[X] Choose Font Here

Thursday, March 1, 2012

ဆက်စပ် ပျံ့ လွင့်အတွေးများးးးး

မျှော်လင့်နေတဲ့ မတ်လ ကိုရောက်လာပြီ ။

အိပ်ရာ နိုးနိုးချင်း ယောကျားက ဒီနေ့တွေ  အိမ်မှာ အလုပ်တွေ ရှူပ်နေကြတော့မှာ ဆိုတော့ ဖျတ်ခနဲ အိမ် ကိုစိတ်ရောက်သွားတယ် ..ဟုတ်တာပေါ့ .ဒီနေ့ ကြာသပတေးဆိုတော့ သူတို့တွေ ဒီစနေ လာကြမှာ စားဘို့သောက်ဘို့ ကြော်ဘို့ ချက်ဘို့ နဲ့ အလုပ်ရှူပ်ကြတော့မှာ ။ စားချင်လို့မှာထားတာကတော့ ငါးဖယ်ကြော်နဲ့ ကင်ပွန်း၇ွက်ကြော်ဘဲ တခြားတော့ ဘာမှ ယူမလာနဲ့လို့ လူကြီးတွေ နဲ့ ကလေးဆိုတော့ ပေါ့ပေါ့ပါးပါး လက်လွတ်လာစေချင်တာ ။ သူတော့ ဘာစားချင်မယ်မသိ ငါးခုံးမချဉ် လေး များရလားမသိ မှာ ဦး မှ ပါ......................

((((ဝေး..မယ်သံ ..ညီးဘာလုပ်နေတုန်း ရေမချိုးသေးဘူးလား ....!@@@#$%%^&*))))

ဟောတော် သူတောင် ဘုရားမျက်နှာသစ်တော်ရေ သောက်တော်ရေ လဲပြီးပြီ ..ထ မှ ထ မှ ..ရုံးရောက်မှ လိုချင်တာလေးတွေရေး စကမ် ဖတ်ပြီး အီးမေးပို့လိုက်မယ် ...........

အိမ်ကထွက် ..အင်း ပုံမှန် အချိန်ဘဲ နောက်မကျဘူးတော်ပါသေးရဲ့ ..လတလ အစ မှာ တိုင်းကတ် ကို နောက်မကျစေချင်ဘူးလေ ။

လမ်းမှာ..အင်း ရုံးရောက်ရင် အရင်လ အတွက်ပီးသွားတဲ့ ကလိန်းတွေ ပေ၇ာဂျက်အလိုက် ဖိုင် သေချာ ပြန်ခွဲရမယ် ။ မိန်းကွန်း က ၇တာနဲ့ ဆပ်ကွန်း က ရတာ တွေ ယှဉ်ရိုက်ထားဦးမှ .ေ.တ်ာကြာ ကိုယ် ပေးတာ က များနေဦးမယ် ...........

ရုံးအရောက် ..ကော်ဖီဖျော် အင်း မုန့်ကုန်နေတာ မေ့နေတယ် ဘာစားရပါ့ ခေါက်ဆွဲ ပြုတ်လား ..အင်း လူကလဲ ၀ ၀ လာာာာ..........
ကော်ဖီသောက်ရင်း စက်ဖွင့် ...အင်း ဘလော့လေးလဲ မဖွင့်တာကြာ ဖွင့်ပြီး လင့်လေးတွေ ဖတ်ဦးမယ် ..ကွန်မန့် လာရေးထားတဲ့သူတွေ ကို ပြန်ရေးဦးမှ ..အကြွေးတွေ များနေပြီ ။
အယ် နေ၀ဿန်ကို ပြန်ရေးဦးမှ ..သူက  ကိုယ့် ကို သိသလိုလို ရင်း၂နှီး၂ ရေးထားတာ ((ဘယ်သူတုန်းမှတ်တယ်....ကိုး တဲ့ ..))ကိုယ့်သူငယ်ချင်းတော့မဖြစ်နိုင် ..မောင်လေးသူငယ်ချင်းလားမသိ ။ ဟိုနေ့ ထဲက သူကဘလော့သွားခြေရာခံမလို့ဟာ ဖွင့်လိုက်ထဲ က အန်တီဘိုင်းရပ်စ်တွေ တတုံတုံ တက်လာတာနဲ့ ပြန်ပိတ်လိုက်ရတာ ။
စန်းထွန်း ဆီ လဲ စာလေးဘာလေး ပြန်ရေးဦးမှ ...သူ့မှာ ဝေးဝေးလံလံ တယောက်ထဲ..ကိုယ့်သမီးလေး ကျရင် အဲလို ဝေးဝေးမှာ သွားနေချင်တယ်ဆို ...အင်း သမီးစံလေးတောင် မတွေ့တာကြာပြီ.ဒီကလေးမ ဘာတွေ အလုပ်ရှူပ်နေပါလိမ့် ....................

