စီးပွား အကြီးမားဆုံး လုပ်ငန်းကြီးလညိး
ပျက်စီးသွားနိုင်တယ်။
စည်းစိမ်ချမ်းသာ.....
ခေါင်းဆောင်မှူ.....
မိတ်ဆွေအပေါင်းအသင်း.....
အနက်ရှိုင်းဆုံးအချစ်.....
အားလုံး ပျက်စီးနိုင်ပါတယ်။
ယုံကြည်မှူတည်ဆောက်ခြင်း
ဆရာက ဟောပြောချက် ယုံကြည်မှူတည်ဆောက်ခြင်း နိဒါန်းမှာယုံကြည်မှူ မရှိကြလို့ဖြစ်နေတဲ့ အဖြစ်အပျက်တခုလို စပြောပါတယ် ။ ဂျာနယ်တစောင် မှာဖတ်ရတဲ့ဆောင်းပါးထဲမှာဆေးရုံက လူနာကိုမယုံ၊လူနာကဆေးရုံကိုမယုံဖြစ်နေတဲ့အကြောင်းပါ။ လူ့အသက်ကိုကယ်ရတဲ့ဆေးရုံဆေးခန်းတွေမှာတောင် တစ်ဖက်ကိုတစ်ဖက် ယုံကြည်မှူနည်းပါးတဲ့သာဓကဖြစ်ပါတယ်။ဒါကြောင့် ယုံကြည်မှူဆိုတဲ့ကိတ်စဟာ သာမန်မဟ်ုတော့ဘဲ အရေးကိတ်စကြီးကြီးမားမားဖြစ်နေပြီလို့မှတ်ချက်ပေးပါတယ်။
ယုံကြည်မှူလျော့ပါးနေတဲ့ကိစ္စကို ဘယ်လိုပြန်ကုစားရမလဲ။
ယုံကြည်မှူတည်ဆောက်ခြင်းကို ဘယ်လိုစတင်ကြမလဲ။
အမှန်တော့ ယုံကြည်မှူဆိုတာ လက်ခံလိုက်ဖို့ ပါပဲတဲ့။
လက်ခံလိုက်ရင် ဒါဟာယုံကြည်မှူတည်ဆောက်ခြင်းရဲ့ အစပါပဲတဲ့။
ဒီနေရာမှာ ကျွန်မ စဉ်းစားမိတာက အိမ်ကကလေးတွေ ကျူရှင်အပြန်နောက်ကျနေတယ်ဆိုပါစို့။ဘာလို့နောက်ကျသလဲမေးမယ်။ ကျူရှင်လွှတ်တာ နောက်ကျလို့ပါလို့ဖြေတာကို ဟုတ်ရဲ့လား။မလိမ်နဲ့နော်။ ကျူရှင်ကိုဖုန်းဆက်မေးရမလား စသဖြင့်သံသယတွေရှိနေရင် နှစ်ဖက်ယုံကြည်မှူမရနိုင်ပါဘူး။
သြော် ...ဟုတ်လား ။အေးအေး လို့ လက်ခံလိုက်ရင်တော့ ကလေးပြောတာကို လက်ခံလိုက်တဲ့အတွက် ပြသနာမရှိဘူး။ တကယ်လည်းသံသယမထားဘဲလက်ခံလိုက်ရမှာပါ။ နောင်သူပြောတာဟုတ်မဟုတ် စုံစမ်းရင် ပေါ်မှာပဲ ။ လောလောဆယ်တော့ သူပြောတာကို လက်ခံလိုက်ခြင်း ၊တကယ်လည်းလက်ခံခြင်းဖြစ်ရင် ဒါဟာယုံကြည်မှူတစ်ခုရလိုက်နိုင်ပါတယ်။
ယုံကြည်မှူမရှိရင်ဘာမှလုပ်လို့မရဘူး။ နိုင်ငံအချင်းချင်းပဲဖြစ်ဖြစ်၊အဖွဲ့အစည်းအချင်းချင်း၊လူပုဂ္ဂိုလ်ဆစ်ဦးချင်းပဲဖြစ်ဖြစ်၊ယုံကြည်မှူမရှိရင်ဘာမှလုပ်လို့မရပါဘူးတဲ့။ယုံကြည်မှူဟာအဓိကပါပဲ။
ယုံကြည်မှူလျော့ပါးနေတာဟာ အထူးအဆန်းတောင်မဟုတ်တော့ပါဘူး။ နေရာတကာမှာယုံကြည်မှူနည်းနေတယ်။လူတစ်ဦးနဲ့တစ်ဦး မယုံကြတော့ဘူး။ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ လူ့အဖွဲ့အစည်းအချင်းချင်း မယုံကြဘူး။ဒီပစ္စည်း အတုလား၊အစစ်လား၊ဈေးနှူန်းမှန်သလား စသဖြင့်မယုံရဘူး။ ဒီလိုနေရာတိုင်းမှာ ယုံကြည်မှူနည်းပါးလာတာကို သုတေသနပြုထားတာရှိပါတယ်။
