[X] Choose Font Here

Tuesday, June 28, 2011

ဘ၀ ထဲ က အမှတ်တရ များ . ၁

ဗုဒ္ဓမြတ်စွာဘုရား ရဲ့  တရားတော်မှာတော့  အနာဂတ်ကိုလဲ မှန်းမျှော်မကြည့်နဲ့ ။ အတိတ်ကိုလဲ ငဲ့ မကြည့် နဲ့ ။
လက်ရှိ ပစ္စုပ်ပန် ကိုသာ ရှူပါ လို့  ဆိုပါတယ် ။

တရားကို သိပေမဲ့ ရင်ထဲထိ တရားမကိန်းသေးတဲ့ ပုထုဇဉ် ဆိုတော့လဲ အတိတ် က အမှတ်ရစရာလေးတွေ ကို ပြန်ပြောင်း အောင်းမေ့မိတယ်။
သမီးလေးကြီးရင် ဖတ်ဘို့  ဘလော့မှာ တကူးတကရေးတော့  (ဒါတောင်သမီးကကြီးရင် ပြန်ဖတ်မှာမဖတ်မှာ မသေချာဘူးလေ) ကိုယ်ငယ်ငယ်တုန်းတုန်းက အကြောင်းတွေကို မေမေ က ပုံပြောသလို ပြောပြတာကို သတိရမိတယ် ။ သမီးလေးကိုလဲ စာဖတ်တတ်တဲ့ အရွယ်မရောက်ခင် နားထောင်တတ်တဲ့အချိန်ကစ ပုံပြောသလို ပြောချင်ပေမဲ့  ကိုယ်က စကားပြောမကောင်းဘူးရယ်။ စကားပြောပျင်းတာလဲ ပါတာပေါ့ လေ ။
ခုတောင် သမီးက ၀ူးဝူးဝါးဝါးပြောချင်တာ ကိုယ်ကထောက်ပြီး အေး အင်း မပြောတော့  ကိုယ့် နောက်ဆိုမလိုက်ချင်ဘူးရယ်။း(((
ကိုယ့်ကို မွေးတုန်းကနဲ့  ၄နှစ်ထိ အကြောင်းတွေ ကို အသိအာရုံနဲ့  မမှတ်မိပေမဲ့ မေမေ က တတွတ်တွတ်ပြောလို့  မှတ်မိနေခဲ့တယ် ။
ကိုယ့်ကို မကွေးတိုင်း သရက်မြို့ ကဆေးရုံမှာမွေးခဲ့တာပါ ။ ဖေဖေ က တရုပ်စပ် အသားဖြူတော့ ကိုယ်ကလဲ ဖြူဖွေးနေတာဘဲတဲ့ ။
မေမေ က ဆရာမလဲ ဆရာမ ၊အပေါင်းအသင်းကလဲများတော့ ကိုယ့်ကို လှစေချင်လို့ ဝိုင်းပြင်ပေးကြတဲ့ မေမေ့သူငယ်ချင်းဆရာမတွေဆို ဆေးရုံမှာ အချိန်ပြည့် ဘဲတဲ့ ။ မျက်ခုံးမွှေးဆွဲကြ၊ မျက်တောင် ညှပ်ကြနဲ့ ။ အောက်ထပ်အိမ်ကလဲ ဓါတ်ပုံတိုက်ဆိုတော့ အဲဒီခေတ်က ဓါတ်ပုံရိုက်တာခေတ်မစားပေမဲ့ ကိုယ့်မှာတော့  တပုံကြီးရယ်။ ဖေဖေ နဲ့ခွဲနေရလို့  အမှတ်တယကြည့် ၇အောင် ပို့ ပေးချင်တာလဲပါမှာပေါ့ ။
အဲဒီတုန်းကဖေဖေ က စလေဓါတ်မြေသြဇာစက်ရုံမှာလေ ။

