[X] Choose Font Here

Tuesday, April 3, 2012

ရှတတ ခံစားချက် များ........

ခုတလော တွေ့ရ မြင်ရ  ကြားရ တာ တွေ က ကိုယ့်ခံစားချက် ကို ပိုပြီးလေးပင်စေတယ် ။ လူက နဂို ထဲက ပင်ပန်း လေးပင်နေတာလဲ ပါမယ်ထင်ရဲ့ ။


MRT circle line ကို Promenade ကနေ Marina Bay ကို အသစ်ဖွင့်လိုက်တော့ နေ့စဉ် MacPherson ကနေ Esplanade ကို အသွားမှာ  Dhoby Ghout မှာ လမ်း ဆုံးတဲ့  ခရီးစဉ် မဟုတ်ဘဲ  Marina Bay မှာ လမ်း ဆုံးတဲ့ ရထား ကို စီးမိရင် Promenade မှာ ဆင်းပြီး ပြန်ချိန်း ရပါတယ် ။ Promenade  Station  က decoration တွေ လှတယ် ။ ဒါပေမဲ့ အဲဒီမှာ သန့်ရှင်းရေး လုပ် နေတဲ့ အဘ က အိုလွန်းတယ် ဒါ့အပြင် ခါးအရမ်းကိုင်းနေတယ် ။ သူ့ခါးကိုင်းကိုင်း နဲ့ တံမြက်စည်းကို လှည်းရင် တရွေ့ရွေ့ နဲ့ ..တော်တော် စိတ်မကောင်းဖြစ်ရပါတယ် ။ သူ့ ကို အအေးဘူး သွားပေးတော့ မယူဘူး ။
(သွားရင်း လာရင်း လမ်းမျာ တံမြက်စည်းလှည်းနေတဲ့ အသက်ကြီးကြိး အဘိုးကြီးတွေ ၊ အအေးခွံ တွေ လိုက်ကောက်ပြီး ခြေထောက်နဲ့ တက်နင်းနေတဲ့ အဘွားကြီးတွေ ၊ အိစိကုတ်တို့ ချိုင်းနားတောင်း ညဈေးတန်းဆိုင်တွေ မှာ စားပွဲထိုးတဲ့ အဘိုးကြီး အဘွားကြီးတွေ ကို ကိုယ့်မှာပါတဲ့ စားစရာ အထူးသဖြင့် အအေးဘူး စတာတွေ ပေးရင် ၀မ်းသာ အားရ ယူကြတယ် ။ တခါ သူတို့ ချွေးထွက်တဲ့ အလုပ် လုပ်ရသူတွေ ဆိုောတ့ ကိုယ်က 100+ ပေးရင် Coca cola လို လိမ္မော်ရည် လို အချိုရည် ကို တောင်းဆိုကြတယ် ။ အသက်ကြီးတော့ အရသာ ပါတဲ့ အရည် ကိုသောက်ချင်တာ ထင်ပါရဲ့ ။)

 Esplanade MRT ကနေ ထွက်ပြီး ရုံးကို ဆက်လျှောက်လာရင် .. နာမည်ကျော် Raffel  Hotel ရှေ့ကနေ ဖြတ်လျှောက်ရတယ် ။ တရုတ်စကားပွင့်တွေ ဝေေ၀ဆာဆာ ပွင့် နေသလို အဲဒီ ဟိုတယ်ရှေ့က ကားအ၀င်အထွက်မှာ ကျောက်စရစ်တွေ ပြန့်ကျဲ သွားတာကို ဦးလေးကြီး ၂ယောက်က တံမြက်စည်း နဲ့ လိုက်လှည်းနေရတယ် ။ မိုးရွာရွာ နေပူပူ ဒီကျောက်စ၇စ်တွေ ပြန့်ကျဲတာ ကို လူ၂ယောက် က အလုပ်တခုအနေနဲ့လိုက်လှည်းရတာ အလုပ်မဟုတ်ဘူးလို့ထင်တယ် ..ကိုယ်ဝန် နဲ့တုန်းကလဲ အဲဒီရှေ့ ကဖြတ်လျှောက်ရင် ကျောက်စရစ် သေးသေးလေးတွေ နင်းမိပြီး ချော် မှာစိုးခဲ့ဘူးတယ် ။ အဲဒီက Guard ကလဲ ကိုလိုနီ ၀တ်စုံပြည့်နဲ့ တက်ဆီ ထွက် ၂ တားတာ အမြင် တမျိုးဘဲ ...။


