[X] Choose Font Here

Tuesday, June 7, 2011

အရူးမဟုတ် အကောင်းမဟုတ်....

ချောက် GTI ဘလော့ မှာ ဆ၇ာမ ဒေါ်စိန်စိန် ဆုံးတဲ့အကြောင်းဖတ်ပီးတော့ ရွှေတမာဆောင်မှာအတူတူနေခဲ့တဲ့အကြောင်းတွေပြန်သတိ၇မိတယ် ။ တဆက်ထဲဘဲ မဆီမဆိုင် ဆောင်တွင်းအဆောင်သန့်ရှင်းေ၇းတွေ လုပ်တုန်းက လုပ်အားပေးလာတဲ့ မောင်ငယ်လေးတယောက်ဆီက၇ဘူးတဲ့ ၇ီးစားစာလေးတစောင်ကို ပါ သတိ၇လာတယ် ။ ကိုယ်လို ဗုံမဟုတ် ပတ်မဟုတ် လူစားကို တခုတ်တ၇ေ၇းပေးတော့ ဂုဏ်ယူစွာသိမ်းထားခဲ့တာ အခုတခေါက် သမီးလေးမွေးဘို့ အပြန် စာအုပ်သေတ္တာဖွတော့ ပြန်တွေ့ လို့ ယော ကျာင်္းကို ပြချင်လို့  ယူလာပါတယ်။ (သူကတော့ ကိုယ့်အတွက်ဆို စာတလုံးမှေ၇းမပေးဘူးသူလေ....)
ဒီကဗျာလေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြမယ်ဆို၇င် တောင်းပန်ပါတယ်။
ဘာ၇ည်ရွယ်ချက်မှမပါ ဖတ်လို့ကောင်းတဲ့ စာတစ်ပုဒ်အဖြစ်သာ..............................

တချိန်က ဘိုးလှ၇င်ခွင်မှာ
ကြေကွဲသွားခဲ့တဲ့
အပိုင်းအစများ
ပြန်လည်စုစည်းမှူ.........