နောက် ၂နှစ်မှာ မေမေ ရန်ကုန်ကို သင်တန်းသွားတော့ အဖေဘက် အဘိုးအဘွားတွေရှိတဲ့  ကံမမှာသွားထားတယ် ။ အဲဒီ မှာ အသက် သိပ်မကွာတဲ့ ၀မ်းကွဲ အမရှိလို့  သူကလဲ အဲဒီမှာ မြေးဦးဆိုတော့ သူ့ ကိုအရေးပေးပြီး ကိုယ့် ကို သိပ်အရေးမပေးလို့ ဝမ်းနည်းခဲ့၇တယ်တဲ့ ။
၂နှစ်ဘဲရှိသေးပေမဲ့ စကားအတော်ပြောတတ်နေဘီဆိုတော့  မေမေပြန် လာတဲ့အခါ ဘယ်လိုဘယ်ညာ အကုန်ပြောပြတဲ့အခါ မေမေ ကတော်တော် ၀မ်းနည်းခဲ့ရတယ်လို့ ပြောပါတယ်။
ပြီးတော့ သွေးလွန်တုတ်ကွေးဖြစ်လို့  ဆေးရုံတက်တော့  ပစ္စည်းတွေ အခိုးခံရတော့ လာမေးတဲ့သူတွေကို သမီးအင်္ကျီလေးတွေ သူခိုးခိုးလို့ မရှိတော့ဘူး လို့  ငိုပြောပြောတာနဲ့ လက်ဆောင်ပေးကြတာ ပေးတဲ့သူတွေလဲ ကျေးဇူးတင်ပါတယ် ။ သူခိုးကိုလဲ ကျေးဇူးတင်ပါတယ် လို့ပြောလို့  သဘောကျနေကြတယ်။
၎နှစ်မှာတော့ မေမေ ကချောက် အထက ၂ မှာတာဝန်ကျလို့  ဖေဖေ တာဝန်ကျတဲ့ စလေကို သားအမိ၂ယောက် သင်္ဘောကြီးနဲ့ ပြောင်းလာပါတော့တယ်။


၎နှစ်ကျော်ကျော် မှာ မေမေ က စလေကနေချောက်ကို နေ့ ချင်းပြန်ကျောင်းသွားရတော့ ကိုယ့် ကို အိမ်နားကကျောင်းမှာ အပျော်ထားတယ်။ အမေ ဆရာမ ကစိတ်ရှည်လက်ရှည် သင်ပေးထားတာဆိုတော့ ကျောင်းပျော်ကနေစာမေးပွဲဝင်ဖြေပြီး သူငယ်တန်းကြီး သူငယ်တန်းလေး မတက်ရဘဲ ၁ တန်းကို ၅နှစ်ကျော်မှာတက်၇တော့တယ်။
၅ နှစ် ခွဲလောက်မှာမောင်လေးကိုမွေးတော့  အဲဒီ အကြောင်းတွေ ၊ အဲဒီအချိန်ကစ ငယ်ဘ၀တွေကိုတော့ ကိုယ်တိုင်မှတ်မိပါပြီ။

မေမေ ကမောင်လေးကိုယ်ဝန်မှာ မီးဖွားခွင့် ယူတဲ့အချိန် အိမ်မှာဘာပင်စိုက်စိုက်ရှင်ပါတယ်။
မေမေက အိမ်စားသီးပင်စားပင်တွေနဲ့ဘုရားတင်ဘို့  ဘမာနှင်းဆီအနီ နဲ့ အပျိုမနိုင် နှင်းဆီတို့ ကိုစိုက်ပါတယ်။

နောက်ပိုင်းအရမ်းဖြစ်လာတော့ အိမ်စားလက်ဆောင်ပေးအပြင် စီးပွားဖြစ်ပါစိုက်လာခဲ့ပါတယ်။
အသက်အရမ်းကွာပြီးမှမောင်လေးကိုမွေးတော့ ချစ်လဲချစ် အဖေအမေ တွေ မောင်လေးကို ဂရုစိုက်ကြတော့  မနာလိုလဲရှိပါတယ် ။

နောက် အိမ်နီးနားချင်း သူငယ်ချင်းတွေ နဲ့ တော်တော်ကို ရင်းရင်းနှီးနှီး ဆော့ ကစားပါတယ်။