အမေရိကန်မှာ သတင်းမီဒီယာတွေကို ဘယ်လောက်ယုံကြည်ပါသလဲလို့မေးခွန်းမေးတဲ့အခါ...သတင်းမီဒီယာကို ယုံကြည်တဲ့သူ ၂၂%ပဲ ရှိပါတယ်တဲ့။အဲဒီနိုင်ငံမှာပဲ နိုင်ငံရေးပါတီတွေကို ယုံကြည်ပါသလားလို့ မေးခွန်းမေးတဲ့အခါ ယုံကြည်မှူရာနှူန်းဟာ ၈% ပဲရှိသတဲ့။ အစိုးရကို ယုံကြည်မှူက ၂၇% ရှိတယ်။ ကုမ္မဏီကြီးတွေမှာကျတော့ ၁၂%ပဲရှိတယ် လို့ သိရပါတယ်။
နောက်တစ်ခါ မိမိကလွဲပြီးတခြားသူတွေကို ဘယ်လောက်ယုံကြည်မှူရှိသလဲ လို့ မေးခွန်းမေးပြီး သူတေသနလုပ်ခဲ့ပါတယ်။ အဲဒီကိတ်စမှာတခြားလူကိုယုံကြည်မှူ အမေရိကမျှာ ၂၄% ရှိတယ်။ အာဖရိကမှာတော့ ၁၈% ပဲရှိတယ်။ဗြိတိန် မှာ၂၉% ရှိတယ်။ အရင်နှစ်ပေါင်း ၄၀ တုန်းက သုတေသနမှာတော့ ဗြိတိန်မှာ တခြားလူကိုယုံကြည်မှူဟာ ၆၀% ရှိခဲ့တာမို့ အခုအများကြီးလျော့သွားခဲ့ပါပြီ ။ အဲဒီနိုင်ငံတွေ နဲ့စာရင် ဥရောပျွိုင်ငံများမှာတော့ ၆၈% ရှိနေတာ သိရပါတယ်။မိသားစုအတွင်းပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ်၊အားကစားလုပ်တာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှူမရှိဘူးဆိုရင် ဘာမှအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ အဖွဲ့အစည်းတွေမှာလည်း ယုံကြည်မှူဟာ အရေးကြီးပါတယ်။
အဖွဲ့အစည်းတွေမှာယုံကြည်မှူဘယ်လောက်ရှိကြောင်း သူတေသနပြုချက်က စိတ်ဝင်စားစရာပါ ။
အဖွဲ့အစည်းတစ်ခုထဲမှာ ၀န်ထမ်းတွေက လူကြီးကို ဘယ်လောက် ယုံကြည်သလဲလို့မေးခွန်းအဖြေပြုစုတဲ့အခါ ကိုယ့်လူကြီးကို ယုံကြည်မှူရှိတဲ့လူ ၅၁% ရှိပါတယ်တဲ့ ။ လူကြီးတွေကို သိက္ခာရှိတယ်လို့ ယုံတဲ့လူက ၃၆% ရှိပြီး လူကြီးတွေဟာမဟုတ်တာလုပ်နေတယ်လို့ ယုံတဲ့လူက ၇၆% တောင်ရှီသတဲ့။
အဲသလောက် မယုံမကြည်ဖြစ်နေကြတာပါ ။
ဒီလို မယုံမကြည် ဆက်ဆံရေးကို ပြန်ပြီးထိန်းမတ်ဘို့ဆိုတာဟာ ယုံကြည်မှူကို မဖြစ်မနေ တည်ဆောက်ရပါလိမ့်မယ်။ ပျက်သွားရင် ပြန်တည်ရပါလိမ့်မယ်။တစ်ချိန်လုံးထိန်းသိမ်းနေဖို့ လိုပါတယ်။ အဖွဲ့အစည်းတစိခု ဟာ မယုံကြည်ခြင်းနဲ့ ပြိုကွဲသွားနိုင်ပါတယ် ။
အဖွဲ့အစည်းတင်မကပါဘူး။ လူမှူပေါင်းသင်း ဆက်ဆံရေးမှာ မိသားစုအချင်းချင်း ၊လင်နဲ့မယား စသဖြင့် ကွဲကြတာဟာ တစ်ဦးကိုတစ်ဦး မယုံကြည်ကြတော့လို့ပါပဲ။
ရုံးဌာနတွေထဲမှာ၊ အဖွဲ့အစည်းတွေထဲမှာ လူတစ်ဦးချင်းဆီမှာ သက်ရောက်နေတာပါ ။တကယ်တော့ ယုံကြည်မှူဆိုတာ တင်းမာတဲ့ အရာမဟုတ်ပါဘူး ။ အပျော့ပါ ။ သင်ယူသင့်ပါတယ်။၏ယုံကြည်မှူဟာ အေ၇းကိစ္စကြီးဖြစ်နေပြီဆိုရင် တစ်ခုခုလုပ်ရပါတော့မယ်။ နည်းပညာတွေ ပညာရှင်တွေဟာ အရေးပါပါတယ်။ ဒါပေမဲ့ အဲင်္ဒီနည်းပညာတွေကို ယုံကြည်မှူပေါင်းထည့်ဖို့က အရေးကိစ္စတစ်ခုဖြစ်နေတယ်။