အဖွင့်လူဆိုတာ
ခံစားတတ်တဲ့
နှလုံးသားရှိတဲ့
သတ္တ၀ါ
သံယောဇဉ် ဆိုတာ
နုနယ်တဲ့ အ၇ွယ်မှာ
သန္ဓေတည်ခဲ့မယ်
.........ဆို၇င်.............
တခုသော စနေမှာ
ရွှေတမာ၇ဲ့  သန့်ရှင်းေ၇း
အဆောင်ကျောင်းသားများအေ၇းမို့ 
လုပ်အားပေးဖို့ ခေါ်
လိုက်ခဲ့တဲ့ ကျနော် ;;;
.....သြော်.....
ေ၇ွှတမာ အေ၇ာက်
နေခြည်နုနုအောက်မှာ
ဆ၇ာမ၇ဲ့ နဘေး ခုံလေးမှာ မှီကာချွဲ
ကပ္ပလီ လုပ်နေတဲ့ လှူပ်လီ လှူပ်လဲ့
ချစ်စဖွယ် အပြုံးနဲ့ သူလေး....ဘယ်သူလဲ? ? ?
နာမယ်လေး ကျက်မှတ်လို့ 
တဖက်သတ် သိကျွမ်းခဲ့၇တဲ့ မမ၇ယ်
တဖက်သတ်ပဲ ချစိနေမယ်နော် !!!
စွဲလမ်းခဲ့တဲ့ သီချင်း၇ယ်
မြတ်နိုးခဲ့တဲ့ အချစ်၇ယ်
စနောက်တတ်တဲ့ ၀ါသနာ၇ယ်ကြောင့်
"ကပါ ကပါ မယ်သန္တာ ၇ယ်
မောင်လဲကြည့်နေတယ်လို့ "
first year တလျှောက်
တကောက်ကောက်လိုက်လို့ 
နောက်ခဲ့မိတာပါ......
တင်စားခဲ့တဲ့ ရွှေသုန္ဒ၇ီဟာ
ထင်မှားအောင်တကယ်ပီတော့
1CB မှာအားအင်တိုး
ရွှေနွယ်ရိုးဟာ ကထိန်မှာကျော်ခဲ့တယ်
.......ကျေးဇူးပါ မမ၇ယ်.........
< remembering the masonary shop>
စလေသူ မရွှေထား၇ဲ့
နှူတ်ဖျားက စကားလေးတွေ
ကြားချင်တာလဲ လွန်ပါေ၇ာ
သွားချင်တာလဲ စိတ်မှာစောသမို့ 
ခုမဆိုင်းတွ မှတ်ပါမနှေး
နုကသိုဏ်းကျ Saturday:
<ကိုပေါက်ကြီးအား နားပူနားဆာလုပ်၍ မမအိမ်သို့  ပထမဆုံးအကြိမ်ေ၇ာပ်ရှိသော စနေနေ့  တခုအား ၇ည် ညွှန်းလျှက်>
သူငယ်ချင်း
မင်းနဲ့ ငါ
သူများတကာထက်ခင်လို့ 
နှစ်ယောက်ထဲ တွဲတာ
အားလုံး အသိပါ....
ဒီနေ့ မှ
အချစ်ဆုံးသူငယ်ချင်း မင်း၇ဲ့ ပါးစပ်က
အခါးသီးဆုံးစကားတွေကို
နာကြည်းစွာကြား၇တယ်....
ကိုယ့်ဒိုင်ယာယီကို မင်းအလွတ်ကျက်
အခုမှ ၇ွတ်ပြနေတာ
ငါ့ရှေ့မှာ
မမရှေ့မှာ
၇က်စက်လိုက်တာ...သူငယ်ချင်း၇ာ.
<အချစ်ဆုံးသူငယ်ချင်းသို့ >
အချစ်၇ယ်
နေပူမှာလား
လသာမှာလား
နေဆိုတာ ပူလောင်ချင်း
လဆိုတာ အေးမြချင်း
နေလဲမပူ လလဲမသာ
တိမ်ကမ္ဘာလွှမ်းခြုံနေတာတော့ 
မကောင်းပါဘူး
လူတိုင်းဟာ
ပူလောင်ချင်းကို
ပြင်းပြင်းထန်ထန်ကန့်ကွက်ပေမယ့်
အေးမြချင်းကိုတော့
လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်
ကိုလဲ
လူထဲကလူတယောက်မို့ .......
ဆေးပန်းချီ
ေ၇းမမှီဘယ်လိုသသော်လဲ
ယဉ်စွတမူ အသပြာမဖြတ်နိုင်ဘု
အစဉ်လှသူ မာယာဥာဏ်များသလိုပ
ဗျာပါဆံဝင့်ကာကလိကလိ၇ယ်နဲ့ 
သမင်လည်ပြန်အကြည့်တွေကြောင့်
မချိတလိနဲ့ခံ
ရှူမဝ
သူ့အလှမှာ စွဲငြိ
