဒီ ဒယ်ဒီ ဒီမှာ မောင်မောင်လေးက မေမေ့ဗိုက်ထဲမှာတဲ့ ။ သူ့အဖေ က မရှိပါဘူးသမီးရဲ့ ဖေဖေ က မောင်မောင်လေး မလိုချင်ဘူးနော် ဆိုတော့ ပြန်မေးတယ် ။ ဒယ်ဒီ က ဟေမာ့ကို အရမ်းချစ်လို့ မောင်မောင်လေး မလိုချင်တာလား တဲ့ ။
ဒါပေါ့ဆိုတော့ ပြုံးသွားရော ။ ဂလိုမှန်းသိ မေမေ လဲ သမီးကို အရမ်းချစ်လို့ မောင်မောင်လေး မလိုချင်ဘူးပြောရမှာ ။ နောက်တခါတော့ လည်သွားပြီ
December 4 ,2014
မနက် အိပ်ယာထ မိုးကရွာ သားအမိ နှစ်ယောက် အိပ်ယာထဲ နှပ်နေရင်း သူ့ကျောလေးပွတ်ပြီး သီချင်းဆိုပြတာ twinkle twinkl little star ဆိုတာကို ဟေမာ ဟေမာ လစ်တဲလ်စတား ဆိုပြီးတော့လေ ။ အဲဒါကို မယ်လက်တောက်က ဟေမာ့ကို little star လို့ မပြောပါနဲ့ big star လို့ ပြောပါတဲ့ ။ အွန်းနီကမှ little star တဲ့ လေ။
အွန်းနီဆိုတာ ဘယ်သူတုန်းဆိုတော့ ဟေမာ့ကျောင်းက သူငယ်ချင်းတဲ့ ။
သာယာနေတဲ့ မအေ စိတ်လေ သွားလို့ ရုံးထွက်လာခဲ့တယ်
December 1 ,2014
ဟေမာ က ပင်ဂူးလေးကိုလဲ ချစ်တာပဲ ။
ခက်တာက ပင်ဂူး က ရှေ့ကနေ ရှာရှာပေါက်ပေါက်ကစားရင် သူလဲ လိုက်ကစားချင်တာ ခက်တာပဲ ။ အိမ်မှာလဲ ပွ လို့
ဟေမာ သိပ်ကြိုက်တဲ့ ကာတွန်းတွဲ (Маша и Медведь - Большая стирка (Серия 18) | Masha and The Bear (Episode 18))
ပြောသေးတယ် မာမီ မာရှလေးက သိပ်ကို နော့တီးတာပဲနော် ။ မာမီက နော့တီးတာကို ချစ်တာလား နဲ့ စကားဝယ်သေးတာ ။ လည်ချက်
မနှစ်က ဟေမာတို့ Graduation ပွဲနီးလာတော့ ဒီသီချင်းလေးကို ဖွင့် ဖွင့်ပြီး သူ က နေတာ တွေ့တယ် ။ အမှန်တော့ အဲဒီနေ့မှာ က ရမှာမို့ သူ ကျင့်နေတာ မအေ က မသိဘူး ။
အချိန်တွေက ဘာမှ မကြာသလိုပဲ တနှစ်ကုန်သွားတာ ခနလေးလိုပဲ ။
ဒီနှစ်တော့ ဘာသီချင်းမှ ဖွင့်တာလဲမတွေ့ဘူး ။ ည တုန်းက မအေ က ဆမ်ဆောင်းဖုန်းထဲက ရစ်စမတ်သီချင်းလေးဖွင့်ပြပြီး သမီးရေ ဒီဇင်ဘာရောက်ပြီနော် ဆိုတော့ မော့ တောင်မကြည့်နိုင်ရှာဘူး ။ အခု သူ ဇာတ်လမ်း စီးရီးစ်တွေ ကြည့်နေတာ ။
ဘာပဲ ပြောပြော မနက်တိုင်း သူ အိပ်ယာက နိုးလာရင် မာမီ အိုင်လပ်ဖ်ယူ ဆိုတာလေးနဲ့ပဲ ကိုယ့်ကို ကိုယ် အားဖြည့်ရတယ်။
Thursday, January 8, 2015
ပြောပြချင်တယ် သူ့အကြောင်း
ကိုချစ်မောင်ကြီးရဲ့ ဒီနှစ်မွေးနေ့မတိုင်ခင် မှာ သမီးလေးက နေမကောင်းတာရော၊ ညဘက်ဆို သမီးလေးကို အချိန်ပိုပေးဖြစ်တော့ ကွန်ပျူတာရှေ့မထိုင်ဖြစ်တာရော နောက်ပြီး သူ့မွေးနေ့မှာ သူ့အတွက်အချိန်အပြည့်ပေးခဲ့တာတွေကြောင့် သူ့အကြောင်းတွေကို အမှတ်တရ မရေးဖြစ်ခဲ့ဘူး ။
နောက်ပြီး ကိုယ်ကအသက်ကြီးလာတာလဲပါမယ် ။ နောက် ၂၀၁၄ မှာ ကိုယ်နဲ့ရင်းနှီးခင်မင်ခဲ့တဲ့သူတွေရော ၊ အင်တာနက်ကျေးဇူး နဲ့ ကမာကြီးက ပိုပြီးလုံးလာတာကြောင့် လူတွေအကြောင်းအမျိုးမျိုးနဲ့ သေကြတာကို ကြားရ သိရတော့ မွေးနေ့ဆိုတာကို အထူးတလည် လုပ်ပြီး ရေးမနေချင်တော့တာရော ပေါ့ ။
သူ့ကို မွေးနေ့ဆုတောင်းပေးခဲ့တာထက် သူကိုယ်တိုင်သူ့မွေးနေ့မှာ ကောင်းမှူကုသိုလ်လုပ်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ် ။
အိမ်ကဘုရားမှာ အာရုဏ်ဆွမ်း ၊ သစ်သီး ၊ ပန်း၊ ရေချမ်းတွေကပ်ဖို့ကတော့ မွေးနေ့မှမဟုတ်ပါဘူး နေ့စဉ်နေ့တိုင်း ပြင်ဆင်ပေးခဲ့တာပါ ။ ဖားအောက်ဘုန်းကြီးကျောင်းမှာပါ အာရုဏ်ဆွမ်းကပ်ဖို့ ပြင်ပေးခဲ့ပါတယ် ။
ဖားအောက်ကျောင်းမှာ ကြာသာပတေးနေ့တိုင်း နေ့ဆွမ်းအတွက် ဟင်းချက်ကပ်ခဲ့တာတော့ နှစ် နှစ်ကျော်ခဲ့ပါပြီ ။ အခုတော့ သောကြာနေ့မှာပါ အာရုဏ်ဆွမ်းကပ်မယ့်သူမရှိဘူးဆိုလို့ သောကြာနေ့တိုင်း အာရုဏ်ဆွမ်းကပ်ဖို့ တာဝန်ယူခဲ့ပါတယ် ။
ဒါကတော့ သူ့အတွက် ကိုယ်တိုင် ဖုတ် ပေးခဲ့တဲ့ ချိစ်ကိတ်ပါ ။ သမီးလေးအကြိုက် ကိတ်သားထဲမှာပါ စတော်ဘယ်ရီ ၊ ဘလူးဘယ်ရီ အသီးအစစ် ထည့်ပေးခဲ့ပါတယ် ။
အိမ်သားတွေအတွက်ချက်ပေးခဲ့တဲ့ အုန်းနို့ခေါက်ဆွဲပါ ။ Feel က ရွှေအိနို့စိမ်းခေါက်ဆွဲကို Feel က ငါးဖယ်ကို အုန်းနို့ နဲ့ ဆီသတ်ပြီး ချက်လိုက်တာပါ ။ လွယ်ကူမြန်ဆန်ပြီး အရသာကတော့ တကယ်ပါ အဟုတ်ပါ ဂွတ်ရှယ်ပါ ။
ဖေ့ဘုတ်မှာ ပြောပြခဲ့တဲ့ သူ့အကြောင်းတွေ၊ သူနဲ့ ဆက်စပ်နေတာလေးတွေ
November 27,2014
မနေ့က ကစားကွင်းကအပြန် ၀မ်းနည်းနေတဲ့ မယ်သံ့ကို ကိုချစ်မောင်က ရှင်းပြပါတယ် ။
ပထမပွဲမှာ ကြည်လင်းမပါဘူးတဲ့ ကျော်ကိုကိုက ကြည်လင်းနဲ့ အတွဲဆိုတော့ စလုံးကို ဂိုးပေးလိုက်ရတာပေါ့ တဲ့ ။
ဒုတိယပွဲမှာတော့ ကြည်လင်းပါလာပါတယ် ။ ဘယ်တောင်ပံမှာနေရာချတာ ကျော်ကိုကို နဲ့ ကြည်လင်းက အတွဲဆိုတော့ အချိတ်အဆက်နဲ့ ဂိုး ၂ဂိုး သွင်းပေးနိုင်ခဲ့တာပဲ ။ နောက်တော့ ကြည်လင်းကို ညာတောင်ပံဘက်ကို နေရာပေးလိုက်တယ်တဲ့ ။ ဘာကြောင့်လဲဆိုတော့ ကြည်လင်း က လဲ နာနေတာလဲများနေပြီ တဲ့ ၊ ကျော်ကိုကိုကလဲ ခြေကျသွားပြီတဲ့ ...နောက်တယောက်ကို သူပြောသေးတယ် နာမည်မမှတ်မိ ။ အဲဒီတယောက်လဲ တော်ပါတယ် ဒါပေမယ့် အရံထဲမှာ ထည့်ထားတယ်တဲ့ ။
မနေ့က ကစားတဲ့ U22 မှာ ကျော်ကိုကို နဲ့ ကြည်လင်းအတွဲ ကို ပဲ အားထားရတယ်တဲ့ ။
ကျမ ကတော့ ဘောလုံး ဆိုတာကို သိပ်ဝါသနာမပါ စိတ်မ၀င်စားတဲ့သူမို့ သူပြောပြသလောက်သိရတာပါပဲ ။ ကိုချစ်မောင်လဲ ဘောလုံးပွဲတွေကို အချိန်ပေးကြည့်တာ တို့ ဘောလုံးဂျာနယ်တို့ ဖတ်တာတို့ သိပ်မတွေ့ရတော့ သူသိတာက တကယ်လား ဟုတ်ရဲ့လားတော့ မသေချာဘူး ။ ဒါပေမယ့် ၀မ်းနည်းနေတဲ့ ကိုယ့်ကို ၀မ်းမနည်းပါနဲ့ကွာ ဒီကောင်တွေက အသုံးမှမကျပဲ ဘာညာတွေနဲ့ ပြောပြီး ဖြေသိမ့်မပေးပဲ ဘောလုံးပွဲ လာကြည့်တဲ့သူကို ပွဲရဲ့ သဘောတရား အကျိုးအကြောင်းပြောပြီး စိတ်ကို အာရုံလွှဲပေးတော့ စိတ်ကျေနပ်သွားတာပေါ့လေ ။