ဖေ့ဘွတ်ထဲဝင် မွေးနေ့လေးဘာလေးဆုတောင်းပေးဦးမှ...ဒီနေ့ ဘယ်သူ့ မွေးနေ့ ရှိတုန်း ..အဲ အဖေ့ သူငယ်ချင်း မွေးနေ့ပါလား ။ ဟင် ၆၄ နှစ်တဲ့ ဒါ ဆို အဖေ့ထက် ငယ်တာပေါ့  ..သူတို့ သူငယ်ချင်းတွေ အတော်ခင်ကြတာ ..ဝေးနေတာ ကြာတာတောင် စိတ်ထဲရှိကြတုန်း .......ငါ့ မှာ အဲလို စိတ်ထဲ အမြဲရှိတဲ့ သူ ရှိလား ..အင်း ..ကိုယ်က သူငယ်ချင်းတွေ အများကြီး ဆိုတော့ တိုက်ဆိုင်တိုင်း ဟိုလူ ဒီလူ သတိယ တာ ..သူတို့ လဲ ကိုယ်လိုနေမှာပါလေ ...............

အဲ ဘာတွေ ဖတ်စရာရှိလဲ ..ကြည့်ဦးမှ ..ဟင် ....အဲ အများကြီး ဘဲ ညက ၁၁ နာရီထိတော့ ဖတ်ထားသေးတာ  အေးလေ Friend 514  ဆိုတော့ လဲ ၁၀% တင်တောင် ၅၀ ဆိုတော့ ..တော်ပါဘီ ဘာတွေ မှန်းလဲ မသိ လိုက်လဲမမှီပါဘူး .......ဟူးဟူး မမှီတဲ့ အတူတူ မလိုက်တာ အေးတယ် မဖတ်တော့ဘူး ။

ဒီနေ့ ကို မိုးမိုး အင်းလျား စာလေးဘာလေး ဖတ်ချင်တာ..ritako  ဘလော့မှာ လင့်တွေ ရှိတယ် သွားရှာမှ .........အမယ် သူ အသစ် တင်ထားပါလား ဖတ်ဦး မှ ........အင်း သူဖတ်ထားတဲ့ စာတွေ ကို သုံးသပ်ထားတာ ...အဲဒီတယောက် ကတွေးတတ်တယ် ..သူရေးထားတာတွေ ဖတ်ရင်းနဲ့ ငယ်၂တုန်းက ဘီဘီစီ က ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရာ အစီအစဉ် တွေ စောင့်နားထောင်တာ သတိယ တယ် ။ ဆရာသင်း က အဲလို အစီအစဉ်ဆို အပျက်မခံဘူး သူ့ရေဒီယို လေးကို အမြဲဖွင့်တာရယ် ။ ခုတော့ ဆရာ လဲ ကျန်းမာရဲ့လားမသိ ..အဆက်အစပ်မရှိတော့ ......ဒီလိုဘဲလေ ..လူတွေ ဘယ်လောက်ခင်ခင် ဝေးလာရင်တော့..................