အသဲထိအောင် အမြစ်တွယ်
နှူတ်ပယ်လဲမ၇
ခက်လှပေါ့ ဒီမောင်မှာ
နောင်ခါလာ နောင်ခါဈေး
ချစ်ကြွေးတွေ တင်မိတယ်...
မမ၇က်ေ၇ာခဲ့တဲ့
စလေ ဇီးထုပ်၇ယ်
ပန်းသီး၇ယ်
ချိုချဉ်၇ယ်
ကြက်ဟင်းခါးသီးချက်၇ယ်
............................၇ယ်တွေဟာ
မမ၇ဲ့ 
စေတနာ တမန်တော်အဖြစ်နဲ့ 
အသွေးထဲမှာစီး
အသားထဲကိုဝင်
နှလုံးထဲမှာ အထပ်ထပ်
၇စ်ပတ်လို့ ထား
နိုးကြားလာတဲ့ အချစ်စိတ်ဟာ
မ စေတနာကို
စော်ကားတာမှ ဟုတ်ပါစ ?
အံ့ကျော်ကိုနှစ်သက်
ဟစ်တလာကိုထောက်ခံ
နပိုလီယံကို၇ည်မှန်း
င၇မန်ကန်းလဲ တော်သားပဲမို့ 
ဘာပြုလို့ များ
မုန်းပွားကြသလဲ
နဲနဲမှ မစဉ်းစား
သူများပြောသမျှ
ယုံကြတဲ့သူတွေ
သူများမိုးခါးေ၇သောက်
လိုက်သောက်တဲ့သူတွေ
ဒီလိုလူတွေနဲ့ 
ကင်းအောင်နေချင်တဲ့ခဏ
ဘ၀ဆိုတာ၇ခဲ့တယ်
၇လာဘ၀မှာ
ပျော်စ၇ာရှာ
Valentine ဆိုတာတွေ့ ခဲ့တယ်..
Valentine အချစ်တော် သိပ်ပျော်နေတုန်း
ဗြုန်းခနဲဆို valentine လက်ဆောင်၇ခဲ့တယ်။
လာပေးသူက ပြောသွားသေးတယ်
ဒီနေ့ ကုန်အောင်စားတဲ့ကွယ်။
၇င်တွေလဲခုန် စားလဲကုန်တော့ လက်တုန်တုန်နဲ့ေ၇းခဲ့မိတယ် စာတစောင်၇ယ်...
စေတနာနဲ့ ပေးတဲ့လက်ဆောင်
ဘာလက်ဆောင်လဲ မပြောဘဲနှင့်
စား၇သူမှာ လို၇ာဆွဲတွေး
Birthday ?
Valentine ?
ခွဲခြားမသိ တုန့် ပြန်မိ..
သူ၇ဲကောင်းထုံး နှလုံးမူလို့ 
မေတ္တာကိန်းခို ပိုမိ၇ာမှ
ချစ်တာသူသိဖို့ 
ေ၇းမိတဲ့စာချွန်လွှာဟာ
ချစ်စိတ်ဓတ်တွေကြီးထွား၇ာမှ
အမှားတခုအဖြစ်ပေါက်ကွဲသွားတဲ့
မီးခဲပြာဖုံး အချစ်ဗုံး တလုံးပါလေ......
တချိန်က၇ဲ့နောက်ဆုံး
သေ၇စာက တမျိုး
ဟင်းလျာက တဖုံ
စေတနာ အလုံးစုံနဲ့
လိုတာရှိ၇င် ပြောပါဆိုတဲ့
အ၇င်က အကြင်နာတွေ၇ယ်.......
သိုးကျောင်းသားတွေပြန်အလာ
ဖုန်တထောင်းထောင်းထနေတဲ့
ရွှေအိုေ၇ာင် တိမ်တိုက်ကြီး၇ဲ့ နောက်ကွယ်က
လက်ပြနေတဲ့ နေမင်းကြီး၇ယ်.......
ငြိမ်းချမ်းအေးမြတဲ့ ဟေမန္တကုန်ဆုံးလို့ 
ေ၇နံမြေ၇ဲ့  တေဇောကို
၇က်စက်စွာ အားဖြည့်ပေးမဲ့
နွေဦးနဲ့လေရူးကို ကြောက်လန့်စွာထွက်ပြေး၇င်း
အကြောင်းမလှရှာတဲ့ ဆောင်းလေညှင်းလေး ၇ ယ်
.....................................................၇ ယ်
.......................................................၇ ယ်
တချိန်ကေ၇ပန်းစားခဲ့တဲ့
ဗဒင်၇ဲ့  နေ ၇ာ ၇ယ်
သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
တ စ စီ ကျိုး ပဲ့ ခဲ့ ၇ ပါ ပြီ ကေါ ကွယ်။