သမီးလေး ရက် ၁၀၀


သမီးလေးရေ ... ဒီနေ့  သမီးလေး ရက် ၁၀၀ ပြည့် တဲ့ နေ့ ကွဲ့ ။
သမီးလေးက ချစ်စရာတော်တော် ကောင်းနေပြီ ။ ချီလို့ လဲကောင်းနေပြီ ။ မှောက်လဲ မှောက်ချင်နေပြီ။
လက်လဲတော်တော်ရွေးတယ် ။ အဘွားနဲ့ ဖေဖေ ကို တော်တော် ကပ်တယ်။ မနေ့ ကများ မေမေ ခေါ်တာကို မလိုက်ချင်တော့  ဖေဖေ့ လက်ပေါ်ကနေ မျက်နှာကို ဟိုဘက်လှည့် သွားတယ် ။ မေမေ့  မှာ စိတ်တောင်မကောင်းဘူး ..း(((((
ရက် ၁၀၀ ပြည့်  ဓါတ်ပုံ မရိုက်ရသေးလို့  အယင်တုန်းက ပုံတွေဘဲ တင်လိုက်တယ် ။ သမီးလေးကြီးလာရင် ငယ်ငယ်တုန်းကပုံလေးတွေ ပြန်ကြည့် ရတာပေါ့ နော် ။<3 <3 <3


သမီးလေး ၁၃ ရက်ကပုံပေါ့  ။ ကြို့ ထိုးလို့  အနှီးစလေး နဖူးမှာကပ်ထားရတယ် ။ ၀မ်းခေါင်းချဲ့ တာပေါ့  ။ သမီးလေး က ၀မ်းခေါင်းချဲ့ သလားမမေးနဲ့  ။ တချိန်လုံး ကြို့ ထိုး နေလို့  မေမေ့ မှာ သမီးမောမှာ စိုးနေရတယ် ။

သမီးလေး ၁၄ ရက်ကပုံပေါ့  ။ ဧပြီလ နွေရာသီပေမဲ့  ရန်ကုန်မှာ မပူတဲ့ အပြင် အေးတောင်နေလို့  အနွေးထည်ဝတ်ပေးထားရတယ်။
သမီးလေး ၁လ ၉ ရက်ကပုံပေါ့  ။ စ လုံးဗီဇာဝင်ဘို့  ခေါင်းထောင်နေတဲ့ ပုံရိုက်တာ သမီးလေးဇက်မခိုင်သေးတော့  သမီးကို ထိန်းတဲ့  မမ က ကိုင်ထားပေးတယ် ။ သမီးလေးက ၀တော့ လည်ပင်းတို သလိုဘဲ ။ ၆ လ လောက်မှ ပုပါး ကိုမျှော်ကြည့် ခိုင်းရမယ် ။