အင်း မိုးမိုး အင်းလျား မဖတ်သေးပါဘူးလေ...............ရီတာ ညွှန်းထားတာလေးတွေ ဖတ်ဦးမှ ..သူကတော့ ဖတ်ပြီးအသေးစိတ်ခံစားတွေးတတ်တယ် .......ငါဆို ဒါမျိုးမတွေးတတ်ဘူးရယ် ......သူရေးတာ မောင် ကိုကို နဲ့ မရီတာ ထဲက ဖတ်လာတာ ..လူ ပုံလေးတင်ထားတော့ ပင်နဆူလာ မှ ခဏခဏ တွေ့ တော့ မှတ်မိပါရဲ့ ..ခေါ်တော့လဲမခေါ်ဖြစ်ဘူး ..သူ့စာတွေ အတွေးတွေ က စထေ၇ာင်းဖြစ်တော့ လန့်နေတယ်...................

ပြောသာပြော ရ အပေါင်းအသင်းဆို စင်စင် တို့ လို လူမျိုး နဲ့ အပြင် မှာပေါင်းရင် စိတ်ချမ်းသာမယ် ထင်တယ် သူ့ စာရေးထားတဲ့ ပုံအရ ကြည့်ရတာ စိတ်သိပ် ဆိုးတတ် မဲ့ ပုံမပေါ်ဘူး ..လူဆိုတာ မှားတတ်တာလေ ကိုယ်က အပြောအဆို လဲ သိပ်မတတ်တော့ .....အို..ဒါတွေ ဟာ အထင်တွေ ပါဘဲ ..ကိုယ် နှစ်ပေါင်းများစွာ ခင်လာတဲ့ သူငယ်ချင်းတွေ ဒိမှာ အများကြီး တပတ်တခါတောင် ဖုန်းပြောဖြစ်တာ မဟုတ်ဘူး ..အသစ်တွေ ထပ်ခင်ဘို့များ စဉ်းစားနေသေးတယ် ..ဗာကျူရယ် ၀ါလ် ကို ဗာကျူရယ် မှာ ထားထားလိုက် .......

((အမ ..ထမင်းဘူး ပါလား)) ..အဲ ထမင်းစားချိန် ရောက်သွားပလား ..ဟောတော် ..မနက် က လုပ်မလို့ စဉ်းစားထားတာ ဘာမှ လဲ မလုပ်လိုက်ရပါလား ...........................................အင်း.......အင်တာနက် ကော်နက်ရှင်း ဗမာ ပြည် လို ဆို ကောင်းမယ် ..နို့မို့ ဘာမှ အလုပ်မဖြစ်ဘူး။

6 comments:

  1. မြန်မာပြည်မှာဆိုလို့ အလုပ်တွေ လုပ်နိုင်မယ်မထင်နဲ့ မယ်သံရေ...
    ကွန်လေးနေတဲ့ကြားက အလုပ်တဖက်၊ အွန်လိုင်းတဖက်နဲ့...ဗျာများနေတာ ကိုယ်တွေ့... ဟိ..။

    ReplyDelete
  2. ဟိုရောက်ဒီရောက်ရေးထားတာ ဖတ်ရတာ ပျော်ဖို့ ကောင်းတယ် ရေးတတ်တယ် မမလွင်က
    ဟုတ်တယ် အင်တာနက်ကောင်းတာ အလုပ်မပီးဘူး အချိန်ကို ခွဲသုံးမှ ပီးမယ်

    ပိုးပိုး

    ReplyDelete
  3. အဲလိုဘဲ အမြဲလိုပဲ ရေမကူးတတ်တဲ့ဘဲလိုဘဲ
    ဟီးဟီးး အတူတူဘဲ ဒါပေမယ့် ဒိုးကန်က ညနေလောက်မှအားတာ သူတို့လစ်တဲ့ နာရီဝက်တစ်နာရီလောက်ဘဲ
    ခုတော့ ၃ ၇က်အားဦးမယ် ဒန်တန်တန်း))

    ReplyDelete
  4. တယ်ဆိုးတဲ့ မမမယ်သန် :P

    ReplyDelete
  5. ပေါင်းကြည့်လိုက်စမ်းဘာာာာာ...... ညှင်းညှင်း....



    စင်စင်
    (သမီးလာရင် ဒီလို စိတ်ကူးတွေပျံ့နိုင်ဖို့ အဝေးကြီး.. ဆွဲဖို့ လွဲဖို့ သာ အားမွေးထားပါ မယ်သံရေ... )

    ReplyDelete