Wednesday, January 19, 2011

3 Nov 2010 .......သမီးလေး

ဒီနေ့မှာ သားလေးလား သမီးလေးလားသိ၇တော့မယ်။FA Scan ဖတ်ဘို့  Parkway pride Hospital ကိုသွားစစ်၇မှာ။ medical check up ဆိုတော့ MC မ၇ဘူးလေ။ရုံးကနေ နားလည်မှူ နဲ့ဘဲထွက်၇မှာပေါ့။ ကလေး၇ဲ့ဖေဖေ ကလဲ နေ့တဝက်ခွင့်ယူပြီးလိုက်ခဲ့မယ်တဲ့လေ။ နှစ်ယောက်သား စိတ်လှူပ်ရှားမှူတွေနဲ့ သွားကြတယ်။
မစစ်ခင် register လုပ်ပြီးစောင့်နေတာ ရှေ့က တစ်နှစ်အရွယ် သမီးလေး က baby chair ထဲကနေ ဖေဖေ့ကို ပြုံးပြ၊ မြှူပြနေတယ်။ မေမေ့ ဘေးမှာလဲ အမွှာမိန်းကလေးနှစ်ယောက် ။ မေမေလဲ ကလေးလဲ မိန်းကလေးဘဲ လို့ ထင်နေမိတယ်။FA Scan ဖတ်ဘို့  အထဲဝင်တော့ ဒီတခါ ဆ၇ာဝန် ကိုယ်တိုင် ကလေး၇ဲ့ အတွင်းကလီစာ တွေစစ်မှာဖြစ်လို့  ဖေဖေ့ ကိုပေးမဝင်ဘူး ။ ဒါကနှလုံး ၊ ဒါက ကျောက်ကပ်နဲ့ သေချာပြတယ်။ နှလုံးလေးဟာ လှူပ်စိလှူပ်စိ နဲ့ အပေါက် ပါမပါ လှည့်ပတ်ကြည့်တယ်။ ကလေးကတော့ ဘယ်လိုနေတယ်မသိ ။ မေမေ ကတော့ မေမေ့နှလုံးကိုဆွဲကိုင်လှည့်ပတ်စစ်ဆေး နေသလို ကြည့်၇တာ အခံ၇ခက်နေတယ်။ အားလုံးစစ်ပီးကောင်းတယ်ဆိုတော့ ဘာလေးလဲ လို့  မေးတယ်။ ပြန်ကြည့်ပီး သမီးလေးလို့ပြောတယ်။
သမီးလေးတဲ့.............သမီးလေးလို့ သိ၇တဲ့အချိန်မှာ ဝမ်းသာသလို ဝမ်းလဲနဲတယ်။ မေမေ အယင်တယောက်မွေးတော့ မတိမ်းမယိမ်း မွေးကြတဲ့ သူငယ်ချင်းတွေမှာ မေမေဘဲ ယောင်္ကျားလေးမွေးတာလေ။ အဲဒါ ကလေးကိုကို နေမကောင်းလို့  အဲဒီသူငယ်ချင်းတွေ လာမေးတဲ့အချိန်မှာ သူတို့ကို မိန်းကလေးမွေးတာ ကံကောင်းတယ် ။ သားဦးမိန်းကလေးက မိဘကိုသိတတ်တယ် လို့ ပြောတော့ သားက ဆတ်ခနဲ မေမေ့ မျက်နှာကို မော့ကြည့်တယ်။ ခုကလေးက မိန်းကလေး ဆိုတော့ လိုချင်တာ၇လို့ ဝမ်းသာ၇သလို ကလေးကိုကို မေမေတို့ကိုထားခဲ့တာလဲ ဒီလိုပြောခဲ့မိလို့လားလို့ သူ့ မျက်နှာလေးပြေးမြင်ပြီး ဝမ်းနဲ၇ပြန်တယ်။
ဆ၇ာဝန်စစ်ဆေးပြီးတော့ သူ့လက်ထောက်က ဖေဖေကို အထဲခေါ်လာပြီး ကလေး၇ဲ့အင်္ဂါအစိတ်အပိုင်းတွေကို ပြပြန်တယ်။ မေမေကတော့ ကလေးကို ဖိပီး scan ဆွဲတာဆိုတော့ ကလေးမှာ ထိခိုက်မှာ ပင်ပန်းမှာကိုတွေးပူမိပြန်တယ်။ဖေဖေကတော့ ဘာလေးဖြစ်ဖြစ် အားလုံးကောင်းတယ်ဆိုတော့ ဝမ်းသာနေတာပေါ့ ။ ဒီတခါတော့ ဆေးစစ်ပီးဘယ်မှလျှောက်သွားတော့ဘဲ အိမ်ဘဲတန်းပြန်လာတယ်။ မေမေ့ သူငယ်ချင်းတွေကို ပြောပြ၇ဦးမယ်လေ ။ sms ပို့ပီး မိန်းကလေး လို့ inform လုပ်တော့ သူတို့ကပြန်ပီး ဖုန်းဆက် အခြေအနေမေးနဲ့ မေမေ၇ဲ့ညနေခင်းဟာ အိမ်အလုပ်မလုပ်ဘဲ ဖေဖေ ကိုအချိန်မပေးဘဲ သမီးလေးအကြောင်းပြော၇င်း ကုန်သွားတယ် ။