သမီးလေး ၁လ ၁၁ ရက်ကပုံပေါ့  ။ သမီးဖေဖေ က အလွမ်းပြေကြည့် စ ရာဓါတ်ပုံလေးတွေ ရိုက်ပေးပါဆိုလို့  ။ သမီး ၁လ ပြည့် က ဦးဦးပေးတဲ့ လက်ဆောင်ရော မေမေ့  လက်ဆောင်လေးပါ ထဲ့ ရိုက်ထားတယ် ။
သမီးလေးက ဖြူဖြူအိအိဖောင်းဖောင်း နဲ့  ချစ်စရာ ။ ရုပ်ကလေးပေါ် ပေမဲ့  ဘယ်သူနဲ့ တူတယ်လို့ တော့ မကွဲသေးဘူး။ သမီး ကိုကို တုန်းကဆိုရင် မွေးကထဲက မေမေ နဲ့ တထေရာထဲဘဲ ။
OG ကဘယ်သူနဲ့  တူလဲ မေးတာ ဘယ်သူ နဲ့ မှ မတူဘူးပြောလို့  မွေးတဲ့ အချိန်မှာ တယောက်ထဲမို့  ကလေးမှားတာတော့ မဟုတ်ဘူးလို့ နောက်တယ်။
သမီးလေးမွေးခါနီးရက်တွေမှာ နွေရာသီကြီး မိုးတွေစွေပြီး အရမ်းအေးတယ်။ မွေးတဲ့နေ့ မနက်မှ မိုးတိတ်ပြီး ရာသီဥတု စသာယာတယ် ။ ဒါပေမဲ့ အေးတုန်းဘဲ ။ ဒါကြောင့်  OG က သမီးကို မမိုးအေး ရယ်လို့  အမှတ်တယ နာမည်ပေးခဲ့တယ် ။
ဒါကတော့  ဒီနေ့  ရက်၁၀၀ ပြည့် ရဲ့ ပုံပါ ။ ည ၉း၃၀ မှ ဖေဖေနဲ့  အိပ်ယာပေါ်မှာဆော့ နေတဲ့ပုံပေါ့ ။ ဖေဖေ နဲ့  များစကားပြောရင်းဆော့နေရရင် သမီးလေးဟာ အဲဒီလိုဘဲ မျက်လုံးလေးတွေ တောက်ပပြီး ပါးစပ်ကလဲ စကားပြောချင်လွန်းလို့  ထော်တော်တော်ဖြစ်လာတယ်။

သမီးလေး ရက် ၁၀၀ မှ နှစ်ပေါင်းများစွာတိုင် ဒီမိ ဒီဘ နဲ့ မခွဲမခွာ ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ပြီး ရတနာသုံးပါး ကို အထူးရိုသေ ကိုင်းရှိုင်းပြီး ကောင်းသောလိုအင်ဆန္ဒ များပြည့် စုံပါစေ။

Friday, June 24, 2011

အချစ်ဆိုသည်မှာ....

အချစ်ဆိုတာ

အချစ်ဆိုတာ သပြေပင်လိုဘဲ ..ခေါင်ညွန့် ကိုချိုးလိုက်တာနဲ့  အညွန့်  အခက်တွေဖြာပြီးထွက်လာတတ်တယ် ...း))))) လို့  ချစ်ခင်ရတဲ့  အမ တယောက်ကပြောဘူးတယ် ။

ဇာတိ ဇရာ မရဏ ဒုက္ခ သစ္စာ ...ဇာတိ အသစ်တဖန်မွေးဖွားခြင်း ဟာ ဒုက္ခ ၊ဒါကို လူတွေက သဘောမပေါ က်ဘဲ သားလေးတွေ သမီးလေးတွေ လိုချင်ကြ တယ် သံယောဇဉ် သမုဒယ သစ္စာ ကနေ ဒုက္ခ သစ္စာဖြစ် ဒီလိုနဲ့  သံသရာထဲကမထွက်နိုင် မလွတ်နိုင် ၀ဲလည်ကြ ခင်ဗျားတို့ က ကိုယ့် ကိုကိုယ်မှ မချစ်ကြတာကိုးဗျ ...လို့  ဆရာတော် တပါးက မိန့် ဘူးတယ်။

ကျမအတွက်တော့  အချစ်ဆိုတာ ဖြည့် ဆည်းပေးခြင်းပါ ။
ကိုယ်ချစ်တဲ့ သူတွေကို သူတို့ လိုအပ်တာ၊နှစ်သက်တတ်တာ ကို သိမြင်ခံစားပြီး တတ်နိုင်သမျှ လုပ်ပေးနေချင်တာ ။
ခု ဆို အိမ်မှာ ကျမ ချစ်တဲ့သူတွေ.....
ကျမ မိဘတွေ ၇ယ် ၊ ယောင်္ကျားရယ် ၊ သမီးလေး ရယ်ပေါ့ ။
ချစ်ရမဲ့ သူတွေများတာနဲ့  အမျှ သူတို့ အကြိုက်ကို လိုက်လုပ်ပေး၇မှာတွေလဲ များလွန်းလှပါတယ် ။

