ဒီလထဲမှာ အသက်လေးဆယ့်လေးနှစ် ပြည့်ပြီးသွားပြီ ။ ငယ်ငယ်တုန်းကတော့ မွေးနေ့ရောက်ပြီဆိုရင် ပျော်စရာ ၊ အခုတော့ မွေးနေ့ရောက် ပြီဆိုရင် ဪ ဒီနှစ်တော့ ခန်ဓာရဲ့ ဘယ်နေရာမှာများ ဘယ်လိုပိုနာလာမလဲ လို့ လန့်လာရတာ ။
အသက်လေးဆယ့်လေးနှစ် ဘယ်လိုဖြတ်လာသလဲ ဆိုတော့ ၀တ်တရားကျေ ၊ တာဝန်ကျေလေး အလိုက်သင့် ဖြတ်လာတာ ၊ ဘာကိုမှ စိတ်ပါလက်ပါ ကြိုးစားအားထုတ်တာမရှိဘဲနဲ့ ဒီလိုလေး ပဲနေလာတာ ဘာနဲ့တူသလဲဆိုတော့ ရေထဲမျောနေတဲ့ ဆင်သေကောင်ပေါ်ကို လိုက်လာတဲ့ ကျီးမိုက်လို ကိုယ့်အနားရှိတာလေး စားလိုက် ထိုးလိုက် ဆွလိုက်နဲ့ ဘေးဘီမကြည့်ဘဲနေလာရင်း ဆင်သေကလည်း ကုန်သလောက်ရှိတဲ့အချိန် ကမ်းကလည်းအရမ်းဝေးလာ ၊ကာလတစ်ခုအကြာ ဆင်သေပေါ် ထိုင်လိုက်လာတာဆိုတော့ ကမ်းစပ်ကို ပျံဖို့ကလည်း ကိုယ့်ကို ကိုယ် မယုံကြည်တော့ ဆိုသလိုပဲ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိဖြစ်နေရတာ ...........
အခုလို မိဘတွေကလည်း အသက်ကြီးလာချိန် ကျန်းမာရေးလည်းမကောင်းချိန်မှာ
သူတို့နဲ့ တစ်အိမ်ထဲနေပြီး မပြုစုနိင်တာလည်း ၀မ်းနည်းရတာ ၊ ဘာမှ
မတတ်နိုင်တိုင်း ယောကျ်ားကိုပဲ နင့်ကိုယူမိလို့ ငါ့မှာ ဒီမှာနေရတာ နဲ့
ရန်လုပ်ရတာလည်း မောနေပြီ ၊ သူကတော့ ထုံးစံအတိုင်း ဂူတစ်ဂူထဲ
ခြသ်ေ့နှစ်ကောင်မအောင်းပါဘူးဟာလို့ပြေရာပြေကြောင်းပြောတာပေါ့ လေ။
သူပြောလည်းပြောစရာ ကိုယ့်မယ် ခနတစ်ဖြုတ်အလည်ပြန်ရင်လည်း အမေ့အိမ်မှာ
ကိုယ့်လက် ကိုယ့်ခြေဘာမှ လုပ်ပိုင်ခွင့်ရှိတာမဟုတ်ဘူး ၊ ကိုယ်ကတော့
ကိုယ်ပြန်တဲ့တစ်ပတ်လောက်ကို အမေ့ကို အေးအေးဆေးဆေးနား အိမ်အလုပ်တွေ
ချက်တာပြုတ်တာ အိမ်ရှင်း လိုအပ်တာတွေ ဖြည့်ပေါ့လေ အဲလိုတွေ တွေး လာတာပေါ့
အမေ့အိမ်လည်းရောက်ရော သူချည်းပဲပြော သူချည်းပဲလုပ် သူချည်းပဲ စီစဉ်နဲ့
နောက်ဆုံး ကိုယ်ပြန်တာ မှားတယ် ကိုယ့်ကြောင့် အမေ့မှာ ပိုပင်ပန်းတယ် နဲ့
တွေး တွေးပြီး ပြန်လာရတာချည်းပဲ ။
အမေကတော့ ဇောတွေ များလွန်းတယ် ၊ အမြဲတမ်း ဇောတွေ ကပ်လွန်းလို့ အမေ့ကို ကြည့်ရတာ မောလိုက်တာ လို့ အမြဲတွေးမိတယ် ၊ မနက်မိုးမလင်းခင် အရုဏ်တက်လောက်ထဲက မနက်စာ စားဖို့ ၊ မနက်စာ စားပြီးရင် နေ့လည်စာ စားဖို့ဆိုပြီး လောလိုက် မောလိုက် စျေးဆိုလည်း ဆယ်ခေါက်လောက် သွားနေ ၊ တစ်ယောက်စီ ဘာကြိုက်တတ်လဲ ကြိုက်မယ်ထင်တာကို တစ်ခုစီ ဝယ်တာ အဖေ့ဖို့ မုန့်ဟင်းခါးဆို အိမ်အကူကောင်မလေးဖို့က အသုပ် တစ်ဆိုင်ပြီးတစ်ဆိုင် ။ ဟယ် အမေရယ် အမေ ပင်ပန်းလိုက်တာ ဘာလို့နှစ်ဆိုင်ခွဲနေမလဲ အတူတူပဲဝယ်ပေါ့ဆိုတော့ ကောင်မလေးက အသုပ်ပိုကြိုက်တာအေ့ တဲ့ အောင်မလေးတော်ပါပဲ ၊ ဒါဆိုလည်း ကောင်မလေး လွှတ်ဝယ်ခို်ငးလေဆိုတော့ အောင်မလေး ပိုက်ဆံနဲ့ပြန်မလာပဲ ထွက်ချင်ရာ ထွက်သွားရင် ဘယ်လို လုပ်မလဲဆိုတော့ ဟုတ်သားပဲလို့ .......
ဒီလိုနဲ့ အမေ့ စိတ်အင်အားနဲ့ စိတ်သွားတိုင်း ကိုယ်ပါနေတာကို လန့် ရသလို အင်းလေ သူ စိတ်ဆောင်နေလို့သာ တော်သေးတယ် လို့ တွေးရပြန်တာပဲ ..........

No comments:
Post a Comment