Thursday, December 16, 2010

အောင်းမေ့ဘွယ်၇ာ ရွှေတမာ (၁)

မနက်အလုပ်သွားဘို့  အိပ်ယာထတော့ အပြင်မှာနှင်းလိုလို မြူလိုလို ဝေနေတယ်။ စင်္ကာပူ၇ဲ့ ထူးဆန်းတဲ့မြင်ကွင်းပါဘဲ။

အပြင်ကိုငေး၇င်း ရွှေတမာ၇ဲ့  ဒီဇင်ဘာနေ့၇က်များကိုလွမ်းမိတယ်။ ကျမတို့ ရွှေတမာဆောင်မှာနေတုန်းက အဆောင် ၁၊၂၊၃ မှာကျမက အဆောင်၃ မှာ။ (အဆောင်မှူးက ဒေါ်အေးနွဲ့ စံပါ)

ဒီဇင်ဘာေ၇ာက်ပီဆို ကျောင်း၇ဲ့အားကစား၇ာသီ စပြီလေ။ ကျမတို့ (1993 -1995) စာသင်နှစ်မှာ အားကစားနည်းပြက Civil ဌာနမှူး ဒေါ်လှမြင့်ကြည်၇ဲ့ အမျိုးသား (ဆ၇ာ့နာမည်မေ့နေလို့ အဟီး....) အားကစားနည်းတွေကအစုံဘဲ ..မိန်းကလေးတွေကထုတ်စည်းတိုး၊မုန့်စား၊အပြေး၊အခုန် နဲ့ ယောင်္ကျားလေးတွေက ဘောလုံးကန်၊ခြင်းခတ်၊အပြေး၊အခုန် ပေါ့။ ဌာနအလိုက် အဆောင်အလိုက်ပြိုင်ကြတာပါ။
ကျမတို့ကတော့ အမှန်အကန် အားပေးသူတွေပေါ့။ (ဟီးဟီး ဒါဘဲတတ်တာကိုး..) အ၇င်နှစ် Civil ကမခင်လင်းတို့ က သူမပါ၇င်မပြီးပါ။
Messing ဘေးကကွက်လပ်မှာ အိုး ..ကစားကြတာအသဲအမဲ ၊ အားပေးကြတာ ဝက်ဝက်ကွဲ..။ အညာကဆောင်းတွင်းချမ်းချမ်းမှာ ချွေးတွေ၇ွှဲလို့ ..................။