တဆက်ထဲ ဆက်ပြီးစဉ်းစားမိတာက ဘောလုံးပွဲက လူ ၁၁ ယောက်ကစားရတဲ့ Team work ။ အဲဒီလို အဖွဲ့လိုက်မှာ မှ ဒီလူပါမှ ဒီလူနဲ့မှ အတွဲရယ်လို့ ဆိုရင်တော့ အဖွဲ့သား ၁၁ ယောက်လုံးဟာ တသားထဲမကျတဲ့သဘော မို့ အသင်းလိုက် အဖွဲ့လိုက်ကြိုးစားယူမှ ရမယ့် အောင်မြင်မှူကို မရနိုင်ခဲ့တာဟာ မထုးဆန်းပါဘူး လို့ ပြောရမယ် ။ အောင်မြင်ချင်မယ်ဆိုရင်တော့ အဖွဲ့သား ၁၁ ယောက်လုံးဟာ ညီညွတ်တဲ့စိတ်၊ တသားထဲဖြစ်မယ့် အင်အားတွေ ( စိတ်ရောလူရော) ကို အရင်ပေါင်းစည်းရမယ် ။ အဲဒီအတွက် အလေ့အကျင့်ကို အရင်ယူရမှာလို့ပဲ မြင်ပါတယ်။
ကလေးတယောက် အမေ မို့ အလုပ်များအချိန်မအားပါဘူး လို့ပြောနိုင်တဲ့ ကျမအတွက် ကိုယ်ဝါသနာမပါတဲ့ ဒီဘောလုံးပွဲကို ဘာကြောင့်သွားကြည့်ရသလဲဆိုတော့ ကိုယ့်နိုင်ငံ ဆိုတာ သိစေဖို့အတွက် တိုက်ပွဲဝင်ပေးမယ့် မောင် တွေကို သွားပြီးအားပေးတာပါပဲ လို့ ကြီးကြီးကျယ်ကျယ် ပြောကြည့်ချင်ပါတယ် ။
ပွဲမှာ ကိုယ့်မြန်မာအသင်း မအောင်မြင်ခဲ့တာတွေ ကို ဘာပြောချင်လဲ ဘယ်လို ခံစားရသလဲ ဆိုတော့ မြို့မှာ ပညာသွားသင်တဲ့မောင် စာမေးပွဲကျပြီး ပြန်လာတာကို ပညာမတတ်တဲ့အမကြီးက ထမင်းအိုးမွှေနေရင်းက ပြေးထွက်ကြိုသလိုမျိုး ဘာပြောရမှန်းမသိ ယောင်းမကြီးကိုင်ပြီး ပါးစပ်အဟောင်းသားနဲ့ ဆိုသလိုမျိုးပေါ့ ..........။
အားလုံး ညီညွတ်စွာပေါင်းစည်းနိုင်ပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှူကို ရရှိနိုင်ပါစေ လို့...........။
November 27,2014
ကိုချစ်မောင် ကိုချစ်မောင် နဲ့ ပါးစပ်ဖျားကမချ တပြောထဲပြောရအောင် သူက ဘာတုန်း ဘယ်လိုတုန်း နဲ့ ဖဘကြီးခေတ်စားခါမှ ပြန်တွေ့ကြတဲ့ သယ်ရင်းတွေက မေးတဲ့သူကမေးကြတော့ ရှက်လာတာနဲ့ မဖြစ်သေးဘူး ကိုချစ်မောင် မကောင်းကြောင်းတွေရေးဦးမှ ဆိုပြီး ရေးတော့မလို့ ကို သူ့မကောင်းကြောင်းကလဲ ရှာလို့ကို မတွေ့ဘူးတော် ...ဟိုသီချင်းလိုပဲ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်နော့ ဆိုလား အဲလိုပဲ ။ တကယ်တော့ အပြစ်တင်တာ အပြစ်ပြောတာ ဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပေးတာဆိုတာ အားလုံးသိပြီးသားပါနော် ။ ပညာရှိ သတိဖြစ်ခဲ မို့ ခလုတ်တိုက်ပြီး မေ့သွားတာပဲနေမှာပါ ။ လူတစ်ယောက်ကို တကယ်ချစ်ခင်ရင်ဖြင့် အပြစ်မပြောကြေး ။ အဲလေ ပြောသင့်တာ ၊ သူတခုခုမှားနေတာကို သတိပေးချင်တာဆိုတောင် အကျိုးအကြောင်းပြောပြနည်းနဲ့ သူ့ဟာသူပဲ ဆုံးဖြတ်စေတာ ကောင်းပါတယ် ။
ဘာပဲပြောပြော စာလေးလဲရေးချင် အန်နဗာဆရီ လဲ နီးလာပြီမို့ ကိုချစ်မောင်ကောင်းကြောင်းတွေ ဆက်ရေးပါရစေဦးလို့ ..။
November 28,2014
မယ်သံ ..ကိုချစ်မောင်ရဲ့ ဘာရဲ့ နဲ့ ချစ်ကြောင်း ကောင်းကြောင်းရေးတော့မယ်လို့ လေသံပစ်ရင် အိမ်ကဘိုးတော်မျက်ခုံးလှုပ်တယ် ။ သူ့ ခွက်ဒစ်ကတ်လေးကိုတော့ သုံးတော့မယ် ၊ သူ့ ကတ်ထဲက ဂဏန်းလေးတွေ တောင်ပံပါရင် မင်းဆီကိုးဆိုပြီး နောက်လှည့်မကြည့်တမ်း ပျံထွက်သွားတော့မယ် အဲဟယ် ။
သူလဲ ကိုယ့်ကို သီချင်းဆိုပြချင်ပါတယ် တဲ့ မင်းမချစ်လဲနေပါ ရတယ် မင်းမချစ်လဲနေပါရတယ် ဆိုပြီးတော့ ( အင်္ကျီ အိပ်ကပ်ကို ဖိပြီး ညက်မှောင်ကြီးကြုတ် နေတဲ့ ခေတ်သစ်ဦးကပ်စေးကိုမြင်ယောင်ကြည့်ပါရန်)
December 5 , 2014
အခုတလော ဖဘမှာ လင်ကွာမယားကွာတွေ ခေတ်စားတော့ ဘဲဥမ လဲ စိုးရိမ်လာပါတယ် ။ ဘဲဥ က စားလို့ဖြစ်တယ်ဆိုပေမယ့် လဲ အကိုကာလသားတို့အတွက်တော့ လျှာရင်းမမြက်ဘူးမဟုတ်လား ။
အင်း ကိုဒန့်သလွန် လဲ ဗမာကားတွေကြည့်ရင် ဟို ချစ်စရာ လေး စကားချွဲချွဲလေး ပြောတဲ့မင်းသမီးကားတွေကြည့်တာတွေ့တယ်ပေါ့ ။ အဲဒီမင်းသမီးလေးဟာ ထစ်ဆို ငိုလိုက် စိတ်ကောက်လိုက် ရန်တွေ့လိုက် နဲ့ ကိုဒန့် တို့ ပါးစပ်ကြီး မစိ ပဲ ကြည့်နေတာတွေ့တော့လေ ကိုယ်လဲ ၀ါသနာမပါပေမယ့် အဲလို လုပ်ကြည့်ရင် ကောင်းမလားပေါ့လေ ။
အဲဒါနဲ့ သေချာအောင်မေးကြည့်ဦးမှပါပဲဆိုပြီး ...
ဘာရယ်မဟုတ်ပါဘူး အမှတ်တရပါ ။ အားလုံးပျော်ရွှင်ကြပါစေ :D

ဘဲဥး ကိုဒန့် ကိုဒန့်
ကိုဒန့်း ဘာတုန်းဟ
ဘဲဥး ဟိုလေ ကိုဒန့် ဘယ်လိုကြိုက်မှန်း မသိလို့ တခုခုဆို ကိုဒန့်က ဆူလိုက်ရင်လေ ငိုတာမျိုးကြိုက်လားဟင် ဟို မင်းသမီးလိုမျိုးလေးလေ
ကိုဒန့်း သဘောပဲ ငိုချင်ငို မငိုချင်နေ ။ ငိုလဲ မသနားဘူး မငိုလဲမသနားဘူး
( မငို လိုက်ရဘူး ရယ်လိုက်တာနဲ့ တကြောပြတ်သွားတယ် :P)
ဘဲဥး ဟိုလေ ဟိုမင်းသမီးလေး ငို ရင် ကိုဒန့်သဘောကျတယ်လေ အဲလိုမဟုတ်ဘူးလား ။ တို့ ကလေ ကိုဒန့် သဘောကျအောင် ငိုကျင့်မလို့လေ
ကိုဒန့်း ရူးလိုက်တာကွာ ။ မင်းသမီး ငိုတာက သူ့ဟာသူ ငိုတာ ၊ ကိုယ်ဘာမှ သွားလုပ်ပေးရတာမဟုတ်ဘူး ။. မင်း ငို ရင် ကိုယ်က ဒီတိုင်းနေတော့လဲမကောင်း ၊ ချော့ပြန်လဲ မင်းကအခွင့်အရေးတောင်းဦးမယ် ။ ကိုယ့်အတွက်တော့ မကောင်းဘူး ။
December 27, 2014 ( အကယ်ဒမီ ပေးပွဲ အမှတ်တရများ)

မယ်သံး အို ကိုရန်လေး စကားထစ်လဲ ချစ်တာပါပဲ လို့ သူ့သီချင်းတွေ စိတ်ညစ်တိုင်းနားထောင်နေတဲ့ဟာကို ..
