[X] Choose Font Here

Sunday, August 10, 2014

အေးအတူ ပူအမျှ

 သောကြာည က ကိုချစ်မောင်ကြီး အပြင်မှာ ဇာတ်ကားကြည့်ပြီးအိပ်ဖို့အခန်းထဲဝင်အလာ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ရှော့ဖြစ်သွားပါတယ် ။

" တစ်နေ့တစ်နေ့ အလုပ်သွားလိုက် ပြန်လာထမင်းစား ဟိုလုပ်ဒီလုပ်နဲ့ ၁၁ နာရီထိုးသွားတော့ အိပ် နဲ့ ညီးငွေ့စရာကောင်းလိုက်တာကွာ" တဲ့ ....

ကိုယ်လဲ ဟမ် ဆိုပြီး ဘာမှကိုပြန်မပြောနိုင်တော့ဘူး ။ ပြောစရာမရှိလို့တော့မဟုတ်ပါဘူး ပြောစရာများပြီး အလုံးကြီးနင်နေတာပါ :P


စဉ်းစားကြည့်လေ မနက် ၆နာရီခွဲ အိမ်ကနေထွက်ပြီး ညနေ၇နာရီခွဲ အိမ်ကိုပြန်ဝင်လာ ၊ ထမင်းလေးစား ၈ နာရီထိုး ။ ဒီ ၈နာရီ ကနေ ၁၁ နာ၇ီ ကြားထဲပဲ မိသားစု ဆုံ
ရတာကို သူ့မှာ ညီးငွေ့ချိန်ရှိသေးတယ်ဆိုတော့ကာ ရှင်းရှင်းပြောရရင် ကိုယ်တွေကို ညီးငွေ့တဲ့သဘောလားလို့ မေးပလိုက်ချင်တာ ။


သို့သော်လည်း သို့သော်လည်းပေါ့လေ မေးလိုက်ခါမှ အေး လို့ တစ်လုံးထဲ ဖြေရင် ဘယ်လို လုပ်ရပါ့ အရပ်ကတို့ရဲ့ ...။



ဂလုံ နဲ့ ဒီတကြောမှာ ဂလိုလေသံ ထွက်လာရအောင် ဘာတွေများ လွဲချော်နေသလဲ လို့ ပြန်ဆန်းစစ်တော့ ...................

သူ့ဘက်ကတော့ ပုံမှန်ပဲ တော့ ။အဲ အဲ ပုံမမှန်တာက ကိုယ်ဖြစ်နေရော ။

အရင်ကတော့ ကိုယ်က ဘာလေးလုပ်လုပ် ကိုချစ်မောင်ရဲ့ ကိုချစ်မောင်ရဲ့ နဲ့ တချစ်ထဲ ချစ်ပြီး တမောင်ထဲ မောင်နေခဲ့တာမျိုး ။

ဘာလေးလုပ်လုပ် အို ယုတ်စွအဆုံး မီးဖိုချောင်ပန်းကန်ဆေးတာကအစ ကိုယ့်လက်မှာဆပ်ပြာပေနေလို့ ရေဖွင့်တာတောင် သူ့အော်ခေါ်ပြီးဖွင့်ခိုင်းတာကလား ။

အကြောင်းပြချက်ကတော့ ရေပိုက်ကို ဆပ်ပြာပေ မှာစိုးလို့ပေါ့လေ :P


အတွင်းခံဝယ်တာ က အစ သူနဲ့အတူ ရှော့ပင်းရင်းမှ ဆိုတာမျိုး ။

ဟို ဒီ သွားမယ်ဆိုလဲ သူပါမှ သူပါမှပေါ့ ။

ဘဏ်ကတ်ထဲ ငွေဖြည့်တာ ငွေလွှဲတာ က အစ သူမအားရင် အလုပ်ကမဖြစ်တော့ အပေါင်းအသင်းတွေကလဲ ပြောတာပေါ့ သူ့ချည်း အားကိုးမနေနဲ့ ၊ ကိုယ့်ဟာကိုယ်လဲ လုပ်ဦး ပေါ့လေ ။ အမှန်မှာတော့ ဘယ်ဂလောက်ထုံထုံ ငွေများ မသုံးတတ်ပဲရှိပါ့မလား ။


အခုတော့ အလုပ်ကလဲများ၊ သမီးတော်လေးကလဲ ဘာမဆို မေမေ မှ မေမေ ၊ လိုတာမှန်သမျှ မေမေ ဆိုတာကတမျိုး၊ မုန့်တွေလုပ်တာ ကတမျိုး၊ အမျိုးမျိုး ဆိုတော့ကာ အရင်လိုလဲ ကိုချစ်မောင်ကို စောင့်မျှော်ပ သ အဲလေ ဦးတိုက် တိုင်တည်မနေနိုင်တော့ဘူးပေါ့လေ ။

 လုပ်စရာရှိတာ ၊ ၀ယ်စရာရှိတာ သူ့ စောင့်မနေနိုင်အားတော့ ကိုယ့်ဟာကိုယ်ပဲ လုပ်တော့တယ် ။

သူ ထမင်းစားပြီးတော့လဲ အရင်လို အပြင်လေးထွက် လမ်းလေးလျှောက် မောင်ရေ မနက်ဖြန် ဘာစားမလဲ ဆိုပြီး ဈေးမ၀ယ်နိုင်တော့ဘူး ။ စနေည ထဲက တပတ်စာက ဘာချက်မယ် စာရင်းဆွဲပြီးသား ။