မိန်းကလေးတွေ ထုတ်စည်းတိုးလို့ မကြာခင်ဘဲ အမောဆို့ပီး မူးကြမေ့ကြ (ရှေ့နှစ်က အမကြီးတွေကပိုဖြစ်တယ် ဟီးဟီး စိတ်မဆိုးနဲ့နော်.)
ဆ၇ာဆ၇ာမတွေ ဆေးရုံပို့ ဘို့ ကားစီစဉ်ကြ ၊အဆောင်သူတွေ စောင့်ဘို့စီစဉ်၇နဲ့ပေါ့။ဆေးရုံစောင့်လိုက်ချင်သူတွေကလဲ တပုံတပင်၇ယ်ပါ။
အဆောင်တွင်းမှာလဲ မိုးတွငိးကပေါက်တဲ့ခြုံတွေရှင်း မီးတွေရှို့  လုပ်ကြပီလေ။ အမြဲတမ်းအဆောင်ရှေ့ တံခါးမှာဘဲ၇စ်သီ၇စ်သီ ကြ၇တဲ့ ယောင်္ကျားလေးများကလဲ လုပ်အားပေးအတွက်အားတက်သေ၇ာပါ။ ကျမတို့ကလဲ စိမ်းစားဥ၊ထန်းမြစ်ဖုတ် ဧည့်ခံကြတာပေါ့။
ရွှေတမာဆောင်ကိုသာအဆောင် ၁၊၂၊၃ ခွဲပီး ဝင်းတခုထဲ တခါးနဲ့သော့ခတ်ပေမဲ့ ယောင်္ကျားလေးဆောင်တွေကိုတော့ ပုပါး၊အင်းလေး၊ဇွဲကပင်၊ ငပလီ ဆိုပြီးနာမည် သီးသန့်ခွဲထားပါတယ်။ ကျမတို့ ယောင်္ကျားလေးဆောင်ရှေ့ကဖြတ်ပီး Mess ကိုသွားတဲ့အခါ သူတို့ကေ၇လာပီေ၇လာပီဟေ့ လို့ အော်ကြတယ်။
အဲဒီမှာေ၇လဲ၇ှား မိန်းကလေးလဲရှားတာကိုး ။
Mess ကတော့ဘဲဥ၊ဝက်သား အများဆုံးကျွေးတယ်။ တနေ့  ထမင်းသုံးနပ် + အဆောင်လခ လေး၇ာထဲပါ ။ ညစာစားပြီး၇င် မတ်ခွက်တွေနဲ့ထမင်းခိုးကြသေးတာ။( ခိုးမ၇၇င်တော့ ညဘက်ဆ၇ာဦးတင်ကိုကို တို့အိမ်ကို အော်ဟစ်ပီးဝယ်စားတာ။ )
ညဘက်စာကျက်၇င်း စကားပြော၇င်း ရှိတဲ့အကြော်အလှော်နဲ့စားဘို့ပေါ့ ။
အဲဒီတုန်းက Mess မှာ EC လုပ်တဲ့ အကိုကြီး ကို၇န်နိုင်ဝင်း (MP - 1993) ကို လမ်းပြကြယ်မှာအခါတ၇ံတွေ့ ပါ၇ဲ့ ။ CGTI အဖွဲ့ အစည်း ပွဲတွေကိုတော့ေ၇ာက်မလာပါ ။အကိုကြီးေ၇ ဒီမောင်နှမတွေကိုမေ့နေပီလား (မျက်နှာလိုက်ပီး ဘဲဥအကောင်း အပဲ့ ထဲ့ပေးခဲ့လို့  မျက်နှာပူနေတာလား ...ဟီးဟီး)။