ယောက်ျားးးးးး ညီးချစ်တာတွေများနေတယ် ယောက်ျားကလွဲရင်အကုန်ချစ်နေသလားတဲ့ ...
မယ်သံး ဟမ် ကတောက် မင်းဦး ရသွားတယ် ချီးထုတ်
မင်းဦးးးး လက်ထပ်ခြင်းဆိုတာ ချစ်ခြင်းရဲ့ သင်းချိုင်း ၊ အဲဒါကြောင့် မင်းကိုငါ လက်မထပ်ခဲ့တာ ..
ကိုဒန့်းးး အိုင်းယိုး လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ဒီစကားလုံးမျိုး ဘာလို့ မကြားဖူးခဲ့ပါလိမ့်
ဘဲဥမးးး ဂါးးးးးးးး

ဝတ်မှုန်ရွှေရည် ပြအပြီး...
ကိုဒန့်းးး ဟာ ဒါတော့ရသင့်ပါတယ်ကွာ သရုပ်ဆောင်လေးက ကောင်းတာကိုး ထင်တောင်မထားဘူး ။ ၀မရရ ငါတောင်ကြိုက်သွားပြီ
ဘဲဥမးးး ဟွန်းး လူမင်းတို့နဲ့ ဂလောက် ပလူးနေတာ ရမှာပေါ့ ။ ကြည့်ပါလား ကျေးဇူးတင်စကားကိုက ငဖားမကြီး ဟွန်း
ပြေတီဦးတော့ လုံးဝမကြိုက်တာ ဘယ်လို လုပ်ရသွားမှန်းကိုမသိတာ .....
ကိုဒန့်းးး ညီး မောင် နဲ့ တူလို့ရတာအေ့
ဘဲဥမးးး ဒီလူတော့ ကြောင်နေဘီထင်တယ် ငါ့ကို ဘောက်ချည်းပြောနေပါလား အကယ်ဒမီပြီးရင် ထမင်းပွဲပြင်ကျွေးနေရဦးမယ် အခန်းထဲဝင်နေမှ:P
ကိုဒန့်းးး ဟာ ဒါတော့ရသင့်ပါတယ်ကွာ သရုပ်ဆောင်လေးက ကောင်းတာကိုး ထင်တောင်မထားဘူး ။ ၀မရရ ငါတောင်ကြိုက်သွားပြီ
ဘဲဥမးးး ဟွန်းး လူမင်းတို့နဲ့ ဂလောက် ပလူးနေတာ ရမှာပေါ့ ။ ကြည့်ပါလား ကျေးဇူးတင်စကားကိုက ငဖားမကြီး ဟွန်း
ပြေတီဦးတော့ လုံးဝမကြိုက်တာ ဘယ်လို လုပ်ရသွားမှန်းကိုမသိတာ .....
ကိုဒန့်းးး ညီး မောင် နဲ့ တူလို့ရတာအေ့
ဘဲဥမးးး ဒီလူတော့ ကြောင်နေဘီထင်တယ် ငါ့ကို ဘောက်ချည်းပြောနေပါလား အကယ်ဒမီပြီးရင် ထမင်းပွဲပြင်ကျွေးနေရဦးမယ် အခန်းထဲဝင်နေမှ:P
ဘာရယ်မဟုတ်ပါဘူး အမှတ်တရပါ ။ အားလုံးပျော်ရွှင်ကြပါစေ :D
Friday, January 2, 2015
ဒီဇိုင်းမျိုးဆွေသန်းရဲ့ မျက်နှာစာအုပ်ပေါ်မှ - ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။
ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၁ ) - Dec 4, 2014
ရာဇကုမာရ် က ပုဂံခေတ်ကနေ ယနေ့ထိ ပုဂံထီးနန်းကို ကိုအုပ်စိုးခဲ့တဲ့ မင်း တွေနဲ့အတူ ထင်ရှားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
နှောင်းလူများအတွက် တန်ဖိုးများစွာပါတဲ့ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာ နဲ့ လေးထောင့် ကျောက်စာတိုင်ပေါ်မှာ လေးမျက်နှာရေးထိုးခဲ့ရုံတင်မကပဲနောက်ထပ် မိတ္တူတစ်တိုင် ပါ ရေးထိုးခဲ့တဲ့ လုပ်ရပ်နဲ့ အဲဒီကျောက်စာ ကအကြောင်းပြုတဲ့ မြင်းကပါအရပ်ကဂူပြောက်ကြီးစေတီကိုတည်ထား
ကိုးကွယ်ခဲ့ပြီးဂူဘုရားအတွင်းမှာဗုတ္ထုတ်ပတ္တိနံရံပန်းချီများကိုရေးဆွဲလှုဒါန်း
ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။
ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၂ ) - Dec 4, 2014
ရာဇကုမာရ်ရဲ့ကျောက်စာကိုရှာဖွေတွေ့ရှိရခြင်းဟာ မြန်မာစာပေသမိုင်းမှာအလွန်အရေးပါ တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်၊ ခရစ်နှစ် ၁၁၁၃ ခုနှစ်ကမြန်မာစာပေကို ပျု ၊ မွန်၊ စာပေတို့နဲ့လည်းနှိုင်းယှဉ် ကြည့် နိုင်ပါတယ်။ ကျောက်စာတိုင်ကို ဂူပြောက်ကြီးဘေးကတစ်တိုင်နဲ့  ဂူပြောက်ကြီးခေါင်းရင်းကမြစေတီ ထဲကတစ်တိုင် တွေ့ရှိကြ ပါတယ်၊ အကြောင်းအရာက ကျန်စစ်သားမင်းကြီး သေခါနီး နာနေတဲ့အချိန်မှာ ရာဇကုမာရ်က သူ့မိခင်ကျန်စစ်သားမိဖုရားထံ က ရတဲ့လက်ဝတ်ရတနာတွေနဲ့ ကျွန်သုံးရွာကို ဂူဘုရားတစ်ဆူပြု ပြီး ရွှေဘုရားတစ်ဆူ ဌာပနာကာ ဂူအထွတ်တင်ပြီး ကျန်စစ်မင်းကြီးရှေ့မှောက်မှာ ရေစက်သွန်းချ လှုဒါန်းခဲ့တဲ့အကြောင်းပါပဲ။
ပျူ စာဖက်ကစာမျက်နှာကို ပြင်သစ်က ပညာရှင်စီအိုဗလက်ဒင် ကဖတ်ပေးပါတယ်။ပျူ စာ ကိုပထမဆုံးဖတ်ပေးနိုင် သူပါပဲ၊ အဲဒီတော့မှ ရာဇကုမာရ်ကျောက်စာပါ ပျူ စာလုံးတွေနဲ့  တိုက်ဆိုင်ပြီး အချို့သော ပျူ စာတွေကိုဖတ်ရှုနိုင်ခဲ့ကြ ပါတယ်။
ရာဇကုမာရ်ရဲ့ အလှုကို ကျန်စစ်မင်းကြီးကသာဓုခေါ်ပြီး ကောင်းလှောင့်တေးကောင်းလှောင့်တေးလို့ မြန်မာ လိုပြောတာက ပျူ ဖက်မှာ ဟပြဆော၊ ဟပြဆောဆိုတော့ good ကိုပျူ စာကနေ အဓိပ္ပါယ်ပြန် လို့ရခဲ့ပြီပေါ့ ။ ရာဇကုမာရ်ရဲ့ကျောက်စာတိုင်ကို အခု ပုဂံယဉ်ကျေးမှုပြတိုက်ကြီးရဲ့ ကျောက်စာ ပြခန်းမှာ အမှတ်စဉ် ( ၁၀ )ရေးထိုးပြီးထိန်းသိမ်းထားပါတယ်၊ သက္ကရာဇ် ၄၇၄ ရေးထိုးထားတဲ့ ဒီကျောက်စာက ပျူ၊ မွန်၊ပါဠိ၊ မြန်မာ လေးဘာသာ ရေးထိုးထားပြီးမြန်မာဖက်မှာ စာကြောင်းရေ ( ၃၉ ) ကြောင်းပါပြီး ပုရှာသ္ခင်သာသနာ အနှစ်တစ်ထောင့်ခြောက်ရာနှစ် ဆာယ် ဟေတ်နှစ် ---နဲ့ အစချီထားပါတယ်။
ဒုတိယကျောက်စာတိုင်ကိုတော့ မြစေတီစေတီဝင်းအတွင်း စေတီရဲ့အရှေ့တောင်ထောင့်မှာ စိုက်ထူထိန်းသိမ်းထားပါတယ်၊ ကျောက်စာပါအကြောင်းအရာအရ ဂူပြောက်ကြီး စေတီနဲ့  သက်ဆိုင်ပြီး မြစေတီနဲ့သက်ဆိုင်ခြင်းမရှိ ပါ။
ဒါ့ကြောင့် မြစေတီကျောက်စာဆိုတာထက် ဂူပြောက်ကြီးကျောက်စာ၊ ရာဇကုမာရ်ကျောက်စာလို့သာပညာရှင်များကညွှန်းဆိုပါတယ်။