စ မှာ အလုပ် လုပ်နေသူ ကျမ အတွက် အချိန် ဆိုတာ......
အိမ်ပြန်ရောက်လာရင် သူတို့  အကြိုက်တွေ လုပ်ပေးဘို့ ထား သူတို့  ပြောချင်ကြတာ လေးနားထောင်ဘို့ တောင် အချိန်က ရှားလှတယ် ။
အသက်ကြီးလာတဲ့ မိဘတွေကလဲ စကားပြောချင်တယ် ။ တနေကုန်ရုံးမှာ ဘာတွေလုပ်တယ် ၊ ဘာတွေဖြစ်တယ်လို့ ပြောပြတာတွေ နားထောင်ချင်တယ် ။အိမ်မှာ သမီးလေးက ဘယ်လိုတိုးတက်လာတယ် ၊ ရှူးဘယ်နှစ်ခါပေါက်တယ် ၊ သူတို့  နေ့ လည်ကအိပ်ပျော်တယ်၊ ထမင်းစားမကောင်းဘူး ၊ ရာသီက ပူတယ်.........................................................................................................................................
သမီးလေးကလား ...ညနေ ၅နာရီဆို နို့ ဘူးသောက်ချင်တော့ ဘူး မေမေပြန်လာမှာကိုမျှော်နေပေါ့ ၊ပြန်ရောက်လို့  အ၀တ်လဲ နို့  ညှစ်ပြီး ရင်ခွင်ထဲ ပွေ့ လို့  နို့ တိုက်ရင်း သူ့ အဘိုးအဘွားတွေ ပြောတဲ့ စကားတွေ နားထောင်တဲ့ အခါ သူ့မျက်နှာကို ငုံ့ မကြည့် ကောင်းလားလို့  အဲ့ ဆို အသံပြု လက်ကလေးခြေထောက် ကလေးတွေ တကားကားနဲ့ တောင်းဆိုတတ်သေးတယ် ။

နို့ တိုက် လေထုတ်ပြီးလို့  သူ့ ကို သန့် ရှင်းရေးလုပ်ပေးပြီး သူ့အဘိုးနဲ့  ပန်းခြံမှာ သူ့ အဖေအလာကို သွားစောင့် ခိုင်းတဲ့အချိန် ညနေစာကို အမေနဲ့ သူ့ အကြိုက် ကိုယ့် အကြိုက် ပြင်ကြတယ် ။ အဖေနဲ့ အမေ အတွက် ထမင်းပွဲပြင် ပြီးလို့ ရေချိုး ပြီးရင် အရမ်းဆာလို့  ထမင်းများမစောင့် ဘဲ စားနှင့် လိုက်လို့ ကတော့ ..သမီးအဖေမျက်နှာမကောင်းတော့ ဘူးရယ် ။

သူက ထမင်းပွဲကို သိမ်း ဆေးကြောနေချိန် မှာ သမီး ကိုပြန်ချီ ချော့ မြှူ နို့ တိုက်ပြီး သိပ်ပြီးချိန်မှာ အမေတို့ အခန်းကို သွားပြီးစကားပြောနေ ၇င် မယ်သံရေ ဆိုတဲ့ အသံထွက်လာတယ် ။
သူက ရုံးအကြောင်းနဲ့  တနေ့ တာအကြောင်းပြောနေရင် အမေ က သမီးရေ BBC လေးဖွင့် ပေးပါဦးလို့  အသံပြုပြန်တယ် ။

ကဲ ဘု၇ားရှိခိုးဦးမှ ဆိုလဲ မင်းက မနက်ဘက် မရှိခိုးဘူးလားရယ်လို့  အမေးခံရတယ် ။
တကယ်ဆို မနက်ဘက် သူရုံးမသွားခင် စားဘို့ ကအစ သူ အဆင်သင့် ပူဇော်နိုင်အောင် ဘုရားမျက်နှာသစ်တော်ရေ၊သောက်တော်ရေ ၊ အာရုံဆွမ်း ၊ပန်းရေလဲ စတာတွေ အကုန်လုပ်ပေးပြီး သူသွားတဲ့ အချိန်မှာ မိဘတွေအတွက် မနက်စာ ပြင်ပေးပြီး နေ့ လည်စာအတွက် စီစဉ်ရသေးတယ်လေ။ ဒါတောင် ဟင်းကိုအမေချက်တာ ။
ပြီးရင် သမီးကို မျက်နှာသစ်နို့ တိုက် ပြီး ကိုယ်လဲရုံးကို သွားဘို့ ပြင်ရတယ်။