အိမ်ကပါလာတဲ့အကြော်အလှော်တွေ ကုန်၇င်တော့ Mess ဘေးက ဆိုင်တွေကို အားပေးကြတာပါ။ ရွှေဖရုံသီးဟင်းလေးဝယ်ပီး အဆောင်ကဘဲဥနဲ့ ငပိကြော်နဲ့ စားတော့ အင်း..ကောင်းမှကောင်းပေါ့ ။ မနက်ထမင်းကြော် သွားစား၇င်း ၇ာသီအလိုက်ပန်းတွေ ခုချိန်ဆို က၇မက်ပန်း ၊ မြတ်လေးပန်း တွေဝယ်လို့၇သေးတာ။
မနက်ပိုင်း Survey Practical ရှိတဲ့နေ့ ဆို Level,Theodolite တွေနဲ့ (Zero setting ကျတာ မကျတာ နောက်ထား) ခြင်ထောင်မဘု၇ား ၊ဘိုးလှကြီး ရုပ်ထု ၊ချောက်ေ၇နံမြေ မှကြိုဆိုပါဧ။် ဆိုင်းဘုတ်တွေနဲ့  ဓါတ်ပုံရိုက်ဘို့ ပန်းတွေဝယ် ဆံပင်တိုတိုမှာ ပန်၇တာအမော....။ ချောက်ကဆင်းတဲ့ Surveyor တွေကကျွမ်းကျင်တယ်လို့မှတ် .. Survey အတွက် field ဆင်း၇တာ မြေပြန့် မြေညီ ရှားတာကိုး ။ေ၇နံမြေ ကုန်းဆင်းဘက် သွားပီဆို ၂ နာ၇ိလောက်ကြာ၇င် အနီးနားက လဘက်၇ည်ဆိုင်တန်းကို ပြေးတော့တယ်။ အမြန်၇တဲ့ စမူဆာ ၊အီကြာကွေး မှာစားတာ။အကြော်ကြီးတွေဆို သုံးခုမှ ၁ကျပ် ၇ယ် ..စားလို့ကောင်းမှကောင်း တန်မှတန် (အမြတ်ကို အဓိကမထားတဲ့ ဆ၇ာတွေဖွင့်ထားတဲ့ ဆိုင်တွေပါ) ပီး၇င်အကြွေးက ယူသေးတာ...။ခြင်ထောင်မဘက်သွား၇င်တော့ ဘာဆိုင်မှ မရှိလို့ မုန့်တွေသတိတ၇ ယူသွား၇တယ်။
သနပ်ခါး ထူထူ ထမီတိုတို ပန်းတွေဝေ နေတဲ့ တို့ အဖွဲ့  ဓါတ်ပုံ အခုပြန်ကြည့် ခုလွမ်းတယ် သူငယ်ချင်းတို့၇ယ်.....................
(ကျမတို့ အဖွဲ့ က ကိုဇော်လွင် ၊ကောင်းထက်ဇော် ၊ သ င်္ိဂီဝင်း ၊ မြိုင်ကြီး နဲ့ ကျမပေါ့ ....ဟင်း..ဓါတ်ပုံတွေပါမလာလို့ နင်တို့ကို မေ့နေတာကြာပေါ့.......လာဦးမယ်နော် သူငယ်ချင်းတွေ နာမည်၇င်းတွေနဲ့ ကောင်းတာေ၇ာ ဆိုးတာပါ အကုန်ေ၇းမှာ....မေ၇းစေချင် မုန့်ဝယ်ကျွေးထားကြ.....း)P