ဂူပြောက်ကြီးဆိုတဲ့အမည်ဟာလည်း နှောင်းအမည်ဖြစ်ပြီး အပြောက်အမွှန်းတွေကထူးခြားစွာကောင်းမွန်လို့ ဂူပြောက်ကြီးလို့ခေါ်ပုံရပါတ ယ်။
ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၃ ) - Dec 4, 2014
ရာဇကုမာရ် က ကျန်စစ်သားရဲ့သား ဟုတ်မဟုတ်ဆိုတဲ့ပြဿ နာရှိပါတယ်၊ ရှေ့က ဆရာ့ဆရာများရဲ့ဆရာ Old Burma Early Bagan ကိုရေးခဲ့တဲ့ ဒေါက်တာလုစ်က မြန်မာ့သမိုင်းကို စောစီးစွာ သုတေသန လုပ်ခဲ့တယ်၊ ကျွန်တော်တို့ကသူ့အပေါ်မှာ ကျေးဇူးရှိပါတယ်။
ပုဂံခေတ် အနော်ရထာလက်ထက် မှာကတည်းက စာကြည့်တိုက်ရှိပါတယ်။ ပိဋကတ်တွေကို သိုလှောင်တဲ့ အဆောက်အဦကို ရွှေဂူလို့ ခေါ်လေ့ရှိပါတယ်၊ ပထမဦးဆုံး ပိဋကတ်တိုက်က သရပါတံခါးကနေဝင်ပြီး သဗ္ဗညုစေတီကြီးဖက်ကွေ့တော့ ရွှေဂူကြီးစေတီခေါင်းရင်းက အဆောက်အဦပေါ့။
အနော်ရထာမင်းလက်ထက်ကပိဋကတိုက်ကို ကုန်းဘောင်ခေတ်က ဘိုးတော်ဘုရား(၁၇၈၂-၁၈၁၉)က ၁၇၈၃ မှာ ပြန်လည်ပြင်ဆင်လှုဒါန်းလိုက်လို့ ကုန်းဘောင်ခေတ်လက်ရာဖြစ်နေပါပြီ၊
မူလ လက်ရာဆိုလို့ ကျောက်ဇာပြူ တင်း(၃) ခုနဲ့ မူလအုတ်အဝန်းအဝိုင်းပန္နက်တို့သာ ကျန်ပါတော့တယ်။
ရာဇဝင်တွေမှာတော့ သထုံကပင့်လာခဲ့တဲ့ ပိဋက အစုံ(၃၀) ကိုသိမ်းဆည်းသိုမှီးတယ်လို့ရေးကြပေမယ့် ဆရာကြီးဒေါက်တာသန်းထွန်းကတော့ သထုံကနေပေိဋကတ်တွေ သိမ်းလာ တယ်ဆိုတာ ကျောက်စာအထောက်အထားမရှိသလိုပိဋကတ် အစုံ(၃၀) လည်းမဆန့်ပါဖူး တစ်စုံပဲ သိမ်းလို့ရပါတယ်လို့ဆိုပါတယ်။
နန်းတော်ရာခေါင်းရင်းကရွှေဂူကြီးဘုရားဟာလည်း ရွှေဂူလို့ဆိုတဲ့အတွက်ပိဋကတ်တွေသိမ်းတဲ့နေရာပါပဲတဲ့၊
ရွှေဂူကြီးကို အလောင်းစည်သူလို့ခေါ်တဲ့ ပထမစည်သူက (၁၇၊ မေ ၁၁၃၁ မှာတည်ပြီး ၁၇၊ ဒီဇင်ဘာ၊ ၁၁၃၁) မှာပြီးတယ်၊
အဲဒီရွှေဂူကြီးပါဠိကျောက်စာမှာ
« ကာရာပေတွာ လိခါပေတွာ ပိဋကတ္တယ မုတ္တမံ"
ထိုအခါ အဖိုးမဖြတ်နိုင်သော ပိဋကတ်များကို ကူးယူစေသည် လို့ပါတယ်။
အဲဒီပိဋကတ်တွေကိုရွှေဂူကြီးမှာထားတယ်၊ ဒါ့ကြောင့် ရွှေဂူပါရင်စာကြည့်တိုက်
လို့ သတ်မှတ်လို့ရပါတယ်။
- ရှုကူပ္လုရုယ်ပိတကတ်အဥိသုံး က္လံတရျ၃ဆူ (မေ၊၁၂၁၃၊ သန်လျင်ဥိကပ်သင့်ချန်)
- သ္ခင် ပ္လုသော ပိတကတ်၊ ငါရှိခိုဝ်အံ့၊ ပိတကတ် ရှုယ်ဂူတွင် ထာလသိယ်
၉၊ဖေဖေါ်ဝါရီ၊၁၂၃၀၊ သ္ခင်မြင်ခုန်တိုင် ကျောက်စာ ) စတဲ့ ပုဂံခေတ်ကျောက်စာတွေမှာ ရှယ်ဂူ ဆိုတဲ့ ရွှေဂူပြုတယ် ဆိုတာတွေမှာလည်းတွေ့ နိုင်ပါတယ်။
ဒုတိယ စာကြည့်တိုက်ဖြစ်တဲ့ မြကန်စာကြည့်တိုက်က ကျန်စစ်သားမင်းကြီး တည်ဆောက် ခဲ့တာဖြစ်ပြီး သီဟိုဠ်ကတင်သွင်းခဲ့တဲ့ သီဟိုဠ်မူ ပိဋကတ်သုံးပုံနဲ့ ညီညွတ်အောင် ကျန်တာတွေကို တိုက်ဆိုင်စစ်ဆေးတယ်၊ အသစ်လည်း ကူးရေးတဲ့နေရာလည်းဖြစ်တယ်၊ ဒီတာဝန်ကို ရာဇကုမာရ်က အားကြိုးမာန်တက် ထမ်းဆောင်ပြီး သီရိလင်္ကာ၊ မွန်၊ မြန်မာက ရဟန်းပညာရှိ လူပညာရှိတွေနဲ့
ပိဋကတ်သန့်စင်ရေးကို မြကန်ကစာကြည့်တိုက်မှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်။
အဲဒီမြကန်နားမှာ ကျန်စစ်သားရေးထိုးခဲ့တဲ့ ကျောက်စာ (၂)ချပ် ကျန်ရစ်ပါတယ်၊ မြကန်ကျောက်စာနဲ့  အလံပုဂံကျောက်စာပါ၊ မြကန်ကျောက်စာမှာတစ်ဖက်ပိတ်ကန်ဖြစ်တဲ့ မြကန်ကို
မဟာနိဗ္ဗာန်လက်ဆွဲချီရေကန်လို့ မင်းကြီးကအမည်ပေးပြီး အဝိဇ္ဇာခွင်းလို့ အလင်းပေးမယ့်အကြောင်းကို နတ်ပြည်တံခါးကိုဖွင့်လှစ်ကာ လူအပေါင်းတို့ကို နတ်ပြည်သိုပို့ဆောင်လမ်းပြတော်မူပါမယ်
လို့ဖော်ပြထားပါတယ်။
ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၆ ) - Dec 6,2014
မြကန် ကျောက်စာမှာ ကျန်စစ်မင်းကြီးလို့ အများခေါ်တဲ့ ဂြီ တြိဘုဝနာဒိတျဓမ္မရာဇာမင်းဟာဗျာဒိတ်ခံမင်း ဆိုတာကိုတော့ က၊ ခ၊ ဂ၊ ထိတော့ ရေးထိုးနေတုန်းပါပဲ၊
( ဂ ) မျက်နှာမှာတော့အလုံးစုံသော ပိဋကတ်တော်မြတ်ကို သန့်ရှင်းစင်ကြယ်တည့်မှန်စေရန် စီမံရေးသား ချီးမြှင့်လတ္တံ့၊ ဓမ္မစည်ကြီးအသံကို အနှံ့အပြားမြည်ဟည်းစေလတ္တံ့။
--- --- --- --- --- --- --- --- --- --- ---
တောက်ပြောင်သောရွှေဖြင့်ပြီး၍ ရတနာခုနစ်ပါးတို့ဖြင့် ခြယ်လှယ်မွန်းမံ ထားသော နတ်ပြည်တံခါး၏ ကန့်လန့်ကျင် ကိုမ၍ ဖွင့်ပေးပြီးနောက် လူအပေါင်းတို့အား နတ်ပြည်သို့ ပို့သွင်းလတ္တံ့။
ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၇ ) - Dec 7, 2014
ပုဂံကဗိသုကာကို ပညာရှင်တွေက ခေတ်ဦးကာလ ( ခရစ်နှစ် ၈၄၉ ကနေ ၁၁၁၃ )
ခေတ်ပြောင်းကာလ ( ခရစ်နှစ် ၁၁၁၃ ကနေ ၁၁၇၄ ) ခေတ်နှောင်းကာလ ( ၁၁၇၄ ကနေ ၁၂၈၇ ) လို့သတ်မှတ်ကြတယ်။
မြင်းကပါဂူပြောက်ကြီးက ခေတ်ပြောင်းကာလမှာတည်ဆောက်ခဲ့တဲ့ဂူဘုရားဖြစ်တယ်။
ရာဇကုမာရ် က ပုဂံခေတ်ကနေ ယနေ့ထိ ပုဂံထီးနန်းကို ကိုအုပ်စိုးခဲ့တဲ့ မင်း တွေနဲ့အတူ ထင်ရှားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