နောက်ပြီး သူ ကလဲ အလုပ်မှာ ပရက်ရှာများလာတယ် ဘာညာဆိုတော့ ကဲလေ အေးရာအေးကြောင်း မုန့်စိမ်းပေါင်းပဲ ရောင်းပစေ ပေါ့လေ အဲလေ ဟုတ်ပေါင် ဂိမ်းကစားပါစေတော့ ။

 သူ့ပြောလဲမထူးပေါင် ပြောရတာ လေကုန်တာပဲအဖတ်တင်တယ် ။

 နောက်ဆုံး ဒီဘူတာပဲဆိုက်တယ် အဲ အဲ ကိုယ်ပဲ လုပ်ရတာပဲ ဆိုပြီး သူ့ကို အေးရာအေးကြောင်းထားလိုက်တော့ ဂလို အသံထွက်လာတော့တာပဲ ။

အိမ်းး လူဆိုတာက အေးအေး နေချင်တယ်ဆိုတာ ပါးစပ်ကသာပြောတာမျိုး၊ တကယ်က အအေးဓါတ်ကြီးပဲ လဲ မဟုတ်၊ အပူဓါတ်လေးလဲ ရမှ ဆိုတော့ အပူလေးလဲ တိုက်မှ ပေါ့လေ ။ အဲဒါမှ  မိသားစု ပိုပြီး နွေးထွေးမယ်ပေါ့လေ ။ နွေးပဲ နွေးထွေးမလား ၊ အပူများပြီး မတော် ခွမ်းဆို ကွဲသွားမလားဆိုတာတော့ သုံးတဲ့ပစ္စည်း ပေါ်မူတည်ပြီး မီးထိုးတတ်ဖို့ကလဲ လိုသေးတာကိုး ပိတ်သတ်ကြီးရဲ့ ဟုတ်ဘူးလား ။


ကိုင်း ကိုင်း ကိုယ်လဲ နက်ဖြန်ကစပြီး မေတ္တာတရားတွေ ပွားများချင်သေးတယ်ဆိုပြီး အေးရာအေးကြောင်းမထားတော့ပဲ  ဘာလုပ်လုပ် ကိုချစ်မောင်ရဲ့ လာပါဦး ၊ ဒီလိုလေး လုပ်ပေးပါဦး ဟိုလိုလေးလုပ်ပေးပါဦး သမီးလေးရေ ဖေဖေ့ကိုပြောလိုပ်ပါဦး ဆိုပြီး ပူ အမျှတော့မည် ဖြစ်ပါကြောင်း မောင်းတီးလိုက်ပါတယ် ဒူ ဟူ ဟူ   :P

5 comments:

  1. ရည်လည် မိုက်သဟ.... (အရေးအသား စကားလုံးများ နဲ့ အကြောင်းအရာ)
    ရဲဘော် ဆက်လုပ်... :D

    ReplyDelete
  2. အမလဲ အဖြေရသွားပြီ ညီမလေးရေ ကျေးဇူးနော်

    ReplyDelete
  3. thanks for reminding. :)

    ReplyDelete
  4. can't write Myanmar font Thanda .. :)
    Now, u noted that why he said , then you better stay like previous ..
    ta chit hte` chit and ta maung hte` maung naw :P

    ReplyDelete
  5. Tun Tun အသွားမတော် တလှမ်း... အစားမတော် တလုတ် မဟုတ်ဖူး..... ဒါကတော့ အပြောမတော် တခွန်း... ဟီ..ဟိ.... မနက်ဖြန်တော့ ခံပေအုံးတော့ အပူ :p
    August 10, 2014 at 3:43am · Like · 2
    Thant Zin Aung
    Thant Zin Aung ခုနကထုံးတို့ထားတာ၊ ခုမှသေချာဖတ်ပြီးတယ်၊ မသန်က အလုပ်သာများတယ်၊ ဟာသဥာဏ်ကတော့ ကွန့်မြူးနိုင်တုန်းပဲ၊ လေးစားတယ်။ ကိုသီးကိုတော့ ကိုယ်ချင်းစာမိပါတယ် (ဟမ်)
    August 10, 2014 at 4:30am · Like · 3
    Tin Min Htet
    Tin Min Htet ကိုချစ်မောင် အပူဓာတ်လေး ရအောင် ချွေးအောင်းပေးနေပြီ ထင်တယ် :)

    (ဇာတ်နာအောင် ပြောကြစတမ်းဆို ကျွန်တော် ၅း၄၅ အိမ်ကထွက်၊ ကလေးဝင်ခေါ်ပြီး ညနေ ၆ နာရီ ပြန်ရောက်။ လေဒီက နေ့လည် ဆိုင်သွားတာ ည ၁၀ နာရီပြန်ရောက်။ စနေ တနင်္ဂကျ ဆိုင် အလုပ် အရှုပ်ဆုံး။)
    August 10, 2014 at 8:04am · Like · 3
    စု စုအေး
    စု စုအေး သန်သန် သိပ်သိပ်တော် ဒီအကြံအလွန်ကြိုက်
    August 10, 2014 at 9:20am · Like · 1
    Tin Min Htet
    Tin Min Htet "အေးဆို" ဆိုပြီး ၂ လုံးဖြေရင်ရော ..
    August 10, 2014 at 2:28pm · Like

    ReplyDelete