ရုံးကို နောက်မကျရုံတမယ် အပြေးအလွှား သွားပြီး ရုံးေ၇ာက်တော့ မှ မနက်စာ စားရတယ် ။

ကျမ အတွက်တော့  အချစ်ဆိုတာ အတော်ပင်ပန်းပါတယ် ။

စိုင်းထီးဆိုင်ရဲ့ သီချင်းလေးလို မောတော့  မောတာ ပေါ့ဒါပေမဲ့  မမောဘူးဆို သလို

ပင်တော့ ပင်ပန်းတာပေါ့  ဒါပေမဲ့ ချစ်၇တဲ့ သူတွေရဲ့ မျက်နှာကို မြင်၇တဲ့ အခါ ကိုယ်ချက်ပြုတ် ပြင်ဆင်ထားတာကို သူတို့ ကျေနပ် သဘောကျလို့  ပြုံးနေတဲ့ မျက်နှာကိုမြင်ရတဲ့ အခါ ပင်ပန်းသမျှတွေပြေပြီး အားတွေရှိလာတာပါဘဲလေ ။

ဒါပေမဲ့ ချစ်ရတဲ့သူနောက်တယောက်တိုးမလာချင်တော့ပါဘူး ။ ချစ်၇တဲ့သူဒီလောက်များနေတာကိုဘဲ ကျေနပ်ပါပြိလေ ။

Saturday, June 18, 2011

မေ့  သမီးလေး

သမီးလေးရေ.........
ဒီနေ့ ဆို သမီးလေး ၃ လပြည့်ဘီနော် ။
ခေါင်းလေးလဲ တော်တော်ခိုင်နေပြီ ။ လည်လဲတော်တော်လည်နေပြီ။အပြင်လဲတော်တော်ထွက်ချင်နေပြီ။
အရင်ဆို မေမေ ရုံးကပြန်လာရင် အပြေးအလွှား နို့ ညှစ် ၊ သမီးလေး မေ့ ချိုကြီးကိုစို့ပြီး အိပ်သွားရင် ညစာဟင်းစီစဉ်တယ်။ အိမ်အလုပ် လုပ်စရာရှိတာလေး ဘာလေး လုပ်ပေါ့။
ခုတော့ဟုတ်ပေါင်း))))))))
ပြန်လာရင် သမီးလေးကို နို့တိုက် ။ပြီးရင် အ၀တ်အစားလဲပေးပြီး ဖေဖေ့ ကိုကြိုဘို့ သွားရတယ်။
သွားဘို့  လှေခါးကများဆင်းလိုက်ရင် ခိုးခိုးခစ်ခစ် အသံထွက်အောင်များ ရီလိုက်တာ မေမေ့မှာ အံ့အားတောင်သင့်ရတယ်။
တရက်တလေ မဟုတ် နေ့တိုင်း ရီ တာ။
မေမေတို့  ဘွားဘွားတို့  မှာ သမီးရီသံကိုအနီးကပ်ကြားချင်တော့ လှေခါးအဆင်းဆို သူချီမယ် ငါချီမယ်နဲ့ ။
ဖေဖေ့ ကိုပြောပြတော့  သူလဲကြားချင်တယ်ဆိုပြီး ညဘက်သမီးကိုချီပြီးအောက်ဆင်းမယ်လုပ်လို့ ရုံးပိတ်ရက်နေ့ခင်းမှချီခေါ်ပါလို့ ပြောရတယ်။
သမီးဖေဖေကလဲ သဲသလားမမေးနဲ့  ။ ညဘက်ဆို သမီးကို ပုခက်ထဲ မသိပ်ဘူး ။အဘိုးအဘွားနဲ့လဲမသိပ်ဘူး လေ။ ဖေဖေ ၊မေမေ နဲ့ဘဲအတူအိပ်ခိုင်းတယ်။
(မေမေ့မန်နေဂျာဆို မေမေ့ကို ကလေးနဲ့အတူအိပ်လို့အိပ်ရေးပျက်ရင် အလုပ်ပျက် ကျန်းမာရေးထိပြီး MC ခနခနယူမှာစိုးရိမ်နေတယ်။)
သမီးကလေ ဖအေ သဲလဲ သဲချင်စရာ ဖအေများ သူ့ခေါင်းရင်းကရပ်ပြီးစကားပြောမိရင် ခေါင်းမော့ မျက်လုံးလှန်ကြည့်လို့ မျက်စိလန် ခေါင်းမော့ဖြစ်နေမှာစိုးလို့ သမီးမြင်သာတဲ့အရပ်မှာဘဲနေပါလို့ ပြောရတယ်။
အိပ်ချင်နို့ စို့ ချင်မှ မအေကို ကပ်တယ်။ ဖအေများထိုင်မနေဘဲ မတ်တပ်ရပ်နေပြီဆို အသံပြုလို့  ခါးကိုကော့ကော့ ပေးတယ်။ သူ့ ကိုချီစေချင်တာလေ ။
တကယ်ဆို သမီးက အတော်အေးတာပါ ။ ကလေးရှိတဲ့ အိမ်ရယ်လို့  ငိုသံကြားရခဲပါတယ်။