နှောင်းလူများအတွက် တန်ဖိုးများစွာပါတဲ့ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာ နဲ့ လေးထောင့် ကျောက်စာတိုင်ပေါ်မှာ လေးမျက်နှာရေးထိုးခဲ့ရုံတင်မကပဲနောက်ထပ် မိတ္တူတစ်တိုင် ပါ ရေးထိုးခဲ့တဲ့ လုပ်ရပ်နဲ့ အဲဒီကျောက်စာ ကအကြောင်းပြုတဲ့ မြင်းကပါအရပ်ကဂူပြောက်ကြီးစေတီကိုတည်ထား
ကိုးကွယ်ခဲ့ပြီးဂူဘုရားအတွင်းမှာဗုတ္ထုတ်ပတ္တိနံရံပန်းချီများကိုရေးဆွဲလှုဒါန်း
ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။
ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၂ ) - Dec 4, 2014
ရာဇကုမာရ်ရဲ့ကျောက်စာကိုရှာဖွေတွေ့ရှိရခြင်းဟာ မြန်မာစာပေသမိုင်းမှာအလွန်အရေးပါ တဲ့ဖြစ်ရပ်ပဲဖြစ
ပျူ စာဖက်ကစာမျက်နှာကို ပြင်သစ်က ပညာရှင်စီအိုဗလက်ဒင် ကဖတ်ပေးပါတယ်။ပျူ စာ ကိုပထမဆုံးဖတ်ပေးနိုင်
ရာဇကုမာရ်ရဲ့ အလှုကို ကျန်စစ်မင်းကြီးကသာဓုခေါ်ပြီး ကောင်းလှောင့်တေးကောင်းလှောင့်တေးလို့ မြန်မာ
ဒုတိယကျောက်စာတိုင်ကိုတော့ မြစေတီစေတီဝင်းအတွင်း စေတီရဲ့အရှေ့တောင်ထောင့်မှာ စိုက်ထူထိန်းသိမ်းထားပါတယ်၊
ဒါ့ကြောင့် မြစေတီကျောက်စာဆိုတာထက် ဂူပြောက်ကြီးကျောက်စာ၊ ရာဇကုမာရ်ကျောက်စာလို့သာပညာရှင်များကညွှန်းဆိုပါတယ်။
ဂူပြောက်ကြီးဆိုတဲ့အမည်ဟာလည
ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၃ ) - Dec 4, 2014
ရာဇကုမာရ် က ကျန်စစ်သားရဲ့သား ဟုတ်မဟုတ်ဆိုတဲ့ပြဿ နာရှိပါတယ်၊ ရှေ့က ဆရာ့ဆရာများရဲ့ဆရာ Old Burma Early Bagan ကိုရေးခဲ့တဲ့ ဒေါက်တာလုစ်က မြန်မာ့သမိုင်းကို စောစီးစွာ သုတေသန လုပ်ခဲ့တယ်၊ ကျွန်တော်တို့ကသူ့အပေါ်မှာ ကျေးဇူးရှိပါတယ်။
အဲဒီဒေါက်တာလုစ်ကလည်းဇာတ်လမ်းတချို့ကိုဆက်စပ်စဉ်းစားရာကနေ စိတ်ပါလွန်သွားပြီး တစ်ချို့ အကြောင်းအရာလေးတွေက သမိုင်းဆိုင်ရာ ဇာတ်ကောင်တစ်ချို့ကို သိပ် ပြီးချစ်ခင်သွားတဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိရာမှာ ရာဇကုမာရ်ဟာအမှတ်ပြည့်အမြဲတမ်းရသူတစ်ဦးပဲဖြစ်ပါတယ်။
ဖခင်ကျေးဇူးအထူးသိသူဆိုတဲ့ ICON က ရာဇဝင်ထဲမှာ ရာဇကုမာရ်ပဲ ဖြစ်ခဲ့တယ်၊ နောင်တော့ ပညာရှင်တော်တော်များများက မိဖုရားတြိလောက ဝဋံသကာဒေဝီကိုတော့ မိခင်လို့ညွှန်းဆိုပါလျက် ကျန်စစ်မင်းကိုတော့ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ကျေးဇူးကိုပဲပြောပြီး မွေးကျေးဇူးအကြောင်း မပြောပါ၊ ဖခင်လို့ သက်ရောက်စေတဲ့ အရေးအသားတစ်လုံးတစ်ပါဒမှ မတွေ့ ရပဲ မင်းကြီး မင်းကြီးလို့သာအကြိမ်ကြိမ်သုံးစွဲထားပါတယ်
။မြန်မာတို့စိတ်နှလုံးမှာစွဲမြဲခဲ့သူတစ်ယောက်ဖြစ်ခဲ့တော့လည်း ကျန်စစ်မင်းကြီးရဲ့သားအဖြစ်ကနေ ပြောင်းပြီးစဉ်းစားဖို့ခက်ခဲ့ကြပါတယ်၊ ရာဇဝင်ကြီးတွေကလည်းမြေးကားအရင်းသားကအဖျားဖြစ်ခဲ့လေပြီလို့လည်းညွှန်းခဲ့ကြတော့ မြေးဖြစ်သူ အလောင်းစည်သူကိုထီးနန်းပေးခဲ့လို့ ရာဇကုမာရ်ဟာ အားလုံးရဲ့ မေတ္တာတွေကို သိမ်းပိုက်ခဲ့တယ်ဆိုကြတာပေါ့၊ အမှန်ကသူ့လုပ်ရပ်တွေကသပ်သပ်ရပ်ရပ်နဲ့ နောင်အရှည်ထိသူ့လုပ်ရပ်ကိုတည်တံ့အောင်ထိစီမံကာ ရည်ရွယ်ချက်ရှိရှိ ရည်မှန်းချက်ရှိရှိ လုပ်ဆောင် သွားတာ တွေကြောင့်ပါ။
ပုဂံကနေ အခု ကားနဲ့ ၄၅ မိနစ်လောက် သွားရမယ့် မြကန်နားမှာ ကျန်စစ်မင်းလက်ထက်ကဆောက်ခဲ့တဲ့ စာကြည့်တိုက်မှာ ရာဇကုမာရ်ဟာ ဆရာတော်သံဃာတော်တွေနဲ့ သီဟိုဠ်ကလာတဲ့ ပိဋကတ်သုံးပုံကိုကူးယူတဲ့လုပ်ငန်းကို လုပ်နေခဲ့တာဟာ သာသနာသန့်စင်ရေးကြိုးပမ်းမှုလို့ ခေါင်းစဉ်တပ်လိုက တပ်နိုင်ပါတယ်၊ အဲဒီပိဋကတိုက်မှာ သူဘာတွေလုပ်နေသလဲ ဆိုတာကို မြင်းကပါဂူပြောက်ကြီးကနံရံပန်းချီတွေထဲမှာ တွေ နိုင်ပါလိမ့်မယ်၊ ပုဂံအလံကျောက်စာမှာ တွေ့နိုင်ပါလိမ့်မယ်။
ဆရာမောင်ခင်မင် ဓနုဖြူ က ရန်ကုန်တက္ကသိုလ်က မြန်မာစာပါမောက္ခတစ်ယောက်ပါ။
ဆရာက ချစ်သူခင်သူများကိုသုတ်သင်ခြင်းဆိုတဲ့စာအုပ်မှာ ရာဇကုမာရ်ကို ကျန်စစ်သားရဲ့သား မဟုတ်ကြောင်းပြောပါပြီ။ ကျွန်တော့်အထင်မေးရင်လည်း မဟုတ်နိုင်လို့ပြောပါမယ်၊ ပြီးခဲ့တဲ့နှစ်ကမြစ်သားကနေတွေ့ရှိတဲ့ ( ၅ ) ဘာသာနဲ့ရေးထိုးထားတဲ့ စောလူးမင်းကျောက်စာက ခုနှစ်ပါတဲ့ ကျောက်စာ ထဲမှာ အစောဆုံးတွေ့ရှိရတဲ့ရာဇကုမာရ်ရဲ့
ကျောက်စာထက် စောတဲ့ကျောက်စာဖြစ်သွားပြီး တစ်ဘာသာပိုတဲ့ကျောက်စာအဖြစ်လည်းတွေ့ရှိမှုမှာ ရှေ့ကိုရောက်သွားပါပြီ၊ အဲဒီကျောက်စာမှာ စောလူးမင်းက ကျန်စစ်သားကို ကျေးဇူးတင်တဲ့စာသွားလေး လဲပါသလို ဆက်စပ်စဉ်းစားစရာတွေ အများကြီးရတဲ့ ကျောက်စာလည်းဖြစ်သွားပါပြီ၊ မတော် ရာဇကုမာရ် ဟာ စောလူးမင်းရဲ့ ဆွေမျိုးသားခြင်းဖြစ်သွားနိုင်တဲ့ဖက်ကိုလည်း ဦးတည်နေပါပြီလို့ ပြောပါရစေ။

ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၄ ) - Dec 5, 2014
ရာဇကုမာရ် ပိဋကတွေကို ကူးယူခြင်းလုပ်ခဲ့တဲ့ စာကြည့်တိုက်ဆိုတာ တူရွင်းတောင်ခြေ၊ မြကန်နဲ့ မလှမ်းမကမ်းက ယာခင်းတစ်ခုထဲမှာပါ၊ ဒါပေမယ့် အခုမရှိတော့ဖူး ရွာသားတွေက ကျောက်လိုရင် အဲဒီကနေသွားသွားယူနေကြပါ၊ ရှေးဟောင်းသုတေသနက ၁၉၀၅ ခုနှစ်နဂ္ဂတစ်အမှတ် ၄၀၅ အရ ဓါတ်ပုံဟောင်းထဲမှာ ကျောက်ဇာပြတင်းလှလှကြီးနဲ့တွေ့နိုင်သလို၊ ဒေါက်တာ လုစ်ရဲ့ Old Burma Early Bagan မှာလည်းဓါတ်ပုံတွေ့နိုင်ပါသေးတယ်။