Tuesday, November 30, 2010

November Review...

ကောင်းကောင်းအကြောင်းေ၇း၇င်းကနေ ဝမ်းနည်းလို့  ဘလော့ကို လှည့်မကြည့်မိတာ ကြာပေါ့။
အမှန်တော့ နိုဝင်ဘာမှာ အားချိန်လဲ တော်တော်နဲပါတယ်။ ရုံးမှာလဲ မီးဖွားခွင့် ယူမဲ့အကြောင်း ပြောမိတော့ မန်နေဂျာက lake site condo ၇ဲ့ Archi qty တွေကို တွက်ခိုင်းတယ်လေ။ claim ၄ ခုနဲ့ sub com claim (lakesite archi) ကိုပါစစ်၇တော့ ရုံးမှာအတော်ပျာတဲ့လ ပေါ့။
ဒီလမှာလူမှုေ၇းလဲအတော်များပါတယ်။
ဝင်ငွေလဲနဲပါတယ်။
မြန်မာပြည်ပြန်မွေးမယ်လို့ စဉ်းစားပြီး လက်ဆောင်ပေးဘို့လေးတွေလဲဝယ်မိတော့ သမီးလေး အတွက်စုတာလေးတွေလဲ လျော့လာတယ်။
အော် ဒီလ ဘိုက်ထဲက ကလေးဟာ သမီးလေးလို့  သိ၇တယ်။
ရုံးမှာ အလုပ်ရှုပ်လွန်းလို့ check up အတွက် MC တောင် မယူနိုင်တဲ့လပါဘဲ။
ဒီလမှာ မအားပေမဲ့ ချောက် GTI ကထိန်နဲ့ ဆ၇ာကန်တော့ပွဲအတွက် အလှုငွေကောက်တာတွေ နဲ့ အစည်းအဝေးတွေလဲ သွားဖြစ်တယ်။ လမ်းပြကြယ်ကိုတော့ လုံးဝမသွားဖြစ်ခဲ့ဘူး။
ဒီလို ရုံးအလုပ် ၊ လူမှုေ၇း တွေနဲ့ အလုပ်ရှုပ် တော့ အိမ်အလုပ်ကိုတော့ လုံးဝ မလုပ်တော့သလောက် ပစ်ထားခဲ့တယ်။
ထူးထူးခြားခြား အသိအမှတ် ပြုမိတာတော့ သမီးလေး ဖေဖေ၇ဲ့  ကြင်နာ ဂရုစိုက်မှုပါဘဲ။
အလုပ်ရှုပ်တဲ့အပြင် အေ၇းတကြီး မလိုအပ်တဲ့ လူမှုေ၇းတွေကိုပါ အချိန်ပေးတဲ့အတွက် အိမ်မှာလစ်ဟင်းမှုများတာကို နားလည်ပေးပြီး တတ်နိုင်သလောက် ဂရုစိုက် ဖြည့်ဆီးပေးတဲ့အတွက်ကျေးဇူးတင်၇ပါတယ်။
တကယ်တော့ လူမှုေ၇းလုပ်တာဟာ အချိန်ကုန် ငွေကုန်ခံနိုင်မှပါ။
အလုပ်မှာနေ၇ာတခု၇ဘို့  ဆိုတာလဲ စိတ်ေ၇ာကိုယ်ပါ အားစိုက်ကြိုးစား၇ပါတယ်။
အိမ်ထောင်သည်ဘဝမှာ လက်တွဲဖော်၇ဲ့ အားပေး နားလည် ထောက်ပံ့မှုမရှိ၇င် ကြိုးစားတဲ့ လမ်းတလျောက် အခက်အခဲတွေများမှာပါ။
ဒီလ အတွက် အလုပ်တွေပြီ့း ဝန်ပေါ့သွားလို့  အ၇င်ဆုံး သမီးလေး ဖေဖေ၇ဲ့ မေတ္တာကို အသိအမှတ်ပြု ကျေးဇူးတင်လိုက်ပါတယ်။
ဒီလ အိမ်ထောင်သက်ခြောက်နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာ ခုလိုဘဲ နားလည်သည်းခံဖြည့်ဆီးပေးပါလို့ ဒီဘလော့ေ၇းပြီးတောင်းဆိုလိုကိပါတယ်။ :)P