ညနေ ၅ နာရီကျော်ပြီဆိုရင်တော့  နို့ ဘူးမစို့ တော့ဘူး။ မေမေ ဒိအချိန်ပြန်လာမှာကိုသိနေသလိုဘဲ ။ နို့ ဘူးကိုလျှာနဲ့ထိုးထုတ်ပြီးစောင့်နေတာ ။ မေမေ့ မှာ သမီးဆာနေမှာစိုးလို့  အိမ်ကိုတန်းပြန်ရတယ်။ ၀ယ်စ၇ာရှိရင် ညဘက်သမီးအိပ်မှ ဆင်းဝယ်ရတယ်လေ။
ခုလဲ East Coast သွားတာမှာ ပြုံးပြုံး ပြုံးပြုံး နဲ့ လေ။
သဲပုံစေတီအနေကဇာတင်ပြီးမှ ဘွားဘွားတို့ ကစားကြတာဆိုတော့  အားလုံးစားပြီး လမ်းလျှောက်ပြီးပြန်လာတော့  အိမ်အရောက် 103း0 လေ။ သမီးလေးကို အ၀တ်အစားလဲ နို့တိုက်သိပ်ပြီး
၃လပြည့်  သမီးလေးအကြောင်းရေးချင်တာနဲ့ ရေးနေတာ ။ တကယ်ဆို မေမေ့မှာ ပစ္စည်းတွေရှင်းလင်း နေရာတကျပြန်ထား လုပ်၇ဦးမယ်လေ ။
သမီးလေး မေမေ့  ဘိုက်ထဲမှာတုန်း က သမီးကို ဖေဖေ နဲ့တူစေချင်တာ ....ခု သမီးက ဖေဖေလိုဘဲ ဘွတ်၂ပါတာကြာတယ်။ စားတာလဲကြာတယ် (နို့ စို့ ရင်ဇိမ်နဲ့ မပြီးနိုင် မစီးနိုင်အကြာကြီး)။
ပြီးတော့ အိပ်ေ၇းလဲဆတ်တယ် ။
ဖေဖေ ကတော့  ကောင်းတာတွေ တူပါစေ ဆုမတောင်းဘဲ အားလုံးတူပါစေ ဆုတောင်းခဲ့လို့ တဲ့လေ။

<3<3<3<3<3<3................