၁၉၁၈ခုနှစ်က မြောက်ဖက်နံရံပြိုလို့အနီးအနားရွာသားတွေကကျောက်တုံးတွေကိုလိုရာသုံးဖို့ ယူသွားပါသေးသတဲ့။ သူများတွေသိရင်တော့ ရှက်စရာကောင်းလှသလို ကြားလို့လည်း ကောင်းလှမယ် တော့မဟုတ်ပါ။
၁၉၅၇ နှစ်က ညောင်ဦးကျောက်ပန်းတောင်းကားလမ်းဖောက်ရာမှာကျောက်သွင်းခွင့်ရတဲ ကန်ထရိုက်က အဲဒီပိဋကတိုက်ကိုဖျက်ပြီးကျောက်တုံးအားလုံးကို လမ်းတံတားဌာနကို ကျောက်သွင်းပါသတဲ့၊
သူများမေးရင်ရဲရဲသာဖြေလိုက်ပါ၊ မင်းတို့ရဲ့ပထမဦိးဆုံးစာကြည့်တိုက်ဘယ်ရောက်သွားပြီလဲလို့ဆိုရင် လမ်းခင်းပစ်လိုက်ပြီလို့။
အဲဒီတော့လည်း ကျွန်တော်တို့စာမတတ်တာ သိတ်မဆန်းတော့ပါဘူး။ ပြီးတော့လည်း အဲဒီအဆောက်အဦက ပုဂံမှာရှိတဲ့ကျောက်နဲ့ဆောက်တဲ့အဆောက်အဦ လေးခုပဲရှိတဲ့အထဲက တစ်ခုအပါအဝင်ပါ၊ ဒါ့အပြင်ရခိုင်ရိုးမရဲ့ အရှေ့ဖက်ခြမ်းမှာမှာ ကျောက်နဲ့ဆောက်တဲ့အထဲမှာ ဒီပိဋကတိုက်ကအကြီးဆုံးပါတဲ့။
ကျွန်တော် အခု ဒီစာကြည့်တိုက်ကိုရောက်ပါတယ် အဆောက်အဦရဲ့ အောက်ခြေ ပန္နက်ခုံ တော့ကျန်နေပါသေးတယ်၊ အဲဒါကိုရှေးဟောင်းကအားကြိုးမာန်တက် ထိန်းသိမ်းထားရပုံက အခုပညာကို မတတ် တတ်အောင် အားထုတ်နေရပုံနဲ့သိပ်တူတော့တာပါပဲ။

ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၅ )
ပုဂံခေတ် အနော်ရထာလက်ထက် မှာကတည်းက စာကြည့်တိုက်ရှိပါတယ်။ ပိဋကတ်တွေကို သိုလှောင်တဲ့ အဆောက်အဦကို ရွှေဂူလို့ ခေါ်လေ့ရှိပါတယ်၊ ပထမဦးဆုံး ပိဋကတ်တိုက်က သရပါတံခါးကနေဝင်ပြီး သဗ္ဗညုစေတီကြီးဖက်ကွေ့တော့ ရွှေဂူကြီးစေတီခေါင်းရင်းက အဆောက်အဦပေါ့။
အနော်ရထာမင်းလက်ထက်ကပိဋကတိုက်ကို ကုန်းဘောင်ခေတ်က ဘိုးတော်ဘုရား(၁၇၈၂-၁၈၁၉)က ၁၇၈၃ မှာ ပြန်လည်ပြင်ဆင်လှုဒါန်းလိုက်လို့ ကုန်းဘောင်ခေတ်လက်ရာဖြစ်နေပါပြီ၊
မူလ လက်ရာဆိုလို့ ကျောက်ဇာပြူ တင်း(၃) ခုနဲ့ မူလအုတ်အဝန်းအဝိုင်းပန္နက်တို့သာ ကျန်ပါတော့တယ်။
ရာဇဝင်တွေမှာတော့ သထုံကပင့်လာခဲ့တဲ့ ပိဋက အစုံ(၃၀) ကိုသိမ်းဆည်းသိုမှီးတယ်လို့ရေးကြပေမယ့် ဆရာကြီးဒေါက်တာသန်းထွန်းကတော့ သထုံကနေပေိဋကတ်တွေ သိမ်းလာ တယ်ဆိုတာ ကျောက်စာအထောက်အထားမရှိသလိုပိဋကတ် အစုံ(၃၀) လည်းမဆန့်ပါဖူး တစ်စုံပဲ သိမ်းလို့ရပါတယ်လို့ဆိုပါတယ်။
နန်းတော်ရာခေါင်းရင်းကရွှေဂူကြီးဘုရားဟာလည်း ရွှေဂူလို့ဆိုတဲ့အတွက်ပိဋကတ်တွေသိမ်းတဲ့နေရာပါပဲတဲ့၊
ရွှေဂူကြီးကို အလောင်းစည်သူလို့ခေါ်တဲ့ ပထမစည်သူက (၁၇၊ မေ ၁၁၃၁ မှာတည်ပြီး ၁၇၊ ဒီဇင်ဘာ၊ ၁၁၃၁) မှာပြီးတယ်၊
အဲဒီရွှေဂူကြီးပါဠိကျောက်စာမှာ
« ကာရာပေတွာ လိခါပေတွာ ပိဋကတ္တယ မုတ္တမံ"
ထိုအခါ အဖိုးမဖြတ်နိုင်သော ပိဋကတ်များကို ကူးယူစေသည် လို့ပါတယ်။
အဲဒီပိဋကတ်တွေကိုရွှေဂူကြီးမှာထားတယ်၊ ဒါ့ကြောင့် ရွှေဂူပါရင်စာကြည့်တိုက်
လို့ သတ်မှတ်လို့ရပါတယ်။
- ရှုကူပ္လုရုယ်ပိတကတ်အဥိသုံး က္လံတရျ၃ဆူ (မေ၊၁၂၁၃၊ သန်လျင်ဥိကပ်သင့်ချန်)
- သ္ခင် ပ္လုသော ပိတကတ်၊ ငါရှိခိုဝ်အံ့၊ ပိတကတ် ရှုယ်ဂူတွင် ထာလသိယ်
၉၊ဖေဖေါ်ဝါရီ၊၁၂၃၀၊ သ္ခင်မြင်ခုန်တိုင် ကျောက်စာ ) စတဲ့ ပုဂံခေတ်ကျောက်စာတွေမှာ ရှယ်ဂူ ဆိုတဲ့ ရွှေဂူပြုတယ် ဆိုတာတွေမှာလည်းတွေ့ နိုင်ပါတယ်။
ဒုတိယ စာကြည့်တိုက်ဖြစ်တဲ့ မြကန်စာကြည့်တိုက်က ကျန်စစ်သားမင်းကြီး တည်ဆောက် ခဲ့တာဖြစ်ပြီး သီဟိုဠ်ကတင်သွင်းခဲ့တဲ့ သီဟိုဠ်မူ ပိဋကတ်သုံးပုံနဲ့ ညီညွတ်အောင် ကျန်တာတွေကို တိုက်ဆိုင်စစ်ဆေးတယ်၊ အသစ်လည်း ကူးရေးတဲ့နေရာလည်းဖြစ်တယ်၊ ဒီတာဝန်ကို ရာဇကုမာရ်က အားကြိုးမာန်တက် ထမ်းဆောင်ပြီး သီရိလင်္ကာ၊ မွန်၊ မြန်မာက ရဟန်းပညာရှိ လူပညာရှိတွေနဲ့
ပိဋကတ်သန့်စင်ရေးကို မြကန်ကစာကြည့်တိုက်မှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်။
အဲဒီမြကန်နားမှာ ကျန်စစ်သားရေးထိုးခဲ့တဲ့ ကျောက်စာ (၂)ချပ် ကျန်ရစ်ပါတယ်၊ မြကန်ကျောက်စာနဲ့  အလံပုဂံကျောက်စာပါ၊ မြကန်ကျောက်စာမှာတစ်ဖက်ပိတ်ကန်ဖြစ်တဲ့ မြကန်ကို
မဟာနိဗ္ဗာန်လက်ဆွဲချီရေကန်လို့ မင်းကြီးကအမည်ပေးပြီး အဝိဇ္ဇာခွင်းလို့ အလင်းပေးမယ့်အကြောင်းကို နတ်ပြည်တံခါးကိုဖွင့်လှစ်ကာ လူအပေါင်းတို့ကို နတ်ပြည်သိုပို့ဆောင်လမ်းပြတော်မူပါမယ်
လို့ဖော်ပြထားပါတယ်။
ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၆ ) - Dec 6,2014
မြကန် ကျောက်စာမှာ ကျန်စစ်မင်းကြီးလို့ အများခေါ်တဲ့ ဂြီ တြိဘုဝနာဒိတျဓမ္မရာဇာမင်းဟာဗျာဒိတ်ခံမင်း ဆိုတာကိုတော့ က၊ ခ၊ ဂ၊ ထိတော့ ရေးထိုးနေတုန်းပါပဲ၊
( ဂ ) မျက်နှာမှာတော့အလုံးစုံသော ပိဋကတ်တော်မြတ်ကို သန့်ရှင်းစင်ကြယ်တည့်မှန်စေရန် စီမံရေးသား ချီးမြှင့်လတ္တံ့၊ ဓမ္မစည်ကြီးအသံကို အနှံ့အပြားမြည်ဟည်းစေလတ္တံ့။
--- --- --- --- --- --- --- --- --- --- ---
