ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့
(၁၈)အာရတီပါပ မင်္ဂလာ
ဒုစရိုက်မှန် စိတ်နဲ့ကြံ အမှန်ရှောင်ကြပါ
မကောင်းမှု မှန်သမျှ စိတ်နဲ့တောင် မကြံစည်ဘဲ ရှောင်ကြဉ်နေထိုင်တာ အာရတီပါပ မင်္ဂလာပဲ ။
အာရုံငါးပါးကို ကြံစည်မယ်ဆိုရင် လောဘ ကိလေသာ ဖြစ်မယ်။ သူ့အသက်ကို သတ်ဖို့ကြံစည်မယ် ၊ ကိုယ်မုန်းတဲ့ လူကိုကြံစည်တွေးတောနေမယ်ဆိုရင် ဒေါသကိလေသာ ဖြစ်မယ်။
စိတ်အကြံအစည် ညစ်နွမ်းရင်လည်း အပါယ်လားနိုင်တာပဲ ။ သူတကာရဲ့ စည်းစိမ်ဥစ္စာ အချောင် ရယူဖို့ကြံစည်ရင် လောဘ၊ သူတကာရဲ့ စည်းစိမ်ဥစ္စာကို ပျက်စီးဖို့ရာ ကြံစည်ရင် ဒေါသ၊ ဒီလောဘ ဒေါသက အပါယ်ကို တွန်းပို့မှာပဲ ။ သူတော်ကောင်းတရား ရင်ထဲကိန်းသူတိုင်း မကောင်းတာမကြံစည်တော့ဘူး။ ဒါဆိုရင် မိမိသန္တာန်မှာ လောဘ ဒေါသ ဖြစ်ခွင့်မရတော့ဘူး။ လောဘ ဒေါသ မဖြစ်အောင် တားဆီးနိုင်လေ ကိုယ်ရော စိတ်ပါ ငြိမ်းချမ်းလေပဲ။ သတိတရားထားနိုင်လေ စိတ်စွမ်းအားမြင့်မားလေမို့ စိတ်စွမ်းအားတွေလဲ မြင့်မားအောင် အာရတီပါပ မင်္ဂလာတရားနဲ့လည်း ညီအောင် ကောင်းတာကိုပဲ ကြံစည်နေထိုင်ကြပါလေ ။
No comments:
Post a Comment