သမီးလေး ၃ လပြည့် 





မတ်လ ၁၈၊၂၀၁၁ မှာမွေးတဲ့သမီးလေး ဒီနေ့ ဆို ၃ လပြည့် ပြီ ။


သမီးလေး ၃လပြည့်  အတွက် ဒီနေ့ မှာ ဖားအောက်ကျောင်းမှာ ဆွမ်းကပ်မယ်ဆိုတော့ စနေနေ့ မှာ အလှူရှင်တွေများ တယ်။

မနေ့ ကသောကြာနေ့  အာရုံဆွမ်း အလှူရှင်မရှိသေးဘူး ဆိုတော့ သမီးကလဲ သောကြာသမီးလေးမို့  လှူမယ်ဆိုပြီး ကြာဇံဟင်းခါး ကပ်ဖြစ်ခဲ့တယ်။

အချိုပွဲကိုတော့သစ်သီး ၂မျိုး၇ယ် လက်ဘက်သုပ်၇ယ် အာလူးကြော်၇ယ်ဘဲ လုပ်ဖြစ်တယ်။

ဆ၇ာတော်ဘု၇ားကြီးရှိနေတော့ ပိုပြီးသဒ္ဒါပေါက်တာပေါ့ ။

ဖေဖေနဲ့ မေမေ လဲ သမီးလေးမွေးတုန်းကခွင့်တွေအများကြီးယူထားလို့  ခွင့်ထပ်မယူချင်တာနဲ့ ဆွမ်းကပ်ပြီး ရုံးကို သွား၇တယ်။

ရုံးေ၇ာက်လို့ Email စစ်တော့ သမီး၇ဲ့  long term pass ကျနေပြီလေ။ ၀မ်းသာပေမဲ့ ဘိုး၂ဘွား၂ အတွက်မပါသေးတော့ စိတ်ထင့်နေတယ်။

ဒီနေ့ မှာ စနေ နေ့တ၀က်ရုံးတက်၇မှာဆိုတော့ ညနေမှာ တိုပိုင်းရိုး ဘုန်းကြီးကျောင်းကို လိုက်ပို့ မယ်စိတ်ကူးတာ East Coast မှာ သဲပုံစေတီတည်တာရှိတော့ ဘွားဘွားက အဲဒီကို သွားမယ်ဆိုလို့  မေမေ့မှာ သမီးကို လေတိုက်ရင်ဖျားမှာစိုးလို့  Tent ပြေးဝယ်၇တယ်။

Tent ၀ယ်ပြီးတော့လဲ မပြီးပြန်ဘူး အခင်းလိုပြန်သေးသတဲ့ ။

ဟော အခင်းပြီးတော့လဲ ဘွားဘွားက ဆီးချိုရှိတာအပြင် စင်္ကာပူ ကအစားအစာတွေက ချို၇ဲ၇ဲနဲ့မကြိုက်ဘူးတဲ့ ။

အဲဒါနဲ့ မေမေလဲ ကြာဇံကြော်ဘို့ စီစဉ်ပြီးလိုတာတွေဝယ်။ ပြန်မှကြော်မယ်ဆိုပြီး ရုံးကိုလာခဲ့တယ်။

ရုံးရောက်လို့  Email စစ်တော့ Long Term Pass က Reject ဖြစ်နေတယ်။

မေမေ လဲတော်တော် စိတ်ညစ်သွားတယ်။

သမီးလေးငယ်သေးတော့ child careလဲမပို့ချင်ဘူး ။ ဘိုးဘိုးနဲ့ဘွားဘွားကိုလဲ အနီးကပ်စောင့်ရှောက်ချင်တယ်လေ ။

တကယ်တော့ ဒီနေ့ မှာ သမီးလေး၇ဲ့  အကြောင်း ၊ သမီးလေးက ဘယ်လိုချစ်စရာကောင်းကြောင်း ၊ သမီးလေးက ဘယ်လို တတ်နေပြီ ဆိုပြီးရေးဘို့စဉ်းစားထားတာပါ ။

ဒါပေမဲ့ဒိနေ့ဒီ၇က်မှာဖြစ်တဲ့အကြောင်းလေးတွေလဲ အမှတ်တရဖြစ်အောင်ထဲ့ေ၇းတာပါ။