တောက်ပြောင်သောရွှေဖြင့်ပြီး၍ ရတနာခုနစ်ပါးတို့ဖြင့် ခြယ်လှယ်မွန်းမံ ထားသော နတ်ပြည်တံခါး၏ ကန့်လန့်ကျင် ကိုမ၍ ဖွင့်ပေးပြီးနောက် လူအပေါင်းတို့အား နတ်ပြည်သို့ ပို့သွင်းလတ္တံ့။
(ဃ) မျက်နှာ မှာတော့ အတို့သခင် အရှင်တရားမင်းသည် ရေကိုမြဲမြံစွာ
ဆည်စေ၏၊ ရေကန်ကိုတူးစေ၏၊
--- --- --- --- --- --- --- --- --- --- --- ---
ဤရေကန်ကိုတူးပြီးလျင် ကျေးငှက်နှင့် လူသတ္တဝါအပေါင်းတို့၏ အကျိုးစီးပွားအလို့ငှာ မဟာနိဗ္ဗာန် လက်ဆွေခိရေ - ဟူသောအမည်ကို ပေးတော်မူ၏၊ လူအပေါင်းတို့သည် သိကြကုန်လော့။ လို့ ရေး ထိုး သွားတဲ့ အတွက် မြကန် နဲ့  ပိဋကတိုက်တည်ဆောက်ချိန်ဟာ တပြိုင်တည်းဖြစ်ပြီး ခရစ်နှစ် ၁၀၉၀ နဲ့ ၁၁၁၀ ဝန်းကျင်ကလို့ယူဆရပါတယ်။
ရာဇကုမာရ် တစ်ယောက် မြကန်စက္ကူတိုက်လို့ အစဉ်အလာခေါ်ခဲ့ကြတဲ့ နှောင်းလူတွေ ဖျက်ဆီးပြီး လမ်းခင်း ပစ်လိုက်တဲ့ မြကန်စာကြည့်တိုက်မှာ ဘာတွေလုပ်ခဲ့မယ်ဆိုတာ ခရစ်နှစ် ၁၁၁၃က သူ တည်ဆောက်ပြီး၊
သူ့အလှုမှတ်တမ်း ကို ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာနဲ့ ဆင်တူ နှစ်တိုင် ကျောက်စာရေးထိုးခဲ့တဲ့ မြင်းကပါအရပ်က ဂူပြောက်ကြီးစေတီက အတွင်း နံရံတွေမှာ ရေးဆွဲခဲ့တဲ့ နံရံပန်းချီတွေထဲက ယနေ့ထိ ကြွင်းကျန်ရစ်ခဲ့တဲ့ နံရံပန်းချီဧရိယာ စတုရန်းပေ ၄၇၇၉ ဒဿ မ ၉ ထဲမှာ ခြေရာခံလို့တွေ့မြင် နိုင်ကြပါလိမ့်မယ်။

ဆည်စေ၏၊ ရေကန်ကိုတူးစေ၏၊
--- --- --- --- --- --- --- --- --- --- --- ---
ဤရေကန်ကိုတူးပြီးလျင် ကျေးငှက်နှင့် လူသတ္တဝါအပေါင်းတို့၏ အကျိုးစီးပွားအလို့ငှာ မဟာနိဗ္ဗာန် လက်ဆွေခိရေ - ဟူသောအမည်ကို ပေးတော်မူ၏၊ လူအပေါင်းတို့သည် သိကြကုန်လော့။ လို့ ရေး ထိုး သွားတဲ့ အတွက် မြကန် နဲ့  ပိဋကတိုက်တည်ဆောက်ချိန်ဟာ တပြိုင်တည်းဖြစ်ပြီး ခရစ်နှစ် ၁၀၉၀ နဲ့ ၁၁၁၀ ဝန်းကျင်ကလို့ယူဆရပါတယ်။
ရာဇကုမာရ် တစ်ယောက် မြကန်စက္ကူတိုက်လို့ အစဉ်အလာခေါ်ခဲ့ကြတဲ့ နှောင်းလူတွေ ဖျက်ဆီးပြီး လမ်းခင်း ပစ်လိုက်တဲ့ မြကန်စာကြည့်တိုက်မှာ ဘာတွေလုပ်ခဲ့မယ်ဆိုတာ ခရစ်နှစ် ၁၁၁၃က သူ တည်ဆောက်ပြီး၊
သူ့အလှုမှတ်တမ်း ကို ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာနဲ့ ဆင်တူ နှစ်တိုင် ကျောက်စာရေးထိုးခဲ့တဲ့ မြင်းကပါအရပ်က ဂူပြောက်ကြီးစေတီက အတွင်း နံရံတွေမှာ ရေးဆွဲခဲ့တဲ့ နံရံပန်းချီတွေထဲက ယနေ့ထိ ကြွင်းကျန်ရစ်ခဲ့တဲ့ နံရံပန်းချီဧရိယာ စတုရန်းပေ ၄၇၇၉ ဒဿ မ ၉ ထဲမှာ ခြေရာခံလို့တွေ့မြင် နိုင်ကြပါလိမ့်မယ်။

ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၇ ) - Dec 7, 2014
ပုဂံကဗိသုကာကို ပညာရှင်တွေက ခေတ်ဦးကာလ ( ခရစ်နှစ် ၈၄၉ ကနေ ၁၁၁၃ )
ခေတ်ပြောင်းကာလ ( ခရစ်နှစ် ၁၁၁၃ ကနေ ၁၁၇၄ ) ခေတ်နှောင်းကာလ ( ၁၁၇၄ ကနေ ၁၂၈၇ ) လို့သတ်မှတ်ကြတယ်။
မြင်းကပါဂူပြောက်ကြီးက ခေတ်ပြောင်းကာလမှာတည်ဆောက်ခဲ့တဲ့ဂူဘုရားဖြစ်တယ်။
ဒါကြောင့်ရာဇကုမာရ်ရဲ့ ဂူပြောက်ကြီးတည်ဆောက်တဲ့အချိန်ဟာ ပုဂံရဲ့ ဗိသုကာပညာရပ်နဲ့ အနုပညာအဆင့်အတန်းဟာ အရှိန်ရပြီး ထိပ်တန်းကျနေပြီဖြစ်တယ်၊ ပန္နက်ပုံစံသဘောကတော့ အလယ်မှာ
မဏ္ဍိုင်ခံပြီးံကြောင်လည်စင်္ကြံပတ်လမ်းနဲ့တကွ နံရံလေးဘက်တက် ထားသည့် အခြေခံလေးထောင့်အဆောက်အဦမျိုးကို အာရုံခံခန်းမနဲ့ ဆက်ထားတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။
အဲဒီ ကြောင်လည်ပတ်လမ်းတလျောက်က ဝဲ၊ယာနံရံတွေမှာ ပုဂံခေတ်ရဲ့ အပြောင်မြောက်ဆုံးသော ပန်းချီလက်ရာတွေက လွတ်လပ်ရဲရင့်သော စုတ်ချက်တွေနဲ့ အတူ အသက်ဓါတ်တွေ ဖျတ်ဖျတ်လူးလို့လွန့်လို့
ယနေ့မြင်တွေ့နေရတာဟာ အသိဥာဏ်ပညာထဲကို ရာဇကုမာရ်က သူ့နှလုံးသားထည့်သွင်းသွားခဲ့တာ အမှန်ပဲလို့ ဆိုပါရစေ။

ထိုပါယ်မယား၏သားကား ရာဇကုမာရ်မည်၏။( ၈ ) - Dec 7, 2014
မြင်းကပါအရပ်က ဂူပြောက်ကြီးစေတီမှာရေးဆွဲခဲ့တဲ့နံရံပန်းချီက ကျွန်တော်အကြိုက်ဆုံးနံရံပန်းချီ (၅) ခုထဲမှာပါတယ်၊ အဲဒီထဲမှာမှ ဒီဂူပြောက်ကြီးဆရာက စုတ်ချက်တွေ လွတ်လပ်တယ်၊ ရဲရင့်တယ်၊
အမှောင်များတဲ့လှိုဏ်ဂူထဲမှာ ကျောက်ဇာပြတင်းကနေဝင်မယ့် အလင်းရောင်ပြပြပဲရှိလေတော့ ရဲလိုအော်ကာဆိုတဲ့ မြေဝါရောင်ကဲပြီး ရေးဆွဲထားခဲ့တာကိုက ရည်ရွယ်ချက်ရည်မှန်းချက်နဲ့ရေးဆွဲခဲ့တာ
ပေါ်လွင်ပြီးသားလို့ဆုံးဖြတ်မိတယ်။
ရေးဆွဲခဲ့တဲ့ အကြောင်းအရာတွေက မြကန်တောင်ခြေက ပိဋကတိုက် မှာ သီဟိုဠ်က ထေရဝါဒကို ဇောင်းပေးတဲ့ ပိဋကတ်သုံးပုံကိုတင်သွင်းပြီး ပိဋကတ်သန့်စင်ရေး ဦးစီးလုပ်ကိုင်နေတဲ့ ရာဇကုမာရ် အမတ်ကြီးရဲ့ အသိဥာဏ်ပညာတွေ ထင်ဟပ်နေတယ်၊ အုပ်ချုပ်သူဘုရင်၊ မင်း တည်ဆောက်တာမဟုတ်ပဲ အမတ်တစ်ယောက်ကတည်ဆောက်တဲ့ စေတီ၊ ဂု၊ ပုထိုးကို ဘုရင်၊ မင်းဖြစ်သူ ကျန်စစ်မင်းကြီးကိုယ်တိုင်
သာဓုခေါ်ခဲ့တဲ့အကြောင်းကို စနစ်တကျမှတ်တမ်းတင် ထားခဲ့တယ်။
အဲဒီအတွက်လည်း ရာဇကုမာရ်ရဲ့ ဂူပြောက်ကြီးစေတီဟာ ယနေ့အချိန်မှာ ဘုရင်မင်းတွေရဲ့ ကုသိုလ်ဘုရား တွေနဲ့ အတူ လှည့်လည်ကြည့်ရှုသူတွေရဲ့ စာရင်းဇယားမှာ ထိပ်ဆုံးကနေ ပါဝင်နေခဲ့တာပါပဲ။