အဲဒီ အ၀ိုင်းကြီးထဲက ကျောက်စရစ်တွေပေါ့ ...။

ဆက်လျှောက်လာရင် Coffee Connoisseur အဆောက်အဦး ရဲ့ဘေး ထောင့် မှာ ဆိုက္ကားနင်းတဲ့ အဘိုးကြီး အဲဒီ အပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတယ် ။ မနက် ၈နာရီ ခွဲအချိန် မှာ သူဘာလို့ ဆိုက္ကားအပေါ်မှာ အိပ်နေရပါလိမ့် ။

ပြီးလို့ ရုံးရှေ့အရောက် ဓါတ်လှေခါးထဲအ၀င်မှာ တွိုင်းလက်တွေ သန့်ရှင်းရေးလုပ်ဘို့ အဘွားကြီး လဲ လိုက်ဝင်လာတယ် ..တခါတလေ သူမအားလို့ထင့် အဘိုးကြီး ၀င်လာတယ် ..ရုံး မြေညီထပ် က ဘုံကျောင်းပါ။ ဘုံကျောင်းကို ပန်းတို့ အသီးတို့ ကပ်ချင်ရင် သူတို့လက်ထဲ ထည့်ပေးလိုက်တာပါဘဲ ။  တရက် စောစောစီးစီး တွိုင်းလက်ဝင်မယ်လုပ်တော့ အဲဒီ အဘိုးကြီး သန့်ရှင်းရေးလုပ်နေတာ သူ့လက်ကြီးနဲ့ ။ လက်အိတ် လဲမပါ ..စိတ်ထဲမှာ.....။ ပြောရရင် တရုတ်မတွေ ညစ်ပတ်တာလဲ အရမ်း ..သူတို့တွေ ညစ်ပတ်အောင် ဘယ်လိုသုံးလဲ ဆိုတာ အံ့သြောစရာ .....။

ရုံးထဲအ၀င် ပစ္စည်းချ စက်ဖွင့်ပြီးရင် ဂျီမေး နဲ့ ဖေ့ဘွတ် ပါ တခါထဲဖွင့်ဖြစ်တယ် ။  ဂျီမေး ကတော့ အဓိက မြန်မာပြည် က သူငယ်ချင်းတွေ နဲ့ အဆက်အစပ်မပြတ်ဘို့ပါဘဲ လေ ။ သတင်းပလင်း သိဘို့ ဖေ့ဘွတ် ဖွင့်တဲ့အခါ သတင်းတွေ က ကိုယ့်စိတ်ကို မွန်းကျပ်ညစ်ထေး မှူသာများစေတယ် ..ဒါ့ကြောင့် ဒီနေ့ အဘို့ မဖွင့်တော့ဘူး ..အလုပ်အရင်လုပ်မယ် လို့ ဘယ်လိုဘဲ တွေးထားထား စိတ်မထိန်းနိုင်တဲ့ ကိုယ်တိုင် ဒေါသဖြစ်မိတယ် ။ အချိန်ကုန်လို့ကုန်မှန်းမသိနိုင်အောင် ဖေ့ဘွတ်ပေါ်မှာ စိတ်ဝင်စားစရာ သတင်းတွေ က များနေတယ် ။ တကယ်တော့ ဖေ့ဘွတ်သုံးတယ်ဆိုတာ တန်ဘိုးရှိတဲ့ အချိန် ကို အလဟဿ ဖြုန်းနေသလိုဘဲ ..ဒါဆို ဘာလို့ သုံးနေတာလဲ ..ကိုယ်တိုင် မကျေနပ်နိုင်ဘူး .....