ယုံကြည်မှူပေါင်းထည့်ဘို့ဆိုတာ မိမိ ကိုယ်မိမိ ပထမ ယုံကြည်ရပါမယ်။
သင်ဘယ်သူ့ကို ယုံသလဲ ။သင့်သားကိုလား။ သင့်အမေကိုလား။
ဒီနေရာမှာ ဆရာက မှတ်သားစရာ ဟာသလေးတစ်ခု ပြောပြခဲ့ပါတယ်။ လူနာတစ်ယောက်ရှိတယ်။ အဲဒီလူနာရဲ့ဆရာဝန်က *ကဲ...ခင်ဗျား နောက် ၅မနစ်ကျရင် သေလိမ့်မယ်။ ခင်ဗျား ဘယ်သူ့ကို ဖုန်းဆက်ချင်လဲ *လို့ ပြောသတဲ့။
လူနာက ငါဘယ်သူ့ကို ဆက်ရမလဲစဉ်းစားတာပေါ့။
သူမှာခဲ့စရာတွေ ရှိမှာပေါ့။၏သူစဉ်းစားနေတာ ၅မိနစ်ရှိတော့မယ်။ ဒါနဲ့ ဆရာဝန်က ဘာဖြစ်လို့ ခုထိမဆက်သေးတာလဲပြောပြီး လူနာလည်းသေရော ဆိုပါတော့ ။ လူတွေဟာ တကယ် မိုးထဲရေထဲကျရင် ယုံကြည်စွာ မှာကြားရမယ့်လူ ရှားတယ်။ အထက်က ဥပမာလေးဟာ မှတ်သားစရာပါ ။
ယုံကြည်မှူကို ဘယ်လိုခံစားရလဲ ။ အလိုလို သိနိုင်ပါတယ်။
အဲဒီအခါ ကိုယ်ယုံကြည်တယ်ဆိုတာ သူ့ကိုဘယ်လိုပြောမလဲ။
ဘယ်လောက်မြန်မြန် ပြောနိုင်မလဲ။
ဒီယုံကြည်မှူနဲ့ ဆက်ဆံခြင်းက သင့်ကို ဘယ်လောက်ပျော်ရွှင်စေသလဲ။ အဲဒါလေးတွေ ဆန်းစစ်ကြည့်ရင် ယုံကြည်မှူ၇ှိတာဟာ ကောင်းမွန်ကြောင်း ထင်ရှားလာပါလိမ့်မည်။
အဲဒါနဲ့ ပြောင်းပြန် စဉ်းစားဖို့လဲရှိတယ်။
သင်မယုံကြည်နိုင်တဲ့လူကိုစဉ်းစားကြည့်ပါ။
သင်ဘယ်လိုခံစားရသလဲ။
ကိစ္စတွေ ဘယ်လောက်မြန်မြန် ပြီးနိုင်သလဲ။
အဲဒီဆက်ဆံရေး က ပျော်စရာကောင်းသလား။
လူတွေက အကြောင်းရင်းကိုမစဉ်းစားဘူး ။ မယုံတာကို ယုံအောင် မဖန်တီးဘဲ အုပ်ချုပ်တာနဲ့ တလွဲလုပ်နေကြတယ်။
ယုံကြည်မှူမရှိရင် အလုပ်တွေ ကြန့်ကြာပါတယ်။
ဥပမာ လေယာဉ်စီးတဲ့အခါ...
အရင်က အမေရိက သွားလေယာဉ်စီးရတာ စစ်ဆေးမှူခဏလေးပဲ။ အခုဆိုရင် စစ်ဆေးလိုက်တာအမျိုးမျိုး။ ဒါ ဘာကြောင့်လဲ။ မယုံလို့ ။
လောကကြီးမှာ အလုပ်တွေ နှေးသွားတယ် ၊ ကြာနေတယ် ဆိုတာဟာ ကုန်ကျစရိတ်ကို တက်စေပါတယ်။
ယုံကြည်မှူမရှိဘူးတော့ဘူးဆိုတဲ့အခါ...
စီးပွားအကြီးမားဆုံးလုပ်ငန်းကြီးလည်းပျက်စီးသွားနိုင်တယ်။
စည်းစိမ်ချမ်းသာ....
ခေါင်းဆောင်မှူ....
မိတ်ဆွေအပေါင်းအသင်း....
အနက်ရှိုင်းဆုံးအချစ်....
အားလုံးပျက်စီးနိုင်ပါတယ်။
လူတွေက ယုံကြည်မှူဆိုတာကို နားမလည်ကြဘူး။ ဥပေက္ခာပြုကြတယ်။ အထင်သေးကြတယ်။ မလိုဘူးလို့ထင်ကြတယ်။ ဒိတော့ ဥပေက္ခာမပြုကြဘို့လိုပါတယ်။လက်လျှော့လိုက်ရင် တည်ဆောက်လို့ မ၇နိုင်တော့ပါဘူး။
No comments:
Post a Comment