ဂူပြောက်ကြီးမှာရေးဆွဲခဲ့တဲ့ နံရံပန်းချီတွေက အကြောင်းအရာအားဖြင့် ပိဋကတ်စာပေဖြစ်တဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့ကကောက်နှုတ်ချက်တွေ ဝံသစာပေတွေထဲက ကောက်နှုတ်ချက်တွေကနေ မူရင်းကျပြီး အတုယူ လိုက်နာသင့်တာတွေကို ထုတ်နှုတ်ရေးဆွဲထားခြင်းပဲဖြစ်ပါတယ်။
ဒါ့အပြင်လူနေမှုစနစ်နဲ့မကင်းကွာတဲ့ သင်ကြားစရာတွေအသင့်ပါပြီးဖြစ်တဲ့ ၅၅၀ ဇာတ်နိပါတ်တွေ ကိုနာမည်နဲ့တကွဖော်ပြခဲ့တယ်။
တကယ်တော့ ၅၅၀ ဇာတ်တော်တွေဆိုတာ ၅၄၇ ဇာတ်ပဲရှိပြီး အနီးဆုံး ၅၅၀ ကိုမှတ်ပြီး ၅၅၀ လို့မှတ်ယူခြင်းပဲ၊ ဂေါတမဗုဒ္ဓဘုရားမဖြစ်မီ နုစဉ်ကာလ သုမေဓာရသေ့ဘဝမှာ ဗျာဒိတ်ခံယူပြီးနောက် ဘဝပေါင်းများစွာပါရမီဖြည့်စဉ် ကျင်လည်ခဲ့ရတဲ့ဖြစ်ရပ်တွေကို ဘုရားဖြစ်ပြီး အခါအားလျော်စွာဟောကြား
ခဲ့တဲ့ ဒေသနာဖြစ်စဉ်တွေပဲဖြစ်တယ်၊ ၅၅၀ဇာတ်ကို ၅၄၇ ကိုလိုတဲ့ဇာတ်ကို ဝေမာလဇာတ်၊ မဟာဂေါဝိန္ဒဇာတ်နဲ့ သုမေဓပဏ္ဍိတ ဇာတ်တို့ကိုဖြည့်ပြီး ၅၅၀ ပြည့်အောင်ြ ဖည့်ထားတဲ့ လမ်းကြောင်းလည်းရှိတယ်၊ ဖက်လိပ်ဘုရားက ရွှံ့မီးဖုတ်လက်ရာတွေက အဲဒီ ၅၅၀ ဇာတ် အပြည့်ဖြစ်တယ်၊ သီဟိုဠ်ကလာတဲ့ မူက ၄၉၇ ဇာတ်ပဲဖြစ်တယ်၊ သီဟိုဠ်သာသနာဆိုတာက အခုထိမြန်မာတွေ လိုက်နာကျင့်ကြံကြတဲ့ ကိုယ်လုပ်မှကိုယ်ရတဲ့ လွတ်မြောက်ရာလမ်း နိဗ္ဗာန်
ရှိတဲ့. ထေရဝါဒီ သာသနာပဲဖြစ်တယ်။
ပုဂံကို ဝင်ရောက်လာတဲ့ သာသနာလမ်းကြောင်းကိုလည်း ၅၅၀ ဇာတ်တော်က ၅၅၀လား ၄၇၅ လားဆိုတာကြည့်ရင်သိနိုင်ပါသေးတယ်၊ အခု မြင်းကပါဂူပြောက်ကြီးက ၅၄၇ ဇာတ်ဖြစ်တယ်။
မြင်းကပါဂူပြောက်ကြီးနံရံပန်းချီရဲ့ ထူးခြားချက်ကတော့ ကျောက်ဇာပြတင်း ဆီကို တက်တဲ့ လှေခါးထစ် တွေမှာကို နံရံပန်းချီိတွေရေးဆွဲခဲ့လေတော့ နေရာလပ်မရှိအောင်ကို အမွှမ်းအပြောက် တွေထည့်သွင်းခဲတာပါပဲ။ ဒါ့ကြောင့် ဂူပြောက်ကြီးနာမည်ရတာဖြစ်လိမ့်မယ်။
ရာဇကုမာရ်ကျောက်စာက ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာမှာ အဓိပ္ပါယ်အတူတူဖြစ်ပေမယ့် ပျူ၊ မွန်၊ မြန်မာ က စကားပြေဖြစ်ပေမယ့် ပါဠိစာဖက်မှာတော့ လင်္ကာနဲ့ ဂါထာသီကုံးထားခြင်းဖြစ်တယ်။
အမစ္စော ရာဇကိစ္စေသု ဗျာဝတော သတိ မာဝိ ဒူ လို့ရေးဖွဲ့ ခြင်းဟာ ထိုရာဇကုမာရ်ဆိုတဲ့ အမတ်ဟာ မင်းမှုကိစ္စတွေမှာ ကြောင့်ကြစိုက်တတ်ပြီး သတ၊ ဥာဏ်ပညာရှိတဲ့သူလို့အဓိပ္ပါယ်ရတယ်။
အဲဒီ စာကြောင်းရေ (၁၀) ကနေ(၃၀) ရောက်တော့ ရာဇကုမာရ် ရာထူးတက်သွားပြီ ဖြစ်တယ်ပြောရတော့မယ်၊
“ သောတံ မဟာမစ္စော ဗိမ္ဗံသော ဝဏ္ဍယံ သုဘံ၊ ပတိဋ္ဌာ ပိယကာရေသိ၊
ဂုဟံ ကဉ္စနထူပိကံ "လို့ရေးထိုးသွားပြီဖြစ်တယ်
အဓိပ္ပါယ်ကတော့ ထိုရာဇကုမာရ်မည်သော အမတ်ကြီးသည် တင့်တယ်သော၊ ရွှေဖြင့်ပြီးသော
ထိုဆင်းတုကို ဌာပနာ၍ ရွှေအထွတ်မူသော လှိုဏ်ဂူပြု၏။တဲ့
ပညာရှင်များကလည်း ကျန်စစ်မင်းရဲ့သားဖြစ်မဖြစ်ကို စဉ်းစားဖို့အတွက် ဆိုင်ရာ ကျောက်စာဖတ်ပညာရှင်များက လေးဘာသာလုံးမှာလည်း ရာဇကုမာရ်က ကျန်စစ်မင်းကြီးရဲ့ ကျေးဇူးဂုဏ်ကို အောင့်မေ့ဆင်ခြင်လို့ ပြုတဲ့ဒီကုသိုလ်မှာကျန်စစ်မင်းကြီးရဲ့ မွေးကျေးဇူးဆိုတဲ့ ဂုဏ်ကိုကောက်ယူ လို့ရမယ့် စကားလုံးနဲ့ အထောက်အကူရစေမယ့် စကားလုံးပါဝင်ခြင်းမရှိဘူး
လို့ ပြောဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ ထိုပါယ်မယား၊ တြိလောကဝဋံသကာဒေဝီမိဖုရား ဦးဆောက်ပန်းရဲ့သား မင်းမှုရေးရာကျွမ်းကျင်သူ ရာဇကုမာရ် ဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်နီးပါးကပင် အသိဥာဏ်ပညာတရားဓမ္မတို့နဲ့ ပြည့်စုံပြီး လုပ်ရပ်အားလုံးကို ရည်ရွယ်ချက်ရှိရှိရည်မှန်းချက်ရှိရှိနဲ့
လုပ်ဆောင်သွားတဲ့အပြင် သူ့နှလုံးသားကိုပါထည့်သွင်းခဲ့တဲ့အတွက် နှောင်းလူများအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သာသနာလမ်းကြောင်း အနုပညာလမ်းကြောင်းနဲ့ စာပေ လမ်းကြောင်းတို့အတွက် သူ့လုပ်ရပ် တွေက ထိပ်ဆုံးကထားနေရခြင်းပဲလို့ပြောချင်ပါတယ်။
မြင်းကပါဂူပြောက်ကြီးထဲက နံရံပန်းချီဟာ ပုဂံမှာ နှစ်အစောဆုံး၊ လက်ရာအကောင်းဆုံး၊ ဆေးရောင်အကျန်ဆုံးနဲ့ နံရံပန်းချီကျန်ရှိဧရိယာစတုရန်းပေ ၄၇၇၉ ဒဿ မ ၀၉ ထိကျန်ရှိနေပါတယ်၊ ဒါဟာရေးဆွဲခဲ့သမျှရဲ့ ၃ ပုံ ၂ ပုံသာကျန်ရှိခြင်းဖြစ်လို့ ဒီဧရိယာကို ဆက်လက်ပြီးကျန်ရှိစေခြင်ပါတယ်။
အခု ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖို့ကြိုးစားနေပြီဖြစ်လို့ ထိုပါယ်မယားရဲ့သား ရာဇကုမာရ်ရဲ့ မြင်းကပါဂူပြောက်ကြီးနဲ့ သူ့ဝမ်းထဲမှာငုံ ထားတဲ့နံရံပန်းချီတွေကို မြန်မာရဲ့အစောင့်ရှောက်ခံသာမက ကမ္ဘာရဲ့ အစောင့်ရှောက်ခံဘဝကိုရပြီး ကမ္ဘာတည်သ၍လည်း သူ့လုပ်ရပ်ကိုတည်ပါစေ လို့ ဆန္ဒပြုရင်း ထိုပယ်မယား၏သားတစ်ယောက် ကို ဒီမှာပဲနိဂုံးချုပ်အပ်ပါတယ်။
ဒီဇိုင်း မျိုးဆွေသန်း
၅ နာရီ ၁၀ မိနစ်
မောနင်းစတား၊ ရန်ကုန်။

Subscribe to:
Posts (Atom)