ဖေ့ဘွတ်နဲ့ အချိန် ကုန်တဲ့အခါ အလုပ်မပီးတာလဲ ကိုယ့် ကို ဖိစိးမှူ ဖြစ်စေပါတယ် ။

ညနေ ၅နာရီ ဆင်းတဲ့ ရုံးမှာ ၅နာရီခွဲဆို အားလုံးပြန်ကြပြီ ။ အရင် က ပြန်တဲ့ လမ်းတလျှောက်မှာ ဘာချက်မယ် စဉ်းစားပြီး အိမ်ရောက်တန်းချက် ၊ချက်ပြီး သန့်ရှင်းအပြီး ၇း၁၅ ဆို အားလုံးပြီးစီး RELAX ;
ခုတော့ အိမ်ရောက်မှ အမေ စိတ်ကူးပေါက်လို့ လုပ်ထားတာတွေ နဲ့ အဆင်ပြေအောင် တွဲစပ်စဉ်းစား ရတာလဲ စိတ်ဖိစိးစေတယ် ။ နောက် ညရောမနက်ပါ ဟင်း ကို ၂ခါ ချက်ရတာ စဉ်းစားရတာ အချိန်ကုန်တယ် ။ တကယ်ဆို အသားတမျိုးကို ညမနက် တခါထဲချက်ပြိး အရံအရွက်ကြော်၊ အသုပ်တမျိုး၂ သာ ဆို သက်သာတာပေါ့ ။အရည်လေးသောက်ချင်ရင် ကြက်သားလုံးထားတာလေးကိုပြုတ်ပြီး စွန်တန်ခတ်ခတ် ၊ အရွက်ခတ်ခတ် ။  မိဘတွေ က အသက်ကြီးတော့ အသားကို အသားသက်သက် မစားချင်တော့ဘဲ အသီး ရွက်နဲ့ ရော သမမွှေ လိုက်တော့ လူငယ်တွေ အတွက်ရယ် ထမင်းဘူး ရယ် ဆို အဆင်က မပြေပြန်တော့ဘူး ..တခါ တလေ စားပွဲပေါ်မှာ ဟင်းတွေ ပြည့်နေတယ်ထင်လို့ ဘာမှ ထပ်ပြီး မစီစဉ်ဖြစ်တော့တဲ့အခါ ..ယောကျား က ချဉ်ဟင်း၊ ငါးပိချက် ၊ အတို့ နဲ့ အသားရောအရွက်ကြော် ကို ကြည့်ပြီး ဘာနဲ့ စားရမလဲ ဘာမှ မရှိပါလားပြောရင် ဘာမှ ပြန်မပြောချင် အောင် စိတ်ကုန်သွားတယ် ။

မိဘ တွေ အတွက် ညစာ ပြင်ပေးပြီးရင် သမီးလေး ကို ထမင်းခွံ့ ရတယ် ။ ကြက်သားဆန်ပြုတ်တလှည့် နို့ဆန်ပြုတ်တလှည့် ..တော်သေးတာ က သမီးလေးက အစားချေးမများဘဲ ထမင်းကျွေးရလွယ်တဲ့ ကလေးဖြစ်နေတာ ...တနေ့ထက်တနေ့ ပိုပို ချစ်ဘို့ကာင်းလာတဲ့ သမီးလေးနဲ့ ချစ်ခင်တွယ်တာလှတဲ့  သူတို့ သားအဖ နှစ်ယောက်ကို ကြည့်ပြီး နောက်တကြိမ် ထပ်ခွဲ ကြရမှာ ကိုတွေးပြီး စိတ်ဖိစီး ရပြန်တယ်။

