သမီးလေး ဆီ မှ သင်ယူခြင်း (၂) (21.4.2018 သမီး ခုနစ်နှစ် တစ်လ နဲ့ သုံးရက် )
မနက်ဖြန် သင်္ကြန်ကပွဲအတွက် ဒီညနေ Rehearsal သွားရမယ်ဆိုတော့
ဟေမာ့တီတီလေးကို ခေါ်မသွားတော့ဘူး ။
သူ့မှာ ကြားရက်လဲ အဝေးကြီး ကျောင်းကြို
ပို့ရဆိုတော့ ဒီနေ့တော့ မအေပါတော့ အိမ်မှာ လုပ်စရာရှိတာတွေလဲ
လုပ်ပါစေဆိုပြီးတော့ ။
အဲတော့ သမီးကို အိမ်ကနေပဲ ကြိုပြီး ပြင်သွားမယ်ဆိုပြီး ပြင်ပေးခဲ့တယ် ။
ဆံပင်တွေ ပန်းပန်တာတွေက ကိုယ်က လုပ်မပေးတတ်ဘူးလေ ။
အိမ်ကထွက်တော့ အကောင်း ၊ သားအမိနှစ်ယောက် ပြုံးပြုံး ပြုံးပြုံး နဲ့ ။
ဟိုလဲ ရောက်ရော ပြဿ နာက စတယ် ။ သူများကလေးတွေက ပြင်မလာကြဘူး ။ ဒီအတိုင်းပဲ
လွတ်လွတ်လပ်လပ် လာကြတယ် ။ ရောက်ရောက်ချင်း တန်းပြီး အကမတိုက်ရင် ကလေးတွေ
ဆော့လို့ရတာကိုး ။
ဒီမှာတင် သမီးက ဂျှီပူုတိုက်တယ်.........
မေမေ
မေမေ ဟေမာ မိတ်ကပ်ဖျက်ချင်တယ်၊ အင်္ကျီလဲချင်တယ် နဲ့ ။
အင်္ကျီလဲပေးရတာကလွယ်တယ် ။ မိတ်ကပ်ဖျက်ဖို့က wet tissue လဲမပါ တော့
အခက်တွေ့နေတာ ။
အဲဒါနဲ့ သမီးကို မဖျက်ရအောင် လှည့်ပတ်ပြောမယ်ဆိုပြီးတော့
..........
မေမေ ။ ။ သမီးရယ် မိတ်ကပ်လိမ်းတာ လှတယ်လေ ၊
သူများတွေ မလိမ်းတော့ မလှဘူးလေ။ သမီးက သူများတွေထက်ပိုလှတာလေ ။ သူများတွေ
ထက်ပိုပြီး လှတာမကောင်းဘူးလား ....
ဟေမာ ။ ။ Noooo!!! mommy . This is team work ! you konw?
ကိုယ် ဘာ မှ မပြောနိုင်၊ ရှက်သွားတာလားမပြောတတ်ဘူး ။ သူများဆီက wet tissue သွားတောင်းပြီး မိတ်ကပ်တွေ ဖျက်ပေးလိုက်တယ် ။
January 11, 2015
သမီးလေး ဆီ မှ သင်ယူခြင်း
မေမေ ။ ။ (သမီး
ကို မုန့်ကျွေးနေရာမှ စိတ်မရှည်သောအသံဖြင့် ) မြန်မြန်စားလိုက် သမီး ။
တော်ကြာ အခန်းထဲက မမ ထွက်လာရင် ကျွေးနေရလိမ့်မယ် ။ မမ
စားသွားရင်သမီးမစားလိုက်ရပဲနေမယ်နော် ....
ဟေမာ။ ။ I have not much mommy but I can share .
မေမေ ။ ။ ( ရှက်တက်တက်ဖြင့် ) တော်လိုက်တာ သမီးလေးက ဂွတ်ဂဲလ်လေးပဲ
:P သမီးလေး အမြဲတမ်း လောဘဒေါသ နည်းစွာဖြင့် SHARE နိုင်ပါစေ ။
(ဖေဖေ ။ ။ သမီး မေမေ နဲ့ မတူပါစေနဲ့ ) တိန်