သူတို့အားလုံးပြီးလို့ နှစ်ယောက်စားမယ်ဆိုရင် အိမ်ရှင် ရဲ့သား ( အိမ်မှာ အတူနေတဲ့ စလုံး) က လာကြည့်ပြုံးပြတယ် ။ ကျမထက် အသက် ၂ နှစ်ကြီးတဲ့  သူ အလုပ်မလုပ်တာ ၈ လပြည့်တော့မယ် ။ အိမ်မှာ ကျမတို့လင်မယားကလဲ Civil , ကိုဦးသူငယ်ချင်းလေးတယောက်နေတာလဲ Civil ၊ သူလဲ Civil မို့ လွင် ငါတို့ တအိမ်ထဲ အကုန် လုံး Civil တွေ တိုက်ဆိုင်တယ် လို့ ခနခန ပြောတတ်တဲ့ သူ ဟာ ဘာလို့ အလုပ်မလုပ်တာလဲ လို့ မစဉ်းစားတတ်ဘူး ။ ကိုယ်လဲတယောက်စာကျွေးတာ ဘာမှ မဖြစ်ပါဘူး သူအဆင်မပြေတုန်း ဆိုပေမဲ့  ၁ လ ၂ လ ကနေ ခု ၈လ ကြာတဲ့ အခါမှာ .........၀န်ပို တခု ဖြစ်လာတယ် ။ ရုံးက မန်နေဂျာ ကတော့ ကိုယ်အဲလို ကျွေးနေတာ ဟာ သူ အလုပ်မလုပ်ဘို့အတွက် အထောက်အကူဖြစ်စေတယ် မကျွေးနဲ့တော့ လို့ စကားစပ်မိတိုင်း ပြောတယ်။ အတူနေ စလုံး အိမ်ရှင့်သားပေမဲ့ ကိုယ်တွေ ကို စိတ်အနှောင့်အယှက်မဖြစ်ရအောင် အနေအထိုင် ယဉ်ကျေး လှ တဲ့ သူ့ ကို ကိုယ်ထမင်းစားတဲ့ အခါ ဘေးမှာ လာပြုံးပြတဲ့အခါ မကျွေးဘဲ ဘယ်မြိုကျပါ့မလဲ ..ဒါပေမဲ့ တနေကုန် အိမ်မှာနေလို့ စကားမပြောရတဲ့ သူက ထမင်းစားရင်း စကားတွေပြော မေးခွန်းတွေ မေးတဲ့ အခါ  စိတ်၇ှူပ်ရပြန်တယ် ။

အားလုံး ဆေးကြောပြီး သန့်ရှင်းရေးလုပ်ပြီးရင် လိုတာတွေ ၀ယ်ဘို့ Shop n Save ကို သွားရင် သမီးလေး ကိုခေါ် အပြင်ထွက်ရတဲ့ အချိန် မှ ဘဲ သက်ပြင်းကို မှူတ်ထုတ် အသက် ကို ပြင်းပြင်း ရှူမိတော့တယ် ။

6 comments:

  1. စိတ်ဖိစီးမှုနဲ့ ရင်ထဲကတင်းကြပ်မှုလေးတွေကို ဖွင့်ဟလိုက်တဲ့အခါ
    အနည်းဆုံးတော့ ခံစားမှုဝေဒနာလေးတွေ သက်သာရာရတယ် သန္တာရေ။
    ဘလော့ဂါဘဝလေးကိုနှစ်သက်တဲ့အထဲမှာဒါလည်းတစ်ချက်ပေါ့ကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မောတယ် မမလွင်ရယ် ဒါပေမယ့် ကုသိုလ်ရတယ် ကုသိုလ်ယူနေတယ်လို့ သဘောထားလိုက်ပါ

    ပိုးပိုး

    ReplyDelete
  3. Hmmmmmmmm,,,,,hectic life....

    ReplyDelete
  4. သူများကြောင်းလဲမပြောတတ်ပါ
    စပ်မိစပ်ရာ ဘာညာကွိကွ :P :P
    ပျော်စရာနေ့လေးတွေ အမြဲပိုင်ဆိုင်ပါစေနော် အစ်မ :)

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  5. same ..same.. with ur some feeling. Take care ur parents more when they are here (they r older and older). Ur daughter is so cute (Look like u). Cook so many food for ur husband (to win his heart through his mouth). ha..ha..
    Theint

    ReplyDelete
  6. စိတ်ပင်ပန်းသမျှကို ဘလော့မှာ ရေးပြီး ရင်ဖွင့်ကြရတာပဲ..Aja Aja Fighting !

    ReplyDelete